ကမ္ဘာပေါ်က အကြီးမားဆုံးသော သက်ရှိမျိုးစိတ်များ

ကမ္ဘာပေါ်က အကြီးမားဆုံးသော သက်ရှိမျိုးစိတ်များ

ကျွန်တော်တို့နေထိုင်ရာ အံ့သြဖွယ်ကမ္ဘာကြီးထဲမှာ သဘာဝတရားရဲ့ ဆန်းကြယ်မှုတွေများစွာ စုစည်းလို့နေကြပါတယ်။

အပင်တွေကစလို့ လူ၊ တိရစ္ဆာန်တွေထိ သက်ရှိမျိုးစိတ်နဲ့ မျိုးနွယ်ပေါင်းဟာလည်း အရွယ်အစားအမျိုးမျိုးနဲ့ သန်းကျော် တည်ရှိကြပါတယ်။

အလွန်သေးငယ်တဲ့ မျိုးစိတ်တွေကို သာမန်မျက်စိဖြင့် မမြင်နိုင်တာကြောင့် သိပ်မသိသာပေမဲ့ အလွန်ကြီးမားလှတဲ့ မျိုးစိတ်တွေကတော့ သုတေသီနဲ့ သိပ္ပံပညာရှင်တို့ရဲ့ အာရုံကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။

ဒါကြောင့် မိခင်သဘာဝရဲ့ ခြယ်မှုန်းမှုတွေဖြင့် ကမ္ဘာပေါ်ရှိ အရွယ်အစား အကြီးမားဆုံးသော သက်ရှိမျိုးစိတ်များကို ဖော်ပြပေးသွားချင်ပါတယ်။

မျိုးစိတ်တစ်ခုစီရဲ့ အကြီးဆုံးသက်ရှိအဖွဲ့ဝင်များဟာ စွဲမက်ဖွယ်ကောင်းလှတဲ့ အရွယ်အစားကြီးတွေကို ပိုင်ဆိုင်ထားကြပါတယ်။

ကမ္ဘာ့အကြီးမားဆုံး ပန်းပွင့် – Corpse Flower

Rafflesia arnoldii လို့လည်း လူသိများကြတဲ့ Corpse ပန်းပွင့်ဟာ ကမ္ဘာပေါ်က အကြီးဆုံးပန်းပွင့်ဖြစ်ပြီး အနံ ၃ ပေရှိ ပွင့်ဖတ်များဟာ အလေးချိန် ၁၅ ပေါင်ဝန်းကျင် ရှိပါတယ်။

ထူးခြားချက်ကတော့ ပန်းရနံ့ဖြစ်ပြီး လူသေပုပ်ကောင်အနံ့ကို ထုတ်လုပ်ပေးတာကြောင့် Corpse ပန်းပွင့်လို့ အမည်တွင်ခဲ့ရခြင်းပါ။

ကမ္ဘာ့အကြီးမားဆုံး ရေနေတိရစ္ဆာန် – ဝေလငါးပြာ

ဝေလငါးပြာဟာ ကမ္ဘာပေါ်မှာ နေထိုင်ခဲ့ဖူးသမျှ အကြီးမားဆုံး တိရစ္ဆာန်ဖြစ်ပါတယ်။အကြီးဆုံး ဒိုင်နိုဆောထက်လည်း ကြီးမားပါတယ်။

အရှည်ပေ ၁၀၀ အထိ ကြီးထွားကြပြီး အလေးချိန် တန် ၂၀၀ အထိ ကြီးမားပါတယ်။

ဝေလငါးပြာရဲ့ လျှာဟာ ဆင်တစ်ကောင်ရဲ့ အလေးချိန်နဲ့ညီပြီး နှလုံးကတော့ ကားတစ်စီးလောက် အလေးချိန်ရှိပါတယ်။

မိုင်ပေါင်း တစ်ထောင်ကျော် အကွာအဝေးမှ အချင်းချင်း ခေါ်သံကြားနိုင်ပါတယ်။ လေမှုတ်ပေါက်မှ လေထဲသို့ ပေ ၃၀ အမြင့် အထိ ရေများပန်းထုတ်နိုင်ပါတယ်။

ကမ္ဘာ့အလေးဆုံး သစ်ပင် – Pando

Utah က Fishlake အမျိုးသားသစ်တောမှာ မြင်တွေ့နိုင်တဲ့ Pando သစ်ပင်တောအုပ်ကြီးဟာ ကြီးမားလှတဲ့ အမြစ်စနစ်နဲ့အတူ ပင်စည်ပေါင်း ၄၇,၀၀၀ ခန့်ဖြင့် တောအုပ်ကို ဖန်တီးထားပါတယ်။

ပင်စည်၊ အကိုင်းအခက်များနဲ့ အရွက်များ အားလုံးပေါင်းပြီး Pando ပင်ဟာ တန်ချိန် ၆,၆၀၀ အလေးချိန် ရှိပါတယ်။

ဒါကြောင့် ဒီနှစ်ပေါင်း ၈၀,၀၀၀ သက်တမ်းရှိခဲ့တဲ့ သစ်ပင်တွေဟာ ကမ္ဘာပေါ်ရှိ အလေးဆုံး သစ်ပင်များဖြစ်ပါတယ်။

ကမ္ဘာ့အကြီးမားဆုံး မြေတိရစ္ဆာန် – ဆင်

အာဖရိက ခြုံဆင် (Loxodonta africana) ဟာ ကမ္ဘာ့အကြီးဆုံး မြေတိရစ္ဆာန်ဆိုတဲ့ ဘွဲ့ကို အရှည် ၂၄ ပေ၊ အမြင့် ၁၃ ပေ၊ ကိုယ်အလေးချိန် ၁၁ နဲ့အတူ ရရှိထားခဲ့ပါတယ်။

သူတို့ရဲ့ နှာမောင်းတစ်ခုတည်းက ပေါင် ၄၀၀ ကျော်လောက်ရှိတဲ့ အရာဝတ္ထုတွေကို သယ်ဆောင်နိုင်ပါတယ်။

ကမ္ဘာ့ထုထည်အကြီးမားဆုံး သစ်ပင် – General Sherman

ထုထည်အလိုက် ကမ္ဘာ့အကြီးမားဆုံး သစ်ပင်ဟာ ကယ်လီဖိုးနီးယား၊ Sequoia အမျိုးသားဥယျာဉ်ရှိ General Sherman ဖြစ်ပါတယ်။

ဒီဧရာမ sequoia ပင်စည်ကို တိုင်းတာရာမှာ ထုထည် ၅၂,၅၀၀ ကုဗပေခန့်ရှိပြီး အမြင့်ပေ ၂၇၄.၉ ပေ ရှည်လျားပါတယ်။

ကမ္ဘာ့အကြီးမားဆုံး ကျောရိုးမဲ့သတ္တဝါ – ဧရာမပြည်ကြီးငါး

ဧရာမပြည်ကြီးငါးတွေဟာ အရွယ်အစားကြီးလာချိန်မှာ သဘာဝတရားရဲ့ အံ့သြဖွယ်အရာတွေကို ချိုးနှက်ပြခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး ပြည်ကြီးငါး မျိုးစိတ်ဖြစ်သလို ကမ္ဘာပေါ်က အကြီးဆုံး ကျောရိုးမဲ့သတ္တဝါလည်းဖြစ်တဲ့ သူတို့ဟာ အလေးချိန် ပေါင် ၁,၀၀၀ ခန့်အထိ ရှည်နိုင်ပြီး ပေ ၃၀ အထိ ကြီးထွားနိုင်ပါတယ်။

ကမ္ဘာ့အမြင့်ဆုံး မြေတိရစ္ဆာန် – သစ်ကုလားအုတ်

သစ်ကုလားအုတ်တွေကို ကမ္ဘာ့အရပ်အရှည်ဆုံး နို့တိုက်သတ္တဝါတွေအဖြစ် ခွဲခြားသိမြင်နိုင်ပြီး ပါးလွှာတဲ့ ခြေထောက်တို့နဲ့ လည်ပင်းရှည်တို့ကြောင့် ကမ္ဘာ့အရပ်အရှည်ဆုံး နို့တိုက်သတ္တဝါအဖြစ် ထင်ရှားစေပါတယ်။

သူ့ခြေထောက်တွေနဲ့တင် လူများစွာထက် ပိုမြင့်မားနေပြီး သစ်ကုလားအုတ်တစ်ကောင်ဟာ အမြင့် ၁၉ ပေအထိ ကြီးထွားနိုင်ပြီး အလေးချိန် ၂,၈၀၀ ပေါင်အထိ ရှိနိုင်ပေမဲ့ တစ်နာရီကို ၃၅ မိုင်နှုန်းအထိ အမြန်ပြေးနိုင်ကြပါတယ်။

ကမ္ဘာ့အကြီးဆုံး တွားသွားသတ္တဝါ – မိကျောင်း

ရေငန်မိကျောင်းတွေဟာ ကမ္ဘာ့အကြီးမားဆုံး သက်ရှိ တွားသွားသတ္တဝါများအပြင် ကမ္ဘာပေါ်က အကြီးဆုံး ကုန်းနေနဲ့ ကမ်းရိုးတန်း သားကောင်များအဖြစ် အရှည် ၂၂ ပေအထိရှိပြီး ကိုယ်အလေးချိန် ပေါင် ၄၄၀၀ ဝန်းကျင်ရှိပါတယ်။

ကျွဲ၊ မျောက်များ၊ တောဝက်နဲ့ ငါးမန်းများ အပါအဝင် သူတို့ရဲ့ နယ်မြေအတွင်းသို့ ဝင်ရောက်လာတဲ့ ဘယ်အရာကိုမဆို ကျက်စားမှာဖြစ်ပါတယ်။

သူတို့ရဲ့ အမြီးတွေရဲ့ စွမ်းအားဖြင့် ရေထဲမှ ပြင်းထန်စွာ ပေါက်ကွဲနိုင်ပြီး သားကောင်ကို ဖမ်းယူကာ ရေနစ်သည်အထိ ဆွဲယူနိုင်ပါတယ်။

ကမ္ဘာ့အကြီးမားဆုံး ငှက် – ငှက်ကုလားအုတ်

ငှက်ကုလားတွေဟာ ပေါင် ၃၅၀ အလေးချိန်ရှိပြီး အမြင့် ၉ ပေရှိတဲ့ ကမ္ဘာပေါ်က အကြီးမားဆုံး ငှက်မျိုးစိတ်ဖြစ်ကြပါတယ်။

မပျံသန်းနိုင်ပေမယ့် သူတို့ဟာ တစ်နာရီကို ၄၃ မိုင်နှုန်းအထိ ပြေးနိုင်တဲ့ အံ့ဖွယ်သက်ရှိတွေ ဖြစ်ကြပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *