ကမ္ဘာ့စျေးအကြီးဆုံး ကြယ်ငါးပွင့် ဇိမ်ခံဟိုတယ်ကြီးများ
ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးဟိုတယ်တွေ ဘာတွေလဲဆိုတာကို သိချင်ကြဖူးမှာပါ။
ဒီစာရင်းမှာ ပါဝင်လာတဲ့ ဟိုတယ်တွေကတော့ တစ်ညကို အနည်းဆုံး တည်းခိုခ ဒေါ်လာ ၂၈,၀၀၀ လောက်ရှိနေတာကြောင့် ဘယ်လိုမျိုး အရာတွေကို ပေးစွမ်းနေလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
ဇိမ်ခံ penthouse တွေ၊ ရင်သပ်ရှုမောဖွယ်ရာ မြို့ပြရှုခင်းများကို အပေါ်စီးမှနေ ခမ်းနားတဲ့ ရေအောက်ဟိုတယ်များအထိ ဒီစာရင်းမှာ ကမ္ဘာ့အကောင်းဆုံး ဟိုတယ်ကြီးတွေအားလုံး အစုံအလင်ကို ဒီစာရင်းမှာ မြင်တွေ့ရမှာပါ။
5. Ty Warner Penthouse – Four Seasons
ဒီဟိုတယ်ကတော့ နယူးယောက်မှာတည်ရှိပြီး တစ်ညတည်းခိုခ ဒေါ်လာ ၆၀,၀၀၀ ဝန်းကျင်မှာ ရှိနေပါတယ်။
ဇိမ်ခံဟိုတယ်ဟာ တည်ထောင်ခဲ့သူကို အစွဲပြုလို့ ဒီနာမည်ကို ပေးထားတာဖြစ်ပါတယ်။
အဆောက်အဦရဲ့ ၅၂ ထပ်မြောက်မှာ တည်ရှိနေတဲ့ ဒီဟိုတယ်ဟာ တစ်စတုရန်းမီတာကို ဒေါ်လာ ၄၀၀ နီးပါးနဲ့ စုစုပေါင်း တန်ကြေး သန်း ၅၀ ကုန်ကျခဲ့တဲ့ ဇိမ်ခံ မိုးမျှော်တိုက် ဟိုတယ်ကြီးပါ။
ဟိုတယ်ခန်းတွေမှာတော့ မြို့ရဲ့ ၃၆၀ ဒီဂရီ မြင်ကွင်းကျယ် ရှုခင်းများပါရှိပြီး မြို့တွင်း၊ မြို့လယ်နဲ့ နယူးယောက်မြို့ရဲ့ အလှဆုံး ရှုခင်းများကို ဆောင်ကျဥ်းလာပေးမယ့် ဖန်လသာဆောင် ၄ ခု ပါရှိပါတယ်။
ဒီမှာ အခန်းတစ်ခန်း ယူလိုက်ပြီဆိုရင် သင်ဟာ ရေပူစမ်းတစ်ခု၊ မာစတာ ရေချိုးခန်းတစ်ခု၊ မြင်ကွင်းကျယ် ရေချိုးခန်း၊ သီးသန့်ဓာတ်လှေကားနဲ့ သီးသန့်ဧည့်သည်ဆက်ဆံရေး မန်နေဂျာနဲ့ ယာဉ်မောင်း Rolls Royce တို့ကိုလည်း သင့်စိတ်ကြိုက် ရရှိစေမှာဖြစ်ပါတယ်။
အတိုင်းအတာတစ်ခုအထိ အကန့်အသတ်မရှိ နှိပ်နယ်ပေးခြင်းများကိုလည်း ခံစားနိုင်ပါသေးတယ်။
4. The Mark Penthouse – The Mark Hotel
Mark Hotels Grand Penthouse ကတော့ အမေရိကန်နိုင်ငံရဲ့ အကြီးဆုံး ဟိုတယ်အခန်းကြီးဖြစ်ပြီး စတုရန်းပေ ၁၀,၀၀၀ ကျယ်ဝန်းပါတယ်။
ဒီဟိုတယ်ကြီးမှာ တည်းမယ်ဆိုရင်တော့ တစ်ညကို ဒေါ်လာ ၇၅,၀၀၀ ကျသင့်မှာဖြစ်ပြီး အကျိုးခံစားခွင့်အနေနဲ့ ဟိုတယ်ရဲ့ အပေါ်ဆုံးထပ် ၂ ထပ်မှာ ဖြန့်ကျက်ထားတဲ့ ကျယ်ဝန်းလှသော မိုးမျှော်တိုက်ကြီးကို ခံစားရမှာပါ။
အခန်းတစ်ခန်းကို အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၆ ခန်း၊ မီးဖိုခန်း ၄ ခန်း၊ ဧည့်ခန်းကျယ်ပြီးနဲ့ အခြားသော အပန်းဖြေရာ စာကြည့်ခန်းတွေလိုမျိုးပါ အကျိုးခံစားခွင့်ရမှာပါ။
ဧည့်ခန်းမှာ ကိုယ်ပိုင်ပါတီပွဲတွေ ကျင်းပနိုင်မယ့် အခင်းအကျင်းတွေလည်း ပါရှိပြီး ၂၆ ပေ မျက်နှာကျက်များ ပါရှိတဲ့အတွက် အရွယ်အစားပြည့် အခန်းကျယ်ကြီးအဖြစ်လည်း ပြောင်းလဲနိုင်ပါတယ်။
ဒီဟိုတယ်ကြီးရဲ့ အကောင်းမွန်ဆုံး အင်္ဂါရပ်များထဲမှ တစ်ခုမှာ Central Park ရဲ့ မြင်ကွင်းကျယ် ရှုခင်းများနဲ့အတူ ဟိုတယ်ရဲ့ ၂၅၀ စတုရန်းမီတာ ကျယ်ဝန်းတဲ့ ခမ်းနားတဲ့ လှေကားထစ်ကြီးများ ဖြစ်ပါတယ်။
3. Royal Penthouse – Hotel President Wilson
ဆွစ်ဇာလန်၊ ဂျီနီဗာမှာ တစ်ညတာ အိပ်ရန်အတွပက် ဒေါ်လာ ၈၀,၀၀၀ ရှိရင်တော့ ဒီဟိုတယ်က သင့်အတွက်ပါပဲ။
Hotel President Wilson ရှိ Royal Penthouse မိုးပျံဟိုတယ်ကြီးဟာ ၈ လွှာတစ်ခုလုံးကို နေရာယူထားပါတယ်။
Geneva ကန်နဲ့ Blanc တောင်တို့ရဲ့ မြင်ကွင်းကျယ် မြင်ကွင်းတွေအပြင် အိပ်ခန်း ၁၂ ခန်း၊ ရေချိုးခန်း ၁၂ ခန်းနဲ့ ရေကန်ကြီးကို အပေါ်စီးမှ မြင်ရတဲ့ Jacuzzi ရေချိုးခန်းတို့ ပါရှိပါတယ်။
ဇိမ်ခံ ပရိဘောဂတွေအပြင် တစ်နေ့ကို သင့်အား ၂၄ နာရီ ဝန်ဆောင်မှုပေးမယ့် လက်ထောက်တစ်ယောက်၊ ကိုယ်ပိုင်စားဖိုမှူးနဲ့ အခန်းစောင့်တို့ကိုလည်း အကျိုးခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။
အလုံခြုံဆုံး နေရာများထဲမှ တစ်ခုဖြစ်တာနဲ့အညီ ဟိုတယ်မှာ ကျည်ကာမှန်၊ လုံခြုံရေး၊ လုံခြုံရေး ကင်မရာစနစ်နဲ့ သင့်ရဲ့ အဖိုးတန်ပစ္စည်းမှန်သမျှကို သိမ်းဆည်းပေးထားမယ့် ခိုင်ခံ့သော ဘေးကင်းမှုတွေ ပါရှိပါတယ်။
ဒါတွေအပြင် ၁၉၃၀ Brunswick ဘိလိယက်ခုံ၊ Steinway စန္ဒယား၊ အိမ်တွင်းရုပ်ရှင်ရုံတို့ကို ခံစားနိုင်မှာဖြစ်ပြီး အဆိုပါနေရာတွေကိုလည်း ကိုယ်ပိုင်ဓာတ်လှေကားနဲ့ သွားရောက်နိုင်မှာပါ။
2. Empathy Suite – The Palms
တစ်ညတာ တည်းခိုခ ဒေါ်လာတစ်သိန်းနဲ့အတူ Las Vegas ရှိ The Palms Empathy Suite မိုးပျံဟိုတယ်ဟာ ကမ္ဘာပေါ်မှာတော့ ဒုတိယစျေးအကြီးဆုံး ဟိုတယ်ဖြစ်ပါတယ်။
Empathy Suite ဟာ Damian Hurst ရဉံ ဒီဇိုင်းအပြည့်အစုံနဲ့ Sky Villa အခန်းဟောင်းတွေကို အလုံးစုံပြန်လည်ပြင်ဆင်ခြင်းဖြင့် ဖွင့်လှစ်ထားတဲ့ ဇိမ်ခံဟိုတယ်ကြီးပါ။
ဒေါ်လာတစ်သိန်းနဲ့အတူ သင်ဟာ မာစတာအိပ်ခန်းနှစ်ခန်း၊ အနှိပ်စားပွဲများ၊ Las Vegas ကမ်းနားကို အပေါ်စီးမှမြင်ရတဲ့ ကြမ်းပြင်ကျယ် jacuzzi၊ ဆားအပန်းဖြေခန်းနဲ့ အနုပညာ စုဆောင်းမှုတွေအပြင် အခြားသော အကောင်းဆုံး ဝန်ဆောင်မှုတွေဖြင့် သီးသန့်ခရီးစဉ်ကို ရရှိမှာဖြစ်ပါတယ်။
1. Lover’s Deep – Luxury Submarine Hotel
တစ်ညကို ဒေါ်လာ တစ်သိန်းခွဲနှုန်းဖြင့် Lover’s Deep ဇိမ်ခံ ရေငုပ်သင်္ဘော ဟိုတယ်ကြီးဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဟိုတယ်ဖြစ်သလို အဆန်းပြားဆုံး ဟိုတယ်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။
ရေငုပ်သင်္ဘောဖြင့် ရေအောက်ကိုဆင်းဖို့ လိုအပ်တာကြောင့် စာရင်းရှိ အခြားသောဟိုတယ်အချို့မှာ ရရှိနိုင်တဲ့ အတွေ့အကြုံမျိုးတွေနဲ့ လုံးဝကွဲပြားနေမှာပါ။
ရေငုပ်သင်္ဘော/ဟိုတယ်ဟာ စိန့်လူစီယာမှာ တည်ရှိပြီး ကာရေဘီယံတစ်ဝိုက်တွင် သွားလာနိုင်ပါတယ်။
တည်းခိုသူဟာ သူ့ရဲ့ကိုယ်ပိုင်ကပ္ပတိန်၊ ကိုယ်ပိုင်စားဖိုမှူးနဲ့ အိမ်ထိန်း၊ ရေငုပ်သင်္ဘောဆီ အမြန်လှေအပြောင်းအရွှေ့တွေနဲ့ ရဟတ်ယာဉ်အပြောင်းအရွှေ့တွေ၊ ကမ်းခြေဆင်းသက်မှုတွေနဲ့ ရှန်ပိန်စိမ်ထားတဲ့ လှိုင်းအောက်မှာ ကြယ်ငါးပွင့်ဆိုတဲ့ အနှစ်သာရကို အပြည်အဝ ခံစားရမှာပါ။
ဒီ့ထက်ပိုပြောရရင်တော့ တည်းခိုသူဟာ စိတ်ကြိုက်ရွေးချယ်မှုတွေနဲ့ ကိုက်ညီမည့် ခရီးကို ပြင်ဆင်ရန်အတွက် ရွေးချယ်ခွင့်ရှိပါသေးတယ်။
ဒါကြောင့် သီးခြားတည်နေရာတစ်ခုကို နှစ်သက်ပါက ကပ္ပတိန်ဟာ တည်းခိုသူရဲ့ အမိန့်များကို လိုက်နာမှာ ဖြစ်ပါတယ်။
ဒါဟာ တကယ်ကို တစ်သက်တာ ကြုံတောင့်ကြုံခဲ အတွေ့အကြုံတစ်ခုဖြစ်ပြီး ဘယ်တော့မှ မမေ့နိုင်တဲ့ အတွေ့အကြုံတစ်ခုမျိုးပါပဲ။
Knight News Team
Knight News © 2022