မြန်မာပြည်နဲ့တူစွာ တစ်နှစ်တည်း လွတ်လပ်ရေးရခဲ့တဲ့နိုင်ငံအကြောင်း

မြန်မာပြည်နဲ့တူစွာ တစ်နှစ်တည်း လွတ်လပ်ရေးရခဲ့တဲ့နိုင်ငံအကြောင်း

၁၉၄၈ ခုနှစ်မှာ မြန်မာပြည်လိုပဲ လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံတစ်ခု ရှိခဲ့ပါတယ်။ အာရှတိုက်ကပါပဲ။ အဲဒီနိုင်ငံဟာ အခု ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

ဒါပေမယ့် သူဟာ ရန်သူနိုင်ငံတွေ ပါတ်လည်ဝိုင်းထားသလို ရှိနေတာ။ အမြဲတမ်းလိုလို ရန်စခံရ၊ ဒုံးကျည်တွေနဲ့ အပစ်ခံရ ဖြစ်နေခဲ့တာပါ။

ဟုတ်ပါတယ်။ အဲဒီနိုင်ငံကတော့ အစ္စရေးနိုင်ငံပဲ ဖြစ်ပါတယ်။ အဲဒီနိုင်ငံရဲ့ တစ်ချို့ စိတ်ဝင်စားဖွယ် အချက်ကလေးတွေကို ရှာဖွေတင်ပြလိုက်ပါတယ်။

အစ္စရေးနိုင်ငံဟာ မြေမျက်နှာသွင်ပြင်အရ အာရှတိုက်ထဲမှာ ရှိပါတယ်။ တကယ်တော့ အာရှတိုက်၊ ဥရောပတိုက် နဲ့ အာဖရိကတိုက်တို့နဲ့ ထိစပ်နေပါတယ်။

နိုင်ငံဟာ သဲကန္တာရပေါ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။ အနောက်ဖက်မှာတော့ မြေထဲပင်လယ်ရှိပါတယ်။ အရှေ့ဖက်မှာ ဂျော်ဒန်နိုင်ငံ၊ တောင်ဖက်မှာ အီဂျစ် နဲ့ မြောက်ဖက်ကတော့ လက်ဘနွန် နဲ့ ဆီးရီးယားနိုင်ငံတို့ တည်ရှိပါတယ်။

အာရပ်မွတ်ဆလင်နိုင်ငံကြီးတွေကြားက ခရစ်ယာန်(ဂျူး) နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေတာ အံ့ဩစရာပါ။ ဒါကလည်း အစ္စရေး(ဂျူး)တို့ရဲ့ စည်းလုံးညီညွတ်မှုကို ပြသနေတာ ဖြစ်ပါတယ်။

သဲကန္တာရပေါ်မှာ တည်ရှိနေပေမယ့် ကမ္ဘာ့ထိပ်တန်း စိုက်ပျိုးရေးနိုင်ငံတစ်ခုပါ။ အစ္စရေး‌တွေဟာ သဲကန္တာရထဲမှာ သီးနှံတွေကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ကြပါတယ်။ ထွက်ရှိလာတဲ့ အသီးအနှံနဲ့ ပန်းတွေကို ဥရောပကို တင်ပို့ကြပါတယ်။

အစ္စရေးဟာ ဆည်မြောင်း တာတမံနည်းပညာမှာလည်း ထိပ်တန်းပါပဲ။ ကမ္ဘာ့နိုင်ငံတချို့ (မြန်မာအပါအဝင်)က အဲဒီနိုင်ငံမှာ ဆည်မြောင်းပညာ၊ စိုက်ပျိုးရေးပညာတွေ လာရောက်သင်ယူကြရပါတယ်။ ပျားမွေးမြူရေး နည်းပညာ မြန်မာပြည်ကို ရောက်လာတာဟာ အစ္စရေးထံက ဖြစ်ပါတယ်။

ဘာသာရေးကတော့ ခရစ်ယာန်(ဂျူး) ဘာသာဝင်တွေက ၇၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ မွတ်ဆလင် ၂၀ ရာခိုင်နှုန်းနဲ့ အခြားဘာသာ ၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ လူဦးရေက ၂၀၂၂ ခုနှစ်ကုန်ရင် ၁၀ သန်းလောက် ဖြစ်လာမယ်လို့ မှန်းဆရပါတယ်။

ဘာသာစကားကတော့ ဟီဘရူးဘာသာစကား ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှားက ဂျူးတွေဟာ အစ္စရေးနိုင်ငံတည်ထောင်ပြီးနောက် ပြန်လာခဲ့ကြလို့ အင်္ဂလိပ်ဘာသာစကားနဲ့ အခြားဘာသာစကားတွေ ပြောကြတာလည်း ရှိပါတယ်။

မြို့တော်ကို ဂျေရုဆလင်လို့ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျေရုဆလင်ဟာ ဘာသာစုံ ဝတ်ပြုကြတဲ့နေရာ ဖြစ်ပါတယ်။ တစ်ခြားထင်ရှားတဲ့ နေရာကတော့ Dead Sea ခေါ် ပင်လယ်သေ ဖြစ်ပါတယ်။

ဒီပင်လယ်ဟာ ဆားဓါတ်ပါဝင်မှုများလွန်း‌တာကြောင့် လူတွေ ရေဆင်းကူးကင် ပေါလောပေါ်နေပါတယ်။ ဒါ့အပြင် သဲကန္တာရပေါ်က စိမ်းလန်းတဲ့ သီးနှံစိုက်ခင်းတွေ၊ ပန်းခင်းတွေကိုလည်း ခရီးသွားတွေက နှစ်ခြိုက်ကြပါတယ်။ တဲလ်အဗစ်မြို့ရဲ့ ဈေးတန်းတွေဟာလည်း နေ့ရောညပါ စည်ကားနေတတ်ပါတယ်။

အစ္စရေးဟာ လူဦးရေ နည်းပါးပေမဲ့ စက်မှုနည်းပညာမှာလည်း ထွန်းကားပါတယ်။ အထူးသဖြင့် စစ်ရေးနည်းပညာနယ်ပယ်မှာ ဖြစ်ပါတယ်။

UAV ခေါ် မောင်းသူမဲ့ လေယာဉ် (Drone) နည်းပညာဟာ အစ္စရေးက စတင်ခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးလုပ် အူဇီ(Uzi) စက်သေနဝာ်ဟာလည်း နာမည်ကျော်ပါတယ်။

အစ္စရေးတွေရဲ့ Iron Dome သံခေါင်မိုးအမည်ရှိ ဒုံးကျည်ကာကွယ်ရေးစနစ်ဟာဆိုရင် တိကျမှု ၉၉ ရာခိုင်နှုန်းအထရှိလို့ နာမည်ကျော်ပါတယ်။

Iron Dome

လက်ဘနွန်၊ ဆီးရီးယား နဲ့ အစ္စလာမ်အစွန်းရောက်တွေရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကို ဒီစနစ်က အောင်မြင်စွာ ဟန့်တားနိုင်ခဲ့ပါတယ်။ လေယာဉ်ဆိုရင်လည်း (Kfir) ကဖားအမည်ရှိ တိုက်လေယာဉ်ကို ကိုယ်ပိုင်ထုတ်နိုင်ခဲ့ပါတယ်။

အတုယူဖွယ်ကောင်းတာ တစ်ခုကတော့ ယူအက်စ်ရဲ့ F-16 တိုက်လေယာဉ်ကို ခရီးဝေးပျံသန်းနိုင်အောင် ပြုပြင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကတော့ လေယာဉ်ကိုယ်ထည် ဘေးတစ်ဖက်တစ်ချပ်မှာ သေးသွယ်တဲ့ ဆီတိုင်ကီအပိုတွေကို မူလပုံစံမပျက် ထည့်သွင်းတပ်ဆင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလေယာဉ်တွေနဲ့ အီရတ်ရဲ့ နျူဓါတ်ပေါင်းဖိုတွေကို သွားရောက်ဗုံးကြဲ ဖျက်စီးနိုင်ခဲ့ပါတယ်။ ရုရှားရဲ့ MiG-29 လေယာဉ်ကိုလည်း X-300 ဆိုတဲ့ အမည်နဲ့ (Modification) ပြုပြင်ပြောင်းလဲမှုကိုလည်း လုပ်ဆောင်ခဲ့ဖူးပါတယ်။

Kfir

မူလ MiG-29 ရဲ့ ရေဒါဟာ မိုင်အကွာအဝေးနည်းပါတယ်။ ဒါကို ပိုကောင်းတဲ့ ရေဒါနဲ့ လက်နက်စနစ်တွေ တပ်ဆင်ပေးခဲ့တာပါ။ အဲဒီ MiG-29 ကို ပြုပြင်ဖို့ အပ်နှံခဲ့တာကတော့ အိန္ဒိယနိုင်ငံ ဖြစ်ပါတယ်။

အခုတလောကမှ အစ္စရေးက ထပ်မံ‌ကြေငြာပြီး ထုတ်ပြခဲ့တဲ့ လက်နက်ကတော့ ၃၀၀ ကီလိုဝပ်စ်အားနဲ့ လေဆာလက်နက် ဖြစ်ပါတယ်။ အစွမ်းထက် လက်နက်ဖြစ်ပြီး ရန်သူ့ဒုံးကျည်၊ လေယာဉ်၊ ဟယ်လီကော်ပတာ နဲ့ ဒရုန်းများကို စက္ကန့်ပိုင်းအတွင်း ပစ်ချနိုင်ပါတယ်။ မူလ Iron Dome စနစ်ထက် အကုန်အကျ အများကြီးသက်သာပြီး ပိုမိုထိရောက်ပါတယ်။

သမိုင်းကြောင်းအရလည်း အစ္စရေးဟာ စစ်ပွဲမြောက်များစွာ ဆင်နွှဲခဲ့ရတဲ့ နိုင်ငံ ဖြစ်ပါတယ်။ အာရပ်-အစ္စရေး စစ်ပွဲ၊ ယွန်ကစ်ပူးစစ်ပွဲ၊ အီဂျစ် – အစ္စရေး ၆ ရက်စစ်ပွဲ စသဖြင့် ဆင်နွှဲပြီး အောင်မြင်မှုတွေ ရခဲ့ပါတယ်။

ဝန်ကြီးချုပ် ဘင်ဂူရီယန်တို့၊ ကာကွယ်ရေးဝန်ကြီး မိုရှေဒါရန်းတို့ဆိုတာ နာမည်ကျော်တွေပါပဲ။ အမြဲတမ်း စစ်သားအပြင် တစ်နိုင်ငံလုံးက ကျန်းမာသန်စွမ်းသူ ကျားမ မရွေး ၂၄ နာရီအတွင်း အရန်စစ်သားအဖြစ် တာဝန်ထမ်းဆောင်နိုင်ကြပါတယ်။ ချီးကျူးစရာပါ။

ထောက်လှမ်းရေးဘက်မှာလည်း မော့ဆက်အဖွဲ့ဆိုတာ ကမ္ဘာကျော်ပါတယ်။ ရာဇဝတ်ကောင်မှန်သမျှ ကမ္ဘာတစ်လွှားကို လိုက်လံရှာဖွေ သုတ်သင်တာ လုပ်နိုင်ပါတယ်။

နိဂုံးချုပ်ပြောရရင်တော့ ငွေကြေးပါ။ အစ္စရေး ငွေကြေးက (Shekel) ရှက်ကယ် ဖြစ်ပါတယ်။ တန်ဖိုးအကြီးဆုံး ငွေစက္ကူက ၂၀၀ Shekel ဖြစ်ပါတယ်လို့။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *