တန်ဖိုးဖြတ်မရတဲ့ မှိုကွန်ချာ

တန်ဖိုးဖြတ်မရတဲ့ မှိုကွန်ချာ

Phallus indusiatus ဟုခေါ်သော မှိုကွန်ချာသည် Phallaceae သို့မဟုတ် stinkhorns မိသားစုဝင် မှိုတစ်မျိုးဖြစ်သည်။

၎င်းမှိုသည် အပူပိုင်းဒေသများတွင် ပေါက်ရောက်ပြီး အာရှတောင်ပိုင်း၊ အာဖရိက၊ အမေရိကနှင့် သြစတြေးလျတို့တွင် အများဆုံးပေါက်ရောက်သည်။

ကောင်းမွန်သော မြေဆီလွှာနှင့် ပုပ်ပွနေသော သစ်‌ဆွေးများပေါ်တွင် ပေါက်‌ပွားပြီး သစ်တောများနှင့် ဥယျာဉ်များတွင် တွေ့ရှိရသည်။

မှိုကွန်ချာ၏ ကိုယ်ထည်သည် အညှာပေါ်ရှိ ခေါင်းလောင်းပုံသဏ္ဍာန်မှိုပွင့်နှင့် ယင်းမှိုပွင့်အောက်မှ မြေကြီးအထိကျ‌‌နေသော နူးညံ့သည့် ကွန်ချာသဏ္ဍန်အကာ ပါရှိသည်။

ပြင်သစ် ရုက္ခဗေဒပညာရှင် Étienne Pierre Ventenat မှ ၁၇၉၈ ခုနှစ်တွင် သိပ္ပံနည်းကျ ဖော်ပြခဲ့ပြီး သီးခြားမျိုးစိတ် Dictyophora ဟု ခေါ်တွင်လေ့ရှိသည်။

ယင်းမှိုသည် မစားရသော မှိုအမျိုးအစားဖြစ်သည်။ ရင့်သွားပါက အနံ့သည် ပုပ်အဲ့အဲ့အနံမျိုး ဖြစ်သည်။ လောက်တွယ်တဲ့အထိကို ပုပ်တတ်တဲ့မှိုမျိုးဖြစ်သည်။

သို့သော် ဆေးဖက်ဝင်ဂုဏ်သတ္တိများစွာရှိသည်။ အရင့်မလွန်ခင် မှိုကွန်ချာကိုနှုတ်ယူပြီး အရက်ပြန်နှင့်စိမ်ထားပါက နှစ်များစွာတိုင် အာနိသင်ထက်မြက်ပြီး ဒုတ္ထာနှင့် ရောစပ်၍ လိမ်းပါက အရိုးနှင့်ပတ်သက်သော ဝေဒနာများ၊ အရိုးပွရောဂါ ပျောက်ကင်းသည်ဟု ဆိုကြသည်။

ဒုတ္ထာအမှုန့် မပါဘဲနဲ အရက်ပြန်နဲ့ စိမ်ထားပြီး အရည်သည် သွေးစုနာ၊ အနာစိမ်း၊ အနာပဆုတ်၊ ယားနာ၊ ပွေး၊ နှင်းခူ စသည့် အရေပြား အနာမျိုးစုံကိုလည်း ပျောက်ကင်းကြောင်း ဆိုပါသည်။

မှိုကွန်ချာရဲ့ ဆေးဖက်ဝင်ဂုဏ်သတ္တိကို တရုပ် တန်မင်းဆက်ခေတ်ကတည်းက ဆေးကျမ်းများတွင် ဖော်ပြခဲ့သည်။ ရောင်ရမ်းခြင်း၊ အစာအိမ်နှင့် အာရုံကြောဆိုင်ရာ ရောဂါများစွာကို ကုသရန် ယင်းမှိုကို အသုံးပြုခဲ့သည်။

တရုပ်နိုင်ငံတောင်ပိုင်း Miao လူမျိုးများသည် ဒဏ်ရာနှင့် နာကျင်ခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းကိုက်ခြင်း၊ အသည်းရောင်ခြင်း၊ သွေးကင်ဆာနှင့် အားနည်းခြင်းအပါအဝင် ရောဂါများကို ကုသရန် ရိုးရာဓလေ့အရ မှိုကွန်ချာကို အသုံးပြုခဲ့ကြသည်။

ခေတ်သစ် သိပ္ပံပညာသည်လည်း လည်မျိုနာ၊ ဖျားနာခြင်းနှင့် oliguria ( ဆီးအထွက်နည်းခြင်း)၊ ဝမ်းလျှောခြင်း၊ သွေးတိုးရောဂါ၊ ချောင်းဆိုးခြင်း၊ သွေးတိုးရောဂါနှင့် ကင်ဆာရောဂါကုထုံးများတွင်လည်း ယင်းမှို၏ ဆေးဖက်ဝင် အကျိုးကျေးဇူးများကို စူးစမ်းလေ့လာ‌‌ တွေ့ရှိခဲ့သည်။

တန်ဖိုးဖြတ်မရတဲ့ မှိုကွန်ချာကို တွေ့ရင်သိမ်းထားကြပါ။

သတင်းစုံ ဗသုသုတများကို ရှာဖွေတင်ဆက်နေတာမို့ Knight News မှာ စောင့်မျှော် ဖတ်ရှူ့အားပေးကြပါအုံးလို့။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *