ဆန်မာရီနို (သို့မဟုတ်) စိတ်ဝင်စားဖွယ် နိုင်ငံလေးတစ်ခု

ဆန်မာရီနို (သို့မဟုတ်) စိတ်ဝင်စားဖွယ် နိုင်ငံလေးတစ်ခု

ဆန်မာရီနို (San Marino)နိုင်ငံလေးဟာ ကမ္ဘာ့အသေးငယ်ဆုံးနိုင်ငံများ စာရင်းမှာ နံပါတ် (၅) ဖြစ်ပါတယ်။ လူဦးရေက ၃၂,၀၀၀ ကျော်ရှိပြီး အကျယ်အဝန်းကလည်း ၆၁ စကွဲယား ကီလိုမီတာသာ ရှိပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက နိုင်ငံဖြစ်ပေမယ့် လူသားအရင်းအမြစ်ကလွှဲလို့ ဘာသံယံဇာတမှ မရှိပါဘူး။

သူတို့ ဘယ်လိုနေထိုင်ကြလဲ ၊ ရှင်သန်ရပ်တည်ကြလဲ၊ သူတို့ လူနေမှုဘဝပုံစံက ဘယ်လိုလည်းဆိုတာ တင်ပြလိုက်ပါတယ်။

ဒီနိုင်ငံဟာ ကမ္ဘာ့အသေးဆုံးနိုင်ငံများထဲမှာ ပါသလို ၊ အဝေးပြေးလမ်းမကြီးတွေ၊လေယာဉ်ကွင်းတွေ၊ ရထားလမ်းတွေ ဘာမှမရှိပါဘူး။

ကားလမ်းတစ်ခုသာ ရှိပေမယ့် အဲဒီကားလမ်းမှာလည်း မီးပွိုင့်ဆိုတာမရှိပါဘူး။ လူဦးရေ ၃၀,၀၀၀ ကျော်ရှိတဲ့ အဲဒီနိုင်ငံမှာ ကားအစီးရေ ၅၀,၀၀၀ ကျော်ရှိတယ်ဆိုပဲ။ လူတစ်ယောက်ကို ကားနှစ်စီးနှုန်း ဖြစ်နေတာပေါ့။

ထူးဆန်းတာက ယာဉ်ထိန်းရဲ (၃)ဦးက ကားလမ်းကို ထိန်းချုပ်ညွှန်ကြားနေတာပဲ ဖြစ်ပါတယ်။

အလုပ်ဆင်းချိန်ကတော့ ညနေ ၆ နာရီဖြစ်ပါတယ်။ အဲဒီနိုင်ငံရဲ့ အလုပ်သမားတော်တော်များများက တက္ကသိုလ်ကျောင်းသားတွေ ဖြစ်ပါတယ်။

သူတို့က လမ်းသန့်ရှင်းရေးတို့၊ရေမြောင်းတွေ ရေစီးရေလာကောင်းအောင်လုပ်နေတာတို့၊ စားသောက်ဆိုင် စတိုးဆိုင်တို့မှာ အချိန်ပိုင်း လုပ်နေတာ တွေ့ရပါတယ်။

တက္ကသိုလ်ကလည်း တစ်နိုင်ငံလုံးမှာ တစ်ခုပဲ ရှိတာပါ။ ဆန်မာရီနိုတက္ကသိုလ်လို့ ခေါ်ပါတယ်။ ဒီတက္ကသိုလ်ကို မတက်ချင်ရင်တော့ အီတလီမှာ သွားတက်လို့ ရပါတယ်။ အကွာအဝေးကလည်း ၅ ကီလိုမီတာလောက်ပဲ ရှိပါတယ်။

နောက်တစ်ချက်ကတော့ သူတို့မှာ ကိုယ်ပိုင်ဘာသာစကား မရှိပါဘူး။ အီတလီဘာသာစကားကိုသာ ပြောဆိုကြပါတယ်။

ဆန်မာရီနိုနိုင်ငံသားတွေဟာ အလုပ်ကြိုးစားကြတယ်လို့ နာမည်ကြီးပါတယ်။ ပညာရှာရာမှာလည်း ဝီရိယ ရှိကြပါတယ်။

လူငယ်အများစုဟာ ပညာတတ်တွေများပြီး လဘက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ တွေ့ရတဲ့ လူငယ်တိုင်းလိုလို စာဖတ်နေကြတာများပါတယ်။

နိုင်ငံမှာ အဆောက်အဦတွေဟာ မူလလက်ရာအတိုင်း အပြင်ပန်းကို ထိန်းသိမ်းထားကြပါတယ်။ ခပ်နိမ့်နိမ့် အဆောက်အဦတွေ ဖြစ်ပါတယ်။

နိုင်ငံတစ်ခုဖြစ်လို့ နိုင်ငံ့လက်ရွေးစင် ဘောလုံးအသင်းဆိုတာလည်း ရှိပါတယ်။ လူတန်းစားမျိုးစုံနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ကမ္ဘာ့အဆင့်ကို ဝင်ကစားပေမဲ့ အောင်မြင်မှုတော့ မရသေးပါဘူး။

ထရပ်ကားမောင်းသူ၊ စားဖိုမှူးအစရှိသဖြင့် လူစုံပါဝင်သလို တက္ကသိုလ်က အားကစားဆရာက ဘောလုံးအသင်းကို နည်းပြပါတယ်။ နိုင်ငံတကာပွဲရှိရင် သူလည်း ကျောင်းကခွင့်ယူတာမျိုးပါ။

မှတ်တမ်း မှတ်ရာအနေနဲ့ကတော့ ၁၈ နှစ်အတွင်း တစ်ပွဲမှ မနိုင်ဘူးဆိုတော့ အားရစရာပါ။ သူတို့ကတော့ ဘယ်တော့မှ အရှုံးမပေးသေးဘူးလို့ ခံယူထားကြပါတယ်။

ပထဝီဝင် အချက်အလက်အနေနဲ့ကတော့ ဉရောပရဲ့ မိုက်ခရိုပြည်နယ် (Micro State) လို့ သတ်မှတ်ကြပါတယ်။ Apennine Mountain ရဲ့ အရှေ့မြောက်ဘက်၊ ဉရောပရဲ့ တောင်ပိုင်းဒေသထဲမှာ ပါဝင်ပါတယ်။

လူဦးရေကတော့ ၃၃,၅၆၂ ယောက်လို့ ဆိုပါတယ်။ မြောက် ၄၃ ဒီဂရီ ၅၆ မိနစ်နဲ့ အရှေ့ ၁၂ ဒီဂရီ ၂၆ မိနစ်ကြားမှာ တည်ရှိပါတယ်။ အကျယ်အဝန်းကို မိုင်နဲ့ပြရင်တော့ ၂၄ စတုရန်းမိုင်သာ ကျယ်ဝန်းပါတယ်။

နိုင်ငံသေးလို့ အထင်တော့ မသေးလိုက်ပါနဲ့။ တိုင်းပြည်ရဲ့ GDP က ဒေါ်လာ ၂.၃၉ ဘီလီယံအထိ ရှိပါတယ်။ လူတစ်ဦးချင်းကို တစ်နှစ်ဒေါ်လာ ၄၀,၀၀၀ ကနေ ၇၀,၀၀၀ အထိ ရှိတယ်ဗျာ။

ဆန်မာရီနိုနိုင်ငံရဲ့ ဖုန်းနံပါတ်ကုဒ်ကတော့ +၃၇၈ ဖြစ်ပါတယ်။ အီတလီကတစ်ဆင့် ခေါ်ရင်တော့ +၃၉၀၅၄၉ ဖြစ်ပါတယ်။

ဆန်မာရီနိုနိုင်ငံမှာ ဒီမိုကရေစီနည်းနဲ့ မဲပေးရွေးချယ်ထားတဲ့ အစိုးရက အုပ်ချုပ်ပါတယ်။ ပါလီမန်က ကျောထောက်နောက်ခံ ပြုပါတယ်။

၂၀၂၂ ခုနှစ်၊ ဧပြီလ ၊ (၁) ရက်နေ့က အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ Pavolo Rondell ကို အုပ်ချုပ်သူအဖြစ် ရွေးချယ်ခဲ့ပါတယ်တဲ့။

ဆန်မာရီနိုနိုင်ငံက ကမ္ဘာ့အသေးဆုံးနိုင်ငံများစာရင်းမှာဆိုတော့ ကျန်တဲ့ (၄) နိုင်ငံက ဘာတွေဖြစ်မလဲ မှန်းဆကြည့်ခဲ့ကြပါအုံး။ ပြီးရင် ကွန်မန့်မှာ ဖော်ပြပေးမယ့် အဖြေနဲ့ တိုက်ကြည့်ကြတာပေါ့။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *