တစ်ခါမျိုးပွားရင် တစ်သန်းကျော်

တစ်ခါမျိုးပွားရင် တစ်သန်းကျော်

အချို့သော တိရစ္ဆာန်တွေဟာ တစ်ခါမွေးရင် အကောင်လိုက် ၂၀ ကျော်၊ ဥ ဥရင်လည်း ထောင်ကျော်၊ သောင်းကျော်တို့နဲ့ သူတို့ရဲ့မျိုးပွားနိုင်မှု စွမ်းရည်တွေနဲ့ လူတွေကို အံ့အားသင့်စေနိုင်တာမှန်ပေမဲ့ ဒီသတ္တဝါတွေရဲ့ တစ်ခါမွေးနိုင်စွမ်းကတော့ အံ့အားသင့်ရုံအပြင် နောက်ထပ်တစ်ခါတောင် ကိန်းဂဏန်းကို ပြန်ဖတ်ရပါလိမ့်မယ်။

ခေါင်းစဥ်က ဆိုထားခဲ့တဲ့အတိုင်းပဲ ကလေးတစ်ခါမွေးရင် တစ်သန်းကျော်ဆိုတဲ့ ပမာဏကို အံ့အားသင့်ဖွယ် ပိုင်ဆိုင်ထားတဲ့ တိရစ္ဆာန်တချို့ ရှိနေပါတယ်။

ဘယ်လိုသတ္တဝါတွေဟာ ဘယ်လိုပုံမျိုးနဲ့ အခုလောက် ပမာဏအထိ မွေးဖွားနိုင်တာလဲဆိုတာကိုတော့ အောက်မှာဆက်ကြည့်ပေးကြပါဦး။

၁။ Mola Mola ငါး

မိုလာ မိုလာ (Mola Mola) လို့ခေါ်တဲ့ Sunfish အမျိုးအစား ငါးကတော့ ပင်လယ်ပြင်ထဲမှာ တစ်ခါဥချရင် သန်း ၃၀၀ အထိ သားပေါက်ပါတယ်။

ဥတွေကို ရေထဲသို့ ထုတ်လွှတ်ပြီး ပြင်ပမှာ သုတ်ပိုးဖြင့် မျိုးအောင်ကြပါတယ်။ 

သားကောင်တွေ ပေါက်ပြီးချိန်မှာလည်း အရွယ်အစား လျင်မြန်စွာ ကြီးထွားလာသလို ဒီလို သားပေါက်နိုင်စွမ်း သန်း ၃၀၀ ကိုတောင်မှာမှ တံငါသည်တွေရဲ့ အန္တရာယ်ကြောင့် မျိုးသုဥ်းရမယ့်အရေးကို ရင်ဆိုင်နေရဆဲပါ။ 

Mola Mola တို့က ငယ်ရွယ်ချိန်မှာတော့ သူတို့ကိုယ်သူတို့ သားရဲကြီးများရန်မှ ကာကွယ်ရန်အတွက် သန္တာကျောက်တန်းတွေထဲမှာ အစုအဖွဲ့နဲ့ နေထိုင်ကြပါတယ်။ အရွယ် ကြီးမားလာချိန်မှာတော့ သီးခြားခွဲထွက် နေထိုင်ကြပါတယ်။

၂။ Atlantic sturgeon ငါး

ဒီငါး အမျိုးအစားကတော့ တစ်ခါသားပေါက်ရင် အကောင်ရေ ၂.၅ သန်းပါ။ Atlantic sturgeon သားပေါက်တဲ့ ကာလဟာ အထီးတွေအတွက် ၁ နှစ်မှ ၅ နှစ်အထိရှိပြီး အမတွေအတွက် ၂ နှစ်မှ ၅ နှစ်အထိ ကြာမြင့်တတ်ပါတယ်။

အမတွေရဲ့ ဥထုတ်လုပ်မှုကတော့ အသက်အရွယ်နဲ့ ခန္ဓာကိုယ်အရွယ်အစားနှင့် ဆက်စပ်နေပြီး မျိုးဥ ၄၀၀,၀၀၀ မှ ၂.၅ သန်းအထိ ထုတ်လုပ်ကြပါတယ်။ 

Atlantic sturgeon ဟာ အခြားအရိုးရှိ ငါးမျိုးစိတ်များထက် ၃ ဆမှ ၁၀ ဆခန့် ပိုရှည်ကြပါတယ်။

ဒီလို ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့်လည်း ဥထွက်ရှိမှုရဲ့ ၅၀ ရာခိုင်နှုန်းဟာ အောင်မြင်နေတယ်လို့ တွက်ချက်နိုင်ပြီး သူတို့ရဲ့ တစ်သက်တာ ဥထွက်ရှိမှုရဲ့ ၅၀ ရာခိုင်နှုန်းခန့်ဟာ ခန့်မှန်းခြေအားဖြင့် ၂၉ နှစ်မှာ ရောက်ရှိကြပါတယ်။ 

၃။ Bluefin Tuna ငါး

ဒီတူနာ ငါးမျိုးစိတ်တွေကတော့ တစ်ခါ ဥဥရင် တစ်နှစ်ကို ၁၀ သန်းကျော် ဥလေ့ရှိပါတယ်။ အသက် ၄ နှစ်မှ ၅ နှစ်မှာ လိင်ပိုင်းဆိုင်ရာ ရင့်ကျက်လာကြပြီး ငါးအမတွေဟာ တစ်နှစ်ကို ဥ ၁၀ သန်းအထိ ထုတ်လုပ်ကြပါတယ်။ 

သူတို့ရဲ့ ဥများဟာ တက်ကြွနေပြီး မျက်နှာပြင်ရှိ ရေစီးကြောင်းများဖြင့် အတော်အတန် အကွာအဝေးကို ဖြန့်ဝေပါတယ်။ 

သားလောင်းဟာ ၃.၀ မီလီမီတာ အရွယ်မှာ အကောင်ပေါက်ပါတယ်။ သူတို့မှာ ဦးခေါင်းကြီးသလို မေးရိုးကြီးပြီး ခန္ဓာကိုယ် အရောင်ခြယ်မှု ကင်းမဲ့ပါတယ်။

သားလောင်းဟာ တစ်နေ့ကို ၁ မီလီမီတာ ကြီးထွားပါတယ်။ပေါက်ပွားတဲ့ နေရာတွေမှာ သားလောင်းများ ပေါများမှုဟာ တစ်စတုရန်းမီတာလျှင် ၀.၁ မှ ၁ အထိ ရှိပါတယ်။ ဒီကောင်လေးတွေဟာ ပေါင် ၉၀ မှ ၁၃၀ အတွင်း လျင်လျင်မြန်မြန် အရွယ်ရောက်လာကြပါတယ်။

၄။ African Driver ပုရွက်ဆိတ်

အင်းဆက်တွေရဲ့ မျိုးပွားနိုင်စွမ်းက မြင့်မားတယ်လို့ ဆိုနိုင်ပေမဲ့ ဒီပုရွက်စိတ် မျိုးစိတ်ကတော့ ၂၅ ရက်တိုင်းကို ဥပေါင်း ၃ သန်းကနေ ၄ သန်းအထိ ထုတ်လုပ်ပေးနေပါတယ်။

အစာရှာထွက်ချိန်တောင်မှ အကောင်ရေ သန်း ၅၀ လောက်နဲ့ လှုပ်ရှားနိုင်တာကို ထည့်တွက်မယ်ဆိုရင်တော့ သူတို့ရဲ့ မျိုးပွားနှုန်း အရေအတွက်ဟာ သိပ်တော့ အံ့သြစရာမရှိပါဘူး။

အကောင်ပေါက်ပြီး မကြာမီမှာ အထီးများက သူတို့အုပ်စုမှ ထွက်ခွာကြပေမဲ့ လိင်မှု ရင့်ကျက်လာတဲ့အခါ သူတို့စွန့်ခွာခဲ့တဲ့ အုပ်စုမှာ ကျန်ရစ်နေခဲ့တဲ့ ရနံ့လမ်းကြောင်းဆီသို့ မိတ်လိုက်ဖို့ တစ်ဖန်ပြန်လာတတ်ကြပါတယ်။ 

အထီးတွေက သက်တမ်းတိုပြီး မိတ်လိုက်ပြီး မကြာမီမှာ သေဆုံးသွားကြပါတယ်။

မိတ်လိုက်ပြီးနောက် ပုရွက်ဆိတ် ဘုရင်မကြီးဟာ ၂၅ ရက်ကို တစ်ကြိမ် ဥပေါင်း ၃ သန်းကနေ ၄ သန်းအထိ ထုတ်လုပ်ပေးပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *