အစွမ်းထက် သေနဝာ်နှစ်လက်ကို ယှဉ်ကြည့်ခြင်း
ဒီနေ့ခေတ်မှာ အစွမ်းထက်လက်နက်တွေ အများအပြား ရှိကြပါတယ်။ ဒီအထဲကမှ နာမည်ကျော် လက်နက်ငယ်နှစ်ခုကို နှိုင်းယှဉ်တင်ပြချင်ပါတယ်။
သူတို့ အမည်တွေကတော့ စာရှု့သူတို့ နားယဉ်ပြီးသားဖြစ်တဲ့ M-16 နဲ့ AK-47 တို့ပဲ ဖြစ်ပါတယ်။ နှစ်မျိုးစလုံးဟာ ချေမှုန်းရေး ရိုင်ဖယ်တွေဖြစ်ပြီး AK-47 က ပိုပြီး ပေါ်ပြူလာ ဖြစ်ပါတယ်။ ရှု့စားကြပါဦး။
AK-47
AK- 47 ကတော့ နာမည်ကျော်သလို တစ်ကမ္ဘာလုံးမှာဆို အလက်ရေ (၇၅) သန်းလောက် ထုတ်လုပ်ပြီးပါပြီ။ စတင်ထုတ်လုပ်တာကတော့ ၁၉၄၈ ခုနှစ်ကတည်းပါ။
AK-47
ဒါဟာ အလက်ရေ (၈)သန်းလောက်သာ ထုတ်နိုင်တဲ့ M-16 နဲ့ ယှဉ်ကြည့်စရာ အချက်တစ်ချက် ဖြစ်ပါတယ်။ ဒါပေမဲ့ အရေအတွက်က အရည်အချင်းနဲ့ မဆိုင်တာတွေလည်း ရှိပါတယ်။
ကမ္ဘာ့ ပထမဆုံး ချေမှုန်းရေး ရိုင်ဖယ်အဖြစ် ဂျာမန်တို့ရဲ့ Sturmgewehr-44 စတင်ဂါကို အသိအမှတ်ပြုကြပါတယ်။ သူ့မှာ ပစ်အားနဲ့ စွမ်းရည်ကောင်းလို့ Submachine gun အဖြစ် သုံးကြပါတယ်။
ပစ်ခတ်နိုင်တဲ့ အကွာအဝေးကလည်း အတန်အသင့် ရှိပါတယ်။ တိကျမှုကလည်း အထင်ကြီးစရာပါ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဂျာမန်တွေဟာ ဒီသေနဝာ်အပေါ်မှာ အခြေခံပြီး တစ်ဆင့်ချင်း တိုးတက်အောင် တီထွင်လာရင်းနဲ့ ကိုယ်ပိုင် ချေမှုန်းရေးရိုင်ဖယ်ကို ရရှိလာကြပါတယ်။
Sturmgewehr-44
ဒါပေမယ့် ဂျာမန်သေနဝာ်ဟာ ဆိုဗီယက် ဒီဇိုင်းကို အတုယူ တီထွင်ထားတာပါ။ ဆိုဗီယက် ဒီဇိုင်းပညာရှင်အမည်က မီခေး ကလက်ရှ်နီကော့ဗ် ဖြစ်ပါတယ်။
သူ့နာမည် အတိုကောက် AK နဲ့ ရုရှားတို့က ထုတ်ပါတယ်။ ၁၉၄၈ ခုနှစ်မှာ AK-47 ဟာ ဈေးကွက်မှာ စတင် မိတ်ဆက်နိုင်ခဲ့ပါတယ်။ သူဟာ တစ်မိနစ် ကျည်ထွက်နှုန်း ၆၀၀ အထိ ရှိပါတယ်။
ဒါက တစ်ခြား ရိုင်ဖယ်တွေထက် သာတဲ့အချက်ပါ။ သေနဝာ်ဟာ တကယ်စိတ်ချရသလို အသုံးပြုဖို့ လည်း လွယ်ကူပါတယ်။ ဒါ့ကြောင့် တစ်ခြားသော ရိုင်ဖယ်တွေနေရာမှာ အစားထိုး အသုံးပြုလာကြပါတယ်။
အစွမ်းထက်ယုံတင်မက အကွာအဝေးကလည်း များပါတယ်။ သေနဝာ်ရဲ့ အလေးချိန်ကလည်း ၁၀ ပေါင်အောက်မှာပဲ ရှိပါတယ်။
ဒါ့ကြောင့် အလွယ်တကူ သယ်ယူနိုင်ပါတယ်။ ကျည်ဆံကတော့ ၇.၆၂ ကျည်ဖြစ်ပြီး ၃၂ မီလီမီတာ(3.2 mm) ကျည်ခွံပါရှိပါတယ်။
AKM
ကျည်ဆံဟာ တစ်စက္ကန့်ပေ ပေ ၂၃၀၀ နှုန်းထိ ရှိပါတယ်။ဒါ့ကြောင့်လည်း အလေ့အကျင့် မရှိသူတွေတောင် အလွယ်တကူ အသုံးပြုနိုင်လို့ ရွေးချယ်မှုတစ်ခုအဖြစ် သတ်မှတ်ခံလာရပါတယ်။
လူဆိုးဂိုဏ်းတွေ၊ အကြမ်းဖက်သမားတွေ၊ စစ်သားတွေ၊ ရဲတွေကအစ ဒီသေနဝာ်ကို နှစ်သက်ကြပါတယ်။ တတိယကမ္ဘာမှာ ခေတ်အစားဆုံး လက်နက်တစ်ခု ဖြစ်လာပါတယ်။
ဆိုဗီယက်ယူနီယံဟာ ဒီသေနဝာ်ကို ထုတ်လုပ်နိုင်ခဲ့လို့ ပျော်ရွှင်ဂုဏ်ယူမဆုံး ဖြစ်နေပါတယ်။ အာရှ၊အာဖရိကအပြင် လက်တင်အမေရိကတောင် ကျော်လွန်ပြီး ဒီသေနဝာ်ဟာ ခေတ်စားနေခဲ့တာ ဖြစ်ပါတယ်။
ဒီသေနဝာ်ရဲ့ ခေတ်အမီဆုံး ပုံစံအဖြစ် AK-47 ဟာ ၁၉၅၉ ခုနှစ်မှာ အသစ်ထပ်ထွက်လာပြန်ပါတယ်။ သူ့ကိုတော့ AKM လို့ လူသိများပါတယ်။ထုတ်ပြီး မကြာခင်မှာဘဲ သူလည်း ပေါ်ပြူလာ ဖြစ်လာပါတယ်။ ဗီယက်နမ်စစ်ပွဲကာလမှာ AKM ဟာ M-16 နဲ့ ပြိုင်ဖက် ဖြစ်လာပါတယ်။
M-16
M-16 က တကယ်တော့ AK ထက် အများကြီး ပိုခေတ်မီပါတယ်။ M-16 စပေါ်တာကတော့ ၁၉၆၄ ခုနှစ်မှာ ဖြစ်ပါတယ်။ M-16 တွေကို အမေရိကန်တို့က ဗီယက်နမ်စစ်ပွဲမှာ စသုံးလာပါတယ်။
M16
M-16 ဟာ AR-15 ဆိုတဲ့ သေနဝာ်ကနေ ဆင့်ပွားလာတာ ဖြစ်ပါတယ်။ AR-15 ကလည်း AR-10 ကနေ တိုးတက်လာတာပါ။ AR-10 ကို တီထွင်သူကတော့ အမေရိကန် အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Eugene Stoner (ယူဂျင် စတုံနာ) ဖြစ်ပါတယ်။
စွမ်းဆောင်ရည်မှာ M-16 ဟာ AK-47 ထက် ပိုကောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေနဝာ်ဆိုတာ အကောင်းဆုံး အသုံးပြုတတ်ဖို့ပဲ ဖြစ်ပါတယ်။
M -16 ဟာ လေ့ကျင့်ပြီးသား စစ်သားတစ်ယောက်အတွက် အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ပါတယ်။ အဝေးက ပစ်မှတ်အတွက် ပိုမိုတိကျစွာ ထိမှန်ပါတယ်။ကိုက် ၅၄၀ ထိ ပစ်ခတ်နိုင်ပါတယ်။ AK-47 ရဲ့ အများဆုံး ထိရောက်မှုအကွာအဝေးက ကိုက် ၄၃၀ ပဲ ရှိတာပါ။ ဒါပေမဲ့ ကိုက် ၂၀၀ ကျော်ရင် AK-47 က သိပ်စိတ်မချရတော့ပါဘူး။
M- 16 မှာ သာတဲ့ နောက်တစ်ချက် ရှိပါသေးတယ်။ သူက 5.56 mm ကျည်ကို သုံးပါတယ်။ ဒီကျည်ရဲ့ အမြန်နှုန်းကတော့ AK-47 ထက် သာတယ်ဆိုတဲ့ အချက်ပါ။
မောင်းပြန်စနစ်ကလည်း တိကျပါတယ်။ ဆိုလိုတာက ဗဟိုချက်ကို မောင်းတုံးက တည့်မတ်စွာပြန်ကျတယ်လို့ ဆိုတာပါ။
M16
အားလုံးခြုံကြည့်ရင်တော့ M-16 ဟာ AK-47 ထက် အဖက်ဖက်က သာတယ်လို့ ပြောရမှာပါ။
သေနဝာ် (၂) မျိုးစလုံးမှာ Semi-Auto နဲ့ Full Auto ဆိုပြီး အဆင့် (၂)ခု ပါပါတယ်။ AK-47 ကိုကြည့်ရင်တော့ 7.62 mm ကျည်ကြောင့် ပစ်အားပိုကောင်းပါတယ်။ သူ့ကို ထိပ်တန်းရောက်စေတဲ့အချက်က ပြုပြင်ရလွယ်ကူပြီး အလွယ်တကူ ပစ်ခတ်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ Jumming လို့ခေါ်တဲ့ ကျည်ညှပ်တာ လုံးဝ မရှိပါဘူးတဲ့။
M-16ကတော့ AK-47 ထက်တောင် ပေါ့ပါတယ်။ ဒါ့ကြောင့် သယ်ယူရတာ၊ ကိုင်တွယ်ရတာ ပိုကောင်းပါတယ်။ ဒါပေမဲ့ (Jum) ဂျန့် ဖြစ်တတ်ပါတယ်။ ဗီယက်နမ်စစ်ပွဲမှာ M-16 တွေ ဂျန့် ဖြစ်လို့ ထိခိုက်မှုတွေ အများအပြားရှိခဲ့ပါတယ်။
ဒါပေမဲ့ M-16 ရော၊ AK-47 ရော ဝယ်လိုအားကတော့ ရှိနေဆဲပါပဲ။ ဆယ်စုနှစ်ကြာတာနဲ့အမျှ M-16 က ဝယ်လိုအား ပိုများလာပါတယ်။ကမ္ဘာတစ်လွှားက လက်နက်ကိုင် တပ်ဖွဲ့များဟာ M-16 ကို ပိုသုံးလာကြပါတယ်။ နေတိုး(NATO)အုပ်စုတွေလည်း M-16 ကိုပဲ သုံးကြပါတယ်။
M16
AK -47ကတော့ ဆိုဗီယက်ခေတ်မှာ တွင်ကျယ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ကို အသုံးများတာကတော့ အရှေ့ပိုင်း နိုင်ငံတွေ ဖြစ်ပါတယ်လို့ တင်ပြလိုက်ရပါတယ်။
Knight News Team
Knight News © 2022