ခေါင်းပြတ်သွားသည့်တိုင် အသက်ရှင်နေနိုင်တဲ့ အသက်ပြင်းတဲ့ တိရစ္ဆာန်များ

ခေါင်းပြတ်သွားသည့်တိုင် အသက်ရှင်နေနိုင်တဲ့ အသက်ပြင်းတဲ့ တိရစ္ဆာန်များ

သတ္တလောကမှာ ထူးခြားရှားပါးတဲ့ မျိုးစိတ်များစွာရှိလှတာကြောင့် တစ်ခါတစ််ရံမှာ သဘာဝတရားကို နားလည်နိုင်ဖို့တောင် ခဲယဥ်းသယောင်ပါပဲ။

အဲဒီလိုပဲ ခေါင်းမပါပဲနဲ့ အသက်ရှင်ဖို့ဆိုတာ တော်ရုံသက်ရှိတွေအဖို့တော့ လွယ်မယ် မထင်ပါဘူး။

ဒါပေမဲ့ သတ္တလောကမှာ ခေါင်းမပါသည့်တိုင် အသက်ရှင်နေနိုင်တဲ့ အသက်ပြင်းလှပါတယ်ဆိုတဲ့ တိရစ္ဆာန်တွေ ရှိလို့နေပါတယ်။

ဒါကြောင့် စာဖတ်သူတွေလည်း ဗဟုသုတရဖို့ရာ ခေါင်းမပါဘဲလည်း အသက်ရှင်နေနိုင်တဲ့ မျိုးစိတ်တချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ကြက်

ရေးတဲ့ ခေါင်းစဥ် မှားနေတာလားဆိုရင်တော့ မဟုတ်ပါဘူး။ သားသတ်သမားတွေက ကြက်တွေကို ခေါင်းဖြဝာ် သဝာ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ကြက်တစ်ကောင်ဟာ သူ့ရဲ့ဦးခေါင်းကို ဖြတ်ပြီး ၁ နှစ်ခွဲကြာ အသက်ရှင်ခဲ့ပါတယ်။ 

သူ့နာမည်က Miracle Mike ပါ။ လယ်သမားတစ်ယောက်က ညစာအတွက် Mike ကို ချက်ပြုတ်ရန် စီစဉ်ရာမှ ဇာတ်လမ်းစတင်ခဲ့တာပါ။ သူက ကြက်ခေါင်းကို ပုဆိန်ဖြင့် ခုတ်ထစ်ပြီး ဦးခေါင်းတုံးကို ဖယ်လိုက်ပါတယ်။

ကံကောင်းထောက်မစွာ ကြက်ရဲ့ ပင်မသွေးကြော jugular vein ကို လွတ်သွားခဲ့ပြီး နားတစ်ဖက်နဲ့ ဦးနှောက်ရဲ့ သွေးကြောအများစုက နဂိုအတိုင်း ကျန်ရှိခဲ့ပါတယ်။ 

အဲဒီကြက်ဟာ ကိုးရိုးကားရား လမ်းလျှောက်နိုင်ဆဲဖြစ်ပြီး လယ်သမား Olsen က သူ့ကို ထိန်းသိမ်းထားရန် ဆုံးဖြတ်ခဲ့ပါတယ်။ 

Mike ကို မျက်စဉ်းဆေးဖြင့် နို့နှင့်ရေ ရောစပ်ပြီး အစာအတွက် ပြောင်းဖူးစေ့ငယ်များကို ကျွေးခဲ့ရပါတယ်။ Miracle Mike ဟာ Time and Life မဂ္ဂဇင်းများကဲ့သို့ မဂ္ဂဇင်းများအတွက်လည်း ဓာတ်ပုံရိုက်ခဲ့ပြီး Olsen ဟာ ထိုအချိန်က တစ်လကို ဒေါ်လာ ၄,၅၀၀ လောက် ရရှိခဲ့ပါတယ်။ 

၂။ ပိုးဟပ်

အကြောင်းမှာ ပိုးဟပ်ရဲ့ ဦးနှောက်က ခန္ဓာကိုယ်ထဲမှာ တည်ရှိလို့ပါပဲ။ ဒါကြောင့် ဦးခေါင်းမပါဘဲ ရက်အတော်ကြာ သီတင်းပတ်များအထိ ရှင်သန်နိုင်ပါတယ်။

ဦးခေါင်းဖြတ်လိုက်သည့်တိုင် သူတို့ရဲ့သွေးများသည် လျင်မြန်စွာ မလည်ပတ်နိုင်ပါဘူး။ ပိုးဟပ်တွေဟာ ဦးခေါင်းမရှိပေမယ့် အသက်ကို အန္တရာယ်ပေးစေနိုင်တဲ့ ဒဏ်ရာကို ပြန်ကောင်းလာဖို့ အချိန်များစွာ ရှိပါတယ်။

၃။ မြွေ

ဒီအန္တရာယ်ရှိတဲ့ တိရစ္ဆာန်တွေက သူတို့ရဲ့ ဦးခေါင်းကို ဖြတ်လိုက်ရင်တောင် ခင်ဗျားကို ဒုက္ခပေးနိုင်တုန်းပါပဲ။ 

ခေါင်းဖြတ်ပြီးနောက် မြွေရဲ့ဦးခေါင်းဟာ ကိုက်ခြင်း၊ အဆိပ်ထိုးသွင်းခြင်းနဲ့ ဒဏ်ရာများ ရရှိစေနိုင်ပါတယ်။

မြွေတစ်ကောင်ကိုတွေ့တဲ့အခါ မြွေခေါင်းနဲ့ ခပ်ဝေးဝေးမှာနေဖို့ အကြံပြုလိုပြီး မြွေမျိုးစိတ်အများစုဟာ ဦးခေါင်းမပါသည့်တိုင် အသက်အန္တရာယ်ပေးနိုင်ဆဲမလို့ပါ။

၄။ ဓားခုတ်ကောင်

ဓားခုတ်ကောင်တွေဟာ မိတ်လိုက်စဉ်အတွင်း အမတွေက စားသောက်လေ့ရှိကြတဲ့ ကံဆိုးတဲ့ အထီးတိရစ္ဆာန်တွေပါ။

သူ့ရဲ့နောက် ထူးခြားချက်မှာ ခေါင်းပြတ်နေသည့်တိုင် အမကို သန္ဓေအောင်နိုင်စေပါတယ်။ ပြီးတော့ ဒီကောင်က သူ့ခေါင်းမပါဘဲလည်း မိတ်လိုက်နေနိုင်တုန်းပါပဲ။

၅။ ဖား

သူတို့ရဲ့ ဦးခေါင်းနဲ့ အရေခွံတွေကို ဖယ်ထားရင်တောင် ဖားဟာ အချိန်တစ်ခုထိ လှုပ်ရှားနိုင်ပါသေးတယ်။ 

ခေါင်းမပါတဲ့ ဖားတစ်ကောင်က ခြေထောက်ပေါ် တက်လာတဲ့အခါမျိုးကတော့ ပျော်စရာ အတွေ့အကြုံ မဖြစ်စေနိုင်ပါဘူး။

၆။ Snapping လိပ်

သူတို့က တိုက်ခိုက်ရေးသမားတွေပါ။ ဒါကြောင့် သူတို့ရဲ့ ဦးခေါင်းတွေဟာ သူတို့မှာရှိတဲ့ တစ်ခုတည်းသော ခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်နေရင်တောင် သူတို့ဟာ နာရီပေါင်းများစွာ တိုက်ခိုက်ပြီး ခုခံနေကြဆဲပါပဲ။ 

Snapping လိပ်တွေမှာ ဒဏ်ရာကြီးကြီးမားမားဖြစ်စေနိုင်သော ချွန်ထက်တဲ့ နှုတ်သီးများပါရှိပြီး သူတို့ကိုယ်ခန္ဓာမပါဘဲနဲ့တောင် တိုက်ခိုက်နိုင်ကြပါတယ်။

၇။ ယင်ကောင်

ယင်ကောင်များဟာ မည်မျှပင် ဦးခေါင်းပြတ်နေပါစေ ရက်သတ္တပတ်များစွာ လမ်းလျှောက်နိုင်ပါသေးတယ်။

အကြောင်းရင်းကတော့ ယင်ကောင်ရဲ့ ဦးနှောက်က သူတို့ရဲ့ နောက်ကျောမှာ ရှိနေလို့ပါပဲ။

ယင်ကောင်များဟာ သူတို့ရဲ့ အရေပြားမှတဆင့် အောက်ဆီဂျင်ကို စုပ်ယူကြတာဖြစ်ပြီး သူတို့တွေဟာ ဘာအစာမှ မစားရဘဲ အစာငတ်သေနေတာတောင်မှ ရက်ပေါင်းများစွာ ဆက်လက် အသက်ရှင်နေနိုင်ပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *