ပိုးစုန်းကြူးတွေလို ခန္ဓာကိုယ်ကနေ အလင်းထုတ်လုပ်နိုင်ကြတဲ့ တိရစ္ဆာန်များ

ပိုးစုန်းကြူးတွေလို ခန္ဓာကိုယ်ကနေ အလင်းထုတ်လုပ်နိုင်ကြတဲ့ တိရစ္ဆာန်များ

“ဇီဝဖြာထွက်မှု” ဆိုတဲ့ ဝေါဟာရဟာ သက်ရှိသက်ရှိများရဲ့ အလင်းထုတ်လွှတ်နိုင်စွမ်းကို ရည်ညွှန်းပါတယ်။

ဒီဖြစ်စဥ်ဟာ သဘာဝတရားရဲ့ စွဲဆောင်မှုအရှိဆုံးနဲ့ စိတ်ဝင်စားဖွယ်အကောင်းဆုံး ဖြစ်စဉ်များထဲမှ တစ်ခုဆိုရင်လည်း မမှားပါဘူး။

တိရိစ္ဆာန်များအနေနဲ့ အလင်းရောင်ကို ထုတ်လွှတ်နေဖို့အတွက် သမုဒ္ဒရာရဲ့ မှိန်ဖျော့ဖျော့နှင့် မှောင်မိုက်နက်နဲသော အနက်ရှိုင်းဆုံးတွေမှာ ကူးခတ်နေသူတွေအဖို့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဥ်တစ်ခုပါပဲ။

ဒါကြောင့် ဇီဝအလင်းတန်း တိရစ္ဆာန်အများစုကို ပင်လယ်ထဲမှာ တွေ့ရှိရပြီး ကုန်းပေါ်မှာတော့ ပိုးစုန်းကြူးလို အလင်းထုတ်လုပ်နိုင်တဲ့ သက်ရှိတွေဟာ သိပ်မရှိတော့ပါဘူး။

ဒါကြောင့် ခန္ဓာကိုယ်ကနေ အလင်းထုတ်လုပ်နိုင်တဲ့ သက်ရှိတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ပိုးစုန်းကြူး

လူသိအများဆုံး ဇီဝအလင်းဖြာထွက်တဲ့ မြေသတ္တဝါဖြစ်တဲ့ ပိုးစုန်းကြူးဟာ သူ့ရဲ့ဝမ်းဗိုက်မှ အထူးပြုထားတဲ့ အလင်းရောင်ထုတ်လွှတ်သည့် အင်္ဂါများပါရှိတဲ့ အတောင်ပံပါ ပိုးကောင်ဖြစ်ပါတယ်။

အလင်းရောင်ဟာ အခြားသော ဇီဝအလင်းအင်းဆက်ပိုးမွှားများမှာလည်း တွေ့ရတတ်တဲ့ luciferin (ဓာတုဓာတ်တစ်မျိုး) နဲ့အတူ ကယ်လ်စီယမ်၊ အောက်ဆီဂျင်၊ adenosine triphosphate(ATP)နှင့် luciferase လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးကြောင့် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

ပိုးစုန်းကြူး မျိုးစိတ်ပေါင်း ၂,၀၀၀ ကျော်ရှိပြီး အဖြူရောင်၊ အဝါ၊ အစိမ်း သို့မဟုတ် အနီရောင်ဖျော့ဖျော့ကဲ့သို့သော အရောင်အမျိုးမျိုးကို ထုတ်လုပ်ပေးနိုင်ကြပါတယ်။

သူတို့တွေဟာ ကြင်ဖက်ကို ဆွဲဆောင်ဖို့နဲ့ သူတို့ရဲ့ သားရဲတွေကို ခန္ဓာကိုယ်ကို စားသုံးရန်မသင့်ဟု ယူဆသွားစေနိုင်တဲ့ ရည်ရွယ်ချက်တို့နဲ့ အလင်း ထုတ်လုပ်ကြပါတယ်။

၂။ Glowworm

Glowworm ဆိုပေမဲ့ ဒီမျိုးစိတ်ဟာ သန်ကောင်မဟုတ်ပါဘူး။ အင်းဆက်အုပ်စုအမျိုးမျိုးရဲ့ ပိုးလောင်းတွေနဲ့ အရွယ်ရောက်ပြီးသား ပိုးကောင်တွေကို glowworm လို့ ခေါ်ကြတာပါ။

သူတို့ဟာ အစိမ်းရောင်၊ လိမ္မော်ရောင်နဲ့ အဝါရောင်စတဲ့ မတူညီတဲ့ အရောင်များကို ထုတ်နိုင်ကြပါတယ်။ ပိုးစုန်းကြူးတွေလိုပဲ သူတို့ရဲ့ဝမ်းဗိုက်မှ အလင်းထုတ်ပေးတာပါ။

၃။ ရေခူ (ဂျယ်လီငါး)

ဂျယ်လီငါးကလည်း ထင်ရှားတဲ့ ဇီဝအလင်းရောင် သတ္တဝါတွေပါ။ ဂျယ်လီငါးမျိုးစိတ် အများအပြားက သူတို့ရဲ့ ဖောက်ထွင်းမြင်ရတဲ့ ကိုယ်ခန္ဓာမှ အပြာရောင် သို့မဟုတ် အစိမ်းရောင် အလင်းတန်းများကို ထုတ်လွှတ်ပေးကြပါတယ်။

ရေအောက်ရှိ အတောက်ပဆုံးနှင့် အလှပဆုံးမြင်ကွင်းများထဲမှ တစ်ခုကို ဖန်တီးပေးနေကြတဲ့ ဒီမျိုးစိတ်တွေဟာ အခြားသော ဇီဝဖြာထွက်နေသော ခုခံကာကွယ်ရန်အတွက် သူတို့ရဲ့ အလင်းရောင်ကို အသုံးပြုကြပါတယ်။

ဒီအလင်းရောင်က သားရဲများကို ထိတ်လန့်စေသလို ဒီအလင်းရောင်ကပဲ သူတို့သားကောင်လေးတွေကို ဆွဲဆောင်ခြင်းဖြင့် အမဲလိုက်ကြပါတယ်။

၄။ Sea Sapphire (ပင်လယ်နီလာ)

ဒီကောင်လေးတွေကတော့ အခွံမာ ရေနေအုပ်စုဝင်တွေပါ။ သေးငယ်ပြီး ကြည်လင်တောက်ပတဲ့ ကပ်ပါးတွေကို ကမ္ဘာတစ်ဝှမ်းလုံးရှိ ပင်လယ်ပတ်ဝန်းကျင်မှာ တွေ့ရှိရတတ်ပါတယ်။

ပင်လယ်နီလာရဲ့ အလင်းထုတ်လုပ်မှုပုံကတော့ ဆန်းကြယ်ပါတယ်။ သူတို့ဟာ ပြည်ပက အလင်းကို ဖမ်းယူနိုင်ပြီး ပြန်ရောင်ပြန်ဟပ်နိုင်တဲ့ သူတို့ရဲ့ အရေပြားဆဲလ်များအတွင်းမှ ပုံဆောင်ခဲပြားများရဲ့ အကူအညီနဲ့ အလင်းထုတ်ကြတာပါ။

အလင်းရောင်ဟာ အပြာ၊ အဝါ၊ လိမ္မော်နဲ့ ရွှေရောင်စတဲ့ အရောင်အမျိုးမျိုးဖြင့် ထွက်လာနိုင်ပါတယ်။

၅။ ပိုးစုန်းကြူး-ပြည်ကြီးငါး

ပိုးစုန်းကြူး-ပြည်ကြီးငါးတွေဟာ ဇီဝအလင်းဖြာထွက်မှုကို ပြသနိုင်တဲ့ ပြည်ကြီးငါးမျိုးစိတ် အနည်းငယ်ထဲမှ တစ်ခုပါ။

Firefly Squid, (Watasenia scintillanus) glowing with rare luminescence. Only the ventral side of this animal possesses the ability to produce light, a type of counter shading in the deep sea where they typically live. Toyama Bay, Japan.

သူတို့ရဲ့ ဦးခေါင်း၊ လက်မောင်းများနဲ့ ကိုယ်ထည်တို့မှာ photophores လို့ ခေါ်တဲ့ အလင်းထုတ်ပေးနိုင်တဲ့ အစက်လေးတွေ ပါရှိပါတယ်။

ပြည်ကြီးငါးဟာ သားကောင်ကို မြှူဆွယ်တဲ့အနေနဲ့ သူတို့ရဲ့အလင်းရောင်ကို လင်းလက်တောက်ပစေသလို အိမ်ထောင်ဖက်ကို ဆွဲဆောင်ရန်အတွက်လည်း အခုလို ဆောင်ရွက်ပါတယ်။

၆။ ပင်လယ်မှော်

ဒီအကောင် သေးသေးလေးတွေကို ပင်လယ်ရေနဲ့ ရေချိုပတ်ဝန်းကျင်မှာ တွေ့နိုင်ပါတယ်။

အချို့သော မျိုးစိတ်များဟယ ပြင်ပလှုံ့ဆော်မှုကို တုံ့ပြန်တဲ့အခါ အလင်းထုတ်လွှတ်တဲ့ ဓာတုဒြပ်ပေါင်းများကြောင့် အလင်းထုတ်လွှတ်နိုင်စွမ်းရှိကြပါတယ်။

ကျဆင်းနေတဲ့ အပူချိန်တို့က ပင်လယ်မှော်တွေကို တောက်ပစေပြီး သားကောင်များကို ညို့ယူရန်အတွက် ထူးခြားတဲ့ မီးရောင်အင်္ဂါရပ်ကို အသုံးပြုကြပါတယ်။

၇။ Dragonfish

Dragonfish တွေမှာလည်း အလင်းထုတ်လွှတ်ပေးနိုင်တဲ့ photophores ခေါ် အထူးပြု အင်္ဂါများ ပါရှိကြပါတယ်။

ဇီဝအလင်းတန်းရှိ အခြားသော အဏ္ဏဝါသတ္တဝါများစွာတွေလိုပဲ သူတို့ကို သမုဒ္ဒရာရဲ့ အနက်နဲဆုံး နေရာတွေမှာ တွေ့ရတတ်ပါတယ်။

Dragonfish တွေဟာသားကောင်ကို ဆွဲဆောင်ဖို့အတွက် သူတို့ရဲ့အလင်းကို အသုံးပြုသည်။

စိမ်းပြာရောင် အလင်းကို မိတ်လိုက်ဖော်အတွက် အသုံးပြုပြီး အမှောင်ထဲက သားကောင်ကို ရှာဖွေဖို့အတွက် အနီရောင် အလင်းကို အသုံးပြုပါတယ်။

၈။ ရေဘဝဲ

ရေဘဝဲ မျိုးစိတ်အနည်းငယ်ဟာ ဇီဝအလင်းရောင် ထုတ်လုပ်နိုင်ကြပြီး သူတို့ရဲ့ လက်တွေမှာ အလင်းထုတ်လွှတ်ပေးနိုင်တဲ့ photophores များ ပါရှိတတ်ကြပါတယ်။

အလင်းတန်းရောင်ကိုတော့ သားကောင်များကို ဆွဲဆောင်ရန်၊ သားရဲများကို တားဆီးရန်အပြင် ကြင်ဖက်ရှာဖွေရာမှာလည်း အသုံးပြုကြပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *