မရည်ရွယ်ဘဲ စော်ကဲ မင်းဖြစ်ခဲ့တဲ့ ဟောလီးဝုဒ်စတားတွေ

မရည်ရွယ်ဘဲ စော်ကဲ မင်းဖြစ်ခဲ့တဲ့ ဟောလီးဝုဒ်စတားတွေ

လူ့ကံကြမ္မာဟာ ဆန်းကြယ်လှပါတယ်။ ဖြစ်ချင်တိုင်း မဖြစ်သလို မဖြစ်ချင်တာလည်း ဖြစ်တတ်ကြပါတယ်။

အခုတင်ပြချင်တဲ့ နာမည်ကျော်တွေဟာ ဟောလီးဝုဒ်မှာ သရုပ်ဆောင်ဖြစ်ဖို့ မရည်ရွယ်ခဲ့ဘဲ နာမည်ကျော်တွေ ဖြစ်လာခဲ့ကြတဲ့အကြောင်း ဖြစ်ရပ်မှန်ကိုပဲ ဖြစ်ပါတယ်။ ရှု့စားကြပါအုံး။

၁။ ပန်မလာ အန်ဒါဆင် (Pamela Anderson)

သူမဟာ Jumbotron ဆိုတဲ့ လမ်းဘေး ရုပ်သံဖန်သားပြင်ပေါ်က ကြော်ငြာမယ်တစ်ယောက်ပါ။ (Jumbotron – ရုပ်သံဖန်သားပြင်ဖြင့် ကြော်ငြာသော ဆိုင်းဘုတ်)

၁၉၈၉ ခုနှစ်မှာဆို သူမဟာ ကာယ နည်းပြဆရာမ လုပ်နေပါတယ်။ တစ်ရက်မှာ သူမဟာ ဘောလုံးပွဲတစ်ခုကို သွားရောက်ကြည့် ရှု့ခဲ့ပါတယ်။

သူမက Labatt တံဆိပ် အပြာရောင် အင်္ကျီကို ဝတ်ဆင်သွားခဲ့ပါတယ်။ ပွဲအတွင်းမှာ ထောင်ထားတဲ့ Jumbotrn မှာ သူမရဲ့ပုံကို ကင်မရာတွေက ရိုက်ကူးပြီး တင်လိုက်ပါတယ်။

ပွဲကြည့် ပရိတ်သတ်တွေဟာ သူမကို သောင်းသောင်းဖြဖြ ဟစ်အော်အားပေးကြတာ တစ်ကွင်းလုံးပါပဲ။ အဲဒီမှာတင် Labatt ကုမ္ပဏီဟာ သူ့မကို ငှားရမ်းလိုက်ပါတော့တယ်။

သူမဟာ “Blue Zone Girl” ကဏ္ဍမှာ တင်ဆက်သူ ဖြစ်လာပါတယ်။ တစ်နှစ်တည်းမှာပဲ ပန်မလာဟာ ပလေးဘွိုင် မဂ္ဂဇင်းရဲ့ အောက်တိုဘာလထုတ် မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင် ဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ သိတဲ့အတိုင်း ဟောလီးဝုဒ်စတားတစ်ယောက် ဖြစ်လာပါတော့တယ်။

၂။ ဂျွန်နီဒက်ပ် – Johnny Depp

သူဟာ သရုပ်ဆောင်ဖို့ကို လုံးဝ စိတ်မဝင်စားခဲ့ပါဘူး။ သူဟာ ၁၆ နှစ်နဲ့ အထက်တန်းက ထွက်လိုက်ပါတယ်။ ရော့ခ်မြူးဇစ်ပညာရှင်တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

၁၉၈၄ ခုနှစ်မှာတော့ သူတို့ ရောခ်အဖွဲ့ဟာ ပြိုကွဲသွားခဲ့ပြီး သူ့အနာဂါတ်ကလည်း မရေမရာ ဖြစ်နေခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ သူဟာ Lori Allison နဲ့ လက်ထပ်ခဲ့ပါတယ်။ အဲလစ်ဆန်ဟာ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်‌ရေးအဖွဲ့ တော်တော်များများနဲ့ အဆက်အသွယ် ရှိပါတယ်။

သူမဟာ ဂျွန်နီကို နီကိုလဗ်ကေ့နဲ့ မိတ်ဆက်ပေးပါတယ်။ ဂျွန်နီနဲ့ နီကိုလဗ်ကေ့တို့ဟာ ရင်းနှီးသွားပြီး ဒာရက်အတူသောက်တဲ့အထိကို ဖြစ်သွားပါတယ်။

နီကိုလဗ်ကေ့က ဂျွန်နီကို သရုပ်ဆောင်လုပ်ဖို့ အကြံပေးပါတယ်။နီကိုလဗ်ကေ့ဟာ ဂျွန်နီကို ” A Nightmare on Film Street” အမည်ရှိ ရုပ်ရှင်ကားမှာ သရုပ်ဆောင်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

၃။ Natalie Portman – နာတာလီပို့မန်း

သူမက သူမဘာကို လိုချင်တယ်ဆိုတာ ကောင်းကောင်းသိသူပါ။ သူမဟာ အသက် (၁၀) နှစ်အရွယ်မှာ ပထမဆုံး ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပါတယ်။ အဲဒါကတော့ Long Island ကုမ္ပဏီရဲ့ ဂီတပွဲမှာ ရှိုးပြရတာ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ ရက်ဗလွန် (Revlon) ကုမ္ပဏီက သူမကို မော်ဒယ်အဖြစ် ငှားရမ်းခဲ့ပါတော့တယ်။ ဒါပေမဲ့ သူမက မော်ဒယ်အလုပ်ဟာ မိုက်မဲပြီး ပျင်းစရာကောင်းတယ်လို့ ယူဆပါတယ်။

ဒါ့ကြောင့် သူမဟာ သရုပ်ဆောင်လိုင်းဖက်ကို ခြေဦးလှည့်ခဲ့ပါတယ်။ မကြာခင်မှာဘဲ သူမဟာ Luc Besson’s Leon ရဲ့ “The Professional ” ဇာတ်ကားမှာ စတင်သရုပ်ဆောင်ခဲ့ရပါတယ်။

၄။ Danny Trejo – ဒန်နီ ထရီဂျို

သူ့ကိုတော့ ကြမ်းကြမ်းရမ်းရမ်း သရုပ်ဆောင်တစ်ယောက်အဖြစ် သိကြမှာပါ။ သူဟာ ဘဝအစမှာလည်း Thug လို့ခေါ်တဲ့ လူမိုက်အဖွဲ့ဝင်တစ်ယောက်ပါပဲ။

သူ့မှာ ရာဇဝတ်မှုမှတ်တမ်းတွေ တသီကြီး ရှိခဲ့ဖူးပါတယ်။ သူ့ဘဝရဲ့ အချိန်တော်တော်များများဟာ သံတိုင်တွေ နောက်ကွယ်မှာ ကုန်ဆုံးခဲ့ပါတယ်။

မူးယစ်ဆေးဝါးဆိုတာလည်း သူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ထောင်ကလွတ်လာတော့လည်း သူဟာ စိတ်ကြမ်းလူကြမ်းတစ်ယောက် ဖြစ်နေဆဲပါ။

၁၉၈၄ ခုနှစ်မှာ တည်ဖြတ်သူလဲဖြစ်၊ သရုပ်ဆောင်လည်းဖြစ်သူတစ်ယောက်က ထရီဂျိုကို ဖျောင်းဖျခဲ့ပါတယ်။ ဒီလိုနဲ့ သူဟာ အက်ရှင်ဇာတ်ကားတစ်ခုဖြစ်တဲ့ ” Runway Train” မှာ သရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။

ထရီဂျိုဟာ သူ့မိတ်ဆွေရဲ့ အကူအညီနဲ့ လမ်းကြောင်းမှန်ကို ရောက်ရှိလာခဲ့တယ်လို့ ဆိုရမှာပါ။ အဲဒီလူကတော့ နာမည်ကြီး ဒါရိုက်တာဖြစ်လာတဲ့ Andrei Konchalovsky ပဲ ဖြစ်ပါတယ်။

နောက်ပိုင်းနှစ်တွေမှာ ထရီဂျိုဟာ ရုပ်ရှင်ထဲက လူကြမ်း(Thug)နေရာကို အပိုင်စားရခဲ့ပြီး နာမည်ကြီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ အေးစက်စက် မျက်နှာပေးနဲ့ သေရဲသတ်ရဲပုံစံဟာ ပြိုင်စံရှားပါပဲ။

၅။ Harrison Ford – ဟဲရစ်ဆန်ဖို့ဒ်

သူ့ကိုတော့ အင်ဒီယာနာဂျုံး ဇာတ်ကားတွေနဲ့ သိကြမှာပါ။ Star Wars ဇာတ်ကားနဲ့လည်း နာမည်ကြီးပါတယ်။

ဟောလီးဝုဒ်ကို မရောက်ခင် သူဟာ လက်သမားဆရာတစ်ဦးပါ။ လက်သမားအလုပ်နဲ့ သိပ်အောင်မြင်တာ မဟုတ်ပါဘူး။ စားလောက်ရုံပဲ ရှိပါတယ်။

၁၉၇၃ ခုနှစ်မှာ ဒါရိုက်တာ ဂျော့လူးကပ်စ်ရဲ့ American Graffiti မှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ မိသားစု စားဝတ်နေရေးအတွက်တော့ လက်သမားအလုပ်ကို မှီခိုနေရတုန်းပါပဲ။

လူးကပ်စ်ဟာ ဖို့ဒ်ကို Star War ရုပ်ရှင်အတွက် ထပ်မံရွေးချယ်ခဲ့ပါတယ်။ ဖို့ဒ်အတွက် ဝတ်စုံကို တီထွင်ပေးသူကတော့ Fred Roos ဖြစ်ပါတယ်။

လူးကပ်စ်က ဒီကားမှာ မျက်နှာသစ် သရုပ်ဆောင်ကိုပဲ သုံးခြင်ခဲ့ပါတယ်။ ဒါပေမဲ့ Fred Roos ရဲ့ ကြိုးစားမှုကြောင့် ဖို့ဒ်ကို လက်ခံခဲ့ပါတယ်။

ဒါ့အပြင် ဇာတ်ဝင်ခန်းထဲက တံခါးတစ်ခုကို တည်ဆောက်ဖို့ ဟဲရစ်ဆင်ဖို့ဒ်ကို ငှားရမ်းခဲ့ပါသေးတယ်။ ဒါရိုက်တာဟာ ဖို့ဒ်ရဲ့ ပုံရိပ်နဲ့အတူ Star Wars ဇာတ်ကားရဲ့ အောင်မြင်မှုကိုပါ ရရှိခဲ့ပါတော့တယ်။ ဖို့ဒ်လည်း ဟောလီးဝုဒ်မှာ တစ်နေရာ ရရှိသွားခဲ့ပါတယ်။

ဖတ်ရှု့အားပေးတဲ့အတွက် ကျေး‌ဇူးတင်ပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *