ကမ္ဘာ့ သက်တမ်းအရှည်ကြာဆုံး နိုင်ငံများ

ကမ္ဘာ့ သက်တမ်းအရှည်ကြာဆုံး နိုင်ငံများ

သက်ရှိ လူသားများသည် လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာကပင် ဤကမ္ဘာမြေပေါ်တွင် စတင်ဖြစ်ထွန်းခဲ့သော်လည်း လူသားများ၏ သက်တမ်းနှင့် ယှဉ်ပါက လူသားများ၏ အစောဆုံး ယဉ်ကျေးမှု သည် မကြာမီကမှ ထွန်းကားခဲ့သညဟု ဆိုရပေမည်။

အစောဆုံး လူ့ယဉ်ကျေးမှု အချို့ သည် ခရစ်တော်မပေါ်မီ နှစ် ၆၅၀၀ ဝန်းကျင်တွင် ထွန်းကားခဲ့ပြီး ထိုအချိန်တွင် လူသားများသည် အခြေတကျ နေ ထိုင်ခြင်းဘဲ လှည့်ပတ်မှုကို ရပ်တံ့၍ နေရာတစ်ခုခုတွင် စတင်အခြေချနေထိုင်ခဲ့ကြသည်။

ယင်းသို့ အစောပိုင်း အခြေချနေထိုင်မှုများသည် ကြီးမားသောမြို့ပြများကိုပေါ်ထွန်းစေခဲ့၍ သီခြား နိုင်ငံများ ထူထောင်ရမည့် အယူအဆများကို ဆက်လက်ဖြစ်ပေါ်ခဲ့သည်။

လူ့ယဉ်ကျေးမှု ထွန်းကားပြီးမကြာမီမှာပင် အချို့သော အစောပိုင်းနိုင်ငံများကို ထူထောင်ခဲ့ကြရာ ကမ္ဘာ့ သက်တမ်းအရှည်ကြာဆုံးနိုင်ငံများသည်သက်တမ်း နှစ်ပေါင်း ထောင်ကျော်ရှိခဲ့ကြပြီဖြစ် ပေသည်။

၁။ အီဂျစ်နိုင်ငံ(ခရစ်တော်မပေါ်မီ နှစ် ၃၁၀၀)

ခရစ်တော်မပေါ်မီ နှစ် ၆၀၀၀ က ရှေဟောင်းအီဂျစ်ယဉ်ကျေးမှုအထောက်အထားများကို ခြေရာခံနိုင်ခဲ့သော်လည်း ခရစ်တော်မပေါ်မီ နှစ် ၃၁၀၀ ရောက်မှ အခြေချနေထိုင်ခြင်းမပြုဘဲ အုပ်စုလိုက် လှည့်လည်ကာ သားကောင်များကို အုပ်စုဖွဲ့၍ အမဲလိုက်စားသောက်သည့် ဓလေ့သည် နိုင်းမြစ်ဝှမ်းဒေသတွင် ဖြစ်ထွန်းခဲ့သည်။

ယင်းအချိန်တွင် အီဂျစ် မင်းဆက်များပေါ်ပေါက်ခဲ့သဖြင့် အီဂျစ်နိုင်ငံကို ကမ္ဘာ့ သက် တမ်းအရှည်ဆုံးနိုင်ငံဟု သတ်မှတ်ခဲ့ကြသည်။

၂။ တရုတ်နိုင်ငံ(ခရစ်တော်မပေါ်မီ နှစ် ၂၀၇၀)

တရုတ်နိုင်ငံ၏ ပထမဆုံးမင်းဆက်သည် ခရစ်တော်မပေါ်မီ နှစ် ၂၀၇၀ မှ ၁၆၀၀ အထိ ကြာမြင့်ခဲ့သော Xia မင်းဆက်ဖြစ်ကာ ယင်းခေတ်ကာလတွင် တရုတ်သမိုင်းကို ရေးသားခဲ့သည့် မှတ်တမ်း မရှိသော်လည်း တရုတ်ရာဇဝင်ကျမ်းများဖြစ်သည့် the Bamboo Annals ၊ the Classic of History နှင့် the Records of the Grand Historian တို့တွင် Xia မင်းဆက်အကြောင်းကို ဖော်ပြခဲ့ကြသည်။

Xia နောက်တွင် တက်ခဲ့သည့် Shang မင်းဆက်သည် ခရစ်တော်မပေါ်မီ နှစ် ၁၆၀၀ မှ ၁၀၄၆ ခုနှစ်အထိ ကြာမြင့်ခဲ့သည်။

၃။ အိန္ဒိယနိုင်ငံ (ခရစ်တော်မပေါ်မီ နှစ် ၁၅၀၀)

အိန္ဒိယတိုက် ဒေသအတွင်း၌ လူသားများသည် ခရစ်တော်မပေါ်မီ နှစ် ၃၃၀၀ ဝန်းကျင်မှစ၍ နေထိုင်ခဲ့ကြပြီး အိန္ဒု မြစ်ဝှမ်းယဉ်ကျေးမှု စတင်ပေါ်ထွန်းခဲ့သည်။

ယင်းတို့သည် ကမ္ဘာတွင်ပထမဆုံး သောမြို့ပြယဉ်ကျေးမှုများအနက် တစ်ခုကို ထူထောင်ခဲ့ကြသော်လည်း အိန္ဒိယသည် နိုင်ငံတစ်ခုအဖြစ် ခရစ်တော်မပေါ်မီ နှစ် ၁၅၀၀ မှ ၆၀၀ အတွင်း က Vedic ခေတ်တွင်အစပြုခဲ့သည်။

ယင်းကာလကို ဝေဒခေတ်ဟု ခေါ်တွင်ခဲ့ကြပြီး ဝေဒ သက္ကဋ ဘာသာစကားကို နှုတ်ပြောစကားများဖြင့် အသုံးပြုခဲ့ကြခြင်းသည် ဝေဒ ယဉ်ကျေးမှုထွန်ကားလာရေးအတွက် အထောက်အပံ့ဖြစ်လာခဲ့သည်။

ဝေဒယဉ်ကျေးမှု သည်ပင် ဟိန္ဒူဝါဒကို ပေါ်ထွန်းစေခဲ့ပြီး ဝေဒ ကျမ်းစာများကို မျက်မှောက်ခေတ်တိုင် ဟိန္ဒူဘာသာဝင်များက အလေးအမြတ်ပြုကြကာ အိန္ဒိယတိုက်၏ ယဉ်ကျေးမှုသွင်ပြင်လက္ခဏာများသည် ယနေ့တိုင် ကျန်ရှိနေဆဲဖြစ်ပေသည်။

အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော ဘုရင်များသည် ခရစ်တော်မပေါ်မီ ၁၂၀၀ ပြည်နှစ်မှ Vedic ခေတ်ကုန်ဆုံးချိန်အထိ အုပ်ချုပ်ခဲ့ကြသည်။ထို့နောက် အိန္ဒိယနိုင်ငံတွင်ဟိန္ဒူဝါဒ၊ ဂျိန်းဝါဒနှင့် ဗုဒ္ဓဘာသာတို့ပေါ်ထွန်းခဲ့ပြီး အင်အားကြီးသော မင်းဆက်များပေါ်ထွက်ခဲ့ကာ အိန္ဒိယကို ထောင် စုနှစ် သုံးနှစ် အုပ်ချုပ်ခဲ့ကြသည်။

မျက်မှောက်ခေတ် အိန္ဒိယနိုင်ငံကို ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

၄။ အီသီယိုးပီးယား နိုင်ငံ (ခရစ်တော်မပေါ်မီ နှစ် ၉၈၀)

အီသီယိုးပီးယားနိုင်ငံဝန်းကျင်၌ လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာကပင် လူသားများတည်ရှိခဲ့သည့် အထောက်အထားအဖြစ် လက်ရှိလူသားအဆင့်သို့ ဆင့်ကဲပြောင်းလဲခဲ့သည့် မျောက်ဝံနှင့် တူသော သတ္တဝါ၏ ရုပ်ကြွင်းအပိုင်းအစများကို တွေ့ရှိခဲ့သည်။

ယင်းတို့သည် သက်တမ်း ၃ ဒသမ ၄ သန်းမှ ၂ ဒသမ ၉ သန်းအကြားဖြစ်၍ အီသီယိုးပီးယား နိုင်ငံဒေသ၌ ထိုအချိန်ကပင် လူသားများနှင့်လူ့အဖွဲ့ အစည်း တစ်ခု ပေါ်ပေါက်ခဲ့သည်။

အီသီယိုးပီးယားနယ်မြေ၏ ပထမဆုံးသော ဘုရင်စနစ်သည် ခရစ်တော် မပေါ်မီ နှစ် ၉၈၀ မှ နှစ် ၄၀၀ အတွင်းက ပေါ်ထွန်းခဲ့သော Da’amat ဖြစ်သည်။ယင်းစနစ်အောက်မှပြည်သူများသည် ဆည် မြောင်းတာတမံစီမံကိန်းများ၊ ထွန်ယက်စိုက်ပျိုးခြင်း အတတ်ပညာများအသုံးပြု၍ လူး၊ဆပ်၊ နှံစားပြောင်းစသည့် ကောက်နှံပင်များကိုစိုက်ပျိုးခဲ့ကြသည့်အပြင် သံလက်နက်ကိရီယာများကို ထုတ်လုပ်နိုင်ခဲ့ကြ သည်။

Da’ammat ဘုရင်စနစ်ကျဆုံးခဲ့ပြီးနောက် Aksumite ဘုရင်မင်းဆက်က ခရစ်နှစ် ၁၀၀ မှ ၉၈၀ အထိ အာဏာရရှိခဲ့ပြီးနောက် Zagwe မင်းဆက်နှင့် Solomonic မင်းဆက်များက အီသီယိုးပီးယားကို ဆက်လက် အုပ်ချုပ် ခဲ့ကြသည်။

အီသီယိုးပီးယားနိုင်ငံကို ယင်းအချိန်မှစ၍ ၁၉၇၄ ခုနှစ်အထိ ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခဲ့ကာ အာဖရိကတိုက်တွင် အနောက်နိုင်ငံများ၏ ကိုလိုနီပြုခြင်းကို မခံရသည့် တစ်ခုတည်းသော နိုင်ငံဖြစ်လာခဲ့ပေသည်။သို့သော် အီတလီတို့က အီသီယိုးပီးယားနိုင်ငံကို ၁၉၃၆ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ သိမ်းပိုက်ခဲ့သည်။

၅။ ဂရိ နိုင်ငံ (ခရစ်တော်မပေါ်မီ နှစ် ၈၀၀)

ဂရိနိုင်ငံ၏ အလွန်ရှေးကျသော ခေတ်ကာလသည် ဂန္ထဝင်ဂရိခေတ်ဖြစ်၍ ယင်းခေတ်သည်ဂရိနိုင်ငံ၏ ခေတ်မီ အနောက်ပိုင်းယဉ်ကျေးမှုကို ဖြစ်ထွန်းစေခဲ့သည့် အထင်ရှားဆုံး ကာလ ဖြစ်သည်။

ဂရိ သမိုင်းတွင် ယင်းကာလသည် ဂရိအမှောင်ခေတ်များမှ ထွက်မြောက်ခဲ့သော ခရစ်တော်မပေါ်မီ နှစ် ၈၀၀ ဝန်းကျင်ဖြစ်၍ ယင်းကာလမှာပင် အနုပညာ၊ ကဗျာရေးသီမှု နှင့် နည်းပညာများ တိုးတက်ခဲ့သည်။

သို့သော် ဂရိသမိုင်း တွင်အရေးအကြီးဆုံး အချက်သည် ယင်းကာလ၌ မြို့ပြနိုင်ငံများ ထူထောင်ခဲ့ခြင်းဖြစ်သည်။

ဂရိ ရှေးဟောင်းမြို့ပြများသည် ဂရိနိုင်ငံ၏ နိုင်ငံရေးစနစ် ကို နှစ်ရာပေါင်းများစွာ ပုံပေါ်စေ ခဲ့သည်။ယင်းခေတ်ကာလ မှာပင် ဂရိစာပေ အက္ခရာများကိုတီထွင်ခဲ့ကာ ဒီမိုကရေစီစနစ် ပုံစံများ အစောဆုံး ဖြစ်ထွန်းတိုးတက်ခဲ့သည်။

ရှေးဟောင်းဂရိနိုင်ငံနောက်ပိုင်းတွင် ရောမဂရိ၊ ဘိုင်ဇင်တိုင်းဂရိ၊ အော်တိုမန်ဂရိ နိုင်ငံတို့ပေါ်ထွန်းခဲ့ပြီး ၁၈၂၁ ခုနှစ်တွင်ဂရိတော်လှန်ပြီးဖြစ်ပွားပြီး လက်ရှိ ဂရိနိုင်ငံတော် ပေါ်ထွန်းခဲ့သည်။

၆။ ဂျပန်နိုင်ငံ (ခရစ်တော်မပေါ်မီ နှစ် ၆၆၀)

ခရစ်တော်မပေါ်မီ နှစ် ၆၆၀ တွင် ဂျပန်အင်ပါယာ၏ ပထမဆုံးဧကရာဇ် Jimmu နန်းတက်ကာ ဂျပန်ဘုရင့်နိုင်ငံတော်ကို ထူထောင်ခဲ့သည်။ Jimmu သည် ဂျပန်နိုင်ငံ၏ ဒဏ္ဍာရီဆန်သော ဧကရာဇ် ဖြစ်ပြီး ဂျပန်လူမျိုးများက Jimmu ကို နေနတ်သမီး Amaterasu မှ ဆင်းသက်လာသူဟု ယုံကြည်ကြသည်။

ဂျပန်နိုင်ငံ၏ အစောပိုင်းရာဇဝင်ကျမ်းနှစ်စောင်ဖြစ်သည့် Kojiki နှင့် Nihon Shoki တို့ အဆိုအရ ဂျပန်နိုင်ငံ၏ ပထမဆုံး ဧကရာဇ်သည် Jimmu ဖြစ်သည်။

Jimmu ၏ နောက်တွင်ဆက်ခံခဲ့သည့် ဂျပန်နိုင်ငံ၏ အစောဆုံး ဧကရာဇ်များသည် အမှန်တကယ် အုပ်ချုပ်ခဲ့ကြောင်း ခိုင်လုံသော အထောက်အထားများမတွေ့သေးသဖြင့် ဒဏ္ဍာရီဆန်နေခဲ့ပေ သည်။

သမိုင်းပညာရှင်များက ယင်းဧကရာဇ်များ ရှိခဲ့ခြင်း ဟုတ်မဟုတ် ခိုင်မာစွာမပြောနိုင်ကြဘဲ ခရစ်တော်မပေါ်မီ နှစ် ၁၃၀၀၀ တွင် အာရှကုန်းမြေမှ လူသားများသည် ဂျပန်နယ်မြေသို့ ရောက်ရှိလာကြောင်းကိုမူ သိရှိခဲ့ကြသည်။

ဂျပန်နိုင်ငံ၏ အစောဆုံး မှတ်တမ်းတင်ခဲ့သည့် သမိုင်းသည် ခရစ်နှစ် ၂၅၀ မှ ၅၃၈ ခုနှစ်အတွင်း ထွန်းကားခဲ့သည့် Kofun ခေတ်ဖြစ်သည်။ ဂျပန်ဧကရာဇ် Jimmu ၏ ဇာတ်လမ်းသည် နှုတ်ပြော ရာဇဝင်ဖြစ်ဖွယ်ရှိသော်လည်း ဂျပန်နိုင်ငံသည် Jimmu နန်းတက်ခဲ့သည်ဟု ဆိုသည့် ခရစ်တော်မပေါ်မီ နှစ် ၆၆၀ ဖေဖော်ဝါရီလ ၁၁ ရက်ကို ရည်ညွှန်းလျက် ဖေဖော်ဝါရီလ ၁၁ ရက်တွင် ဂျပန်နိုင်ငံအမျိုးသားနေ့ကိုကျင်းပလေ့ရှိသည်။

၇။ အီရန်နိုင်ငံ(ခရစ်တော်မပေါ်မီ နှစ် ၅၅၀)

၁၉၃၅ ခုနှစ်အထိ အနောက်တိုင်းသားများက ပါရှန်ဟုသိရှိခဲ့သည့် ရှေးဟောင်းအီရန်နိုင်ငံကို Achaemenid အင်ပါယာအောက်တွင် ခရစ်တော်မပေါ်မီ နှစ် ၅၅၀ က တည်ထောင်ခဲ့သည်။

ပါရှန် အင်ပါယာ မထွန်းကားမီက အီရန်နိုင်ငံဖြစ်လာမည့်နေရာ၌ Elamites မျိုးနွယ်စုများအပါအဝင် လူအုပ်စုများစွာနေထိုင်ခဲ့ကြသည်။ယင်းတို့သည် အီရန် ယဉ်ကျေးမှု အကြိုကာလတွင် လက်ရှိ အီရန် နှင့် မီးဒီဒစ်တို့မှ ဝေးကွာသော အနောက်ဘက်နှင့် အနောက်တောင်ဘက် ဒေသများ၌ အခြေချနေထိုင်ခဲ့ကြကာ ပါရှန်ခေတ် မရောက်မီ အချိန်အထိ အီရန်ဒေသ အများစုကို ထိန်းချုပ်ခဲ့ကြသည်။

Cyrus the Great ဟု ထင်ရှားသည့် Cyrus II သည် ခရစ်တော်မပေါ်မီ နှစ် ၅၅၀ တွင် Median ၊ Lydian နှင့် Babylonian အင်ပါယာများကို အောင်နိုင်ခဲ့ပြီး ပါရှန်အင်ပါယာကို ထူထောင်ကာ အီရန်ဒေသကို ထိန်းချုပ်ခဲ့သည်။

Achaemenid အင်ပါယာ ဧကရာဇ်များသည် ခရစ်တော် မပေါ်မီ နှစ် ၃၃၀ တွင် ပါရှန်အင်ပါယာကို Alexander the Great အနိုင်မယူမီ အချိန်အထိ အုပ်ချုပ်ခဲ့ကြသည်။ မျက်မှောက်ခေတ် အီရန်နိုင်ငံကို ၁၉၇၉ ခုနှစ်တွင် အီရန်တော်လှန်ရေးဖြစ်ပွားခဲ့ပြီး ဘုရင်စနစ်ကျဆုံးခဲ့ပြီး အစ္စလာမ်သမ္မတနိုင်ငံအဖြစ် တည်ထောင်ခဲ့သည်။

မူရင်းရေးသားသူ-ကောင်းစည်သူ၊သုတစွယ်စုံမဂ္ဂဇင်း

Leave a Reply

Your email address will not be published.