ယနေ့ထိတိုင် အငြင်းပွားမှုတွေရှိနေဆဲဖြစ်တဲ့ အာရှတိုက်ရဲ့ စက်ဆုပ်ဖွယ်ရာ နှင်းလူသား Yeti ရဲ့ ဖြစ်တည်မှု
တစ်ချိန်က စက်ဆုပ်ရွံရှာဖွယ်ကောင်းသော နှင်းလူသားလို့ လူသိများတဲ့ Yeti ဆိုတဲ့ သတ္တဝါကြီးဟာ အာရှရဲ့ အမြင့်မားဆုံးသော တောင်တန်းတွေပေါ်မှာ နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီကောင်ကြီးဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ နှင်းသတ္တဝါကြီးအဖြစ် လူသိများပြီး တခါတရံ ဆီးနှင်းတွေထက်မှာ ခြေရာကြီးတွေ ချန်ထားခဲ့ကြသလို ဟိမဝန္တာ နှင်းမျဉ်းများအောက်မှာလည်း နေထိုင်ခဲ့ကြတယ်လို့ ဆိုကြပါတယ်။
ရုရှား၊ တရုတ်နဲ့ နီပေါနိုင်ငံတို့ရဲ့ ဝေးလံခေါင်သီသော တောင်တန်းဒေသတွေမှာ ဒါဇင်နှင့်ချီပြှး စူးစမ်းလေ့လာမှုများစွာ ပြုလုပ်ခဲ့သော်လည်း Yeti ရဲ့ တည်ရှိမှုမှာ ယနေ့ချိန်ထိတိုင် အပြင်းပွားမှုတွေ ရှိနေကြဆဲပါပဲ။
Yeti တွေဟ အကောင်ကြီး သတ္တဝါမျိုးတွေဖြစ်ပြီး မီးခိုးရောင် သို့မဟုတ် နီညိုရောင် အမွှေးများဖြင့် ဖုံးအုပ်ထားကြတဲ့ ပုံစံမျိုးရှိတယ်လို့ ဆိုကြသလို အလေးချိန်မှာလည်း ပေါင် ၂၀၀ မှ ၄၀၀ ကြား ရှိပါတယ်။
Yeti တစ်ကောင်ရဲ့ အရပ်အမြင့်ဟာ ပျမ်းမျှ ၆ ပေခန့်ရှိပါတယ်။ ဖော်ပြထားတာကတော့ အဖော်ပြခံခဲ့ရဆုံး ပုံစံမျိုးဖြစ်ပြီး Yetis တွေဟာ ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ရောက်ရှိလာတတ်ပါသေးတယ်။
ရေတီ (Yeti) ရဲ့ သမိုင်းကြောင်း
Yeti တို့ဟာ ဟိမဝန္တာ လူမျိုးများရဲ့ ရှေးဒဏ္ဍာရီများနဲ့ ရိုးရာပုံပြင်များထဲက ဇစ်မြစ်စပါတယ်။ ဒဏ္ဍာရီ အများစုမှာ Yeti တို့ဟာ ကြောက်မက်ဖွယ်ရာကောင်းပြီး အန္တရာယ်ပေးနိုင်ခြင်းဆိုတာကို ကိုယ်စားပြုပါတယ်။
ပုံပြင်များမှာတော့ ကိုယ်ကျင့်တရား ကောင်းမွန်စေဖို့နံ့ အန္တရာယ်ရှိသော တောရိုင်းတိရိစ္ဆာန်များကို ရှောင်ရှားရန်နဲ့ ရပ်ရွာအတွင်း လုံခြုံစွာနေထိုင်ရန် သတိပေးချက်တစ်ခုအနေနဲ့ Yeti ကောင်ကို ထည့်သွင်းပုံဖော်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဘီစီ ၃၂၆ လောက်မှာ အလက်ဇန်းဒါးဘုရင်က Indus တောင်ကြားကို သိမ်းပိုက်ခဲ့ရာမှာ Yeti ကောင်ကြီးကို တွေ့ဆုံဖို့ အလိုရှိခဲ့ပေမဲ့ ဒေသခံပြည်သူတွေကတော့ ထိုသတ္တဝါကြီးတွေက မြင့်မားလှတဲ့ အခုလိုဒေသမျိုးမှာ မရှင်သန်နိုင်ကြောင်း ငြင်းဆန်ခဲ့ကြဖူးပါတယ်။
မျက်မှောက်ခေတ်မှာတော့ အနောက်တိုင်းသားတို့ဟာ ဟိမဝန္တာတောင်တန်းများသို့ ခရီးထွက်လာကြရာမှာ ဒဏ္ဍာရီလာ အကောင်ကြီးဟာလည်း စိတ်ကူးယဥ်ဆန်စွာနဲ့ ပိုပြီး အသက်ဝင်လာခဲ့ပါတယ်။
၁၉၂၁ ခုနှစ်တွင် ဟင်နရီနယူးမန်း အမည်ရှိ ဂျာနယ်လစ်တစ်ဦးက ဧဝရတ်တောင်သို့ လေ့လာရေးခရီးမှ ပြန်လာခဲ့တဲ့ ဗြိတိသျှ စူးစမ်းလေ့လာသူတစ်စုကို တွေ့ဆုံမေးမြန်းခဲ့ရာမှာ စူးစမ်းရှာဖွေသူတို့က သက်သေအထောက်အထားတွေကို ပြသခဲ့ကြပါတယ်။
အဆိုပါအုပ်စုရဲ့ လမ်းပြများက “metoh-kangmi” လို့ သတ်မှတ်ခဲ့တဲ့ တောင်ပေါ်ရှိ အလွန်ကြီးမားသော ခြေရာအချို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းထောက်အား ပြောကြားခဲ့ပါတယ်။
အဲဒီကတစ်ဆင့် Newman ဟာ “snowman” အပိုင်းကို မှန်ကန်ခဲ့ပေမဲ့လည်း “metoh” ကို “filthy” အဖြစ် လွဲမှားစွာ ဘာသာပြန်ခဲ့ပြီးနောက် သူဟာ “abominable” ရွံရှာဖွယ်ကောင်းခြင်းလို့ ယူဆကာ ဆောင်းပါးထဲမှာ abominable snowman (ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော နှင်းလူ) ဆိုတဲ့ အမည်ကို အသုံးပြုခဲ့ပါတယ်။
ဒီလိုနဲ့ Yeti ရဲ့ ဒဏ္ဍာရီတစ်ခု မွေးဖွားလာခဲ့ပါတယ်။ အဲဒီဆောင်းပါးက သုတေသနစာတမ်းမှာ တောင်တက်သမား နှစ်ဦးက “သူတို့အောက် တစ်မိုင် လေးပုံတစ်ပုံလောက်မှာ နှင်းဖုံးလွှမ်းနေတဲ့ ကြောက်မယ်ဖွယ် သတ္တဝါနှစ်ကောင်ကို မြင်ခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။
အသေးစိတ် ဖော်ပြချက်မှာ အရပ်က ၈ ပေထက်မနည်း မြင့်မားပြီး ဦးခေါင်းတွေက စတုရန်းပုံလို ခပ်ဆင်ဆင်ဖြစ်ပြီး နားရွက်တွေကလည်း ဦးခေါင်းခွံနဲ့ နီးကပ်နေပါတယ်။ ပခုံးတွေကလည်း အလွန်အားကောင်းမောင်းသန်ပြီး ရင်ဘတ်ဆီသို့ လျှောဆင်းသွားပါတယ်။
အညိုရောင် အမွေးအမှင်များဖြင့် ဖုံးလွှမ်းနေပြီး ဖြောင့်စင်းရှည်လျားသော အမွေးများဖြင့် တစ်ကိုယ်လုံးကို အမွေးရှည်တွေနဲ့ ဖုံးထားပေမယ့် မျက်နှာနဲ့ ရင်ဘတ်ကတော့ လုံးဝ အမွေးတွေ မရှိပါဘူးလို့ ဖော်ပြခဲ့ပါတယ်။
ဒီမြင်ကွင်းတွေဟာ အစစ်အမှန် ဟုတ်၊ မဟုတ် မရှင်းလင်းနိုင်ခဲ့ပေမဲ့ နီပေါနဲ့ တိဗက်တွင် လအတန်ကြာ နေထိုင်ခဲ့တဲ့ ဂန္တဝင်တောင်တက်သမား Reinhold Messner ကတော့ ဝက်ဝံကြီးများရဲ့ ခြေရာတွေကို Yeti အတွက် မကြာခဏ လွဲမှားနေကြောင်း ကောက်ချက်ချခဲ့ပါတယ်။
ဒါပေမဲ့ ဒီလူဟာ တကယ့် Yeti အစစ်နဲ့ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ဖူးခဲ့ကြောင်း အခိုင်အမာ ဆိုထားခဲ့ပါတယ်။
၁၉၈၆ ခုနှစ် မတ်လမှာလည်း ဟိမဝန္တာတောင်တန်းမှ တောင်တက်သမား Anthony Wooldridge က ပေ ၅၀၀ အကွာ တောင်ကြောတစ်ခုအနီး နှင်းထဲမှာ Yeti ရပ်နေတာကို မြင်တွေ့ခဲ့ကြောင်း အခိုင်အမာ ဆိုခဲ့ပြန်ပါတယ်။
သူမြင်တွေ့ခဲ့ရတဲ့ Yeti ကောင်ကြီးဟာ မလှုပ်မရှား သို့မဟုတ် ဆူညံခြင်းမရှိသော်လည်း Wooldridge က အဆိုပါနေရာကို ဦးတည်ခဲ့ချိန်မှာတော့ နှင်းထဲမှာ ထူးဆန်းတဲ့ လမ်းကြောင်းတွေကို မြင်တွေ့ခဲ့ရပါတယ်။
အဲဒီနောက် သူက နောက်ပိုင်းမှာ ခွဲခြမ်းစိတ်ဖြာပြီး စစ်မှန်ကြောင်း သက်သေပြနိုင်တဲ့ သတ္တဝါကြီးရဲ့ ဓာတ်ပုံနှစ်ပုံကို အရဖမ်းမိခဲ့ပါတယ်။
သူအပါအဝင် အခြားသော တောင်တက်သမားတွေကလည်း Yeti တစ်ကောင်ရဲ့ ရှင်းလင်းသော အထောက်အထားအဖြစ် ဓာတ်ပုံထဲမှာ ဖမ်းမိခဲ့ကြပါတော့တယ်။
ဒီအထောက်အထားတွေနဲ့ ပတ်သက်ပြီး ခန္ဓာဗေဒပညာရှင်နဲ့ မနုဿဗေဒပညာရှင်တစ်ယောက်က ဒေသတွင်းက သူ့ရဲ့ ရင့်ကျက်နေပြီဖြစ်တဲ့ တောင်တက်အတွေ့အကြုံကြောင့် Wooldridge အနေနဲ့ အမှားလုပ်မိနိုင်ဖွယ်မရှိလို့ ယူဆပြီး လူအများကလည်း Yeti ရဲ့ ဖြစ်တည်မှုကို ယုံကြည်လာခဲ့ကြပါတော့တယ်။
ဒါပေမဲ့ အဲဒီခေတ်က နှင်းတောထဲက ဓာတ်ပုံတစ်ပုံရဲ့ အရည်အသွေးဟာ ဘယ်အတိုင်းအတာအထိ ကြည်လင်ပြတ်သားနိုင်မှာဖြစ်ကြောင်း ခေတ်သစ်ပညာရှင်တွေက ပြန်ပြီး ပိုင်းခြားထောက်ပြခဲ့ကြပါတယ်။
Yeti တကယ် ရှိ၊ မရှိ
Yetiအတွက် အထောက်အထား အများစုဟာ မျက်မြင်တွေ့ရှိမှုနှင့် အစီရင်ခံစာများမှ ပေါ်ပေါက်လာပါတယ်။
Yeti ရဲ့ တည်ရှိမှုအတွက် နှစ်များတစ်လျှောက် အထောက်အထား အနည်းငယ် ထွက်ပေါ်လာလေ့ရှိပေမဲ့ ခိုင်မာလှတဲ့ ထောက်အထားမျိုးတွေတော့ မဟုတ်ခဲ့ပါဘူး။
၁၉၆၀ ခုနှစ်က ဧဝရတ်တောင်ကို တိုင်းတာနိုင်ခဲ့တဲ့ ပထမဆုံး လူသား ဆာအက်ဒ်မန်ဟီလာရီဟာ Yeti ရဲ့ ဦးရေပြား အထောက်အထားကို ရှာဖွေနိုင်ခဲ့တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပေမဲ့ အမှန်တကယ်မှာတော့ ဆိတ်နဲ့ဆင်တူတဲ့ ဟိမဝန္တာတိရစ္ဆာန်လို့ နောက်ပိုင်းမှာ သိပ္ပံပညာရှင်တို့က ဆုံးဖြတ်ခဲ့ကြပါတယ်။
၂၀၀၇ ခုနှစ်ကလည်း အမေရိကန် တီဗီရှိုး အစီအစဉ်တင်ဆက်သူ Josh Gates က ဟိမဝန္တာ တောင်တန်းများအနီး နှင်းများထဲမှာ လျှို့ဝှက်ဆန်းကြယ်သော ခြေရာ ၃ ခုကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၀ မှာလည်း တရုတ်နိုင်ငံရှိ မုဆိုးများဟာ Yeti လို့ ခေါ်တဲ့ ထူးဆန်းသောတိရစ္ဆာန်တစ်ကောင်ကို ဖမ်းမိခဲ့ပါတယ်။
အမွှေးမရှိ၊ ခြေလေးချောင်းရှိတဲ့ ဒီလျှို့ဝှက်ဆန်းကြယ်သော တိရစ္ဆာန်ဟာ Yeti နဲ့ နီးစပ်တဲ့ အသွင်အပြင်များရှိကြောင်း ကနဦးက ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ နောက်ဆုံးမှာတော့ ရောဂါကြောင့် အမွေးပြတ်သွားတဲ့ ကြောင်မျိုးစိတ်မျိုးနဲ့ ပိုပြီး အလားသဏ္ဍာန်တူကြောင်းတိရစ္ဆာန်ငယ်လေးအဖြစ် ပြန်လည်သတ်မှတ်ခဲ့ကြပါတယ်။
နီပေါနိုင်ငံရှိ လေးစားကြည်ညိုခံ ဘုန်းကြီးကျောင်းတစ်ကျောင်းကလည်း တစ်ချိန်က Yeti ရဲ့ လက်တစ်ချောင်းလို့ဆိုကဟ ၂၀၁၁ ခုနှစ်မှာ Edinburgh တိရစ္ဆာန်ရုံကို နမူနာပေးပို့ပြီး စမ်းသပ်စစ်ဆေးစေခဲ့ပါတယ်။
အဆိုပါလက်ချောင်းဟာ လူ့လက်ချောင်းဖြစ်ကြောင်း DNA ခွဲခြမ်းစိတ်ဖြာမှုမှ သက်သေမပြမချင်း Yeti ရဲ့လက်ချောင်းလို့ ယုံကြည်သူများအကြား ဆယ်စုနှစ်များစွာ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။
တကယ်တမ်းတော့ ဒီလက်က ဘုန်းကြီးအလောင်းတစ်ခုက ပေါ်ပေါက်လာတယ်လို့ သံ့သယရှိခဲ့ကြပါတယ်။
အခုလိုမျိုး ဆယ်စုနှစ်များစွာ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြပေမဲ့ ခိုင်မာတဲ့ အထောက်အထား မရှိခြင်းဟာလည်း စစ်မှန်ကြောင်း ယုံကြည်သူများကို ဟန့်တားနိုင်ခဲ့ခြင်း မရှိပါဘူး။
ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါများကို မတွေ့ရသေးတာက သူတို့ မတည်ရှိပါကြောင်း ယူဆနိုင်သလို မည်မျှ ရှားပါးကြောင်းလည်း ယူဆလို့ရနေပြန်ပြီး Yeti တည်ရှိခြင်းဟာလည်း အခိုင်အမာ သက်သေမပြနိုင်သေးပေမဲ့ မရှိကြောင်းလည်း သက်သေပြနိုင်ခဲ့ခြင်း မရှိသေးပါဘူး။
ဒါကြောင့် Yeti လို တိရစ္ဆာန်များဟာ စစ်မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ ကျွန်တော်တို့နဲ့အတူ အမြဲရှိနေနိုင်ဖွယ်လည်း ရှိနေပြန်ပါတယ်။
Knight News Team
Knight News © 2022