အင်ဂျင်နီယာတွေရဲ့ ဈေးအကြီးဆုံးအမှားများ

အင်ဂျင်နီယာတွေရဲ့ ဈေးအကြီးဆုံးအမှားများ

လူဆိုတာ အမှားနဲ့မကင်းဘူးလို့ ပြောတတ်ကြပါတယ်။ ဒါပေမယ့် အချို့အမှားတွေကတော့ ဈေးကြီးလှပါတယ်။ အဲဒါတွေကတော့ အင်ဂျင်နီယာတွေရဲ့ အမှားတွေပဲ ဖြစ်တတ်ကြပါတယ်။

အခုတင်ပြချင်တာကတော့ ဈေးကြီးလွန်းလှတဲ့ အင်ဂျင်နီယာတွေရဲ့ သမိုင်းဝင်အမှားတွေပဲ ဖြစ်ပါတယ်။ ကြည့်ကြရအောင်နော်။

၁။ Aon Center (ဒေါ်လာသန်း ၈၀)

အေရွန်စင်တာကို ၁၉၇၄ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ သူဟာ ချီကာဂိုမြို့ရဲ့ အမြင့်ဆုံး အဆောက်အဦတစ်ခုပါ။ ကမ္ဘာ့ အကြီးမားဆုံး မာဘယ်ကျောက်ပြားနဲ့ အလှဆင်ထားတဲ့ အဆောက်အဦလည်း ဖြစ်ပါတယ်။

ဒီဈေးကြီးတဲ့ မာဘယ်ကျောက်ပြားတွေကို Tuscany ကနေ ဝယ်ယူခဲ့တာပါ။ ဒီကျောက်ပြားတွေကပဲ အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်ခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ မာဘယ်ကျောက်ပြားတွေဟာ ပါးလွှာပြီး ကွဲအက်လွယ်ပါတယ်။ သူတို့ကို ဆက်ထားတဲ့ အင်္ဂတေအလွှာတွေပါ ကွဲအက်လာပါတယ်။

အက်ကွဲကြောင်းတွေဟာ ဒိုမီနိုဖြစ်စဉ်လို ထိပ်ကနေ အောက်အထိ အက်ကြောင်းတွေ ဖြစ်လာပါတယ်။ ၁၉၉၀ ခုနှစ်မှာတော့ အန္တရာယ်ရှိတဲ့ မာဘယ်ကျောက်ပြားလွှာ အားလုံးကို အကုန်အကျများစွာနဲ့ပဲ ဂရင်းနိုက်ကျောက်ပြားတွေနဲ့ အစားထိုးလိုက်ရပါတယ်။

၂။ Schiaparelli E.D.M (ဒေါ်လာ ၂၃၅ သန်း)

သူကတော့ ဂြိုဟ်တုရဲ့ Module (မော်ဂျူး) တစ်ခု ဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်ပေါ်ကို ဆင်းသက်ဖို့ ဂြိုဟ်ဆင်းယာဉ်အဖြစ် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ အင်ဂျင်ဟာ စောစီးစွာပဲ ရပ်တန့်သွားခဲ့ပါတယ်။ ဒါ့ကြောင့် သူဟာ အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်မှာပဲ ကျန်နေခဲ့ပါတော့တယ်။

အင်ဂျင်နီယာတွေဟာ TGO Orbital Station ကိုလည်း မေ့လျော့ခဲ့ကြပါတယ်။ ဒီ မော်ဂျူး (‌Module) ဟာ အသက်မဲ့စွာနဲ့ မားဂြိုဟ်ပေါ်မှာ အခုထိ လွင့်မျောနေပါတော့တယ်။

၃။ Tacoma Narrow Bridge ( ဒေါ်လာ သန်း တစ်ထောင်)

ဒီတံတားကြီးကို ၁၉၄၀ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ Tacoma မြစ်ကို ဖြောင့်တန်းစွာ ဖြတ်သန်းတည်ဆောက်ခဲ့တာပါ။ သူက ဝါရှင်တန်ခရိုင်ထဲမှာ တည်ရှိပါတယ်။ ကမ္ဘာ့အကြီးအကျယ်ဆုံး တံတားတွေထဲမှာ ပါဝင်ပါတယ်။

ဒါပေမယ့် တံတားကြီးရဲ့ သက်တမ်းကတော့ ၄ လနဲ့ ၇ ရက်သာ ခံခဲ့ပါတယ်။ တံတားဟာ လေပြင်းတိုက်ခတ်ရင် ကြောက်စရာကောင်းအောင် ယိမ်းခါနေတတ်ပါတယ်။

လေငြိမ်နေတဲ့ သာမန်အချိန်မှာတောင် ယိမ်းခါနေတတ်ပါတယ်။ ကံကောင်းတာက တံတားကြီး ကျိုးကျတဲ့အချိန်မှာ လူတစ်ယောက်မှ ရှိမနေခဲ့တာပါ။

ကျိုးကျရတဲ့ အ‌ကြောင်းအရင်းကတော့ လေထုရဲ့ တုန်ခါမှု သီအိုရီအရ တံတားဟာ လေတိုက်နှုန်းများတဲ့ နေရာတည့်တည့် ဖြစ်နေလို့ပါတဲ့။

၄။ Spanish Submarine (ဒေါ်လာ ၂.၂ ဘီလီယံ)

ဒီရေငုပ်သင်္ဘောအမည်က Isaac Peral လို့ ခေါ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ပွဲထွက်ခဲ့ပါတယ်။ သူဟာ သမုဒ္ဒရာအောက်ခြေအထိ ငုပ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရေပေါ်ကို ပြန်လာဖို့တော့ ပျက်ကွက်ခဲ့ပါတယ်။

အင်ဂျင်နီယာတွေဟာ အမျိုးမျိုး ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ပိုဆိုးသွားပါတယ်။ သူဟာ အရွယ်ကလည်း ကြီးမားလို့ ဆိပ်ကမ်းနေရာနဲ့ မဆံ့ပါဘူးတဲ့။

ဒါ့ကြောင့် သူ့ကို ဘယ်နေရာမှာ ဆိာက်ကပ်ထားရမလဲဆိုတာ ပြဿနာတစ်ခုပါ။ နောက်ဆုံးတော့ ရေအောက်မှာပဲ ရှိနေခဲ့ပါတော့တယ်။

၅။ Central Artery / Tunnel Project

ဒီမြေအောက် ဥမင်လှိုဏ်ခေါင်း စီမံကိန်းကတော့ အကြီးဆုံးဆိုတာထက် ပိုကြီးတယ်လို့ ပြောနိုင်ပါတယ်။ ကုန်ကျစရိတ်ကတော့ ဒေါ်လာ ၁၄.၆ ဘီလီယံ ရှိပါတယ်။ အမေရိကန်ရဲ့ အကြီးမားဆုံး ပရောဂျက် ဖြစ်ပါတယ်။ လွတ်တောင်က အတည်ပြုဖို့ ၁၆ နှစ်တောင် စောင့်ခဲ့ရပါတယ်။

စီမံကိန်း အစပြုတဲ့နေရာက ဘော်စတွန်မြို့မှာ ဖြစ်ပါတယ်။ ၁.၅ မိုင်ရှည်တဲ့ ဥမင်လှိုဏ်ခေါင်း ၉၃ ခု တည်ဆောက်ပြီး လမ်းမကြီးတွေနေရာမှာ အစားထိုးဖို့ ဖြစ်ပါတယ်။

လှိုဏ်ခေါင်းဟာ မြစ်ကြမ်းပြင်ကို အောက်ကနေဖြတ်သွားတဲ့ တစ်နေရာ ပါရှိပါတယ်။ ဒီအထဲမှာ ၂၆ ပေကျယ် ရထားလမ်းဟောင်းတစ်ခုလည်း ရှိနေပါတယ်။

အတ္တလန်တစ်သမုဒ္ဒရာရဲ့ ရေလျှံမှုကြောင့် မြစ်ကြောင်းအတိုင်း တက်လာတဲ့ ဒီရေဟာ လှိုဏ်ခေါင်းထဲကို စိမ့်ဝင်ပါတော့တယ်။

စီမံကိန်းဟာ ရေယိုမှုကြောင့် နှေင့်နှေးခဲ့ရပြီး မူလပုံစံဒီဇိုင်းကို ပြန်လည်ရေးဆွဲ ပြင်ဆင်ရပါတော့တယ်။ ပထမဆုံး ယိုစိမ့်မှုဟာ ဥမင်တည်ဆောက်ပြီး တစ်လအကြာမှာ ဖြစ်ခဲ့တာပါ။

ကွန်ကရစ်အချပ်ကြီးတွေဟာ မျက်နှာကျက်ကနေ အလွှာလိုက် ပြုတ်ကျလာပါတယ်။ အာဏာပိုင်တွေဟာ နောက်ထပ် ဘီလီယံချီပြီး ပြင်ဆင်ခွင့် ပြုခဲ့ရပါတယ်။

၆။ Dubai Aquarium (ဒေါ်လာ ဘီလီယံ ၂၀ )

ဒူဘိုင်းကိုတော့ သိပြီး ဖြစ်ကြမှာပါ။ အဲဒီမှာ ကမ္ဘာ့အကြီးဆုံး ရေအောက်ပြခန်းကို တည်ဆောက်ခဲ့ကြပါတယ်။ လူတွေက သမုဒ္ဒရာရဲ့ ဝင်ပေါက်လို့တောင် တင်စားခဲ့ကြပါတယ်။

တည်ဆောက်ကာစမှာ မှန်ချပ် အစပ်တွေနေရာက ယိုစိမ့်မှုတွေ ရှိခဲ့ပါတယ်။ ဒါကို အချိန်နဲ့ တပြေးညီ စစ်ဆေးခဲ့ကြပါတယ်။ ဒီပြခန်းထဲမှာ ငါးမန်းအကောင်ရေ ရာနှင့်ချီပြီး ရှိနေပါတယ်။

တစ်ခြား ရေသတ္တဝါမျိုးစိတ်တွေလည်း ရှိနေပါတယ်။ ဒါတွေကို အန္တရာယ်မဖြစ်အောင် ဂရုစိုက် လုပ်ဆောင်ရတဲ့အတွက် ကုန်ကျစရိတ်တွေ အဆမတန် မြင့်တက်သွားရတာ ဖြစ်ပါတယ်။

၇။ SNCF Train ( ဒေါ်လာ ၂၀.၅ ဘီလီယံ)

၂၀၁၄ ခုနှစ်မှာ ပြင်သစ်က SNCF ကုမ္ပဏီဟာ ရထားအစီးရေ ၂,၀၀၀ အထိ ထုတ်လုပ်ခဲ့ပါတယ်။ ရထားရဲ့ အကျယ်က များနေတဲ့အတွက် မူလရှိပြီးသာ မြေအောက်လှိုဏ်ခေါင်းနဲ့ မဆန့်တော့ပါဘူး။

ပလက်ဖောင်းတွေ၊ ဘူတာရုံတွေနဲ့ အံဝင်ဂွင်ကျ မဖြစ်လို့ SNCF ဟာ အားလုံးကို ပြန်လည်ပြင်ဆင်ခဲ့ရပါတယ်။

၈။ Deepwater Horizon (ဒေါ်လာ ၆၅ ဘီလီယံ)

ဒီ ကမ်းလွန်ရေနံတူးစင်ကြီးဟာ အကြီးအကျယ် ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် သဘာဝပါတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပါတယ်။

ပင်လယ်ရေမျက်နှာပြင်ကို မိုင်ပေါင်း ရာချီပြီး ရေနံတွေ ဖုံးလွှမ်းသွားပါတယ်။ ငွေကြေးဆုံးရှုံးမှုအပြင် တရားခွင်မှာပါ ဒါဏ်ကြေးပေးဆောင်ရတာဖြစ်လို့ ဆုံးရှုံးမှုတန်ဘိုး ကြီးမားလှပါတယ်။ ရေနံယိုဖိတ်မှာကို ဆယ်ယူတာအပြင် တွင်းတူးစင်ကို ပြန်လည်ပြုပြင်ရပါသေးတယ်။

၉။ အပိုလို-၁၃ (ဒေါ်လာ ၂၈၃ ဘီလီယံ)

သူကတော့ ပျက်စီးဆုံးရှုံးမှု နံပါတ်(၁) လို့ ပြောရမှာပါ။ အပိုလို ၁၃ ကို ၁၉၇၀ ခု၊ဧပြီလ ၁၁ ရက်နေ့မှာ လွှတ်တင်ခဲ့ပါတယ်။ လူတစ်သိန်းကျော်ဟာ မျက်မြင်စောင့်ကြည့်ခဲ့ကြပါတယ်။ အာကာသထဲအရောက်မှာတော့ အောက်ဆီဂျင် သိုလှောင်ကန်နှစ်ခုဟာ ပျက်သွားပါတယ်။

အာကာသယာဉ်မှူးတွေအတွက် အောက်ဆီဂျင် ၃ နာရီစာပဲ ကျန်ပါတယ်။ ကံကောင်းစွာနဲ့ တစ်ဦးတစ်ယောက်မှ မထိခိုက်ခဲ့ပါဘူး။

ဒါပေမယ့် လပေါ်ကိုတော့ မရောက်ခဲ့ကြပါဘူး။ အဖွဲ့သား‌တွေဟာ ကမ္ဘာမြေ‌ပေါ်ကိုပဲ ပြန်လည်ဆင်းသက်ခဲ့ကပါတယ်။

ခုတင်ပြခဲ့တာကတော့ အင်ဂျင်နီယာတွေရဲ့အမှားကြောင့် ဆုံးရှုံးရမှုတွေ ဖြစ်ပါတယ်။

ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *