ရင်သပ်ရှုမောဖွယ် အလှတရားများနဲ့ ပန်း ဥမင်လှိုဏ်ခေါင်းများရှိတဲ့ ပန်းဥယျာဉ်ကြီး
ခရမ်းရောင်သန်းနေပြီး လှပသည့် ရင်သပ်ရှုမောဖွယ်ရှုခင်းကို ဂျပန်နိုင်ငံရှိ Kawachi Fujien Wisteria Garden ဥယျာဉ်တွင် တွေ့မြင်နိုင်ပါသည်။
၎င်းသည် Fukuoka စီရင်စုရှိ Kitakyushu မြို့၌ တည်ရှိပြီး စတုရန်းမီတာ ၁၀,၀၀၀ ဧရိယာ ကျယ်ဝန်းကာ ခရမ်းရောင်ပန်းများ လှပစွာပွင့်သည့် wisterias အပင် အမျိုးအစား ပေါင်း ၂၀ ကျော် ရှိသည်။
ဂျပန်နိုင်ငံရှိ ဖူဂျီလို့လည်း လူသိများသော wisterias ဟာ နိုင်ငံအတွင်း လူကြိုက်အများဆုံး နွေဦးပန်းများထဲမှ တစ်ခု ဖြစ်ပါသည်။
ဂျပန်လူမျိုးများအတွက်တော့ ဒီပန်းဟာ ချစ်ခြင်းမေတ္တာနဲ့ အလှတရားကို ကိုယ်စားပြုသလို အောင်ပွဲနဲ့ မသေနိုင်တဲ့ သင်္ကေတလည်း ဖြစ်ပါသည်။
ဤဥယျာဉ်၏ အကောင်းဆုံးနှင့် အလှပဆုံး ဖန်တီးမှုကို မီးမောင်းထိုးပြရမယ်ဆိုရင် များပြားလှသော wisterias ပင်များဖြင့် ပြုလုပ်ထားသည့် ရင်သပ်ရှုမောဖွယ် ဥမင်လှိုဏ်ခေါင်းနှစ်ခုကို ပြရမည်ဖြစ်ပြီး၊ တစ်ခုသည် မီတာ ၈၀ (ပေ ၂၆၂) ခန့် ရှည်ပြီး ကျန်တစ်ခုသည် ၁၁၀ မီတာ (ပေ ၃၆၀ ကျော်) ရှည်သည်။
ဥမင်နှစ်ခုစလုံးကို အရောင်မျိုးစုံဖြင့် လှပသော wisterias အပင်များဖြင့်များဖြင့် ဖုံးအုပ်ထားပြီး လှပသောရှုခင်းများကို ဖန်တီးထားသည်။
၎င်းတို့၏ ဥမင်လိုဏ်ခေါင်းများကို CNN အပါအဝင် ဝဘ်ဆိုဒ်အများအပြားတွင် ပြသထားသောကြောင့် ဥယျာဉ်သည် လွန်ခဲ့သည့်နှစ်များတွင် အလွန်ရေပန်းစားလာပြီး ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများကို ဆွဲဆောင်နိုင်ခဲ့သည်။
နွေဦးရာသီတွင် wisteria ပင်များသည် တစ်နှစ်လျှင် နှစ်ကြိမ်သာ ပွင့်ပြီး ဆောင်းဦးတွင် အရောင်ရင့်သော အရွက်များရှိသည်။
ပန်းခြံသည် ဧပြီလလယ်မှ မေလလယ်အထိ ဖွင့်လှစ်ထားသော်လည်း ရှုခင်းများကို ကြည့်ရှုလိုပါက ဧပြီလနှောင်းပိုင်းမှ မေလအစောပိုင်းအတွင်း ထိုနေရာကို သွားရောက်လည်ပတ်သင့်သည်။
ခရီးသွားရာသီတွင် လာရောက်လည်ပတ်သူဦးရေများပြားသည့်အတွက် ဥယျာဉ်သို့ လာရောက်လည်ပတ်သူများသည် ဝင်ခွင့်လက်မှတ်များကို ကြိုတင်ဝယ်ယူထားကြသည်။
လက်မှတ်များကို ယခုနှစ် မတ်လ ၁၅ ရက်နေ့မှ စ၍ အဆင်ပြေသော စတိုးဆိုင်များတွင် သို့မဟုတ် ဝက်ဘ်ဆိုဒ်များကနေ မှာယူနိုင်ပါသည်။
ရောက်ရှိရန် အကောင်းဆုံးနည်းလမ်းမှာ ကိုယ်တိုင်ကားမောင်း၍ သော်လည်းကောင်း အများစီး သယ်ယူပို့ဆောင်ရေးဖြင့်လည်း ကောင်း သွားရောက်နိုင်သည်။
JR Yahata ဘူတာမှ Kamijuta မှတ်တိုင်သို့ Nishitetsu ဘတ်စ်ကားနံပါတ် ၅၆ ကို စီးပြီးနောက် ၄၅ မိနစ်လမ်းလျှောက်ပါက ရောက်ရှိနိုင်သည်။
နံနက် ၈ နာရီမှ ညနေ ၆နာရီအထိ ဖွင့်လှစ်ထားပြီး ဝင်ကြေး- ယန်း ၅၀၀ မှ ၁၅၀၀ (ပန်းပွင့်များ၏ ပန်းပွင့်မှု အခြေအနေပေါ် မူတည်၍ စျေးနှုန်းကွာခြားသည်)ထိ ကုန်ကျသည်။
Knight News Team
Knight News © 2022