စီးပွားဖြစ်ခဲ့ကြသည့် ရောမခေတ်အိမ်သာများ
ဂရိတို့နှင့် နှိုင်စာလျှင် ရောမလူမျိုးများ၏ ယဉ်ကျေးမှုထွန်းကားခြင်းသည် နှစ်ပေါင်း ၁,၀၀၀ ဝန်းကျင်ခန့် နောက်ကျခဲ့သည်။
သို့သော်လည်း ရောမလူမျိုးများ၏ ယဉ်ကျေးမှု နှင့် အလေ့အထတို့တွင် ဂရိလူမျိုးများ၏ လုပ်နည်းလုပ်ဟန်အချို့ကို တွေ့ရှိရပေသည်။
ယင်းကဲ့သို့သော လုပ်နည်းလုပ်ဟန်များတွင် အပေါက်ငယ်များပါရှိသော ရှည်လျားသော ခုံတန်းလျားများနှင့် တည်ဆောက်ထားသော အများသုံး အိမ်သာများ အသုံးပြုခြင်းမှာလည်းတစ်ခုအပါအ၀င် ဖြစ်သည်။
ရှေးရောမလူမျိုးများ၏ အများသုံးအိမ်သာများသည် ယခုခေတ်ကဲ့သို့ သီးသန့် အကာများ မပါရှိကြချေ။
ရောမမြို့တွင် အများသုံးအိမ်သာပေါင်း ၁၅၀ ခန့်ရှိခဲ့သည်။ အများသုံးအိမ်သာတစ်ခုစီတွင် အောက်ခံစီးဆင်းသောရေ၏ အတိမ်အနက်နှင့် အလျင်ကွာခြားသော်လည်း တူညီသောအရာတစ်ခုမှာ ယင်းအများသုံးအိမ်သာ ခုံတန်းများသည် စီးဆင်းနေသော ရေမြောင်းများထက်တွင် တည်ဆောက်ထားကြခြင်းဖြစ်သည်။
ယင်း အိမ်သာများသည် စတုဂံပုံသဏ္ဍာန်ရှိပြီး ရေစီးလမ်းကြောင်းအထက်ဘက် တစ်လျှောက် အပေါက်ဖောက်ထားသော ထိုင်ခုံများပါရှိသည်။
အဆိုပါ အညစ်အကြေးများသည် ရေလမ်းကြောင်းထဲသို့ ကျသွားပြီး အနီးဆုံး ရေဆိုးမြောင်းဆီသို့ ရောက်ရှိသွားခဲ့သည်။
ရှေးဂရိလူမျိုးများကဲ့သို့ပင် ရောမလူမျိုးများတွင် အိမ်သာသုံးစက္ကူ မရှိပေ။ ယင်းအစား၊ ၎င်းတို့သည် တုတ်ချောင်းတစ်ခုတွင် ကပ်ထားသော ရေမြှုပ်ကို ရေထဲတွင်နှစ်ကာ အိမ်သာသုံး စက္ကူကဲ့သို့ မိမိကိုယ်မိမိ သန့်ရှင်းရေးလုပ်ရန် အသုံးပြုကြသည်။
အိမ်သာများ၏ အလယ်တွင် ရေမြှုပ်တံကို ထည့်ထားသည့် ရေသန့် မြောင်းတစ်ခု ရှိသည်။ မိမိကိုယ်မိမိသန့်စင်ပြီးနောက် ယင်းရေမြှုပ်ကို အစေခံများက ဆယ်ယူရရှိသည့် အထူးပုံးထဲသို့ ပစ်ချပြီး ရေဆေးသန့်စင်ကာ ပြန်လည်အသုံးပြုကြသည်။ .
အချို့သောနေရာများတွင် ရေမြှုပ်ကို ဆားရည်နှင့် ရှာလကာရည်ပုံးထဲတွင် သိမ်းဆည်းထားသည်။ ယင်းကဲ့သို့သော တုတ်တံကို အထက်တန်းစားလူအများစုက အသုံးပြုကြသည်။
အောက်ခြေလူတန်းစားများအတွက်မူ ယင်းတုတ်တံများကို အသုံးမပြုနိုင်ကြပေ။ ထို့ကြောင့် အိမ်သာတက်ပြီးပါလျှင် ရှေးဂရိလူမျိုးများကဲ့သို့ ကျောက်တုံးငယ်များကို အသုံးပြုကြကာ မိမိကိုယ်မိမိ သန့်ရှင်းအောင် ပြုလုပ်ကြသည်။
ကိုယ်ပိုင်အိမ်တွင်း အိမ်သာများသည် လူတစ်ဦးချင်းစီအတွက် အသုံးပြုနိုင်သည့် အိုးသေးသေးလေးမျှသာဖြစ်သည်။
ယင်းဆီးအိုးများကို လမ်းထဲတွင် ချထားသော ပိုကြီးသော အိုးကြီးများထဲသို့ စွန့်ပစ်ကြရသည်။ ၎င်းသည် ဆီးသွားရန်အတွက်သာ ဖြစ်သည်။
လူ၏ဆီးတွင် အမိုးနီးယားနှင့် အဝတ်အစားများမှ အစွန်းအထင်းများသန့်နိုင်သည့် သဘာဝဓာတ်များပါရှိသည်။
ထို့ကြောင့် ရှေးရောမလူမျိုးသည် ၎င်းတို့၏ ဆီးများကို အဝတ်များကို လျှော်ဖွပ်ရန် အသုံးပြုကြသောကြောင့် အပတ်တိုင်း ဆီးအိုးများကို အဝတ်လျှော်သည့် စက်ရုံသို့ ယူဆောင်သွားကြသည်။
ယင်းသည် အပင်ကြီးထွားမှုအတွက် လည်း အသုံးဝင်သည်။ ရောမခေတ်တွင် ဆီးသည် အလွန်အဖိုးတန်သောကြောင့် ဆီးများထဲမှ စုဆောင်းပြီး ရောင်းချခဲ့ကြသည်။
အမှိုက်နှင့် မိလ္လာများကို လမ်းပေါ်ပစ်ချသူများလည်း ရှိပါသည်၊ ရာဇဝတ်မှုတွင် ပြင်းထန်စွာ အပြစ်ပေးသည့် အလေ့အထတစ်ခု ဖြစ်သည်။
Knight News Team
Knight News © 2022