စူပါ ပါဝါရှိတဲ့ တိရစ္ဆာန်များ

စူပါ ပါဝါရှိတဲ့ တိရစ္ဆာန်များ

သတ္တလောကကြီးထဲမှာ မြောက်များစွာသော သတ္တဝါတွေ ရှင်သန်နေထိုင်ကြပါတယ်။ ဒီ သတ္တဝါတွေဟာ နေထိုင်ရာ ပါတ်ဝန်းကျင်၊ ရာသီဥတုအခြေအနေ၊ အစားအသောက်ရရှိနိုင်မှု စတဲ့ အချက်တွေအပေါ်မှာ မူတည်ပြီး ရှင်သန်ကြတာ ဖြစ်ပါတယ်။

ဒီထဲကမှ ထူးခြားတဲ့ အစွမ်းရှိတဲ့ သတ္တဝါလေးတွေကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

၁။ Alpine Ibex (တောင်ဆိတ်)

ဒီသတ္တဝါကတော့ ဘယ်လို မြင့်မားမတ်စောက်တဲ့ တောင်တွေ၊ကမ်းပါးယံတွေကိုမဆို တတ်နိုင်ကြပါတယ်။ သူတို့မှာ ထူးခြားတဲ့ တောင်တက်စွမ်းရည် ရှိကြပါတယ်။

တောင်ဆိတ်တွေ မတ်စောက်တဲ့ နံရံတွေကိုပါ တက်နိုင်ကြပါတယ်။ တစ်ချို့ဆို ဒေါင်လိုက် မတ်စောက်တဲ့ နံရံကိုတောင် တက်နိုင်စွမ်း ရှိပါတယ်။

ဒါကလည်း ထူးခြားတဲ့ ကြွက်သားတည်ဆောက်ပုံနဲ့ ခြေထောက်က ခွာတွေကြောင့်ပဲ ဖြစ်ပါတယ်။ မွေးကင်းစ အကောင်တွေနဲ့ မိခင်တွေက ပိုတောင် တက်နိုင်ကြပါတယ်။

၂။ Naked Mole-rat

ဒီ အမွှေးမပါတဲ့ ကြွက်တွေဟာ ကင်ဆာရောဂါကို ခံနိုင်ရည်ရှိတာ တွေ့ရပါတယ်။ မြေအောက် တွင်းအောင်းသတ္တဝါတွေထဲမှာတော့ ပြိုင်ဘက်ကင်းပါတယ်။

သူတို့ရဲ့ အာရုံကြော တစ်ရှူးထဲက အက်စစ်တစ်မျိုးကြောင့် ဒီလို ခံနိုင်ရည်ရှိကြတာ ဖြစ်ပါတယ်။ သက်တမ်းကလည်း အနှစ် ၃၀ ထိ နေနိုင်ကြပါတယ်။

၃။ Colobopsis Saundersi

ဒီမျိုးစိတ် ပုရွက်ဆိတ်တွေကို မလေးရှားနိုင်ငံမှာ တွေ့ရှိနိုင်ပါတယ်။ ဘရူနိုင်းမှာလည်း တွေ့ရပါတယ်။ သူတို့ရဲ့ ထူးခြားတဲ့အစွမ်းကတော့ ပိုင်နက်ကို ကာကွယ်ခြင်း ဖြစ်ပါတယ်။

သူတို့မှာ ပြင်းထန်တဲ့ အဆိပ်တွေ ရှိပါတယ်။ တကယ်လို့ သူတို့ပိုင်နက်ကို တိုက်ခိုက်ခံရရင် လုပ်သားပုရွက်ဆိတ်တွေက ချက်ချင်းအုံကြွလာပြီး ကျူးကျော်သူကို အဆိပ်တွေနဲ့ ပတ်ဖြန်းကြပါလိမ့်မယ်။ ဒီလိုအသေခံ တိုက်ခိုက်တာကို Autothysis လို့ ခေါ်ပါတယ်။

၄။ Peregrine Falcon

ဒီ သိမ်းငှက်တွေကတော့ ကမ္ဘာဘအမြန်ဆုံး ငှက်က်ဖြစ်ပါတယ်။ အမြန်နှုန်းကတော့ တစ်နာရီကို မိုင် ၂၄၀ ရှိပါတယ်။

အမြင်အာရုံကလည်း စူးရှပါတယ်။ လျင်မြန်စွာ ပျံသန်းနေရင်းနဲ့ သားကောင်ကို ရှာဖွေနိုင်ကြပါတယ်။ လူ့မျက်လုံး အမြင်ဟာ ၂၃ ဖရိမ်ပါ စက္ကန့်သရှိတဲ့ ပုံရိပ်ကို ဖမ်းယူနိုင်ပေမယ့် ဒီငှက်ဟာ ၁၂၉ frame per Second ပုံရိပ်ကို ဖမ်းယူနိုင်ပါတယ်။

၅။ Pit Viper

ဒီမြွေပွေးကတော့ သူ့ရဲ့ လည်ချောင်းထဲမှာ တံထွေးဂလင်း အများကြီးရှိပါတယ်။ ဒါ့အပြင် ပေအတော်ဝေးဝေးက အပူချိန်ကိုလည်း အာရုံခံနိုင်ကြပါတယ်။

ဒါကြောင့် သားကောင်ကို ညအမှောင်မှာတောင် အာရုံခံနိုင်ကြပါတယ်။ သူတို့ဟာ အပူချိန်ရှိတဲ့ သားကောင်ကို အနီအောက်ရောင်ခြည် ကင်မရာနဲ့ မြင်ရသိလို မြင်နိုင်ကြပါတယ်။

၆။ Axololtl

ဒီအကောင်တွေကတော့ ရေပုတ်သင်ခေါ်မလားပဲ။ မက်ဆီကန် ဆလာမန်ဒါ( Maxican Salamander) လို့ ခေါ်ကြပါတယ်။ သူတို့အစွမ်းကတော့ အံ့မခန်းပါပဲ။

တစ်ချို့ အိမ်မြှောင်တွေ အမြီးပြတ်ရင် ပြန်ထွက်တာတွေ့ဖူးကြမှာပါ။ ဒီအကောင်တွေကတော့ ဘယ်အစိတ်အပိုင်းမဆို ပျက်စီးသွားရင် အသစ်ပြန်ထွက်လာကြပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်းတင်မကပါဘူး။ အရိုးတွေ၊ နာဗ်ကြောတွေ၊ ကြွက်သားတွေအပြင် အတွင်း ကလီစာ (Organ) တွေပါ အသစ်ပြန်လည် ဖြစ်ပေါ်နိုင်ပါတယ်တဲ့။ ဒီဖြစ်စဉ်ကလည်း ဒါဏ်ရာရပြီး မကြာခင်မှာပဲ ဖြစ်ပေါ်လာပါတယ်။

၇။ Ringtail Cat

ရက်ကွန်းနဲ့ ဆင်တူတဲ့ ဒီကြောင်လေးတွေရဲ့ အစွမ်းကတော့ တစ်မျိုးပါ။ သူတို့ကို မြောက်အမေရိကမှာ တွေ့ရလေ့ရှိပါတယ်။ သူတို့က ပြိုင်စံရှားတဲ့ သစ်ပင်တက်သမားတွေ ဖြစ်ပါတယ်။

တစ်ခါတစ်လေ သူတို့ကို မြင့်မားတဲ့ သစ်ပင်ကြီးတွေရဲ့ ထိပ်ဖျားမှာ တွေ့ရလေ့ရှိပါတယ်။ ထူးခြားတဲ့ သူတို့ရဲ့ အရိုးအဆစ်တွေဟာ ၁၈၀ ဒီဂရီ လှည့်နိုင်ပါတယ်။

ဒါ့ကြောင့် မတ်စောက်ကျဉ်းမြောင်းတဲ့ ဂျောင်ကြိုဂျောင်ကြားတွေကိုတောင် ကျော်ဖြတ်နိုင်ကြပါတယ်။

၈။ Hairy Frog

အမွှေးထူ ဖားတွေကို ကြောက်စရာဖားလို့ သတ်မှတ်ထားကြပါတယ်။ သူ့ရဲ့ ခြေသဲ လက်သဲတွေဟာ ကြောင်တွေ၊ခွေးတွေလို မဟုတ်ဘဲ အရိုးတွေ ဖြစ်ပါတယ်။

သူတို့ကို ထိလိုက်တဲ့အခါမှာ ခြေထိပ် လက်ထိပ်တွေကနေ အရိုးတွေကို တွန်းထုတ်လိုက်ပါတယ်။ ပြီးရင် အဲဒီအရိုးတွေကို ဖြုတ်ချ ချိုးပစ်လိုက်ပါတယ်။ ပညာရှင်တွေဟာ ဒါကို ဘယ်လိုဖြစ်တယ်ဆိုတာ မဖြေရှင်းနိုင်သေးပါဘူး။

၉။ LyreBird

ဒီစကားများတဲ့ ငှက်ကိုတော့ ဩစတေးလျနိုင်ငံမှာ တွေ့ရပါတယ်။ သူ့ကို mimicry လို့ခေါ်ကြပါတယ်။ အမှန်တကယ်တော့ ဒီငှက်ဟာ အသံမျိုးစုံကို တုပပြီး အော်နိုင်ပါတယ်။

လွှတိုက်သံ၊ ခွေးဟောင်သံ၊ ဖုန်းမြည်သံ စသဖြင့် တုပပြီး အော်တတ်ပါတယ်။ သေနဝာ်သံတောင် တုပပြီးလုပ်တာ တွေ့ရဖူးပါတယ်တဲ့။

သားပေါက်ရာသီဆိုရင် တစ်နေ့ကို ၄ နာရီလောက် အော်နေတတ်ကြပါတယ်။ သူတို့ကြားဖူးသမျှ အသံတွေကို တုပပြီး အော်နေတတ်ကြပါတယ်။

၁၀။ Mimic Octopus

အော်တိုပါတ်- ရေဘဝဲတွေ အရောင်ပြောင်းတတ်ကြတာ သိပြီးဖြစ်မှာပါ။ ဒါပေမယ့် ဒီ Mimic ရေဘဝဲကတော့ ထူးခြားတဲ့ ရေဘဝဲမျိုးစိတ်ဖြစ်ပါတယ်။

သူက အဆိပ်ရှိတဲ့ သတ္တဝါပုံစံကို ပြောင်းတာ ဖြစ်ပါတယ်။ ရေအောက်မြွေတို့လို လက်တံတွေကို အရစ်အရစ်ပုံ ပြောင်းတာမျိုးပါ။ ဒီနည်းနဲ့ ရန်သူကို ကြောက်လန့်စေပါတယ်။

ကဲ အခုတင်ပြခဲ့တာကတော့ ထူးခြားတဲ့ အစွမ်းရှိတဲ့ တိရစ္ဆာန်တွေအကြောင်း ဖြစ်ပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *