သူတို့တွေ တကယ်ဆက်သွယ်နေကြပြီလား

သူတို့တွေ တကယ်ဆက်သွယ်နေကြပြီလား

NASA မှ ကျွမ်းကျင်သူတစ်ဦးက အာကာသလွန်းပျံယာဉ်မှ ယာဉ်မှူး ၂ ဦးဟာ ဂြိုလ်သားတွေနဲ့ ဆက်သွယ်ခဲ့တယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

ကလာ့ခ် မက်ကလီလန်း (Clark McClelland) ဆိုသူဟာ နာဆာ (NASA )ရဲ့ အာကာသ မစ်ရှင်များစွာမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

Clark McClelland- နာဆာအင်ဂျင်နီယာ

သူဟာ ၁၉၅၈ မှ ၁၉၉၂ ခုနှစ်အထိ NASA မှာ အင်ဂျင်နီယာအဖြစ် အမှုထမ်းခဲ့သူ ဖြစ်ပါတယ်။ Cape Kennedy Space Lunch Centre မှာ အမှုထမ်းခဲ့တာ ဖြစ်ပါတယ်။

သူဟာ အာကာသစခန်းပေါ်မှာ တာဝန်ထမ်းနေစဉ်အတွင်း ဂြိုလ်သားတွေကို ၃ မီတာအကွာကနေ တွေ့ရှိခဲ့တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခုကို ၂၀၁၂ ခုနှစ်မှာ လွှင့်တင်ခဲ့ပါတယ်။

ဒီဗွီဒီယိုကြောင့် UFO Alien စိတ်ဝင်စားသူတွေကြားမှာ အငြင်းအခုန်တွေ ဖြစ်ခဲ့ကြပါတယ်။

ဗွီဒီယိုထဲမှာ အာကာသယာဉ်မှူးတွေကို ခြေဟန်လက်ဟန်နဲ့ ဆက်သွယ်ပြောကြားနေတဲ့ ဂြိုလ်သား ၂ ဦးပုံ ပါဝင်ပါတယ်။

ဒါကို သူက စခန်းအတွင်းက သူ့ရဲ့ကွန်ပျူတာ ဖန်သားပြင်ကနေ ဖမ်းယူထားတာပါ။

ဂြိုလ်သားပုံစံက လူသားတွေလို ခြေနှစ်ချောင်းပေါ်မှာ ရပ်နေပြီး အရပ်က ၃ မီတာ(၉.၈ ပေ)လောက် မြင့်ပါတယ်။

သူတို့က ညာလက်ကို ဝှေ့ယမ်းပြီး အာကာသယာဉ်မှူးတွေကို တစုံတရာ ညွှန်ကြားနေတဲ့ပုံစံ တွေ့ရပါတယ်။ ကြာချိန် ၁ မိနစ်နဲ့ ၆ စက္ကန့်လောက် ရှိပါတယ်။

သူက ဆက်လက်ပြောကြားရာမှာတော့ သူတို့ ( ဂြိုလ်သား )ယာဉ်ကိုလဲ စခန်းရဲ့ အောက်ဖက်မှာ မြင်နေရပါတယ်။

ယာဉ်ပုံစံက လူသားတွေ ဖန်တီးတဲ့ပုံစံနဲ့ကွဲပြားပါတယ်။ ကျနော့် အတွေ့အကြုံအရ ဒါဟာ ဘယ်နည်းနဲ့မှ လူသားတွေလက်ရာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။

ဒီလိုမစ်ရှင်တော်တော်များများက သူငယ်ချင်းတွေကို ကျနော်ဆက်သွယ်ကြည့် ပြီးပါပြီ။ သူတို့ကလဲ ဒီလိုဆက်သွယ်မှုတွေ ရှိတယ်ဆိုတာ ဝန်ခံကြပါတယ်။

ဒါတွေကို ကျနော်က ဖွင့်ပြခဲ့တဲ့အတွက် သူတို့ ( NASA )က ကျနော့်ကို အလုပ်ထုတ်ခဲ့ကြပါတယ်။ပင်စင်တောင် မပေးခဲ့ပါဘူး။ လူမှုဖူလုံရေး ရန်ပုံငွေသာ ရခဲ့ပါတယ်။

ကျနော်က ကမ္ဘာကြီးနဲ့ လူသားတွေကို ချစ်တဲ့လူတစ်ယောက်ပါ။ ဒါကြောင့် ကမ္ဘာကြီးကို အမှန်တရားတွေ ပြောပြဖို့ တာဝန်ရှိပါတယ်လို့ သူကပြောခဲ့ပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဒါဟာ အမေရိကန် အစိုးရက ဖုံးကွယ်ထားတဲ့ ဂြိုလ်သားတွေနဲ့ ဆက်သွယ်မှုအတွက် အကောင်းဆုံးသက်သေတစ်ခုအဖြစ် ယုံကြည်ကြပါတယ်။

တာဝန်ရှိသူတွေဟာ ပွင့်လင်းမြင်သာမှုမရှိဘဲ ပြည်သူလူထုကို အမြဲတမ်းဖုံးကွယ်ဖို့ ကြိုးစားနေပါတယ်။ ကျနော်တို့ကလဲ ဒါကိုဖေါ်ထုတ်ဖို့ ဆက်လက်လှုပ်ရှားသွားမှာပါလို့ UFO တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

မက်ကလီလန်းကတော့ သူတို့ (ဂြိုလ်သား) တွေဟာ ကျနော်တို့ကို အနီးကပ်စောင့်ကြည့်နေပြီး အချိန်မရွေး ဝင်ရောက်စွက်ဖက်နိုင်တဲ့အနေအထားမှာ ရှိနေပါတယ်လို့ ပြောကြားခဲ့ကြောင်း တင်ပြလိုက်ရပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *