ကမ္ဘာ့အကြီးမားဆုံး အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးရဲ့အကြောင်း

ကမ္ဘာ့အကြီးမားဆုံး အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးရဲ့အကြောင်း

ကမ္ဘာပေါ်က အကြီးမားဆုံး လေဆိပ်ကြီးကတော့ ဆော်ဒီအာရေဗျနိုင်ငံမှာ တည်ရှိပါတယ်။ King Fahd (ကင်းဖတ်ဒ်) လေဆိပ်လို့ ခေါ်တဲ့ ဒီလေဆိပ်ကြီးဟာ ဧရိယာ စတုရန်း ၇၇၆ ကျယ်ဝန်းပြီး ကမ္ဘာ့အကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားပါတယ်။

ဆော်ဒီအာရေးဗျနိုင်ငံ အရှေ့ပိုင်းပြည်နယ်ရဲ့ မြို့တော် ဒမ်မမ် (Dammam) မှာ တည်ရှိတဲ့ ဒီလေဆိပ်ကြီးကို ၁၉၉၉ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပေမဲ့ ၁၉၇၀ ခုနှစ်ကတည်းက စီမံကိန်းတွေ စတင်ခဲ့ပြီး ၁၉၈၃ မှာတော့ ဆောက်လုပ်ရေးကို စတင်ခဲ့ကြပါတယ်။

လေဆိပ်ကို ၁၉၉၉ ခုနှစ် နိုဝင်ဘာလမှာ ဖွင့်လှစ်ခဲ့ပြီး လေဆိပ်ဟာ အဓိက မြို့ပြစင်တာများဖြစ်တဲ့ Al Khobar, Dhahran, Dammam, Ras Tanura, Qatif နဲ့ Jubail စက်မှုမြို့တော်တို့အပြင် အရှေ့ပိုင်းပြည်နယ်ရှိ မြို့အားလုံးကို ဝန်ဆောင်မှုပေးပါတယ်။

နာမည်ကြီး လေကြောင်းလိုင်း ၂၇ ခုလောက်က လေဆိပ်မှာ ဝန်ဆောင်မှုပေးနေပါတယ်။ ဥရောပ၊ အရှေ့တောင် အာရှ၊ တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းတို့နဲ့ ချိတ်ဆက် ပျံသန်းလျက်ရှိပါတယ်။

KFIA ( King Fahd International Airport) လေဆိပ်မှာ Airbus A340-600 နဲ့ Boeing 747-400 အပါအဝင် ပိုကြီးမားတဲ့ လေယာဉ်များကို ထားရှိနိုင်တဲ့ အပြိုင်ပြေးလမ်း နှစ်ခုရှိပါတယ်။

၂၀၀၉ ခုနှစ်မှာ လေဆိပ်ဟာ ခရီးသည် အသွားအလာ ၄.၁ သန်းရှိခဲ့ပြီး ယခုနှစ်အတွင်း မှတ်တမ်းတင်ထားသော လေယာဉ် လှုပ်ရှားမှုမှာ ၄၁,၀၇၉ ရှိပါတယ်။

KFIA ဒီဇိုင်း

လေဆိပ်ဟာ တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းနဲ့ ကုန်တင်/ကုန်ချ ၁၂၅,၀၀၀ တန်ခန့်ကို ကိုင်တွယ်နိုင်ရန် ဒီဇိုင်းထုတ်ထားပါတယ်။ အဆောက်အဦများဟာ စုစုပေါင်းလေဆိပ် အရွယ်အစားရဲ့ ၅.၆% ရှိပြီး ဧရိယာ ၄၃ ကီလိုမီတာ ကျယ်ဝန်းပါတယ်။

KFIA တွင် လူ ၃,၀၀၀ ဆံ့သော လူနေရပ်ကွက်တစ်ခု ပါဝင်ပါတယ်။ ဝတ်ပြုသူ ၂,၀၀၀ အတွက် ဗလီတစ်လုံးကို ကားရပ်နားရာ နေရာအထက်မှာ တည်ဆောက်ထားပါတယ်။

ခေတ်မီနဲ့ အစ္စလာမ့်ပုံစံ ဗိသုကာလက်ရာများ ပေါင်းစပ်ထားသော ဗလီဟာ ရှုခင်းဧရိယာရဲ့ အလယ်ဗဟိုချက်မှာ တည်ရှိနေပါတယ်။ ရွေ့လျားခါးပတ်များပါရှိသော လေအေးပေးစက် တံတားနှစ်စင်းမှ တစ်ဆင့် ခရီသည်တင်ဂိတ်ကို အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။

တတိယ အဖွင့်တံတားဟာ ဗလီကိုလည်း ဆက်သွယ်ပေးထားပါတယ်။ အနာဂတ်အစီအစဥ်များမှာတော့ ခရီးသည်တင်ဂိတ်၌ ကြယ်ငါးပွင့် ဟိုတယ်အသစ် ဆောက်လုပ်ဖို့လည်းရှိနေပါတယ်။

ခရီးသည်တင်ဂိတ်

၃၂၇,၃၉၀ စတုရန်းမီတာ ကျယ်ဝန်းသော ခရီးသည်တင်ဂိတ် အဆောက်အအုံဟာ အထပ် ၆ ထပ် တည်ဆောက်မှု ဖြစ်ပါတယ်။

တတိယထပ်ဟာ ဆိုက်ရောက်ခရီးသည်များအတွက်၊ စတုတ္ထထပ်က လေယာဉ်တက်ရန်အတွက်ဖြစ်ပြီး၊ ခြောက်လွှာကတော့ ထွက်ခွာရန်ဖြစ်ပြီး ကျန်အထပ်တွေကတော့ ခရီးသည်များ အနားယူ အပန်းဖြေဖို့အတွက် ဖြစ်ပါတယ်။

ဇိမ်ကျကျ ပြင်ဆင်ထားပြီး၊ လေဆိပ်ရှိ ကျယ်ဝန်းတဲ့ Royal Terminal ဂိတ်ကိုတော့ ဆော်ဒီ တော်ဝင်မိသားစုနဲ့ နိုင်ငံတော်အကြီးအကဲများ၊ ဘုရင်များနဲ့ အစိုးရအရာရှိများကဲ့သို့သော VIP များအတွက် သီးသန့်ထားရှိပါတယ်။

လေဆိပ်ဟာ တံတားလေးစင်းမှတစ်ဆင့် လေယာဉ်နဲ့ ချိတ်ဆက်ထားပါတယ်။ ခရီးသည်တင်ဂိတ်မှာ တံခါး ၁၅ ပေါက်ပါရှိတဲ့ သုံးထပ်နားနေဆောင် အဆောက်အအုံကို အနာဂတ်မှာ တိုးချဲ့နိုင်ရန်ကိုလည်း ဒီဇိုင်းထုတ်နေကြပါတယ်။

လက်ရှိ အဆောက်အအုံတွေမှာ ပုံသေခရီးသည်တင် တံတား ၁၁ စင်း ပါဝင်ပြီး အနာဂတ်မှာတော့ ၃၁ စင်းအထိ တိုးမြှင့်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဂိတ်ပေါင်း ၁၅ ခုခန့်ဟာ နိုင်ငံတကာနဲ့ ပြည်တွင်း လေကြောင်းခရီးစဉ်များအတွက် ပြေးဆွဲပေးလျက်ရှိပါတယ်။

ဂိတ်မှာ ကောင်တာများစွာ ရှိပါတယ်။ Nas Air နဲ့ Saudi Arabian လေကြောင်းလိုင်းတို့က ကောင်တာ ၆၆ ခုခန့်ကို အသုံးပြုထားပြီး ကောင်တာ ၄၄ ခုမှာ နိုင်ငံခြားလေကြောင်းလိုင်းများအတွက်ဖြစ်ပြီး ကျန်ကောင်တာများမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဂိတ်တွေမှာ အခွန်လွတ်ဈေးများ၊ လက်ဆောင်များ၊ ကုန်ပစ္စည်း အရောင်းဆိုင်များနဲ့ အခြားသော သာယာအဆင်ပြေမှုများ ထားရှိသလို ဆိုက်ရောက် ဧရိယာမှာလည်း စားသောက်ဆိုင်များ၊ ဘဏ်များနဲ့ ကော်ဖီဆိုင်များ ရှိနေပါတယ်။

ဆိုက်ရောက်နဲ့ ထွက်ခွာ နေရာ နှစ်ခုစလုံးမှာ ငွေလဲလှယ်ဆိုင်များနဲ့ ATM စက်များစွာလည်း ရှိပါတယ်။ ဇွန်လ ၂၀၁၀ မှာတော့ အာဏာပိုင်တွေက ထွက်ခွာရာနေရာ၌ ဆေးလိပ်သောက်ခန်းအသစ်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

၃၉,၅၀၀ စတုရန်းမီတာ ကျယ်ဝန်းသော နှစ်ထပ်ကုန်တင် အဆောက်အအုံဟာ နှစ်စဉ် ကုန်စည် တန်ချိန် ၉၄,၀၀၀ ခန့်ကို ကိုင်တွယ်နိုင်ပါတယ်။

ဒီအဆောက်အအုံဟာ အပြည့်အဝ အလိုအလျောက်စနစ်ကို ခွင့်ပြုရန်နဲ့ တစ်နှစ်လျှင် ကုန်စည် တန်ချိန် ၁၇၆,၀၀၀ ခန့်အထိ စွမ်းဆောင်ရည်ကို ချဲ့ထွင်နိုင်ရန် ဒီဇိုင်းထုတ်ထားပါတယ်။

ပြုပြင်ထိန်းသိမ်းမှု အဆောက်အအုံ

ပြုပြင်ထိန်းသိမ်းရေး အဆောက်အအုံများမှာ လေကြောင်းလိုင်းများနဲ့ လေဆိပ်အတွက် အထောက်အကူပြု အဆောက်အအုံ ၂၀ ခန့် ပါဝင်ပါတယ်။

ဆော်ဒီအာရေးဗီးယား ရေနံကုမ္ပဏီ Saudi Aramco က လေယာဉ်အတွက် လောင်စာဆီ စက်ရုံများကို ပံ့ပိုးပေးပါတယ်။ သူတို့ကိုတော့ KFIA အရှေ့ဘက်ရှိ အထွေထွေလေကြောင်းဂိတ်မှာ နေရာချထားပါတယ်။

လေဆိပ်ရှိ ၁၇,၂၈၇ စတုရန်းမီတာ ကျယ်ဝန်းသော အစားအသောက် အဆောက်အဦဟာ တစ်နေ့လျှင် လေယာဉ် ဝန်ထမ်း ၈,၀၀၀ နဲ့ လေဆိပ်ဝန်ထမ်း ၁,၀၀၀ တို့အတွက် အစားအစာများ ပြင်ဆင်ပေးနိုင်ပါတယ်။

တစ်ထပ်တည်းသော အစားအသောက်ပြင်ဆင်တဲ့ အဆောက်အအုံဟာ တော်ဝင်မဏ္ဍပ်အတွက် အစားအစာ ၃၀၀ ကိုလည်း ဘုရင်၊ တော်ဝင်မိသားစုနဲ့ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး ဧည့်သည်များအတွက် သီးသန့်ရည်ရွယ်တဲ့ ဧည့်ခန်းမဆောင်တစ်ခုလည်း ဖြစ်ပါတယ်။

လေဆိပ်မှာ ကျယ်ဝန်းပြီး စိမ်းလန်းသော လယ်ကွင်းများနဲ့ ဖန်လုံအိမ် သုံးလုံးပါရှိသော အပင်ပျိုးခင်းကို တည်ဆောက်ထားပြီး လေဆိပ် ရှုခင်းအတွက် ပိုပြီးပြည့်စုံနေစေရန်အတွက် လိုအပ်တဲ့ အပင်များကို စိုက်ပျိုးထားပါတယ်။

Check-in နဲ့ screening

Check-in ကောင်တာများဟာ ထွက်ခွာတဲ့ အထပ်မှာ တည်ရှိပါတယ်။ ဆော်ဒီနဲ့ ပြည်တွင်း လေကြောင်းလိုင်းများအတွက် ကောင်တာသုံးခုနဲ့ နိုင်ငံခြား လေကြောင်းလိုင်းများအတွက် ကောင်တာသုံးခု ရှိပါတယ်။

နိုင်ငံတကာနဲ့ ပြည်တွင်း ထွက်ခွာသည့်နေရာများတွင် ဗဟိုချုပ်ကိုင်ထားသော လုံခြုံရေးစစ်ဆေးမှုများကို ပြုလုပ်ပါတယ်။ ခရီးဆောင်အိတ်စစ်ဆေးခြင်းအတွက် စစ်ဆေးမှုဆိုင်ရာ အဆင့်မြင့် ကိရိယာများလည်း ရှိပါတယ်။

ပြေးလမ်းများ

KFIA မှာ အပြိုင်ပြေးလမ်း နှစ်ခု (16R/34L နှင့် 16L/34R) ရှိပြီး ကတ္တရာဖြင့် ခင်းထားပါတယ်။ အရှည် ၃,၉၀၀ မီတာနှင့် အကျယ် မီတာ ၆၀ ရှိတဲ့ ပြေးလမ်းတွေမှာ သူတို့ရဲ့ အပြိုင်တည်ဆောက်ထားတဲ့ တက္ကစီလမ်းများလည်း ပါဝင်ပါတယ်။

တက္ကစီလမ်းသည် ၂,၁၄၆ မီတာ အကွာအဝေးရှိ ပြေးလမ်းနှစ်ခုကို ချိတ်ဆက်ပေးကာ တစ်ပြိုင်နက် ဆင်းသက်နိုင်မှာဖြစ်သလို တတိယအပြိုင် ပြေးလမ်းအတွက်လည်း နေရာလွတ် ရှိနေပါသေးတယ်။

လေကြောင်း ထိန်းချုပ်ရေး

KFIA မှာ အမြင့် ၈၄ မီတာရှိသော ထိန်းချုပ်ရေး မျှော်စင်တစ်ခုရှိပြီး လေကြောင်းထိန်းချုပ်မှုအဆင့်၊ နည်းပညာနဲ့ ဆက်သွယ်ရေးပစ္စည်းအတွက် ထပ်ခိုးအဆင့်နဲ့ သာယာအဆင်ပြေမှုများအတွက် နောက်ထပ်ထပ်ခိုးအဆင့်တို့ ပါဝင်ပြီး စုစုပေါင်းကြမ်းပြင်ဧရိယာ ၇၉၆၀ စတုရန်းမီးတာ ရှိပါတယ်။

ကားပါကင်နဲ့ အငှားကား အဆောက်အဦ

လေဆိပ်မှာ ကားအစီးရေ ၄,၅၀၀ ထားရှိရန် လုံလောက်သော သုံးထပ် ကားပါကင် အဆောက်အအုံတစ်ခု ရှိပါတယ်။ စတုရန်းမီတာ ၁၇၆,၇၅၂ ကျယ်ဝန်းတဲ့ အဆောက်အအုံဟာ ပင်မလမ်းများမှတစ်ဆင့် ခရီးသည်တင်ဂိတ်မှ တိုက်ရိုက်ဝင်ရောက်နိုင်ပါတယ်။

အပိုကားပါကင်ကို အဖွင့်နေရာနှစ်ခုမှာ ရနိုင်ပါတယ်။ ဂိတ်များမှာ သီးခြားကောင်တာများရှိတဲ့ ကားအငှား ကုမ္ပဏီများကလည်း ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုများပေးနေပါတယ်။

လမ်းအခြေခံ အဆောက်အဦ

Dammam ရဲ့ အနောက်မြောက်ဘက် ၂၂ ကီလိုမီတာ အကွာမှာတည်ရှိတဲ့ လေဆိပ်ဟာ Dammam-Riyadh အဝေးပြေးလမ်းမကြီး၊ Abu Hadriyah အဝေးပြေးလမ်းမကြီးတို့နဲ့ ကောင်းစွာဆက်သွယ်ထားပါတယ်။

King Fahd လမ်းကို အဓိက သုံးလမ်းသွားနဲ့ နှစ်လမ်းသွား အဝေးပြေးလမ်းမကြီးနှစ်ခုဖြင့်လည်း ချိတ်ဆက်ထားသလို ကီလိုမီတာ ၆,၄၀၀ အရှည်ရှိ လမ်းသစ်များ ပြီးစီးရန် ရည်ရွယ်ထားတဲ့ ဆော်ဒီအာရေးဗျရဲ့ အခြေခံအဆောက်အအုံ ပရောဂျက် တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့လည်း လမ်းသစ်တွေကို ဖောက်လုပ်သွားဖို့ စီစဉ်ထားပါသေးတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *