စိုက်ပျိုးရေးအတွက် အကျိုးပြုခဲ့သော ထူးခြားဆန်းပြား အလယ်ခေတ် ရဲတိုက် အိမ်သာများ

စိုက်ပျိုးရေးအတွက် အကျိုးပြုခဲ့သော ထူးခြားဆန်းပြား အလယ်ခေတ် ရဲတိုက် အိမ်သာများ

အလယ်ခေတ် ရဲတိုက်များရှိ အိမ်သာများသည် သက်တောင့်သက်သာရှိပြီး ဒီဇိုင်း ဖန်တီးမှုအပိုင်းတွင် ထူးခြားသည်ကို တွေ့ရှိရပေမည်။

အလယ်ခေတ်က အိမ်သာတည်‌‌ဆောက်ရာတွင် ကိုယ်ရေးကိုယ်တာ လုံခြုံမှုနှင့် အညစ်အကြေးများကို ထိရောက်စွာ စွန့်ပစ်ခြင်းကို အဓိကထား ထည့်သွင်းစဉ်းစားခဲ့ကြသည်။

ထို့ပြင် ပျက်စီးနေသော အလယ်ခေတ်ရဲတိုက်များကိုကြည့်လျှင် အထင်ရှားဆုံးနှင့် အလွယ်တကူ ခွဲခြားသိမြင်နိုင်သော အင်္ဂါရပ်များမှာ ၎င်းတို့၏ ရဲတိုက်နံရံမှ အပြင်သို့ ထွက်နေသော အိမ်သာများ ဖြစ်ပါသည်။

အလယ်ခေတ် အိမ်သာများကို Garderobe ဟု ခေါ်ကြသည်။ ယင်းအသုံးအနှုန်းသည် ပြင်သစ်ဘာသာတွင် ဗီရိုဟု အဓိပ္ပာယ်ရပြီး ၎င်း၏ မူရင်းအဓိပ္ပာယ်မှာ ရဲတိုက်အိမ်သာများသည် လိုအပ်သည်ထက် ပိုမိုကျယ်ဝန်းခြင်း မရှိသောကြောင့်ဖြစ်သည်။

အလယ်ခေတ် အိမ်သာများသည် အများအားဖြင့် ရဲတိုက် နံရံများမှ‌ ဖောက်ထွက်‌နေသော တဆင့်ချင်းတိုးစီထားသည့် အုတ်ခုံများ‌ပေါ်တွင် တည်ဆောက်ထားသောကြောင့် အညစ်အ‌ကြေးများသည် ရဲတိုက်၏ ကျုံးအတွင်းသို့ ကျဆင်းသွားစေနိုင်သည်။

တစ်ခါတစ်ရံတွင် အညစ်အ‌ကြေးများကို မြစ်ထဲသို့ တိုက်ရိုက် စွန့်ပစ်တတ်ပြီး အချို့ ချောက်ကမ်းပါးဘေးတွင် တည်ဆောက်ထားသော ရဲတိုက်များသည် အညစ်အကြေးများကို ချောက်ကမ်းပါးထဲသို့ စွန့်ပစ်ကြသည်။

နောက်ထပ် ဒီဇိုင်းတစ်ခုမှာ အိမ်သာများမှ စွန့်ထုတ်တိုင်များကို ‌အဓိကမြောင်း‌တွေဆီသို့ သွယ်တန်းထားပြီး ထိုကဲ့သို့ စုဆောင်းပေးသည့် မြောင်းများမှ အညစ်အ‌ကြေးများကို ဓာတ်မြေသြဇာအဖြစ် ပြန်လည်အသုံးပြုရန် ဒေသခံတောင်သူများက လာရောက်ယူ‌ဆောင်ကြသည်။

၁၄ ရာစုမှ ရဲတိုက်ကြီးများသည် ပိုမိုကြီးမား၍ အိမ်သာများမှာပို၍ သက်တောင့်သက်သာဖြစ်ပြီး ပိုမိုအဆင်ပြေလာခဲ့သည်။

ရဲတိုက်အတွင်းပိုင်း၌ အိမ်သာကို နံရံတွင်ကပ်‌ထား‌သော အတွင်းခန်းတွင်ထားလေ့ရှိသည်။ အိမ်သာဆီသို့ သွားရန် ကျဉ်းမြောင်းသော လမ်းလေးရှိပြီး ရဲတိုက်၏ ညာဘက်ထောင့်တွင် သီးသန့် တည်ရှိနေ‌တတ်ပါသည်။

ရဲတိုက်တွင်နေထိုင်သူများအတွက် နံရံခြားထားသော အိမ်သာအတွဲများလည်း ရှိတတ်ပြီး၊ ရဲတိုက်၏ အရှင်သခင်နှင့် ရဲတိုက်၏ ပုရောဟိတ်တို့အတွက် သီးသန့်အိမ်သာတစ်လုံးစီရှိတတ်သည်။

အိမ်သာထိုင်ခုံအတွက် အုတ်ခုံအပေါက်ကို သစ်သားခုံနဲ့ ပြုလုပ်ထား‌လေ့ရှိပါတယ်။ သစ်သားကို ထောင့်မှန်စတုဂံပုံ သို့မဟုတ် သော့ပေါက်ပုံ ဖြတ်တောက်လေ့ရှိသည်။

မြက်ခြောက်၊ မြက် သို့မဟုတ် ရေညှိများကို အိမ်သာသုံး စက္ကူအဖြစ် အသုံးပြုခဲ့သည်။ ထို့ကြောင့်လည်း ဤအိမ်သာများသည် မြက်ပင်များ‌ကြောင့် မီးလောင်နိုင်‌ပြီး လူများ အိမ်သာမြောင်းရှည်ထဲသို့ ပြုတ်ကျနိုင်သောကြောင့် အန္တရာယ်ရှိသောနေရာတစ်ခုလည်း ဖြစ်သည်။

ထို့အပြင် အချို့အိမ်သာများတွင် လေကောင်းလေသန့်ရရန် ပြတင်းပေါက်များ ပါရှိပြီး ရဲတိုက်၏ အခြားပြတင်းပေါက်များကဲ့သို့ ပိတ်ထားခြင်းမျိုး မရှိပေ။

ကြမ်းပြင်တွင် ပိုးမွှားများရန်ကို ကာကွယ်ဟန့်တားရန်နှင့် ပိုမို‌‌မွှေးပျံ့သောရနံ့ကို ပေးနိုင်ရန်အတွက် အနံ့အသက်ရနံ့နှင့် ပန်းပွင့်များကို ဖြန့်ကျဲထားတတ်သည်။

နံရံများကို တစ်ခါတစ်ရံတွင် ထုံးဖြင့် ဆေးကြောပြီး ပြတင်းပေါက်ငယ်များဖွင့်ထားသည့်အတွက် ယင်းမှ အလင်းရောင်ထွက်ရှိနိုင်သည့်အပြင် ဘက်တီးရီးယားများကို သေစေနိုင်ပါသည်။

သတင်းစုံ ဗသုသုတများကို ရှာဖွေတင်ဆက်‌ပေးနေတာမို့ Knight News မှာ စောင့်မျှော်အားပေး ဖတ်ရှူ့ကြပါအုံးလို့။

ဖတ်ရှူ့ပေးခဲ့တဲ့အတွက် လေးစားစွာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *