သေပြီးသွားရင်တောင် အသက်ဆက်ရှင်နေနိုင်ဆဲဖြစ်တဲ့ သက်ရှိမျိုးစိတ်

သေပြီးသွားရင်တောင် အသက်ဆက်ရှင်နေနိုင်ဆဲဖြစ်တဲ့ သက်ရှိမျိုးစိတ်

သက်ရှိတိုင်းကတော့ တစ်ခါသေပြီးရင် သူတို့ရဲ့ဘဝက ပြီးမြောက်သွားပါပြီ။ နောက်တစ်ကြိမ်၊ နောက်တစ်ဘဝဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါဟာလည်း သဘာဝတရားရဲ့ အလိုကျပါပဲ။

ဒါပေမဲ့ သက်ရှိမျိုးစိတ်တွေထဲမှာ တစ်ခါသေပြီးပေမဲ့ နောက်တစ်ကြိမ် နောက်တစ်ဘဝနဲ့ အသက်ရှင်နိုင်တဲ့ မျိုးစိတ်တစ်ခုရှိပါတယ်။ ဒီမျိုးစိတ်ကတော့ ငါးမျိုးစိတ်ဖြစ်ပြီး ဆယ်လမွန်ငါးတွေ ဖြစ်ကြပါတယ်။

ပစိဖိတ် ဆယ်လမွန်တွေရဲ့ ကံကြမ္မာဟာ မွေးဖွားချိန်ကစလို့ နာရီလက်တံလို ရွေ့လျားနေပြီး နှစ်စဉ် မျိုးဆက်သစ်များဟာ ပင်လယ်မှ သားပေါက်ရန် ပြန်လာကြပါတယ်။ အဲဒီနောက် သေခြင်းတရားကို ရင်ဆိုင်ကြရတယ်။

ပစိဖိတ် ဆယ်လမွန်ငါးတွေက တစ်သက်မှာ တစ်ကြိမ်သာ သားပေါက်ကြပါတယ်။ နောက်ဆုံးခရီးအဖြစ် အိမ်ကိုပြန်ကြတဲ့အခါ သူတို့ရဲ့ စွဲမက်ဖွယ်ရာကောင်းသော ငွေရောင်ကိုယ်ထည်ဟာ နီမြန်းတဲ့ အရေပြားတွေအဖြစ် ပြောင်းလဲသွားကြပါတယ်။

ဒါဟာ သူတို့ရဲ့ ကြွက်သားများနဲ့ အသည်းများမှာ သိုလှောင်ထားတဲ့ အဆီများကို မျိုးပွားချိန်ရောက်တဲ့အခါ အကုန်သုံးစွဲလိုက်လို့ဖြစ်ပါတယ်။ ဒီအဆီတွေကပဲ ဆယ်လမွန်ငါးတွေကို အရသာရှိစေတာပါ။

သူတို့ဟာ ရေခဲနဲ့ နွေဦး ရေလျှံမှုဒဏ်တို့ကို ခံနိုင်ရည်ရှိစေမယ့် နက်နဲသော အသိုက်များပြုလုပ်ရန် မျှော်လင့်ချက်တွေနဲ့ သူတို့အမြီးတွေကို ကျောက်စရစ်ထဲသို့ ထိုးကြိတ်ကြပါတယ်။

အထီးများကလည်း သူတို့အချင်းချင်း တိုက်ခိုက်ရာမှာ အသုံးပြုကြတဲ့ အံသွားများ ကြီးထွားရန်နဲ့ ပါးရိုးအပေါ်ပိုင်းကို သန်မာစေရန်အတွက် နေထိုင်ရာအသိုက်တွေကို ထိုးကြိတ်လေ့ရှိကြပါတယ်။

သူတို့ရဲ့ သက်တမ်း ကုန်ဆုံးခါနီးမှာ ကြုံတွေ့ရတဲ့ ပြောင်းလဲမှုများဟာ အတွင်းအင်္ဂါများ ကျယ်ကျယ်ပြန့်ပြန့် ယိုယွင်းပျက်စီးခြင်း အပါအဝင် စနစ်တစ်ခုလုံးဟာ နက်နဲမှုရှိပြီး ကျယ်ပြန့်လှတဲ့ အံ့အားသင့်ဖွယ် အသွင်ကူးပြောင်းမှုကို ဖြစ်ပေါ်စေပါတယ်။

အဲဲဒီအတွေ့အကြုံတွေ အကုန်ကြုံတွေ့ပြီး ခန္ဓာကိုယ်က အနီရောင်ကို ကူးပြောင်းပြီးတဲ့အခါ သူတို့ရဲ့ ကံကြမ္မာလည်း အဆုံးသတ်သွားပါတော့တယ်။ပျမ်းမျှ ရက်အနည်းငယ်အထိပဲခံနိုင်ကြပြီး အကြာဆုံး ရက်သတ္တပတ် အနည်းငယ်ထိပါပဲ။

အဲဒီအချိန်မှာ သူတို့ဟာ အသေကောင်တွေဖြစ်သွားကြပါပြီ။ အသေကောင်ဖြစ်တဲ့ ငါးတစ်ကောင်ဟာ အသားတုံး၊ အသားခဲကြီးတွေ ပျောက်ဆုံးသွားပါတယ်။ ဆိုးဆိုးရွားရွား ဆွေးမြေ့သွားသလို မျက်စိလည်း မရှိတော့ပါဘူး။

ဒါပေမယ့် သဘာဝတရားကတော့ ဒီအခြေအနေနဲ့ ဆယ်လမွန်ငါးတွေကို နောက်တစ်ကြိမ် ဘဝပြန်စဖို့ အခွင့်အရေးပေးလိုက်ပါတယ်။

သူတို့တွေ သားပေါက်ဖို့ နောက်ဆုံးအခွင့်အရေးကို သေပြီးတဲ့ ခန္ဓာကိုယ်ကြီးနဲ့ အရယူလိုက်ကြပါတယ်။ ဒီကောင်တွေကို ဖုတ်ကောင် ဆယ်လမွန်ငါးတွေလို့ ခေါ်ပါတယ်။

သေပြီး နောက်ဘဝ

သူတို့ အသက်ရှင်နေချိန်မှာ အစုလိုက်အပြုံလိုက် အစာရှာကြသလိုပဲ၊ ဆယ်လမွန်ဟာ သူတို့ သေပြီးပြီးချင်းမှာလည်း အသက်ဆက်ပေးပါတယ်။

ဝက်ဝံများအတွက် အစာ၊ တံငါသည်တို့အတွက် ပိုက်ဆံ အရှာပေးနိုင်ဆုံး ငါးတွေလည်း ဖြစ်ပါတယ်။

နှုတ်သီးနဲ့ အစာစားတဲ့ကောင်တွေအတွက် အရသာရှိတဲ့ မုန့်ညက်များဖြစ်တဲ့ ငါးရဲ့ မျက်လုံးတွေကတော့ ပထမဆုံးအကြိမ် အစားခံရလေ့ရှိပါတယ်။

အသေကောင်များ ရှိနေတဲ့နေရာပေါ် မူတည်ပြီး သူတို့ဟာ ယင်ကောင်များနဲ့ အခြားသော အင်းစက်ပိုးမွှားတွေရဲ့ အစာလည်း ဖြစ်သွားကြပါတယ်။

ကံကြမ္မာ အလှည့်အပြောင်းတစ်ခုမှာပဲ ဒီအသေကောင်တွေကို စားခဲ့တဲ့ အင်းဆက်တွေကပဲ ကျောက်စရစ်တွေအောက်မှာ ပေါက်ဖွားလာတဲ့ မျိုးဆက်သစ် ဆယ်လမွန်ငါးတွေရဲ့ အစာဖြစ်သွားပါတော့တယ်။

ပြုတ်ကျလာတဲ့ သစ်ပင်၊ အကိုင်းအခက်တွေကြောင့် သေဆုံးခဲ့ရတဲ့ အသေကောင် အများအပြားကတော့ သူတို့သေသွားခဲ့တဲ့ နေရာမှာပဲ ကျန်ရှိနေတတ်ပြီး အဝေးကို မျောလွင့်မသွားတတ်ကြပါဘူး။

အချို့ကတော့ မြင့်မားတဲ့ ရေစီးကြောင်းများရဲ့ အကူအညီနဲ့ တောရိုင်းတိရစ္ဆာန်များအနီး မြစ်ကမ်းနားရှိ တောအုပ်များ မြက်ခင်းပြင်များပေါ်သို့ တက်လာကြပါတယ်။

သူတို့ ကမ်းတင်ခဲ့ရာ နေရာတွေမှာ တည်ရှိနေတဲ့ အပင်မျိုးစိတ်တွေကိုပါ ဆယ်လမွန်ငါးက အစာအဟာရ ပေးစွမ်းနိုင်ပြီး အချို့ကတော့ ရွှေ့ပြောင်းနေထိုင်မှုကို အားပေးရန်အတွက် အဏ္ဏဝါ အာဟာရအချို့ကို ပြန်ပေးတဲ့အနေနဲ့ ပင်လယ်ထဲကို ပြန်ရောက်သွားကြပါတယ်။

ဆယ်လမွန်သင်္ချိုင်

အလာစကာနဲ့ ပစိဖိတ် အနောက်မြောက်ဘက်ရှိ ချောင်းများတစ်လျှောက်က ဆယ်လမွန် သင်္ချိုင်းတွေဟာ သဘာဝတရားရဲ့ ဖြစ်စဥ်တစ်ခုပါပဲ။

ဆယ်လမွန်သေကောင်တွေဟာ ပြန်ရှင်လာပါက သို့မဟုတ် ပျောက်ဆုံးသွားပါက သင်္ချိုင်းကုန်းများဟာ ကွက်လပ်များအဖြစ် ကျန်ရှိနေတတ်ပါတယ်။

အချို့သော ဖြစ်စဥ်တွေမှာတော့ ဆယ်လမွန်ဖုတ်ကောင်တွေဟာ အာဟာရချို့တဲ့မှုကို ပြန်လည်တည်ဆောက်ဖို့နဲ့ သူတို့အသက်မရှိတော့သည့်တိုင် သူတို့ ပတ်ဝန်းကျင်ကြားမှာ အရေးကြီးတဲ့ အပြန်အလှန်တုံ့ပြန်မှုအကြောင်း သိပ္ပံပညာရှင်များကို လေ့လာရန် ကူညီပေးပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *