ဆိုဗီယက်တို့ရဲ့ အာကာသစူးစမ်းလေ့လာ‌ရေး ကြိုးပမ်းခဲ့မှုများ

ဆိုဗီယက်တို့ရဲ့ အာကာသစူးစမ်းလေ့လာ‌ရေး ကြိုးပမ်းခဲ့မှုများ

ယူရီဂါဂါရင် (Yuri Gagarin)ကို သိကြမှာပါ။ ဆိုဗီယက်အာကာသယာဉ်မှူးဖြစ်ပြီး ကမ္ဘာကို အာကာသကနေ ပါတ်ခဲ့သူပေါ့။

တကယ်တော့ သူဟာ ပထမဆုံး မဟုတ်ခဲ့ပါဘူး။ သမိုင်းမှာ ဖုံးကွယ်ထားတာတွေ ရှိပါတယ်။

ယူရီဂါဂါရင်

ခုအဲဒီအရာတွေကို လေ့လာကြည့်ရအောင်။

၁။ The story of Laika

Laika ဆိုတာ ခွေးလေးတစ်ကောင်ဖြစ်ပါတယ်။ သူမဟာ အာကာသကို ပထမဆုံး ရောက်ရှိသူပါ။ ၁၉၅၇ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့မှာ သူမကို အာကာသထဲ လွှတ်တင်ခဲ့ပါတယ်။

ခွေးလေး Laika

အမြင့် မိုင် ၂၀၀၀ အထိ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ပြန်လမ်း မရှိတဲ့ ခရီးပါ။Laika ဟာ တစ်ပါတ်အကြာမှာ သေဆုံးခဲ့တယ်လို့ ဆိုဗီယက်တို့က ပြောပါတယ်။

အစာအဆိပ်သင့်ပြီး သေတာပါတဲ့။ အမှန်တော့ Laika ဟာ ပစ်လွှတ်ပြီး ၅ နာရီအကြာမှာဘဲ သေဆုံးခဲ့တာပါ။ Sputnik 2 အမည်ရ သူမရဲ့ယာဉ်ဟာ အကြမ်းထည် လုပ်ထားတာ ဖြစ်ပါတယ်။

ကမ္ဘာပါတ်လမ်းထဲမှာတော့ ဒီယာဉ်ဟာ သေမင်းထောင်ခြောက်လို့ ဆိုနိုင်ပါတယ်။ အတွင်းပိုင်းအပူချိန်က ၁၉၄ ဒီဂရီ ဖာရင်ဟိုက် ဖြစ်ပါတယ်။ ခွေးလေးဟာ အပူချိန်ကြောင့် သေဆုံးတာဖြစ်ပါတယ်။

၂။ Cosmonauts

ဆိုဗီယက်တွေဟာ အာကာသယာဉ်မှူးတွေကို ဂရုစိုက်ဖို့ထက် အမေရိကန်တွေထက် သာလွန်နေဖို့ကိုဘဲ အာရုံစိုက်ကြပါတယ်။

ယူရီဂါဂါရင်ဟာ ပထမဆုံး ကမ္ဘာပါတ် အာကာသယာဉ်မှူးဆိုရင် မှားပါတယ်။ သူက ပထမဆုံး အသက်ရှင်ရက်နဲ့ အာကာသမှ ကမ္ဘာပါတ်ခဲ့သူဆိုမှ မှန်ပါလိမ့်မယ်။

ဆိုယု့ဇ်

သူ့မတိုင်ခင်မှာ အနဲဆုံး ၄ ယောက်လောက်ဟာ အာကာသထဲ စေလွှတ်ခဲ့ပြီးပါပြီ။ တစ်ယောက်မှ အသက်မရှင်ခဲ့ကြပါဘူး။ ၁၉၅၇ နဲ့ ၁၉၅၉ ခုနှစ် အကြားမှာ ဖြစ်ခဲ့တာပါ။

ဒီအဖြစ်ဟာ မှတ်တမ်းနဲ့တကွ ရရှိထားတဲ့ သတင်း ဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်မှာ အီတလီက ရေဒီယို လှိုင်းဖမ်းသူ ဝါသနာရှင် ၂ ဦးက သူတို့ ဖမ်းယူရရှိတဲ့အသံဖိုင်ကို ချပြခဲ့ပါတယ်။

ကြောက်စရာအသံလွှင့်ချက်ထဲမှာ အမျိုးသမီးတစ်ယောက်အသံနဲ့ သူ့ရဲ့ ယာဉ်မှူးအခန်းဟာ မီးလောင်နေပြီလို့ ပြောနေပါတယ်။ ကြောက်လန့်တကြားအော်သံနဲ့အတူ ထုတ်လွှင့်မှုလည်း ရပ်သွားပါတယ်။

နောက်ထပ် အသံလွှင့်ချက်မှာတော့ ယာဉ်မှူး ၂ ဦးရဲ့ အသနားခံပန်ကြားချက်ကို ကြားရပါတယ်။

” အခြေအနေက ပိုဆိုးလာပါတယ်။ ဘာလို့ ပြန်မဖြေကြတာလဲဗျာ။ ကျနော်တို့ တဖြည်းဖြည်း နှေးလာတယ်ဗျ။ ကမ္ဘာကြီးကတော့ ကျနော်တို့အကြောင်း ဘယ်တော့မှ သိမှာမဟုတ်ပါဘူးဗျာ” တဲ့။

၃။ ဒုတိယ အကျော်ကြားဆုံး ဖြစ်ရပ်တစ်ခု

ဗလာဒီမာ ကိုမာရော့ဗ်ဟာ ပထမဆုံးကမ္ဘာကို ၂ ပါတ် ပါတ်နိုင်ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာ ဆိုဗီယက်ခေါင်းဆောင်ဟာ အာကာသကို ထပ်မံစေလွှတ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ လီယိုနစ် ဘရက်ဇညက်ပါ။

သူက တော်လှန်ရေး နှစ် ၅၀ ပြည့် အောင်ပွဲအထိမ်းအမှတ် လုပ်ဖို့အတွက်အမိန့်ပေးတာ ဖြစ်ပါတယ်။

ရှိတာကလဲ ဆိုယု့ဇ် ၁ ဆိုတဲ့ ဂြိုလ်တု ၁ လုံးပါ။ သူ့မှာ ချို့ယွင်းမှုတွေ အများကြီးရှိပါတယ်။ ဒါကိုလူတိုင်း သိပါတယ်။

ကိုမာရော့ဗ်

ဒါပေမဲ့ ကိုမာရော့ဗ်ကို ဒီယာဉ်နဲ့သွားဖို့ ရွေးချယ်ခံရပါတယ်။ အရံလူကတော့ ယူရီဂါဂါရင်ပါ။ တကယ်လို့ ကိုမာရော့ဗ်က ငြင်းခဲ့ရင် ယူရီဂါဂါရင်က သွားရမှာ ဖြစ်ပါတယ်။

ကိုမာရော့ဗ်က မတက်ခင်မှာ သူ့အတွက် အခေါင်းတစ်ခု ကြိုလုပ်ထားဖို့ မှာခဲ့ပါတယ်။ သဘောကတော့ အာဏာပိုင်တွေကို သူတို့ဘယ်လိုလုပ်နေရတယ် ဆိုတာ သိစေခြင်လို့ပါတဲ့။

သူနောက်ဆုံးဆက်သွယ်ခဲ့တာက သူ့မိန်းမကိုပါ။ ဆိုယု့ဇ် ၁ ဟာ ကမ္ဘာကို ပြန်အဆင်းမှာ လေထီး မပွင့်ခဲ့ပါဘူး။ ကိုမာရော့ဗ်နဲ့ သူယာဉ်ဟာ မြေပြင်နဲ့အရှိန်ပြင်းစွာ ထိခိုက်ပြီး ကိုမာရော့ဗ်ဟာ သေဆုံးခဲ့ပါတယ်။

၄။ အာကာသစခန်းက Almaz လက်နက် စီမံကိန်

ဒါကတော့ လျှို့ဝှက်အစီအစဉ်တစ်ခုပါ။ သူ့ကို Almaz( diamond) လို့ ခေါ်ပါတယ်။ အာကာသစခန်းကို စစ်စခန်းတစ်ခုလို တည်ဆောက်ဖို့ဖြစ်ပါတယ်။

ပထမဆုံး ကင်းထောက်ယာဉ်တစ်ခုကို ၁၉၇၀ ခုနှစ်မှာ လွှတ်တင်ခဲ့ပါတယ်။ ဂြိုလ်တု ၃ ခုမှာ ၁ ခုပျက်ပြီး ၂ ခုကအောင်မြင်သွားပါတယ်။ Salyut 3 နဲ့ Saluyt 5 တို့ဖြစ်ပါတယ်။

သူတို့မှာ ၂၃ မီလီမီတာ Rikhter rapid- fire Cannon စက်သေနတ်တွေ တပ်ဆင်ထားပါတယ်။ တစ်မိနစ်ကို အချက်ရေ ၂၆၀၀ ပစ်နိုင်တဲ့ ဆုံလည်စက်သေနတ်အမျိုးအစား ဖြစ်ပါတယ်။ တပ်ဆင်ပြီးနောက် စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။

ဒီ Almaz စခန်းကနေ တိုက်ခိုက်ရေးဒုံးကျည်တွေ တပ်ဖို့လည်း ကြံစည်ခဲ့ကြပါတယ်။ ဒါပေမဲ့ မဖြစ်ခဲ့လို့ ကံကောင်းတယ် ပြောရမလိုပါဘဲ။

၅။ ဗီးနပ်စ်နဲ့ မားဂြိုလ်သို့ သွားရောက်ခြင်

ဆိုဗီယက်တွေဟာ TMK ( Heavy interplanetary Vessel ) လို့ မည်ပေးထားတဲ့ စီမံကိန်းတစ်ခုကိုလည်း လုပ်ခဲ့ကြပါသေးတယ်။

ဒုံးပျံကို နျူကလီးယား အီလက်ထရစ်ပါဝါသုံး အင်ဂျင်နဲ့ မောင်းနှင်ပြီး ပါဝင်တဲ့ ဂြိုလ်ဆင်းယာဉ် ၅ ခုကိုလည်း နျူ စွမ်းအင်နဲ့ဘဲ ရထားသဖွယ် ချိတ်ဆက်ပြီး မားစ်ဂြိုလ်ပေါ် ချထားဖို့ဖြစ်ပါတယ်။

ရထားဟာ မားစ်ဂြိုလ်ပေါ်မှာ တစ်နှစ်ကြာနေပြီး လေထုဖိအားတွေ တိုင်းတာမှာဖြစ်ပါတယ်။ အပြန်မှာတော့ ဗီးနပ်စ်ဂြိုလ်ကို ထပ်မံဆင်းသက်မှာပါ။

မြေပြင်ရော လိုက်ပါမယ့်သူတွေအတွက်ရော စနစ်တကျ တွက်ချက်ပြီးသွားပါပြီ။ ၁၉၇၁ ခုနှစ်မှာ လွှတ်ဖို့ရည်ရွယ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ပထမဒုံးပျံ N1 ဟာ မအောင်မြင်ခဲ့ပါဘူး။ အစမ်းပျံသန်းမှု ၄ ကြိမ်စလုံး မအောင်မြင်တာ ဖြစ်ပါတယ်။ ၁၉၇၂ ခုနှစ်မှာတော့ စီမံကိန်းကို ပယ်ဖျက်ခဲ့ပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *