ကမ္ဘာ့အလှဆုံး ကားခရီးလမ်း (သို့) အတ္တလန္တိတ်လမ်း
အတ္တလန္တိတ် သမုဒ္ဒရာကြီးပေါ်ကို ကားဖြတ်မောင်းရမယ်ဆိုတဲ့ ခံစားချက်နဲ့ အရသာတို့ဟာ တွေးကြည့်ရင်နဲ့ကို စိတ်လှုပ်ရှားဖို့ ကောင်းနေပါပြီ။
ဒါကြောင့် နော်ဝေနိုင်ငံက ကမ္ဘာ့အလှဆုံး ကားခရီးလမ်းလို့လည်း တင်စားထားကြတဲ့ အတ္တလန္တိတ်လမ်းအကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်။
Atlantic Road လို့ခေါ်တဲ့ အတ္တလန္တိတ်လမ်းဟာ ကမ္ဘာပေါ်က အလှဆုံးခရီးလမ်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ သူ့ရဲ့ လှပတဲ့ တံတားရှစ်စင်းနှင့်အတူ လမ်းဟာ Averøya, Kårvåg မှ ပြည်မကြီးရှိ Vevang အထိ ပင်လယ်လှိုင်းတွေနဲ့အတူ ကွေ့ကောက်စွာ တည်ရှိနေပါတယ်။
ရှုခင်းသာ အတ္တလန္တိတ်လမ်း
ရှုခင်းသာ အတ္တလန္တိတ်လမ်းကြောင်းဟာ အတ္တလန္တိတ် သမုဒ္ဒရာကြီးကို ကန့်လန့်ဖြတ် တည်ဆောက်ထားတာကြောင့် ဘေးပတ်ပတ်လည်က သမုဒ္ဒရာရဲ့ အငွေ့အသက်ကို ခံစားရင်း ကားမောင်းရတာဟာ ဘာနဲ့မှလဲနိုင်မှာ မဟုတ်ပါဘူး။
ပြီးတော့ Atlantic Road မှာ လေအေးတွေနဲ့အတူ ပါဝင်လာမယ့် ရေမှုန်ရေမွှားတွေ ပက်ဖြန်းနေမှု အတွေ့အကြုံဟာ သင့်ကို ပိုပြီးအေးမြသွားစေမှာပါ။
ဒီနေရာကို ရောက်ရှိပြီဆိုတာနဲ့ သဘာဝဒြပ်စင်များရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာဖြစ်ပြီး နော်ဝေ ရှုခင်းသာလမ်းကြောင်းတစ်လျှောက် ခရီးတစ်ခုထက်ကို ပိုနေမှာဖြစ်တဲ့ အလွန်ကောင်းမွန်တဲ့ မြင်ကွင်းအတွေ့အကြုံတစ်ခုလည်း ဖြစ်ပါတယ်။
ဒီလမ်းမထက်မှာ သဘာဝဟာ ဗိသုကာပညာနဲ့ ခေတ်မီအင်ဂျင်နီယာတို့နဲ့ တွေ့ဆုံခဲ့သလိုပဲ လည်ပတ်သူတွေကို အမှတ်ရစရာ အခိုက်အတန့်အသစ်များကို ပေးဆောင်နေမှာလည်း အသေအချာပါပဲ။
အတ္တလန္တိတ် သမုဒ္ဒရာထက်ရှိ Norwegian Scenic Routes လမ်းမတွေဟာ သင့်ကို လှပပြီး အမျိုးမျိုးသော မောင်းနှင်မှု ခံစားချက်တွေကို တွေ့ကြုံဆုံခိုက်စေဖို့ ဖိတ်ခေါ်နေမှာဖြစ်သလို ထူးခြားလှပါတယ်ဆိုတဲ့ ခံစားမှုတွေကိုလည်း ပေးစွမ်းနေမှာပါ။
အထူးသဖြင့် ဒီလမ်းကို ဖောက်ခဲ့ရခြင်း ရည်ရွယ်ချက်ဟာ သင့်ကို A မှ B သို့ မြန်နိုင်သမျှ မြန်မြန်ရောက်စေဖို့ မဟုတ်ပါဘူး။
ကျွန်းစုတွေရဲ့ ပထဝီ အနေအထားကိုမှ ဘေးပတ်ဝန်းကျင်က သဘာဝ အလှတရားနဲ့ ပေါင်းစပ်ပြီး အခုလို အလှပဆုံး လမ်းမျိုးတွေ ပေါ်ပေါက်လာခဲ့တာပါ။
Bud နဲ့ Kristiansund အကြား လမ်းခရီးဟာ စိမ်းလန်းစိုပြေတဲ့ ယဉ်ကျေးမှု ရှုခင်းများ၊ ရာသီဥတုများကြားမှာ ပွတ်သပ်ထွေးပိုက်နေတဲ့ ကျွန်းငယ်များနဲ့ ကျွန်းဖွဲ့စည်းပုံများကြားမှာ ရှုရှိုက်ရသော ကမ်းခြေမှ သဘာဝလေ၊ ယဉ်ကျေးမှုနှင့် သမိုင်းတို့ရဲ့ ပေါင်းစပ်အတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။
ကမ္ဘာ့အလှဆုံး ကားခရီးလမ်း
ပင်လယ်ဟာ လူသားတို့အတွက် အရေးကြီးဆုံးသော သယ်ယူပို့ဆောင်ရေး နည်းလမ်းဖြစ်သည်မှာ ရာစုနှစ်များစွာကတည်းက ဖြစ်ပါတယ်။
ဒါ့အပြင် ပယ်လယ်ဟာ ကျွန်တော်တို့အတွက် ၀င်ငွေရင်းမြစ်နဲ့ အဆုံးမရှိသော လှုပ်ရှားမှုများနဲ့ အပန်းဖြေမှုတွေအတွက် နိဒါန်းတစ်ခုလည်း ဖြစ်ပါတယ်။
ဒါကြောင့် ပင်လယ်ကို ဖြတ်ပြီး တည်ထားတဲ့ ကားလမ်းတစ်လျှောက် အတ္တလန္တိတ် သမုဒ္ဒရာထဲက ငါးများ ကျက်စားနေပုံတို့လို ထူးခြားတဲ့ မြင်ကွင်းများစွာလည်း ရှိနေတာပါ။
Norwegian Scenic Routa အတ္တလန္တိတ်လမ်းဟာ Averøy ကို တံတား ရှစ်စင်းဖြင့် ကျွန်းများ၊ ကျွန်းငယ်များနဲ့ ကျောက်တန်းများမှတစ်ဆင့် ပြည်မကြီးကို ဆက်သွယ်ပေးထားပါတယ်။
အတ္တလန္တိတ်လမ်းဟာ ၈၂၇၄ မီတာကျော် ရှည်လျားပါတယ်။ အထက်က ဖော်ပြခဲ့သလိုပဲ ဒီလမ်းကို ကမ္ဘာ့အလှဆုံး ကားခရီးလမ်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ လမ်းကို ၁၉၈၃ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
ဒီလမ်းကြီး အခုလို လှပသာယာစေဖို့အတွက် ခက်ခက်ခဲခဲ တည်ဆောက်ထားခဲ့ရတာပါ။
အဆိုပါ လမ်းဖောက်လုပ်မှုဟာ သမိုင်းတစ်လျှောက် အဓိကစိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်ခဲ့ပြီး အလုပ်သမားတို့ဟာလည်း တည်ဆောက်ရေး ကာလအတွင်း ၁၂ ကြိမ်အထိ ဟာရီကိန်းမုန်တိုင်းများ ကြုံတွေ့ခဲ့ရပါတယ်။
၂၀၀၅ ခုနှစ်မှာတော့ Atlantic Road, Atlanterhavsvegen ဟာ ၂၀ ရာစုရဲ့ အကောင်းဆုံး ဖန်တီးမှု အဆောက်အဦးအဖြစ် အမည်တွင်ခဲ့ပါတယ်။
အံ့မခန်းမြင်ကွင်းများ
Atlanterhavsvegen svevesti လမ်းကြောင်းနဲ့ ဝန်ဆောင်မှုစင်တာတို့ဟာ Averøy, Eldhusøya မှာရှိတဲ့ စိတ်ဝင်စားဖွယ်ကောင်းသော ဆွဲဆောင်မှု နှစ်ခုဖြစ်ပါတယ်။
Eldhusøya ကတော့ မိုးကုပ်စက်ဝိုင်းရဲ့ အလှတရားကို အဓိက ရှုမြင်နိုင်သလို သမုဒ္ဒရာဘေးမှာ လှပစွာ တည်ရှိပြီး သူ့ရဲ့အလှပတို့ကြောင့် အကြီးဆုံး ပျော်ပွဲစားထွက်ရာ နေရာတစ်ခုပါပဲ။
Eldhusøya အနီးတစ်ဝိုက်မှာတော့ လေတိုက်နှုန်း မြင့်မားပြီး လမ်းကြောင်းဒီဇိုင်းအရ မြင့်မားတဲ့ လမ်းကို မြေပြင်ပေါ်မှာ မျောပါလုနီးပါးရှိသော ဆန်ခါဖြင့် ပြုလုပ်ထားတာဖြစ်ပြီး ကျွန်းစုတွေပေါ်မှာ တည်ထားပါတယ်။
Askevågen မှာတော့ သေးငယ်ပေမဲ့ ကြမ်းတမ်းလှပတဲ့ မြင်ကွင်းမျိုးကို သင်တွေ့ရပါလိမ့်မယ်။ ရှုခင်းကြည့် ဝရန်တာကို သံချေးမတက်စေဖို့ သံမဏိဖြင့် တည်ဆောက်ထားပြီး လှေကားထစ်များကိုလည်း ထူးခြားတဲ့ ဖွဲ့စည်းပုံနဲ့ အစိမ်းရောင်-ရောင်စုံ ထူထဲသော ဖန်သားတို့ဖြင့် တည်ဆောက်ထားပါတယ်။
မမေ့နိုင်တဲ့ သဘာဝ အတွေ့အကြုံများ
အရေးပါတဲပ ဆက်သွယ်ရေးလမ်းကြောင်းနဲ့ ခရီးသွားတို့အတွက် အံ့သြဖွယ်ကောင်းသော လမ်းခရီးတစ်ခု ဖြစ်တဲ့အပြင် အတ္တလန္တိတ်လမ်းဟာ စက်ဘီးစီးခြင်းနဲ့ တောင်တက်ခြင်းကို နှစ်သက်သူများအတွက် ကောင်းမွန်သင့်လျော်ပါတယ်။
ကမ်းရိုးတန်း သဘာဝနဲ့ အဏ္ဏဝါ တိရိစ္ဆာန်နိုင်ငံတော်ကို အနီးကပ် ခံစားလိုပါက ဒီလမ်းမနဲ့ ဒီနေရာဟာ စူးစမ်းလေ့လာဖို့ နေရာကောင်းတစ်ခုပါပဲ။
အတ္တလန်တိတ်လမ်းတစ်ဝိုက်မှာ ပင်လယ်ငှက်များနဲ့ ဖျံများ ပေါများစွာ တွေ့ရမှာဖြစ်သလို ငါးမျှားခြင်းကို နှစ်သက်သူတွေကလည်း ငါးဖမ်းဖို့ နေရာကောင်းများစွာကို ရှာဖွေတွေ့ရှိရပါလိမ့်မယ်။
ပြိုင်ကားစီးသူတွေအဖို့ ပြင်းထန်အားပါတဲ့ လှိုင်းများကြားတွင် လေနဲ့အတူ လှိုင်းစီးခြင်းအတွက်ပါ အတွေ့အကြုံသစ်တွေကို ရင်ဆိုင်ရမှာဖြစ်သလို ရေငုပ်သမားတို့အတွက်လည်း Hustadvika နှင့် အခြားစိတ်လှုပ်ရှားဖွယ်နေရာများရှိ သင်္ဘောသင်္ချိုင်းသို့ ရေငုပ်သွားရောက်ရန် အခွင့်အလမ်းကောင်းများ ရှိနေပါသေးတယ်။
ဒီနေရာဟာ ရာသီဥတု အမျိုးမျိုးကို တွေ့ကြုံခံစားနိုင်တဲ့ နေရာလည်း ဖြစ်တာကြောင့် အတ္တလန္တိတ်သမုဒ္ဒရာနဲ့ နီးကပ်စွာ ထိတွေ့မှုသည် ပင်လယ်နဲ့ သင့်ကိုယ်ပိုင် စွန့်စားခန်းတွေကို မြင်ကွင်းကျယ် ရှုခင်းများ၊ သဘာဝ အလှတရားများ၊ အဏ္ဏဝါလောကသားတို့နဲ့အတူ အဓိပ္ပာယ်ပြည့်စုံသွားစေမယ့် နေရာလေးတစ်ခုပါပဲ။
Knight News Team
Knight News © 2022