ပန်းရောင်ကမ်းခြေ-Komodo ကျွန်း- အင်ဒိုနီးရှားရဲ့ နာမည်ကြီး ပန်းရောင်သဲသောင်ပြင်များ

ပန်းရောင်ကမ်းခြေ-Komodo ကျွန်း-
အင်ဒိုနီးရှားရဲ့ နာမည်ကြီး ပန်းရောင်သဲသောင်ပြင်များ

အင်ဒိုနီးရှားနိုင်ငံ၊ ကိုမိုဒို (Komodo) ကျွန်းရှိ ပန်းရောင်ကမ်းခြေဟာ ၎င်းရဲ့ အနီရောင်ဖျော့ဖျော့ သဲအရောင်နှင့် စိမ်းပြာရောင် ရေများကြောင့် နာမည်ကြီး လာပါတယ်။

ပန်း‌ရောင်ကမ်းခြေရဲ့ သဘာဝအလှနဲ့ နောက်ခံ တောတောင်ရှူခင်းဟာ သာယာလှပတာကြောင့် ခရီးသွားဧည်သည်တွေ အကြိုက်တွေ့တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Flores ကျွန်းရဲ့ အနောက်ဘက်မှာရှိတဲ့ Labuan Bajo ဆိပ်ကမ်းမြို့မှ နေ့ချင်းပြန်ခရီးအဖြစ်လည်း သွားရောက်လည်ပတ်ရန် အလွန်လွယ်ကူပါတယ်။

ကိုမိုဒို (Komodo) သဲသောင်ပြင်ဟာ အမှန်တကယ်တော့ အင်ဒိုနီးရှားနိုင်ငံရဲ့ တစ်ခုတည်းသော ပန်းရောင်ကမ်းခြေ‌တော့ မဟုတ်ပါဘူး။

ကိုမိုဒို (Komodo) အမျိုးသားဥယျာဉ်မှာ ပင်မပန်းရောင်ကမ်းခြေနှစ်ခု ရှိပါတယ်။ တစ်ခုက ပါဒါ (Padar) ကျွန်းပေါ်ကဖြစ်ပြီး ကျန်တစ်ခုကတော့ ကိုမိုဒို(Komodo) ကျွန်းပေါ်က ဖြစ်ပါတယ်။

ပါဒါ (Padar) ကျွန်းရှိ ပန်းရောင်ကမ်းခြေမှာ အရောင်အသွေးစုံလင်တဲ့ သဲများရှိပါတယ်။

ကိုမိုဒို (Komodo) ပန်းရောင်ကမ်းခြေမှာ မတ်စောက်သော တောင်ကုန်းများနှင့် သစ်ပင်များစွာရှိတဲ့အတွက် ဓာတ်ပုံရိုက်ရန် ပိုကောင်းတဲ့ နောက်ခံရှုခင်းများ ရှိပါတယ်။

ပန်းရောင်ကမ်းခြေများ ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်း

ပန်းရောင်ကမ်းခြေများ ဘယ်လိုဖြစ်‌ပေါ်လာရသလဲဆိုရင် သန္တာကျောက်တန်းများမှာ နေထိုင်ပြီး ကမ်းခြေပေါ်တွင် မျောပါနေသော အနီရောင် သက်ရှိငယ်များဖြစ်တဲ့ foraminifera ကြောင့် သဲများဟာ ပန်းရောင် (အနီရောင်ဖျော့ဖျော့) ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ပန်းရောင်သဲသောင်ပြင်များဟာ အလွန်ရှားပါးပြီး ကမ္ဘာတစ်ဝှမ်းမှာ လက်တစ်ဆုပ်စာမျှသာ ရှိပါတယ်။ ဒီပန်းရောင်ကမ်းခြေတွေဟာ အနက်ရောင်ကမ်းခြေများထက်ပင် ပို၍ ရှားပါးပါတယ်။

စာရှူ့သူတို့ သွားရောက်လည်ပတ်ရန် စဉ်းစာစရာ နေရာတစ်ခုကို တင်ပြလိုက်ခြင်းဖြစ်ပါတယ်။

သတင်းစုံ ဗသုသုတများကို ရှာဖွေတင်ဆက်နေတာမို့ Knight News Page မှာ စောင့်မျှော် ဖတ်ရှူ့အားပေးကြပါအုံးလို့။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *