ဘရုစ်လီရဲ့သေဆုံးမှုဟာ ရေအလွန်အကျွံသောက်ခြင်းကြောင့်ဖြစ်ကြောင်း ကျွမ်းကျင်သူတွေအတည်ပြု

ဘရုစ်လီရဲ့သေဆုံးမှုဟာ ရေအလွန်အကျွံသောက်ခြင်းကြောင့်ဖြစ်ကြောင်း ကျွမ်းကျင်သူတွေအတည်ပြု

တစ်ချိန်က ရုပ်ရှင်ချစ်သူတွေကို ထူးခြားထင်ရှားတဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ဖျော်ဖြေမှုရသ အပြည့်အဝ ပေးစွမ်းနိုင်ခဲ့တဲ့ မင်းသားကြီး ဘရုစ်လီကတော့ တစ်နေ့မှာ ရုတ်တရက် ဆုံးပါးသွားခဲ့ရပါတယ်။

သူ့ရဲ့ သေဆုံးမှုကလည်း လျှို့ဝှက်ဆန်းကြယ်လွန်းပြီး ကမ္ဘာတစ်ဝှမ်းက သီအိုရီတွေ အမြောက်အများ ပေါ်ထွက်လာခဲ့တဲ့အထိ ဖျော်ဖြေရေးလောကနဲ့ နိုင်ငံတကာကို အလှုပ်ခတ်စေခဲ့ဆုံး အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။

ဘရုစ်လီရဲ့ ရုပ်အလောင်းကို စစ်ဆေးခွဲစိတ်မှုတွေ ပြုလုပ်အပြီး မှတ်တမ်းတင်ထားချက်အရ ဦးနှောက်ရောင်ရမ်းခြင်းကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ လတ်တလောမှာတော့ ကျွမ်းကျင်သူတချို့က သူဘာကြောင့် သေဆုံးခဲ့ရလဲဆိုတာနဲ့ ပတ်သက်ပြီး သီအိုရီတစ်ခု ထုတ်ပြန်လာခဲ့ပါတယ်။

ဦးနှောက်ရောင်ရမ်းခြင်းကို သေဆုံးစေတဲ့ အကြောင်းရင်းအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားသော်လည်း လူတစ်ဦးဟာ ရေကို အမြန်မဖယ်ရှားနိုင်တဲ့ အခြေအနေမှာ hyponatraemia ဆိုတဲ့ ဖြစ်စဥ်ကို ကြုံတွေ့ခဲ့ရပြီး သေဆုံးနိုင်တယ်လို့ သုတေသီများက အခိုင်အမာ ဆိုခဲ့ကြပါတယ်။

ကိုယ်ခံပညာ ကြယ်ပွင့်ဟာ အရက်နဲ့ ဖျော်ရည်များအပါအဝင် အရည်များစွာ သောက်ခဲ့ပြီး ကျောက်ကပ်ကို ထိခိုက်ဒဏ်ရာရစေခဲ့တာကြောင့် အခုလို အခြေအနေမျိုးနဲ့ သေဆုံးခဲ့ရတယ်လို့ သုတေသီတို့က တွက်ဆနေကြတာပါ။

ဘရုစ်လီ ကွယ်လွန်ပြီး နှစ်ပေါင်း ၅၀ နီးပါးအကြာမှာတော့ သုတေသန အသစ်အရ ရုပ်ရှင်သရုပ်ဆောင်ဟာ ရေအလွန်အကျွံသောက်ခြင်းကြောင့် ရုတ်တရက်သေဆုံးသွားခြင်းဖြစ်ကြောင်း သက်သေပြခဲ့ကြပါတယ်။

ကိုယ်ခံပညာ ကျွမ်းကျင်ဆရာကြီးဟာ ၁၉၇၃ ခုနှစ်၊ ဇူလိုင်လ၊ ဟောင်ကောင်မှာ ဦးနှောက်ရောင်ရမ်းပြီး သေဆုံးခဲ့တယ်လို့ ခွဲစိတ်ဆရာဝန်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

သို့သော် ဒီဇင်ဘာလထုတ် Clinical Kidney Journal က ထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခုမှာတော့ ဘရုစ်လီဟာ သူ့ခန္ဓာကိုယ် ကိုင်တွယ်နိုင်တာထက် ပိုလွန်နေတဲ့ ရေပမာဏကို သောက်သုံးခဲ့ရခြင်းကြောင့် သေဆုံးခဲ့တာဖြစ်ကြောင်း အခိုင်အမာ ဆိုလာခဲ့ပါတယ်။

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ကန့်သတ်ထားတဲ့ အရည်ကိုင်တွယ်နိုင်တဲ့ ပမာဏဆိုတာရှိပါတယ်။

လူတစ်ယောက်ဟာ လိုအပ်တာထက် ပိုလွန်နေတဲ့ အရည်ပမာဏကို ခန္ဓာကိုယ်ကို ကိုင်တွယ်ဖို့ ခိုင်းစေခဲ့ရင်တော့ hyponatraemia ဆိုတဲ့ အခြေအနေမျိုး ဖြစ်ပေါ်လာပါတယ်။

Hyponatraemia က လူတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲက ရေပမာဏဟာ သူ့ရဲ့သွေးထဲက ဆိုဒီယမ် ပမာဏကို လျော့နည်းစေပြီး ဒီလိုဖြစ်တဲ့အခါ အရည်တွေကို စွန့်ထုတ်ဖို့ ဆီးသွားတဲ့အခါမှာ လုံလောက်တဲ့ ပမာဏကို တားဆီးလိုက်တဲ့ အခြေအနေမျိုးပါ။

လုံလောက်စွာ ဆီးမသွားနိုင်တဲ့အခါ ခန္ဓာကိုယ်ထဲက ကျန်ရှိနေတဲ့ အရည်တွေဟာ ထပ်ပေါင်းလာတဲ့ အရည်တွေနဲ့ပေါင်းပြီး လူ့ရဲ့ကျောက်ကပ်၊ သွေးကြော၊ ဆဲလ်တွေကတစ်ဆင့် ဦးနှောက်ပိုင်းကို သွားထိခိုက်စေပါတယ်။

အသက် ၃၂ နှစ်အရွယ်မှာ သေဆုံးသွားခဲ့တဲ့ ဘရုစ်လီဟာ အရက်နဲ့ ဖျော်ရည်တွေနဲ့ ရေသောက်သုံးခြင်းကို သာမန်ထက်ပိုပြီး မှီဝဲလုက်ဆောင်ခဲ့တဲ့ လက္ခာမျိုးတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် သူဟဟ ဆေးခြောက်ကို အသုံးပြုပြီး ကိုယ်ခံပညာများကို အဆက်မပြတ် လေ့ကျင့်လုပ်ဆောင်နေတာကြောင့် ကျောက်ကပ်ကလည်း ထိခိုက်ခဲ့ဖူးပါတယ်။

ဒီအချက်တွေက hyponatraemia အတွက် ဖြစ်နိုင်ခြေအချက်များ အားလုံးဖြစ်ပြီး ခန္ဓာကိုယ်က နောက်ဆုံးမှာတော့ လိုအပ်တာထက်ပိုသွားခဲ့တဲ့ သူ့ရဲ့အရည်သောက်ခြင်းတွေကို မကိုင်တွယ်နိုင်ခဲ့ပုံပါပဲ။

ကျောက်ကပ်ဆိုင်ရာ လုပ်ဆောင်ချက်တွေ ချို့ယွင်းခဲ့တာကြောင့် ဘရုစ်လီ သေဆုံးခဲ့တာဖြစ်တယ်လို့ သုတေသန စာတမ်းမှာ ဖော်ပြလာပြီး ရေဓာတ်ကို ထိန်းသိမ်းရန် ရေလုံလောက်စွာ မထုတ်နိုင်ခြင်းက ဒီအခြေအနေကို ဦးတည်စေခဲ့ကြောင်း Madrid ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်မှ ဆရာဝန်များအဖွဲ့မှ သုတေသီများက ရေးသားခဲ့ပါတယ်။

ဆီးထဲမှာ ရေများများသောက်ခြင်းကြောင့် အရည်ဟောင်းတွေနဲ့ အရည်သစ်တွေတို့ဟာ ရောနှောသွားပြီး လုပ်ဆောင်ချက်တွေကို ချို့ယွင်းစေခဲ့ရာမှာ နာရီပိုင်းအတွင်းမှာပဲ hyponatraemia မှ ဦးနှောက်ရောင်ခြင်း၊ အဲဒီမှတစ်ဆင့် သေဆုံးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

သုတေသီများက hyponatraemia ဟာ ၁၉၇၃ ခုနှစ်မှာ ဆေးပညာက စတင် ရှာဖွေတွေ့ရှိခဲ့ပြီး ဦးနှောက်ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်တဲ့ အခြေအနေတစ်ခုလို့ ဆရာဝန်များက မှတ်ချက်ပြုခဲ့ကြပါတယ်။

Hyponatraemia မကြာခဏ ဖြစ်တတ်တာကြောင့် ဆေးရုံတက်နေရသူများရဲ့ ၄၀% မှာ ရေအလွန်အကျွံ သောက်မိခြင်းကြောင့် အသက်ဆုံးရှုံးသွားခဲ့ပြီး ကျန်းမာတဲ့ လူငယ်များမှာပင် ရေအလွန်အကျွံသောက်သုံးမိရင် သေဆုံးနိုင်ကြောင်း သုတေသီတို့က ဆိုထားခဲ့ပါတယ်။

ဒီအချက်အလက်တွေဟာ ဆေးပညာကပြောတဲ့ အမှန်တရားဖြစ်ပြီး ဒီအကြောင်းအရာကိုလည်း လူတွေကြားကို ပိုမိုကျယ်ပြန့်စွာ ဖြန့်ဝေရန် လိုအပ်ပါကြောင်း သတိပေးချက်တွေပါ ထုတ်ပြန်ခဲ့ကြပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *