အသက် ၉၀ ရှည်တဲ့ မပျံသန်းနိုင်သော ကြက်တူရွေး

အသက် ၉၀ ရှည်တဲ့ မပျံသန်းနိုင်သော ကြက်တူရွေး

တိချစ်သူတွေဟာ ငှက်တွေ၊ကြောင်တွေ၊ ခွေးတွေ၊ အလှမွေး ငါးတွေနဲ့ အလုပ်ရှုပ်နေတတ်ကြပါတယ်။ ဒီတစ်ခါတော့ တိချစ်သူတွေအတွက် ထူးဆန်းတဲ့ ငှက်တစ်မျိုးအကြောင်းကို ဖော်ပြလိုက်ပါတယ်။

သူ့အမည်က ကာကာပို (Kakapos) လို့ ခေါ်ပါတယ်။ ကြက်တူရွေးမျိုးရင်း ဖြစ်ပေမယ့် မပျံသန်းနိုင်တဲ့ငှက်မျိုး ဖြစ်ပါတယ်။ သူ့တို့ရဲ့ အတောင်တိုလေးတွေဟာ ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းဖို့သာ အသုံးဝင်ပါတယ်။

သူ့ရဲ့ အမွှေးတွေက နုညံ့ပြီး တခြားငှက်တွေနဲ့ မတူပါဘူး။ သူတို့ဟာ အမြင့်ကနေ ခုန်ချတဲ့အခါ ခန္ဓာကိုယ်ကို ဖော့ပြီး ငြင်သာစွာ ဆင်းသက်နိုင်တာမျိုးတော့ ရှိပါတယ်။

သူတို့ဟာ အန္တရာယ်နဲ့ ကြုံတဲ့အခါ ခန္ဓာကိုယ်ကိုကျုံ့ပြီး ငြိမ်သက်စွာ ကိုယ်ယောင်ဖျောက် ပုန်းကွယ်နေလေ့ရှိပါတယ်။ သူတို့ရဲ့ အစိမ်းရောင်ဖျော့ဖျော့နဲ့ နောက်ခံအရောင်များရောပြီး ရန်သူက မမြင်နိုင်ပါဘူး။

သူတို့ရဲ့ အဓိက ရန်သူတော်ကတော့ လင်းယုန်တွေပဲ ဖြစ်ပါတယ်။ လင်းယုန်တွေဟာ စူးရှတဲ့ အမြင်အာရုံရှိပြီး လှုပ်ရှားနေတဲ့ သားကောင်ကို အမြင့်ကနေ မြင်နိုင်ပါတယ်။ ဒါ့ကြောင့် ကာကာပိုတွေက ငြိမ်သက်စွာနေခြင်းဖြင့် လင်းယုန်တွေရန်က လွတ်အောင်ကြိုးစားရတာပါ။

ဒါပေမယ့် ကာကာပိုတွေဟာ လူသားတွေကိုတော့ မပုန်းကွယ်န်ုကြပါဘူး။ ဒါကလည်း သူတို့ရဲ့ စူရှတဲ့အနံ့ကြောင့် ဖြစ်ပါတယ်။

ကာကာပိုလေးတွေကို နယူးဇီလန်နိုင်ငံမှာပဲ တွေ့နိုင်ပါတယ်။ အကောင်ရေကလည်း ၂၀၀ လောက်ပဲ ရှိတော့တာ ဖြစ်ပါတယ်။ သူတို့အားလုံးကို နယူးဇီလန်မှာ အမှတ်အသားလုပ်ပြီး ထိန်းသိမ်းထားကြပါတယ်။

သူတို့ဟာ နယူးဇီလန်နိုင်ငံရဲ့ ကျွန်းငယ်လေးခုမှာ ရှင်သန်ပေါက်ဖွားကြပါတယ်။ အဲဒီကျွန်းတွေမှာ သူတို့ရဲ့ရန်သူ လင်းယုန်ငှက်တွေ မနေကြပါဘူး။

နယူးဇီလန်နိုင်ငံက တိချစ်သူတွေနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းပြီး ကာကာပိုလေးတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ၁၉၉၅ ခုနှစ်လောက်ကစပြီး လုပ်ဆောင်နေခဲ့ကြတာပါ။

ကာကာပိုတွေဟာ သက်တမ်းရှည် ငှက်မျိုးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး ငှက်အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ သက်တမ်းက နှစ် ၉၀ အထိ ရှိပါတယ်။ ၁၀၀ အထိအတောင် အသက်ရှင်နိုင်ခြေရှိပါတယ်။

ဒါပေမယ့် သူတို့လေးတွေဟာ အခြေခံအားဖြင့် ခန္ဓာကိုယ်တွင်းစနစ် အလုပ်လုပ်ပုံ နှေးကွေးလှပါတယ်။ သူတို့ဟာ လင်းယုန်လို သားရဲတွေကိုလည်း ကြောက်တတ်ကြပါတယ်။

သူတို့ရဲ့ လည်ပင်းကို ပုလင်းလိုဖောင်းပြီး ပွနေအောင်လုပ်ရင်း အန္တရာယ်ကို ပုန်းရှောင်တတ်ကြပါတယ်။ လည်ပင်းရဲ့ ပုံသဏ္ဍာန်ကြောင့်ပဲ သူတို့ဟာ မျိုးဗီဇ ပွားများဖို့ ခက်ခဲကြတယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ ဥ ၄၀ ရာခိုင်နှုန်းဟာလည်း မျိုးမအောင်ကြပါဘူးတဲ့။ သူတို့အစာရှာချိန်ကလည်း ညဖက်တွေမှာသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ကို ဇီးကွက်နဲ့ မှားတတ်ကြပါတယ်။

Moori ဘာသာအရ ကာကာပိုဆိုတာ ညကြက်တူရွေးလို့ အဓိပ္ပါယ်ရပါတယ်။ သူတို့ရဲ့ လက်တင်အမည်ကတော့ Strigops habroptilus ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ နုညံ့တဲ့ အမွှေးရှိပြီး ဇီးကွက်မျက်နှာနဲ့ငှက်လို့ ဆိုလိုပါတယ်။ တကယ်တော့ သူတို့ရဲ့ ပုသိုင်းမွှေးတွေဟာ မျက်နှာကို ဝိုင်းစက်တဲ့ပုံဖြစ်စေလို့ ဇီးကွက်နဲ့တူနေတာ ဖြစ်ပါတယ်။

သူတို့ရဲ့ အနံ့က ပျားရည်ရဲ့ အနံ့မျိုးပါ။ အနံ့က မွှေးသလို သူတို့ကိုယ်တိုင်ကလည်း လူသားတွေထက်တောင် အနံ့ခံအာရုံ ကောင်းကြပါတယ်။ ညမှာ ကျက်စားကြပေမယ့် ဒီလို အနံ့ခံအာရုံကြောင့် သူတို့အချင်းချင်း ရှာဖွေနိုင်ကြပါတယ်။

ကာကာပိုတွေဟာ ကြက်တူရွေးငှက်တွေထဲမှာတော့ အလေးဆုံး ငှက်တွေပါ။ အရွယ်ရောက်ပြီးသား အမတစ်ကောင်ဟာ ၂၅ လက်မလောက်မြင့်ပြီး ၉ ပေါင် လောက် လေးပါတယ်။

ဒါပေမယ့် မြေပြင်ပေါ်မှာတော့ သူတို့ဟာ အလေးချိန်နဲ့ မလိုက်အောင် သွက်လက်ကြပါတယ်။ သူတို့ဟာ သစ်ပင်တက်လည်း ကျွမ်းကျင်ကြပါတယ်။ သန်မာတဲ့ နှုတ်သီးက သစ်ပင်တက်ရာမှာ အထောက်အကူ ဖြစ်စေပါတယ်။

မအိုရီလူမျိုးတွေဟာ ကာကာပေါ့စ်ရဲ့ နုညံ့တဲ့အသားကို နှစ်ခြိုက်တာကြောင့် ကာကာပိုတွေဟာ တစ်ချိန်က အကြီးအကျယ် သဝာ်ဖြဝာ်ခံခဲ့ရပါတယ်။ အဲဒါကလည်း ရိုးရာဓလေ့လို ဖြစ်နေခဲ့တာပါ။

သူတို့ရဲ့ အမွှေးတွေကို အလှဆင်တဲ့နေရာမှာလည်း သုံးခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ မာအိုရီတွေက တဖက်မှာလည်း အိမ်မွေးတိရစ္ဆာန်လို မွေးမြူခဲ့ကြတာတွေလည်း ရှိပါတယ်။

ကာကာပိုလေးတွေဟာ လုံးဝအသီးအနှံကိုသာ စားသောက်ကြတဲ့ သတ္တဝါလေးတွေ ဖြစ်ပါတယ်။ သူတို့ဟာ အပင်ပေါက်လေးတွေ အစေ့၊အရွက်နဲ့အသီးအနှံတချို့သာ စားကြပါတယ်။ Rimu ဆိုတဲ့ အပင်ရဲ့ အရွက်အသီးတွေကို အဓိကထား စားကြပါတယ်။

မျိုးပွားမှုစနစ်ကလည်း ထူးခြားပါတယ်။ အမတွေဟာ ရာသီချိန်မှာ ထူးခြားတဲ့အမူအရာကို ပြသပြီး အထီးတွေကို ဆွဲဆောင်ကြပါတယ်။ အထီးတွေကလည်း လှိုင်းနိမ့်သံတစ်မျိုးနဲ့ ပြန်လည်တုံ့ပြန်ကြပါတယ်။

ဒီငှက်တွေကို နယူးဇီလန်နိုင်ငံကလွှဲလို့ တခြားဘယ်နေရာမှာမှ မတွေ့နိုင်ပါဘူးတဲ့။ ဒီငှက်ကို နယူးဇီလန်ရဲ့ အမျိုးသားရေးဆိုင်ရာ အထိမ်းအမှတ်အနေနဲ့ သတ်မှတ်ထားကြပါတယ်။

ကာကာပို ၁၂၅ ပရောဂျက်ဆိုပြီး အကောင်ရေ တိုးပွားဖို့ လုပ်ဆောင်နေကြပါတယ်။ ဒီပရောဂျက်ဟာ သက်ရှိ ကာကာပေါ့စ်တွေအပြင် ပြတိုက်က ပြသထားတဲ့ ကာကာပေါ့စ် ရုပ်ကြွင်းတွေကိုပါ ထိန်းသိမ်းဖို့ အကျုံးဝင်ပါတယ်။ ဒါဟာ ကမ္ဘာမှာ ပထမဆုံး တိရစ္ဆာန်မျိုးစိတ်တစ်ခုကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မှုလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း တိချစ်သူတွေအနေနဲ့ ဒီ တပွေ့တပိုက် ဝဝကစ်ကစ် ကြက်တူရွေးတွေကို အလွယ်တကူတော့ ဝယ်ယူမွေးမြူနိုင်မှာ မဟုတ်သေးပါဘူးလို့ တင်ပြလိုက်ရပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *