ထူးခြားဆန်းကြယ် ကမ္ဘာ့အကြီးဆုံး လှိုဏ်ဂူရဲတိုက်ကြီး (သို့) ရော်ဘင်ဟုဒ်ရဲ့ ပုန်းအောင်းရာ

ထူးခြားဆန်းကြယ် ကမ္ဘာ့အကြီးဆုံး လှိုဏ်ဂူရဲတိုက်ကြီး (သို့) ရော်ဘင်ဟုဒ်ရဲ့ ပုန်းအောင်းရာ

စလိုဗေးနီးယားနိုင်ငံမှာ ၁၂ ရာစုကတည်းက တည်ဆောက်ခဲ့တဲ့ Predjama ရဲတိုက်ဟာ ကမ္ဘာ့အံ့ဖွယ်နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။

ဒီရဲတိုက်ကြီးအောက်ဘက်က ၉ မိုင်ထိ ရှည်လျားပြီး ရှုပ်ထွေးနေတဲ့ ဥမင်လိုဏ်ခေါင်းများနဲ့ အတူ ပေ ၄၀၀ ရှည်သော ချောက်ကမ်းပါးမှာ ရဲတိုက်ကြီးကို ထွင်းထုထားခဲ့ပါတယ်။

ဒီရဲတိုက်ကြီးဟာ တစ်ချိန်က ရာဇဝင်တွင်ခဲ့တဲ့ ရော်ဘင်ဟုဒ်ကို အာဏာပိုင်တွေ လိုက်လံဖမ်းဆီးခဲ့ချိန်မှာ ကွယ်ဝှယ်ထားပေးခဲတဲ့ ရဲတိုက်ကြီးလည်း ဖြစ်ပါတယ်။

ဆလိုဗေးနီးယား တောင်ပိုင်းရှိ ပေ ၄၀၀ မြင့်သော ချောက်ကမ်းပါးရဲ့ အလယ်ဗဟိုမှာတော့ ရှုပ်ထွေးနေတဲ့ မြေအောက်လိုဏ်ဂူများပေါ်မှာ တည်ဆောက်ထားတဲ့ Predjama ဆိုတဲ့ ခံတပ် ရဲတိုက်ကြီးဟာဟာ ကမ္ဘာ့အကြီးဆုံး လိုဏ်ဂူရဲတိုက်ကြီးဖြစ်ပြီး နှစ်ပေါင်း ၈၀၀ ကျော် တည်ရှိနေခဲ့ပါတယ်။

ယနေ့မှာတော့ ရဲတိုက်ကြီးရဲ့ သမိုင်းကြောင်းကို သူ့ရဲ့ စင်္ကြံများကို ဖြတ်လျှောက်ရင်း ရဲတိုက်ကြီးရဲ့ သမိုင်းကြောင်းနဲ့ တည်ဆောက်ထားခဲ့တဲ့ ကျယ်ပြန့်သော Postojna လှိုဏ်ဂူစနစ်အား လေ့လာနိုင်တာကြောင့် ကမ္ဘာတစ်ဝှမ်းမှာ အလွန်ရေပန်းစားတဲ့ ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခု ဖြစ်လို့နေပါပြီ။

ရဲတိုက်ကြီးကိုယ်တိုင်က ဒဏ္ဍာရီပုံပြင်လို အံ့ဩစရာ ရာဝဇဝင်မျိုးတွေ ပိုင်ဆိုင်ထားသလို သူ့ရဲ့သမိုင်းကြောင်းကို လေ့လာကြည့်မယ်ဆိုရင်လည်း သာမန်ထက် ထူးကဲနေပြီး အံ့သြဖွယ်ရာကောင်းနေတာကို မြင်တွေ့ရပါလိမ့်မယ်။

ဒီကမ္ဘာမှာ နောက်ထပ်တစ်ခု မရှိနိုင်တော့တဲ့ Predjama ရဲတိုက်ရဲ့ မှတ်တမ်းတွေဟာ ၁၂၀၂ ခုနှစ်မှ စတင်ခဲ့တယ်လို့ ဆိုထားကြပါတယ်။

ဒါပေမဲ့လည်း သမိုင်းဝင် နေထိုင်သူများရဲ့ အကျော်ကြားဆုံးမှာတော့ ၁၅ ရာစုသူရဲကောင်း Erazem Lueger – Erasmus of Lueg လို့ လူသိများပါတယ်။

Lueger ဟာ ဒဏ္ဍာရီဆန်ဆန် ရော်ဘင်ဟုဒ် (Robin Hood) လိုပဲ ချမ်းသာကြွယ်ဝသူများထံမှ ခိုးယူကာ ဆင်းရဲသားတို့အား ပြန်လည်ပေးကမ်းခဲ့တဲ့ ဒဏ္ဍာရီလာ ဓားပြတစ်ဦးလို့ သိရပါတယ်။

ရာဇဝင်ထဲက နာမည်ကျော် ရော်ဘင်ဟုဒ်ကလည်း ဒီရဲတိုက်ကြီး နောက်ကွယ်က ၉ မိုင် အနက်ရှိတဲ့ လှိုဏ်ဂူထဲက လမ်းတွေမှာ ကျင်လည်ကျက်းစားဖူးပြီး လိုက်လံဖမ်းဆီးသူတွေရန်က ပုန်းရှောင်ခဲ့တယ်လို့ ဆိုကြပါတယ်။

တကယ်တမ်းမှာလည်း Predjama ရဲတိုက်ကြီးရဲ့ ကျော်ကြားမှု တစ်စိတ်တစ်ပိုင်းမှာ သူ့ရဲ့နောက်ကွယ်မှတည်ရှိတဲ့ ထူးခြားဆန်းပြား ဂူစနစ်ကြီးဖြစ်ပြီး ဂူစနစ်ကို ဖြတ်သန်းသွားလာနိုင်ရန်အတွက် ပိုမိုလုံခြုံမှုရှိစေအောင် လှေကားတွေ၊ လက်ရန်းတွေဖြင့် နှစ်ပေါင်းများစွာ ထွင်းထုထားသည့် ကြီးမားသော ဂူစနစ်ကြီးပါ။

ဒီကြီးမားလှတဲ့ ထုံးကျောက်လှိုဏ်ဂူကြီးဟာ Trieste အထက်ကုန်းပြင်မြင့်အတွက် လက်တင်အမည် Carsus ရဲ့ ပြောင်းလဲမှုအဖြစ် “Karst” ဂူလို့ လူသိများကြပါတယ်။

ခေတ်သစ် Predjama ရဲတိုက်ဟာ ရော်ဘင်ဟုဒ်တို့ခေတ်ကလို တည်ဆောက်ဖွဲ့စည်းထားပုံခြင်း အတူတူဖြစ်နေပေမဲ့လည်း အလွန်ကွဲပြားတဲ့ ရည်ရွယ်ချက်တွေကို ဆောင်ရွက်နေပါပြီ။

CNN ရဲ့ အဆိုအရ Predjama ရဲတိုက်ကို စူးစမ်းလေ့လာမှ ယခုအခါ ရဲတိုက်ရဲ့ စင်္ကြန်များမှ အခန်းတစ်ခုစီသို့ တံတားတစ်စင်းကိုဖြတ်ပြီး ပွင့်ပွင့်လင်းလင်း ဝင်ရောက် လေ့လာနိုင်နေပြီလို့ သိရပါတယ်။

အရင်နှစ်တွေများမှာတော့ လာရောက်လည်ပတ်သူအများစုသည် တရားခွင်အတွင်းကလွဲလို့ တခြားသော နေရာတွေကို မရောက်ရှိခဲ့ကြပါဘူး။ ရောက်ရှိဖူးခဲ့တယ်ဆိုရင်တော့ ဒါဟာ ကံအကောင်းဆုံးဖြစ်တယ်လို့ အများက သတ်မှတ်ကြပါတယ်။

တရားခွင်ရှိ ထူထဲလှတဲ့ သစ်သားတံခါးဟာ ညှဉ်းပန်းနှိပ်စက်ပြီး ပြစ်ဒဏ်ပေးခဲ့တဲ့ အခန်းကို ဝင်ရောက်ခွင့်ပေးပါတယ်။ ရဲတိုက်ကြီးကို ခြောက်ပေနီးပါးထူသော နံရံများက ဝန်းရံထားကာ ရဲတိုက်ကြီးရဲ့ ခိုင်ခံ့မှုကို သက်သေပြနေပါတယ်။

ခံတပ်အတွက် ဆောက်ထားခဲ့တာဖြစ်လို့ ရဲတိုက်ကြီးရဲ့ ကိုယ်ထည်ကလည်း တကယ့်ကို ခမ်းနာလွန်းပြီး ယခင်က တန်းလျားတွေကိုတော့ လက်ရှိမှာ လက်နက်တိုက်နဲ့ ပြတိုက်အဖြစ် ပြောင်းလဲထားခဲ့ပါတယ်။

ရဲတိုက်ရဲ့ တတိယထပ်မှာ ဧည့်သည်တွေဟာ ချိုင့်ဝှမ်းကြီးနဲ့ အောက်ခြေရွာလေးများကို အပေါ်စီးကနေ ကြည့်ရှုနိုင်မယ့် ရှုခင်းသာမျိုးကို ပေးစွမ်းထားပါတယ်။

အဲဒီမှာ သေနတ်ကွင်းများနှင့် မြှားအပေါက်တွေလို ရန်သူကို ခုခံတွန်းလှန်ခဲ့တဲ့ အပေါက်လေးတွေ ရှိပါတယ်။

ဆူပွက်နေတဲ့ ဆီ သို့မဟုတ် သွန်းစေးများ လောင်းထည့်ရာမှာ အသုံးပြုခဲ့တဲ့ အခြားအပေါက်များလည်း ပါရှိပါတယ်။

ရဲတိုက်ရဲ့ ဒဏ္ဍာရီဆန်ပြီး ခမ်းနားလှတဲ့ သမိုင်းကြောင်းတွေနဲ့ စွဲမက်ဖွယ်ရာ တည်ဆောက်ထားမှုတို့ကြောင့် Predjama ရဲတိုက်ဟာ ကမ္ဘာပေါ် ထူးခြားဆန်းပြား နေရာတစ်ခု ဖြစ်လာသလို နောက်ထပ် ဘယ်နေရာမှာမှ မတွေ့မြင်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး လှိုဏ်ဂူရဲတိုက်ကြီးလည်း ဖြစ်ပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *