ကမ္ဘာ့အကြီးမားဆုံး သင်္ချိုင်းကြီးများ

ကမ္ဘာ့အကြီးမားဆုံး သင်္ချိုင်းကြီးများ

ကမ္ဘာပေါ်က အကြီးဆုံးသင်္ချိုင်း ၇ ခုဟာ သွားရောက်လည်ပတ်ရင်ကိုပဲ သူတို့ရဲ့ အငွေ့အသက်တွေကြောင့် ထိုက်တန်နေပါပြီ။ 

ပန်းခြံနဲ့တူသော ဆက်တင်များ သို့မဟုတ် ပြင်ပ အနုပညာပြတိုက်များဟု ထင်ရလောက်တဲ့အထိ လည်ပတ်သူတွေ စည်ကားနေတဲ့ အမျိုးအစားပေါင်စုံနေတဲ့ သင်္ချိုင်းဂူများထဲမှာ ကမ္ဘာ့အကြီးဆုံး သင်္ချိုင်းတွေကို ဖော်ပြပေးသွားချင်ပါတယ်။

၇။ Spring Grove သင်္ချိုင်း၊ အမေရိကန်

Spring Grove သင်္ချိုင်းဟာ ကမ္ဘာ့ သတ္တမမြောက်အကြီးဆုံး သင်္ချိုင်းဖြစ်ပြီး ၇၃၃ ဧကအထိ ကျယ်ဝန်းပါတယ်။

ဒီသင်္ချိုင်းဟာ အကျိုးအမြတ်မယူတဲ့ ဥယျာဉ်သုသာန်လည်း ဖြစ်ပါတယ်။ ၁၈၈၄ ခုနှစ်က စတင်တည်ဆောက်ခဲ့တာပါ။

Spring Grove ဟာ အကွေ့အကောက်လမ်းများ ၄၄ မိုင်ကျော်၊ ရေကန် ၁၅ ခု၊ ၁၀ ဧကကျယ်ဝန်းတဲ့ သစ်တောထိန်းသိမ်းမှု၊ လှပသော ပန်းပုများနဲ့ အံ့သြဖွယ် ဗိသုကာလက်ရာများကိုပါ တွေ့ကြုံခံစားနိုင်ပါတယ်။

၆။ Rookwood သင်္ချိုင်း၊ သြစတေးလျ

ကမ္ဘာ့ဆဌမမြောက် အကြီးဆုံး Rookwood သုသာန်ကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ခံများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ချက်နဲ့ ၁၈၆၇ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ Rookwood သည် ဧက ၇၅၀ အထိ ကျယ်ဝန်းပါတယ်။

Rookwood မှာ သမိုင်းဝင်ခရီးစဉ်များ၊ ဟောပြောပွဲများနဲ့ ပြသမှုများ၊ အုတ်ဂူတူးခြင်းနဲ့ ကျောက်အရံ သရုပ်ပြမှုများ၊ မိသားစုသမိုင်း သုတေသန၊ မြင်းနှင့် ရထားစီးခြင်း၊ ဂူဗိမာန် ခရီးစဉ်များ၊ တိုက်ရိုက် ဖျော်ဖြေမှု၊ ကလေးလှုပ်ရှားမှုများ၊ ယဉ်ကျေးမှုပေါင်းစုံနဲ့ အစားအသောက်ပြပွဲများ၊ ကြေးရုပ်လမ်းလျှောက်ခြင်း အစရှိတဲ့ အခမ်းအနားတွေကိုလည်း ကျင်းပလေ့ရှိပါတယ်။

၅။ Karacaahmet သင်္ချိုင်း၊ တူရကီ

ဧက ၇၅၀ ကျော် ကျယ်ဝန်းတဲ့ Karacaahmet သင်္ချိုင်းဟာ ကမ္ဘာပေါ်က ပဉ္စမမြောက်အကြီးဆုံး သင်္ချိုင်းဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၇၀၀ ကျော်ကတည်းက တည်ထောင်ခဲ့တဲ့ Istanbul ရဲ့ ရှေးအကျဆုံး လက်ရာတစ်ခုပါ။

Karacaahmet ကို မတူညီတဲ့ ဘာသာရေးအုပ်စု တစ်ခုစီအတွက် ၁၀ ပိုင်း ခွဲထားသလို လူပေါင်း တစ်သန်းကျော်ကို အကျိုးအမြတ်မယူဘဲ ဒီသင်္ချိုင်းမှာ မြှုပ်နှံထားပြီးပါပြီ။ သင်္ချိုင်းတစ်လျှောက်မှာ မြင့်မားလှတဲ့ ထင်းရူးပင်များ ရှိနေပြီး သီးသန့်နေရာနဲ့ သာယာဖွယ် ဖြစ်စေပါတယ်။

၄။ Ohlsdorf သင်္ချိုင်း၊ ဂျာမနီ

ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့က Ohlsdorf သင်္ချိုင်းကတော့ ကမ္ဘာပေါ်က စတုတ္ထအကြီးဆုံး သင်္ချိုင်းဖြစ်ပြီး ၉၆၆ ဧက ကျယ်ဝန်းပါတယ်။

ဘုရားကျောင်း ၁၂ ခန်း၊ ပြတိုက် ၃ ခု၊ နိုင်ငံပေါင်း ၂၀ ကျော်မှ စစ်သည်များရဲ့ အုတ်ဂူများ ပါဝင်နေပါတယ်။

လူပေါင်း ၁ သန်းခွဲကျော်ကို မြှုပ်နှံထားတဲ့ Ohlsdorf ကိုတော့ ၁၈၇၇ မှာ တည်ဆောက်ခဲ့ပြီး သင်္ချိုင်းမြေအပြင် အပန်းဖြေရာ နေရာနဲ့ ခရီးသွားများ ဆွဲဆောင်ရာအဖြစ်လည်း ဂူဗိမာန်များ၊ ရေကန်များ၊ ငှက်များ၊ ပန်းပုများနှင့် တောင်ဇလပ်ချုံများက နှစ်စဉ် ကမ္ဘာတစ်ဝှမ်းမှ လူနှစ်သန်းခန့်ကို လာရောက်လည်ပတ်ဖို့ ဆွဲဆောင်ထားနိုင်ခဲ့တာပါ။

၃။ Abraham Lincoln စစ်သင်္ချိုင်း၊ အမေရိကန်

Abraham Lincoln အမျိုးသား သင်္ချိုင်းဟာ ကမ္ဘာ့ တတိယအကြီးဆုံး သင်္ချိုင်းနေရာဖြစ်ပြီး အုတ်ဂူပေါင်း ၄ သိန်းကျော်ဖြင့် စီစဉ်ထားပါတယ်။ 

စစ်မှုထမ်းဟောင်းရေးရာဌာနမှ ၁၉၉၉ ခုနှစ်က အပ်နှံခဲ့ပြီး ဒီသချိုင်းကို အမေရိကန်ပြည်ထောင်စုရဲ့ ၁၆ ယောက်မြောက် သမ္မတ အေဗရာဟမ်လင်ကွန်းကို အစွဲပြု အမည်ပေးခဲ့ကာ ကမ္ဘာ့ ဒုတိယအကြီးဆုံး စစ်သင်္ချိုင်းကြီးလည်း ဖြစ်လာခဲ့ပါတယ်။

၂။ Calverton စစ်သင်္ချိုင်း၊ အမေရိကန်

Calverton ဟာ ကမ္ဘာပေါ်က ဒုတိယအကြီးဆုံး သင်္ချိုင်းဖြစ်ပြီး National Cemetery Administration မှ ကြီးကြပ်နေတဲ့ ကမ္ဘာ့ အကြီးမားဆုံ စစ်သင်္ချိုင်းကြီးလည်းဖြစ်ပါတယ်။ ၁၉၇၈ မှာ တည်ဆောက်ခဲ့ပါတယ်။

၁။ Wadi-us-Salaam သင်္ချိုင်း၊ အီရတ်

Wadi-us-Salaam သို့မဟုတ် ငြိမ်းချမ်းရေးချိုင့်ဝှမ်းဟာ ကမ္ဘာ့ အကြီးဆုံး သင်္ချိုင်းဖြစ်ပါတယ်။ ဧက ၁၅၀၀ နီးပါး ကျယ်ဝန်းပြီး ခန့်မှန်းခြေအားဖြင့် အုတ်ဂူ ၅ သန်းခန့် ပါဝင်နေပါတယ်။ 

ရှီအာ မွတ်စ်လင်မ်တို့ကတော့ Wadi-us-Salaam သို့မဟုတ် ငြိမ်းချမ်းရေးချိုင့်ဝှမ်းရဲ့ အမည်ကို စာသားအတိုင်း ခေါ်ဆိုကြပြီး ထာဝရ ငြိမ်သက်အေးချမ်းစေမယ့် သင်္ချိုင်းမြေလို့ ယုံကြည်ကြတာကြောင့် အီရတ် ပြည်တွင်းရော ပြင်ပက ရှီအာမွတ်ဆလင်တွေကိုပါ ဒီနေရာမှာ မြှုပ်နှံပေးဖို့ စီစဉ်နေပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *