ဘာမြူဒါတြိဂံအနီးမှာ ပြန်ရှာတွေ့ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါး ပျောက်ဆုံးနေသော အာကာသယာဥ်ရဲ့ အစိတ်အပိုင်းများ
ဘာမြူဒါတြိဂံဟာ စာဖတ်သူ အတော်အများနဲ့လည်း ရင်းနှီးကျွမ်းဝင်နေမယ့် လျှို့ဝှက်ဆန်းကြယ် နေရာတစ်ခုပါ။
အခုတစ်ခါမှာလည်း ဘာမြူဒါတြိဂံအနီး၊ ဖလော်ရီဒါပြည်နယ်၊ အတ္တလန္တိတ် ကမ်းရိုးတန်းအနီး သမုဒ္ဒရာကြမ်းပြင်မှာတော့ နှစ်ပေါင်း ၅၀ နီးပါး ပျောက်ဆုံးနေခဲ့တဲ့ အာကာသယာဥ်တစ်ခုရဲ့ အပျက်အစီးတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဆိုပါ အပျက်အစီးတွေဟာ ၁၉၈၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်က ထူးဆန်းစွာ ပေါက်ကွဲပျောက်ဆုံးသွားခဲ့တဲ့ Challenger အာကာသလွန်းပျံယာဉ်ရဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။
အဲဒီ လေယာဉ်ပေါ်က အာကာသယာဉ်မှူး ၇ ဦးစလုံး သေဆုံးခဲ့ကြောင်း နာဆာ (NASA) မှ အတည်ပြု ပြောကြားခဲ့ပါတယ်။
၁၉၈၆ ခုနှစ်မှာ ထူးဆန်းစွာ ပေါက်ကွဲထွက်ခဲ့တဲ့ အာကာသလွန်းပျံယာဉ် Challenger ရဲ့ အစိတ်အပိုင်း တစ်ဝက်ခန့်မှာ ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး အခုအချိန်မှာမှ ဘာမြူဒါအနီးက ဖလော်ရီဒါ ကမ်းရိုးတန်းမှာ နောက်ထပ် အစိတ်အပိုင်းတချို့ကို ထပ်မံရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ရေငုပ်သမားတွေဟာ ‘Bermuda Triangle: Into Cursed Waters’ ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဒုတိယကမ္ဘာစစ်ခေတ် လေယာဉ်ပျံကို ရှာဖွေနေစဉ် Challenger သင်္ဘောကိုယ်ထည်ရဲ့ ပေ ၂၀ (၆ မီတာ) အပိုင်းကို ရှာဖွေတွေ့ရှိခဲ့တာပါ။
ဘာမြူဒါတြိဂံရဲ့ အနောက်မြောက်ဘက်မှာ ရုပ်ရှင်ရိုက်ကူးသူတွေဟာ ခေတ်မီယာဥ်ပျံတစ်ခုရဲ့ အပျက်အစီးများပါရှိတဲ့ ပင်လယ်ကြမ်းပြင် တစ်စိတ်တစ်ပိုင်းဟာ သဲတွေနဲ့ ဖုံးအုပ်ထားခဲ့တာကို တွေ့ရှိခဲ့ကြပါတယ်။
ဖလော်ရီဒါရှိ နာဆာ Kennedy Space Flight Center နဲ့ အပျက်အစီးတွေဟာ အနီးနားမှာ တည်ရှိခဲ့တာကြောင့် အာကာသအေဂျင်စီနဲ့ ချိတ်ဆက်နိုင်တယ်လို့ ရုပ်ရှင်ရိုက်ကူးသူများက ယူဆရင်း ရှာဖွေတွေ့ရှိမှုနဲ့ပတ်သက်ပြီး နာဆာသို့ ဆက်သွယ်ခဲ့ကြပါတယ်။
နာဆာကလည်း အဖွဲ့ရဲ့ ဗီဒီယိုဖိုင်ကို စစ်ဆေးခဲ့ပြီး အပျက်အစီးတွေဟာ Challenger ယာဥ်မှဖြစ်ကြောင်း အတည်ပြုခဲ့ကြပါတယ်။ အဲဒီနောက် နာဆာမှ ရှာဖွေတွေ့ရှိမှုကို နိုဝင်ဘာ ၁၀ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။
မကြေညာမီမှာလည်း သေဆုံးခဲ့ရတဲ့ အာကာသယာဉ်မှူး ၇ ဦးရဲ့ မိသားစုဝင်များကို ဆက်သွယ်ခဲ့ပြီး ဒီရှာဖွေတွေ့ရှိမှုဟာ သူတို့ဆုံးရှုံးခဲ့ရတဲ့ ယာဥ်မှူး ၇ ယောက်ရဲ့ အမွေအနှစ်တွေကို ပြန်လည်မြှင့်တင်ပေးဖို့နဲ့ ဒီအဖြစ်ဆိုးက နာဆာကို ဘယ်လိုပြောင်းလဲစေခဲ့လဲဆိုတာကို ပြန်တွေးဖို့ အခွင့်အရေးတစ်ခုပေးတယ်လို့ ဆိုခဲ့ပါတယ်။
အခု ရှာဖွေမှုမတိုင်မီ ၂၅ နှစ်ကျော်အတွင်း ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ Challenger ကိုယ်ထည်ကလည်း သမုဒ္ဒရာကြမ်းပြင်မှာပဲ ဆက်လက်တည်ရှိနေမှာဖြစ်ပြီး နာဆာက ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်လို့ နောက်တစ်ဆင့်ကို ဆုံးဖြတ်ပေးသွားမှာပါ။
၁၀ ကြိမ်မြောက် လွှတ်တင်ချိန်မှာ STS-51L လို့ အမည်ပေးထားတဲ့ Challenger ဟာ NASA မှ လည်ပတ်နိုင်သော အာကာသလွန်းပျံယာဉ် ၄ စင်းအနက်မှ တစ်ခုဖြစ်ပါတယ်။
နာဆာ အေဂျင်စီဟာ ပြန်လည်အသုံးပြုနိုင်တဲ့ အာကာသယာဥ်တွေကို ကမ္ဘာမြေနိမ့်ပိုင်း ပတ်လမ်းမှ ပျံသန်းနေတာဟာ ၅ နှစ်နီးပါး ရှိပြီဖြစ်ပါတယ်။
ဒါပေမဲ့ လွှတ်တင်ခြင်းမတိုင်မီ ညမှာ အပူချိန်က အလွန်အေးခဲနေခဲ့တာကြောင့် အာကာသယာဉ်ရဲ့ အစိုင်အခဲ ဒုံးပျံပေါ်ရှိ အရာတစ်ခုအား ထိခိုက်စေနိုင်ခဲ့ပုံရကြောင်း နာဆာက ခန့်မှန်းထားကြပေမဲ့ ပေါက်ကွဲခဲ့ရတဲ့ အကြောင်းရင်းကိုတော့ သူတို့လည်း ယနေ့ချိန်အထိ သေချာမသိရှိသေးပါဘူး။
ဒီယာဥ်ပျံဟာ ၁၉၈၆ ခုနှစ်က ဘာမြူဒါတြိဂံကို ဖြတ်သန်းပျံဝဲလာရင်း ၇၃ စက္ကန့်အကြာမှာပဲ ထူးဆန်းစွာ ပေါက်ကွဲထွက်သွားခဲ့တာဖြစ်ပါတယ်။
ပေါက်ကွဲခဲ့တဲ့ အဓိက အကြောင်းရင်းကိုတော့ ခန့်မှန်းချက်တွေကနေပဲ အဓိက သုံးသပ်နိုင်ပြီး တချို့ကတော့ ဘာမြူဒါ ပတ်လမ်းကြောင်းရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကြောင့်လို့ ဆိုနေကြပါတယ်။
ယာဥ်မောင်း ၇ ဦးအပြင် ယာဥ်ပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ ပတ်လမ်းက တိုက်ရိုက်သင်ခန်းစာများ ပို့ချပေမဲ့ သိပ္ပံ ကျောင်းဆရာတစ်ဦး အပါအဝင် စုစုပေါင်း လူ ၈ ဦးက ဒီဖြစ်စဥ်မှာ လျှို့ဝှက်ဆန်းကြယ်စွာ သေဆုံးခဲ့ရပါတယ်။
မူလက စီစဉ်ထားတဲ့ ဒီ ၆ ရက်ကြာ ပျံသန်းမှု မစ်ရှင်မှာ အာကာသယာဉ်မှူးတို့က သိပ္ပံနည်းကျ သုတေသနများ လုပ်ဆောင်နေမှာဖြစ်ပြီး လွန်းပျံယာဉ်ကနေလည်း ဂြိုလ်တုတစ်ခုကို လွှတ်တင်ဖို့အတွက် စီစဥ်ထားခဲ့ကြတာပါ။
ဒါပေမဲ့ ဒီအစီအစဥ်တွေဟာ ဘာမြူဒါတြိဂံကို ဖြတ်သန်းခဲ့အပြီးမှာပဲ ပျက်ပြယ်ခဲ့ရပြီး ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
၁၈၆၁ ခုနှစ်မှ စတင်ခဲ့တဲ့ နာဆာရဲ့ လူလိုက်ပါတဲ့ အာကာသအစီအစဉ်ဟာ ပထမဆုံးသော ပျံသန်းမှုအတွင်းမှာပဲ သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ပထမဆုံး ပျံသန်းမှုမှာ အာကာသယာဉ်မှူး ၃ ဦးက မြေပြင်ပေါ်သို့ လွှတ်တင်ခြင်းအကြိုစမ်းသပ်မှုများ ပြုလုပ်နေစဥ်အတွင်း မီးလောင်ရင်း သေဆုံးခဲ့ရပါတယ်။ အဲဒီနောက် ဘာမြူဒါဖြစ်စဥ်က ဒုတိယဖြစ်စဥ် ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက်မှာလည်း ၂၀၀၃ ခုနှစ်က ကိုလံဘီယာ အာကာသလွန်းပျံယာဉ်ဟာ ပြန်လည်ဝင်ရောက်ပြီးနောက် ကွဲထွက်သွားခဲ့ပြီး လိုက်ပါလာခဲ့တဲ့ အာကာသယာဉ်မှူး ၇ ဦးလုံး သေဆုံးခဲ့တဲ့ ထိတ်လန့်ဖွယ် အဖြစ်ဆိုးကိုလည်း ထပ်မံကြုံတွေ့ခဲ့ရပါတယ်။
ဘာမြူဒါ အနီးတစ်ဝိုက်မှာ Challenger တင်မကပဲ တခြားသော လျှို့ဝှက်ဆန်းကြယ်စွာနဲ့ ပျောက်ဆုံးကွယ်ပျောက်ခဲ့ရတဲ့ သင်္ဘောနဲ့ လေယာဥ်ပျံတို့ မြောက်များစွာရှိနေခဲ့ပြီး ဒဏ္ဍာရီလာ ပုံပြင်တွေ အမြောက်အများကိုလည်း ဘာမြူဒါဟာ ပိုင်ဆိုင်ထားပါတယ်။
Knight News Team
Knight News © 2022