ကမ္ဘာအနှံ့ကလူငယ်တွေကို ထိခိုက်သေဆုံးစေခဲ့ဖူးတဲ့ Momo Challenge အကြောင်း

ကမ္ဘာအနှံ့ကလူငယ်တွေကို ထိခိုက်သေဆုံးစေခဲ့ဖူးတဲ့ Momo Challenge အကြောင်း

Momo လို့ခေါ်တဲ့ အရုပ်တစ်ခုဟာ ကမ္ဘာ့လူထုကို အထိတ်တလန့်ဖြစ်စေခဲ့ရဖူးပြီး အင်တာနက်တစ်ခွင်မှာ သူ့ရဲ့ရက်စက်တဲ့ စေခိုင်းမှုတွေကြောင့် ထိခိုက်သေဆုံးခဲ့ကြရတဲ့ လူငယ်တွေလည်း အမြောက်အများ ရှိခဲ့ဖူးပါတယ်။

ဒီ Momo လို့ခေါ်တဲ့ ဖြစ်စဥ်ဟာ လှည့်ဖြားမှုတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့နေရသည့်တိုင် နေရာအနှံ့အပြားမှာ ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်စေခဲ့ဖူးတာကြောင့် YouTube ကတောင် သူနဲ့ပတ်သက်တဲ့ video တွေကို ဖယ်ရှားခဲ့ရတဲ့အထိပါပဲ။

တစ်ကမ္ဘာလုံးကိုတောင် ထိတ်လန့်စေခဲ့ဖူးတဲ့ ဒီ Momo challenge လို့ခေါ်တဲ့ အရာက ဘာလဲဆိုရင်တော့ ဆပ်ပြာမှုန့်များ စားသုံးတဲ့ ကလေးတွေကအစ အသေခံဗုံးခွဲတဲ့ ဖြစ်စဥ်တွေအထိ ကလေးမိဘတွေကို ဒေါသထွက်၊ အထိတ်တလန့်ဖြစ်စေခဲ့တဲ့ ရေပန်းအစားဆုံး အင်တာနက် စိန်ခေါ်မှုတစ်ခုပါ။

Momo ဟာ Black Mirror ဇာတ်လမ်းတွဲ “Shut Up and Dance” နဲ့ Blue Whale တို့ကို ပေါင်းစပ်ထားသည့် အွန်လိုင်း စိန်ခေါ်မှုတစ်ခုလို့လည်း ဆိုကြပါတယ်။

Momo ဟာ ကလေးငယ်များအား WhatsApp မှာ နံပါတ်တစ်ခု စာတိုပေးပို့ရန် စေခိုင်းခြင်း၊ ထိတ်လန့်ဖွယ်ရာနဲ့ အန္တရာယ်များတဲ့ ရုပ်ရှင်တစ်ကားကို ကြည့်ရှုခိုင်းခြင်းတို့မှ မိမိကိုယ်ကို အန္တရာယ်ပြုခြင်းအထိ ပိုမိုထူးခြားပြီး အန္တရာယ်ရှိတဲ့ အလုပ်များကို ပြီးမြောက်ရန် ညွှန်ကြားချက်များ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

Momo challenge ရဲ့ သတင်းတွေဟာ အင်တာနက်ရဲ့ မှောင်မိုက်တဲ့ နေရာတွေမှာ အချိန်အတော်ကြာထိ ပေါ်ထွက်နေခဲ့တာကြောင့် မြောက်ပိုင်းကျွန်း ရဲဌာန (PSNI) က Facebook ကနေ ပို့စ်တစ်ခုတင်ရင်း မိဘများကို လူသိရှင်ကြား သတိပေးချက် ထုတ်ပြန်လိုက်တဲ့အထိ ထိန်းမနိုင် သိမ်မရ ဖြစ်ခဲ့တာပါ။

မိဘတွေအနေနဲ့ WhatsApp မှာ ကလေးများရဲ့ လုပ်ဆောင်ချက်ကို ကြီးကြပ်ပေးရန်၊ Momo ရဲ့ ရုပ်ပုံများ ပါ၀င်နေတဲ့ ကလေးကြိုက် YouTube video တွေဟာလည်း ကလေးတွေကို မိမိကိုယ်ကို ထိခိုက်စေမယ့် အရာတွေကို ချော့မော့တွန်းအားပေးမှုတွေ ရှိခဲ့တာကြောင့် ကလေးတွေကို Momo ဆိုတာနဲ့ ဝေးနိုင်သမျှ ဝေးအောင်ထားဖို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် Momo စိန်ခေါ်မှုရဲ့ အခြေခံအကျဉ်းချုပ် ဖြစ်စဥ်ကို ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။

Momo က ဘာလဲ၊ ဘယ်က ပေါ်ပေါက်လာတာလဲ

ကြောက်စရာကောင်းလွန်းတဲ့ Momo ရဲ့ ပုံသဏ္ဍာန်ဟာ “Momo Challenge” ကိုယ်တိုင်နဲ့ လုံးဝမသက်ဆိုင်ပါဘူးတဲ့။ Momo က ကြောက်စရာကောင်းတဲ့ မျက်လုံးပြူးပြူး၊ ဆံပင်ကြဲကြဲနဲ့ မိန်းကလေးအရုပ်ပါ။

ဒီအရုပ်က ထိတ်လန့်စရာကောင်းတဲ့ ဇာတ်ရုပ်တွေနဲ့ အထူးပြုလုပ်တဲ့ ဂျပန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Link Factory မှ Keisuke Aisawa က ပြုလုပ်တဲ့ ပန်းပုရုပ်တုဖြစ်ပါတယ်။

အဆိုပါရုပ်တုကို တိုကျိုမြို့ Ginza ခရိုင်ရှိ Gen (Vanilla) Gallery မှာ ၂၀၁၆ ခုနှစ် သြဂုတ်လက ပြသခဲ့ပါတယ်။ သူမရဲ့ ငှက်နဲ့တူတဲ့ ခြေသည်းတွေကြောင့် ဂျပန်ငှက်အမျိုးသမီး၊ ubume, ဒေါသကြီးသူလို့ အရုပ်ရာဇဝင်ကတော့ ကလေးမွေးဖွားစဉ် သေဆုံးသွားတဲ့ စိတ်ကူးယဥ်ဇာတ်ကောင်ကို ပုံဖော်ထားတာပါတဲ့။

အရုပ်ဓာတ်ပုံတွေကို လူမှုကွန်ယက်တွေပေါ်မှာ တင်ခဲ့ပြီးနောက်မှာတော့ Reddit, အထူးသဖြင့် subreddit r/creepy မှာ ရေပန်းစားသွားခဲ့ပြီး ထောင်နှင့်ချီသော ထောက်ခံမဲများနဲ့ မှတ်ချက်များ ရရှိခဲ့ပါတယ်။

Momo Challenge ရဲ့ မူရင်းဇစ်မြစ်ကို ဘယ်သူကမှ အတိအကျ မသိထားကြပေမဲ့လည်း ဒီဖြစ်စဥ်ဟာ စပိန်စကားပြောကမ္ဘာမှာ ပထမဆုံး လှည့်ပတ်မှုများ ပြုလုပ်ခဲ့တဲ့ Facebook အဖွဲ့တစ်ခုမှ ထွက်ပေါ်လာတယ်လို့ မက္ကဆီကို အာဏာပိုင်တွေက ဖော်ပြခဲ့ကြပါတယ်။

Google ခေတ်ရေစီးကြောင်းအရ Momo စိန်ခေါ်မှုဟာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လမှာ YouTuber ReignBot မှ အဆိုပါဖြစ်စဉ်ကို ရည်ရွယ်ထားတဲ့ ဗီဒီယိုတစ်ခု မပြုလုပ်မီအထိ အင်္ဂလိပ်စကားပြော ကမ္ဘာသို့ ရောက်ရှိလာဖို့ မရှိခဲ့ပါဘူး။

အဆိုပါ ဗီဒီယိုအရ Momo ဟာ သူ့စိတ်ကြိုက် နံပါတ်ကို စာတိုပေးပို့သူများကို ပြောပြခဲ့ပါတယ်။ ညဥ့်နက်ချိန် ထိတ်လန့်ဖွယ် ရုပ်ရှင်ကြည့်ခိုင်းခြင်းကဲ့သို့ သေးငယ်တဲ့ အရာတစ်ခုမှအစပြု၍ ထူးထူးဆန်းဆန်းနဲ့ ပို၍ပို၍ အန္တရာယ်များတဲ့ အလုပ်များကို စေခိုင်းလာခဲ့ပါတော့တယ်။

အထူးသဖြင့် ဒီဖြစ်စဥ်ဟာ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေကို ပစ်မှတ်ထားခဲ့ပြီး ကလေးများအား မိမိကိုယ်ကို အန္တရာယ်ပြုရန် သို့မဟုတ် ကိုယ့်အသက်ကို သတ်ရန် တောင်းဆိုခြင်းဖြင့် အဆုံးသတ်ခဲ့ပါတယ်။

အကယ်၍သာ တောင်းဆိုခံရသူဟာ လုပ်ဆောင်စရာများကို ပြီးမြောက်ဖို့ ပျက်ကွက်ပါက သူတို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များ ပေါက်ကြားခြင်း သို့မဟုတ် အကြမ်းဖက်မှု ခြိမ်းခြောက်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

ReignBot ရဲ့ ဗီဒီယိုက “Momo” ရဲ့ အတော်လေး အပြစ်ကင်းသော ဇစ်မြစ်ကိုညွှန်ပြခဲ့ပေမဲ့ Momo စိန်ခေါ်မှုရဲ့ အန္တရာယ်များအကြောင်း အင်္ဂလိပ်စကားပြော စာနယ်ဇင်းများမှာ စတင်ပျံ့နှံ့စေခဲ့ပါတော့တယ်။

အင်တာနက်မှာလည်း ကလေးများကို ဂိမ်းအလွန်အကျွံ မဆော့စေဖို့ Momo ရုပ်ပုံကို အသုံးပြုပြီး လူကြီးတွေကို သတိပေးခိုင်းမှုတွေလည်း ရှိခဲ့ပါတယ်။

Buenos Aires မှ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ Momo challenge ကို ကစားခဲ့ခြင်းကြောင့် သူ့ကိုယ်သူ အဆုံးစီရင်သွားကြောင်း ကမ္ဘာ့နာမည်ကျော် မီဒီယာတွေမှာ ကိုးကားဖော်ပြလာခဲ့ပါတယ်။

ဒါ့အပြင် Peppa Pig သို့မဟုတ် Splatoon လို ကလေးငယ်တွေအတွက် အချစ်တော် ဇာတ်ကောင်တွေ နေရာမှာ Momo ရဲ့ ရုပ်ပုံများကို ဖြတ်ညှပ်ကတ်လုပ်ထားတဲ့ Splatoon ဂိမ်းကစားနည်းများအပြင် ကလေးများအား မိမိကိုယ်ကို အန္တရာယ်ပြုရန် လမ်းညွှန်ချက်များပါရှိတဲ့ YouTube ဗီဒီယိုများနဲ့ ပတ်သက်တဲ့ အစီရင်ခံစာများလည်း ထွက်ပေါ်လာခဲ့ပါတော့တယ်။

ထိုဗီဒီယိုများသည် ကလေးများကို နှောင့်ယှက်ရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးထားပုံရပြီး ကလေးတစ်ယောက်က အဲဒါကို ပိတ်ပစ်လိုက်နိုင်ပေမယ့် ပိုအားနည်းတဲ့ကလေး နောက်တစ်ယောက်ကတော့ ဒါကိုဆက်ကြည့်နေပြီး ညွှန်ကြားချက်တွေကို လိုက်လုပ်နိုင်တယ်လို့လို့ စိတ်ပညာရှင်တစ်ဦးက ပြောပြခဲ့ပါတယ်။

Momo Challenge နဲ့ နောက်ဆက်တွဲ ထိတ်လန့်မှုတွေဟာ အရင်က ဖြစ်ပွားခဲ့ဖူစတဲ့ ရုရှားအခြေစိုက် ဖြစ်စဉ်တစ်ခုဖြစ်တဲ့ “Blue Whale” စိန်ခေါ်မှုရဲ့ လှုံ့ဆော်မှုဖြင့် ပြင်းထန်စွာ ဆင်တူပါတယ်။

ရုရှားမီဒီယာများရဲ့ ဖော်ပြချက်အရ Blue Whale စိန်ခေါ်မှုဟာ ရက်ပေါင်း ၅၀ အတွင်း ဆယ်ကျော်သက်များကို မိမိကိုယ်ကို အန္တရာယ်ပြုတဲ့ အလုပ်များကို ဆက်တိုက်လုပ်ဆောင်ပြီးနောက် နောက်ဆုံးမှာ မိမိကိုယ်ကို သတ်သေပစ်ဖို့ တွန်းအားပေးခံရတာမျိုးပါ။

Blue Whale စိန်ခေါ်မှုရဲ့ အစီရင်ခံချက်များဟာ အမှန်တရားတစ်ခုဖြစ်ကြောင်း ထင်ရှားခဲ့ပေမဲ့ Momo စိန်ခေါ်မှုကတော့ အမှန်တကယ် ခြိမ်းခြောက်မှုဖြစ်ခဲ့ကြောင်း အထောက်အထားမရှိပါလို့ စုံစမ်းရေးကော်မတီက သုံးသပ်ခဲ့ပါတယ်။

တစ်ဖက်မှာတော့ Blue Whale နဲ့ Momo Challenge ကဲ့သို့သော ဖြစ်စဉ်များဟာ သားသမီးများ အကြောင်းကို သိလိုတဲ့ မိဘများအတွက် ကြောက်ရွံ့မှုကို လှုံ့ဆော်ပေးတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ထိတ်လန့်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။

လူကြီးတွေအတွက်တော့ လူငယ်များက နည်းပညာနဲ့ မွေ့လျော်နေတာကို ကြောက်ရွံ့မှုတစ်ခုလို ဖြစ်နေခဲ့ဟန်ပါ။ ဒါပေမဲ့ Momo ဟာ အင်တာနက် ဒဏ္ဍာရီလို လှည့်ဖြားမှုတစ်ခုအဖြစ် သတ်မှတ်ကြပေမဲ့ ဒီဖြစ်ရပ်ကြောင့် ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေက အန္တရာယ်ကင်းခဲ့လားဆိုတာကိုတော့ ဘယ်သူမှ အတည်မပြုနိုင်ခဲ့ပါဘူး။

ကြမ်းတမ်းသောတိုက်ခိုက်မှုများ၊ မိမိကိုယ်ကို အန္တရာယ်ပြုခြင်းနဲ့ အသေခံဗုံးခွဲခြင်းများ အပါအဝင် အန္တရာယ်ရှိသောအလုပ်များကို ဆက်တိုက်လုပ်ဆောင်ရန် သွေးဆောင်ခံရကြောင်း အစီရင်ခံခဲ့ရတဲ့ ဒီဖြစ်စဥ်ဟာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လမှာတော့ ကမ္ဘာတစ်ဝှမ်းမှာ အဆိုပါဖြစ်စဉ်ဟာ အပြီးတိုင် လွှမ်းမိုးသွားခဲ့ရပါတော့တယ်။

Momo ကြောင့် ထိခိုက်သေဆုံးခဲ့ရတဲ့ ထောင်သောင်းကျော်သော တိုင်ကြားမှုများရှိသော်လည်း အမှန်တကယ်တိုင်ကြားမှုအရေအတွက်မှာ အနည်းငယ်နည်းပါးနေနိုင်ပြီး သူ့ရဲ့ တိုက်ရိုက်ရလဒ်ကြောင့် ဘယ်သူတွေက ထိခိုက်နစ်နာခဲ့လဲဆိုတာကိုတော့ ဥပဒေစိုးမိုးရေး အေဂျင်စီမှ ယနေ့ထိတိုင် အတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *