ကမ္ဘာ့ အန္တရာယ်အများဆုံး တံတားများ
တံတားများဟာ လူသားတို့ရဲ့ သမိုင်းမှာ အကောင်းဆုံး ဆောက်လုပ်ရေးတီထွင်မှုများထဲမှ တစ်ခုဖြစ်ပါတယ်။
တံတားများဟာ ဒေသတစ်ခုမှ တစ်ခုသို့ ခရီးရှည်သွားလာရာတွင် လမ်းလွှဲရန်၊ သို့မဟုတ် ရေစီးသန်တဲ့ မြစ်ချောင်းများကို ဖြတ်ကူးရန် မလိုအပ်အောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
တံတားဟောင်းများစွာကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေသော်လည်း အချို့တံတားဟောင်းများမှာ လက်ရှိတွင် ခရီးသွားများ အမှန်တကယ် အသုံးပြုနေကြသည်ကို တွေ့မြင်ရပါတယ်။
အခြားတစ်ဖက်မှာလည်း အချို့ခေတ်မီ တံတားများဟာ ရင်သပ်ရှုမောဖွယ်ရာ အမြင့်များအထိ ရောက်နိုင်ပြီး နှလုံးရောဂါရှိသူများနှင့် အမြင့်ကြောက်ရောဂါရှိသူများအတွက်တော့ သွားရောက် မလည်ပတ်သင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
၁။ ဟူစိန်နီ မိုးပျံတံတား၊ ပါကစ္စတန်
(Hussaini Hanging Bridge, Pakistan)
ဟူစိန်နီ မိုးပျံတံတားဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးတံတားလို့ သတ်မှတ်ခြင်း ခံထားရပါတယ်။ဒီကြိုးတံတားဟာ ဟန်ဇာအထက်ပိုင်းရှိ Borit ရေကန်ကို ဖြတ်ကျော်ပြီး တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။
တံတားထိန်းသိမ်းမှု ညံ့ဖျင်းလှတာကြောင့် ဖြတ်သန်းသွားတဲ့အခါ ပြင်းထန်စွာ တုန်ခါလျက်ရှိပါတယ်။ ခြေချော်ကျသွားပါက အောက်ဘက်ရှိဟန်ဇာမြစ်ထဲသို့ ကျသွားပါလိမ့်မယ်။
မည်သို့ပင်ဆိုစေကာမူ ရဲရင့်သော တောင်တက်သမားများကတော့ သူတို့သွား ရောက်လည်ပတ်တဲ့အခါ တံတားကို ဖြတ်ကူးခြင်းဖြင့် ရဲစွမ်းသတ္တိကိုစမ်းသပ်လိုကြပါတယ်။
၂။ လန်ကာဝီမိုးပျံတံတား၊ မလေးရှား
(LANGKAWI SKY BRIDGE, MALAYSIA)
မလေးရှားနိုင်ငံက ထူးဆန်းစွာတည်ရှိ နေတဲ့ တံတားဖြစ်ပါတယ်။ မြေပြင်အထက် ပေ ၄၀၀ မြင့်ပြီး ပြုပြင်ထိန်းသိမ်းရန် ရည်ရွယ်ချက်အတွက် အကြိမ်ပေါင်းများစွာ ပိတ်ထားခဲ့ပါတယယ်။
ပြန်လည်ဖွင့်လှစ်ရန် အကြိမ်ပေါင်း များစွာ နှောင့်နှေးခဲ့သော်လည်း ယခုအချိန်မှာ လူများစွာဟာ ဖြတ်ကျော်ခြင်း မရှိခဲ့ပေ။ သို့သော် ယနေ့အချိန်တွင် အသုံးပြုနိုင်ရန်အတွက် ဖွင့်လှစ်ထားပါတယ်။
မလုံခြုံဘူးလို့ ယူဆကြတဲ့အတွက် တံတားကို ပိတ်ထားသည်မှာ ၂ နှစ်ရှိပြီဖြစ်တာကြောင့် ထင်ပေါ်ကျော်ကြားမှုအတွက်တော့ မကောင်းပေ။
တံတား ပြိုကျနိုင်တယ်လို့ လန်ကာဝီမှာ ကောလာဟလများ ထွက်ပေါ်နေတဲ့ တံတားဖြစ်ပါတယ်။
၃။ (၇) မိုင်တံတား၊ ဖလော်ရီဒါ
(SEVEN MILE BRIDGE, USA)
၇ မိုင်တံတားဟာ အရှည် ၇ မိုင် ရှည်လျားပါတယ်။ ဒီတံတားကို အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါကျွန်းစုများမှာ တွေ့ရှိရမည် ဖြစ်ပါတယ်။
အောက်ပိုင်းကျွန်းစုများရှိ အလယ်ကျွန်းစုများကို ကျွန်းငယ်များနှင့်ချိတ်ဆက်ထားတာပါ။ တည်ဆောက်စဉ်ကာလက ကမ္ဘာ့အရှည်ဆုံးတံတားတစ်ခု ဖြစ်ခဲ့ပြီး ဆု ၈ ခု ရရှိခဲ့သော တံတားတစ်စင်းလည်း ဖြစ်ပါတယ်။
ဆုများအနက် တစ်ခုကတော့ ပြည်ထောင်စု အဝေးပြေးစီမံခန့်ခွဲရေးမှ ကုန်ကျစရိတ်သက်သာစေတဲ့ ဆန်းသစ်တီထွင်မှုအတွက် ထူးခြားသောဆုဖြစ်ပါတယ်။
၇ မိုင်တံတားကို ကြည့်လိုက်ရင် ကြောက်စရာကောင်းတဲ့ပုံ မပေါ်ပါဘူး။ သို့သော်လည်း တံတားပေါ်မှာ ဟာရီကိန်းမုန်တိုင်းတစ်ခုအတွင်း ပိတ်မိနေလျှင်ဆိုတဲ့ အတွေးက အင်မတန် ကြောက်စရာကောင်းလှပါတယ်။
၄။ Carrick-a-Rede ကြိုးတံတား၊ မြောက်အိုင်ယာလန်
အရှည် ၆၆ ပေရှိတဲ့ ဒီတံတားဟာ ကြောက်စရာကောင်းပုံ မပေါ်ပေမဲ့ လူအနည်းစုက ယင်းနေရာမှာပဲ နောက်ကြောင်း ပြန်လှည့်တတ်ကြပါတယ်။ စိတ်မပူပါနှင့်၊ ပြုတ်မကျနိုင်ပါဘူး။
ခရီးသွားများဟာ ခရီး ၂ ကြိမ်စာအတွက် စိတ်ရှည်သည်းခံမှု မရှိကြဘဲ အပြန်လမ်းခရီးမှာ ကူးတို့ဖယ်ရီဖြင့်သာ ပြန်ကြရန် ရွေးချယ်တတ်ကြပါတယ်။
တံတားဟာ ကျောက်ဆောင်များနဲ့ လှိုင်းထနေတဲ့ ရေပြင်အထက် မီတာ ၃၀ အကွာမှာ တည်ရှိပါတယ်။ ဒီလိုတည်ရှိနေမှုက ခရီးသွားဆွဲဆောင်မှ တစ်ခုဖြစ်လာခဲ့ပြီး ဖြတ်သန်းရန် ငွေပေးချေမှုများ ပြုလုပ်ရပါတယ်။
၅။ Deception ဖြတ်ကျော်တံတား၊ ဝါရှင်တန်
ဒီတံတားဟာ မနီးမဝေးမှကြည့်ဖို့မပြောနှင့် အဝေးမှကြည့်ရသည်ကိုက လှပပြီး အလွန်ကြောက် စရာကောင်းနေပါတယ်။
တံတားဟာ ရေပြင်အထက် ပေ ၁၈၀ မြင့်ပြီး Whidbey ကျွန်းနှင့် Fidalgo ကျွန်းတို့ကို ဆက်သွယ်ထားပါတယ်။
၁၉ဝဝ ပြည့်လွန်နှစ်များက ဒေသခံခရီးသွားများဟာ ကူးတို့ဖယ်ရီကို အသုံးပြုပြီး ရေကိုဖြတ်ကျော်သွားလာခဲ့ကြရပါတယ်။
ဒေသခံများဟာ သူတို့ရဲ့မြင်းကို ကူးတို့ဖယ်ရီ ရောက်တဲ့အချိန်တိုင်အောင် နှင်တံဖြင့်ရိုက်ကာ မြင်းနှင့်မြင်းလှည်းကို သင်္ဘောပေါ်တင်၍ စီးနင်းကြရပါတယ်။
ရိုးသားစွာပြောရမည်ဆိုရင် တံတားကိုအသုံးပြုပြီး ဖြတ်သန်းသွားတဲ့လူများထက် ကူးတို့ကိုစီးတဲ့ လူများက ပိုကံကောင်းပါလိမ့်မယ်။ တံတားဟာ ရှုခင်းလှပေမဲ့ ခိုင်ခံ့မှုမရှိပေ။
Source- Knowledge Light
Knight News © 2022