ကမ္ဘာ့အကြီးဆုံး ရွှေငါးအဖြစ် စံချိန်တင်သွားခဲ့တဲ့ ငါးဖမ်းမှု

ကမ္ဘာ့အကြီးဆုံး ရွှေငါးအဖြစ် စံချိန်တင်သွားခဲ့တဲ့ ငါးဖမ်းမှု

ပြင်သစ်နိုင်ငံက ရေကန်တစ်ခုအတွင်းမှာ ဗြိတိန် ငါးဖမ်းသမားတစ်ဦးက ရွှေငါးကြီးနဲ့ ရုန်းရင်းဆန်ခက် တိုက်ပွဲဝင်အပြီးမှာတော့ ကမ္ဘာ့အကြီးဆုံး ရွှေငါးကြီးကို ဖမ်းမိခဲ့ပါတယ်။

တံငါသည်က ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း Champagne ပြည်နယ်ရှိ Bluewater Lakes မှာ ၂၅ မိနစ်ကြာ ငါးကြီးနဲ့ ရုန်းရင်းဆန်ခက်ဖြစ်ပြီးနောက်မှာမှ ဒီရွှေငါးကို အမိဖမ်းမိနိုင်ခဲ့တာပါ။

ရွှေငါးကြီးရဲ့ ကိုယ်ထည်ကလည်း အလွန်တရာ ကြီးမားလွန်းနေတာကြောင့် မုန်လာဥနီလို့တောင် အမည်ပြောင် ပေးထားရတဲ့အထိပါပဲ။ ရွှေငါးဟာ တိုင်းတာမှုတွေအရ ၆၇ ပေါင် (၃၀ ကီလိုဂရမ်) အလေးချိန်ရှိပါတယ်။

ငါးကြင်းနဲ့ koi စပ်ကြားဖြစ်တဲ့ ဒီရွှေငါးကို လွန်ခဲ့တဲ့ အနှစ် ၂၀ က ရေကန်ထဲသို့ လွှတ်ပေးထားခဲ့တာဖြစ်ပြီး ပြန်လည်ဖမ်းမိအချိန်မှာတော့ အခုလို အရွယ်အစားမျိုးနဲ့ ဖမ်းမိသမျှ ရွှေငါးတွေထဲမှာ အကြီးဆုံး ရွှေငါးကြီး ဖြစ်လာခဲ့ပါတယ်။

သာမန်ငါးတွေနဲ့ မျက်နှာပြင်အောက်မှာ ရှိနေရင် သူတို့ကို မြင်ရဖို့ ခက်ပါတယ်။ ဒါပေမဲ့ ဒီရွှေငါးကတော့ သူ့ရဲ့ မုန်လာဥနီက လိမ္မော်ရောင်တောက်တောက်ရယ်၊ ကိုယ်ခန္ဓာရယ်ကြောင့် တံငါသည်ကလည်း လက်မလွှတ်နိုင်ခဲ့ဘူးလို့ ဆိုသွားခဲ့ပါတယ်။

အဆိုပါ တံငါသည်က သူ့အနေနဲ့ အန္တရာယ်ရှိ မျိုးစိတ်ငါးတွေ အမြောက်အများ ဖမ်းမိခဲ့ဖူးပေမဲ့ ဒီမုန်လာဥ ရွှေငါးကြီးကို ဖမ်းရတာက အခက်အခဲဆုံးပဲလို့ သူ့ရဲ့ အတွေ့အကြုံတွေကို ဝေမျှလို့သွားခဲ့ပါတယ်။

မုန်လာဥနီကို ဖမ်းပြီးနောက် အခြားတံငါသည်တွေလည်း ဖမ်မိစေနိုင်ရန်တွက် ရေကန်ထဲကို ပြန်လွှတ်ပေးခဲ့တယ်လို့ BBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒီငါးအမျိုးအစားတွေကို အိမ်တွင်း ငါးလှောင်ကန်တွေမှာ ထားရှိမယ်ဆိုရင်တော့ အရှည် ၂ လက်မ (၅ စင်တီမီတာ) ထက် ပိုမကြီးနိုင်ပါဘူး။

ဒါပေမဲ့ တောထဲက ရေကန်တွေကို လွှတ်လိုက်တဲ့အခါမှာတော့ ဆယ်ကျော်သက် အရွယ်မှာပဲ ငါးတွေဟာ ဘီလူးကြီးအဖြစ် ကြီးထွားလာနိုင်ပါတယ်။

၂၀၁၃ ခုနှစ်ကလည်း Tahoe ရေကန်မှာ ပုံမှန်မဟုတ်တဲ့ အရွယ်အစားကြီး ရွှေငါးတစ်ကောင်ကို ဖမ်းမိဖူးခဲ့ပြီး အရှည် ၁.၅ ပေ (၄၆ စင်တီမီတာ) နီးပါးနဲ့ ကိုယ်အလေးချိန် ၄ ပေါင် (၂ ကီလိုဂရမ်ကျော်) အဖြစ် စံချိန်တင်ထားနိုင်ခဲ့ပါတယ်။

အချုပ်အနှောင်မှာ သေဆုံးလွယ်တဲ့ ဉာဏ်ရည်မျိုးရှိပေမဲ့လည်း ရွှေငါးတို့ဟာ တောရိုင်းထဲမှာ ပေါက်ဖွားလာသကဲ့သို့ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေမျိုးတွေကို ကျော်ဖြတ်နိုင်ပါတယ်။

ဒီအချက်ကို မုန်လာဥက သက်သေပြခဲ့ပြီဖြစ်ပြီး တောရိုင်းထဲက ရွှေငါးတွေဟာ ၂၅ နှစ် အထိ အသက်ရှင် နေထိုင်နိုင်သလို အောက်ဆီဂျင်မပါဘဲနဲ့လည်း ငါးလအထိ အသက်ရှင် နေထိုင်နိုင်ပါတယ်။

အကြောင်းရင်းကတော့ ငါးတွေက ဆောင်းရာသီရဲ့ အေးခဲနေတဲ့ ကန်များမှာ နေထိုင်လာခဲ့ရခြင်းကြောင့် ဖြစ်ပါတယ်။ ဒီအချက်က သူတို့ရဲ့ ခန္ဓာကိုယ်ဟာ အောက်ဆီဂျင် မပြည့်ဝမှုနဲ့ အသားကျခဲ့ရပါတယ်။

ဒီလိုအောက်ဆီဂျင်မရှိတဲ့ အချိန်တွေမှာ ငါးတွေကက ပတ်ဝန်းကျင်မှာ သူတို့ရဲ့ ပါးစပ်တွေကို အသုံးပြုပြီး ကာဗိုဟိုက်ဒရိတ်အဖြစ်သို့ ပြောင်းလဲနိုင်ပါတယ်။

ဒီစရိုက်လက္ခဏာများနဲ့ လျင်မြန်သော မျိုးပွားမှုနှုန်းကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ရွှေငါးတွေဟာ ဇာတိမျိုးစိတ်များနဲ့ သူတို့ရဲ့ နေရပ်အသစ်တွေကို လျင်မြန်စွာ လွှမ်းမိုးနိုင်ကြတာပါ။

တစ်ဖက်မှာလည်း Goldfish ငါးတွေဟာ အိမ်မွေးတိရိစ္ဆာန်တွေရဲ့ အစွန့်ပစ်ခံအဖြစ် ရေကန်တွေထဲမှာ ငါးမျိုးစုံနဲ့ သွားရောက်တွေ့ဆုံခဲ့ရင်း ရေကန်တွေမှာ ပြဿနာတွေ ဖြစ်နေပါပြီ။

အကြောင်းရင်းကတော့ ရွှေငါးတွေဟာ ဒီလိုအပြင်ဘဝရောက်တဲ့အခါ ရှင်သန်ဖို့အတွက် ကြမ်းတမ်းပြင်းထန်တဲ့ ဘဝမျိုးကို ကျော်ဖြတ်ရပြီး ရလဒ်အနေနဲ့ သေးငယ်သောငါးတွေက ကြီးမားလှတဲ့ အရွယ်အစားတွေအထိ ပြောင်းလဲသွားပြီး ရေကန်ရဲ့ နူးညံ့သိမ်မွေ့တဲ့ ဂေဟဗေဒကို များစွာပျက်စီးစေခဲ့လို့ပါပဲ။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *