အချိန်မရွေးဖြစ်လာနိုင်တဲ့ စစ်ပွဲတွေ

အချိန်မရွေးဖြစ်လာနိုင်တဲ့ စစ်ပွဲတွေ

ကမ္ဘာကြီးက ရုရှား-ယူကရိန်းလက်ကိုသာ အာရုံစိုက်နေကြတာပါ။ တကယ်တော့ တစ်ခြားသော ဒေသတွေမှာလည်း စစ်ပွဲတွေဟာ အချိန်မရွေးထပြီး ဖြစ်လာနိုင်ချေ ရှိနေပါတယ်။

လက်နက်ကိုင်အဖွဲ့ ၄၀ ကျော်ဟာ ကမ္ဘာတစ်လွှားမှာ ပဋိပက္ခတွေ ဖြစ်နေပါတယ်။

အင်ဂိုလာ အဓိကရုဏ်းတို့၊ ကင်းမရွန်းတို့ဆိုတာ ပြဿနာအသေးလေးတွေပဲ ရှိပါသေးတယ်။ နိုင်ငံတကာ စစ်ပွဲတွေ ဖြစ်လာနိုင်ချေက လက်တစ်ကမ်းမှာ ရှိနေပါပြီ။

ယခု တင်ပြမှာကတော့ အမှန်တကယ် ဖြစ်လာနိုင်တဲ့ စစ်ပွဲတွေဖြစ်ပါတယ်။ ရှု့စားကြပါဦး။

၁။ အီရန်နဲ့ ဆော်ဒီအာရေးဗျ

အီရန်ဆန့်ကျင်ရေးသမားတွေကို ဆော်ဒီက ကျောထောက်နောက်ခံ ပံပိုးပေးနေတယ်လို့ စွပ်စွဲထားပါတယ်။ အစ္စလာမ်မစ်တော်လှန်ရေးတပ်မတော် အကြီးအကဲ Guard Corps ရဲ့ အဆိုအရ ဆော်ဒီဟာ ဒီကိစ္စမှာ ပါဝင်ပါတ်သက်ခဲ့ရင် တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်လို့ ဆိုထားပါတယ်။

ဆော်ဒီကတော့ ဒါဟာ အမှန်တကယ် ခြိမ်းခြောက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်ကတော့ အီရန်ကို ဒီအကျိုးအဆက်တွေ ပြန်ခံစားရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

ဒါတွေအားလုံး ဒီ ၂၀၂၂ ခုနှစ်ရဲ့ နိုဝင်ဘာလထဲမှာ ဖြစ်နေတာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတည်းက တီဟီရန်နဲ့ ရီယဒ်အစိုးရတွေကြားထဲမှာ တင်းမာနေခဲ့ကြပါတယ်။

၂။ တောင်နဲ့ မြောက် ကိုရီးယား

ဒီ နှစ်နိုင်စလုံးဟာ တစ်ဦးကိုတစ်ဦး အသိအမှတ်မပြုကြတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ စစ်ရေးလှုံ့ဆော်တာ၊ ဝါဒဖြန့်ချီတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ သူက ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးလို့ အသံကောင်း ဟစ်နေတာပါ။

နိုဝင်ဘာ ၂ ရက်နေ့မှာ မြောက်ကိုရီးယားဟာ ဒုံးကျည် (၁၀) စင်းအထိ ပင်လယ်ထဲကို ပစ်လွှတ်ခဲ့ပါတယ်။ ဒုံးကျည်တစ်ချို့ဟာ တောင်ကိုရီးယားရေပိုင်နက်နဲ့ (၃၇)မိုင် အကွာမှာ ကျရောက်ခဲ့တာပါ။

ဒီရက်တွေ မတိုင်ခင်ကတည်းက ပြုံးယမ်းဟာ တောင်ကိုရီးယားကို ဝါရှင်တန်အစိုးရနဲ့ ပူးပေါင်းပြီး မြောက်ကိုရီးယားကို ကျူးကျော်ဖို့ ကြံစည်နေတယ်လို့ စွပ်စွဲခဲ့ပါသေးတယ်။

ကင်ဂျုံအမ်ဟာ ဒီလိုစစ်ရေးလေ့ကျင့်မှုတွေ၊ လှုံ့ဆော်မှုတွေကို ကြာရှည် သည်းခံနေမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

၃။ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား

ဒီနှစ်နိုင်ငံဟာ ဒီနှစ်ထဲမှာပဲ စစ်ဖြစ်ပြီးခဲ့ပါပြီ။ သူတို့ရဲ့ နယ်စပ်ပြဿနာဟာ မီးပွားအကျကို စောင့်နေတဲ့ ယမ်းစတွေလိုပါပဲ။

အဇာဘိုင်ဂျန်က အာမေးနီးယားဟာ ငြိမ်းချမ်းရေး သဘောတူညီချက်အားလုံးကို ချိုးဖောက်နေတယ်လို့ စွပ်စွဲပါတယ်။

အာမေးနီးယားကတော့ အခြေအနေဟာ ပိုကျယ်ပြန့်တဲ့ ပဋိပက္ခဆီကို သွားနေတယ်လို့ ယုံကြည်ပါတယ်တဲ့။ အာမေးနီးယန်း စစ်တပ်ဟာ ရုရှားကို မှီခိုနေရတာ ဖြစ်ပါတယ်။

အဇာဘိုင်ဂျန်ကတော့ တူရကီက ကျော‌ထောက်နောက်ခံ ပေးထားပါတယ်။ ရုရှားကတော့ အာမေးနီးယားကို နယ်မြေသိမ်းပိုက်ဖို့ မြှောက်ပေးနေပါတယ်။

၄။ တရုပ်နဲ့ ထိုင်ဝမ်

ရှီကျင့်ဖျင်ရဲ့ လက်အောက်မှာ တရုပ်ဟာ ရန်လိုတဲ့ အပြုအမူတွေကို ပြသနေပါတယ်။ အချင်းချင်း သဘောထားကွဲလွဲမှုကို ဖြေရှင်းဖို့က ရှီရဲ့ နံပါတ်တစ်ဦးစားပေး အစီစဉ်လို့ ပြေပါတယ်။

ဒါ့ကြောင့်လည်း ထောင်သွင်းအကျဉ်းချခံရသူတွေ၊ ပြည်နှင်ဒဏ်ခံရသူတွေ ပိုများလာတာက လက်တွေ့ပါပဲ။ ဟောင်ကောင်နဲ့ ရှင်ကျန်းပြည်တွေဟာ ငြိမ်းချမ်းစွာ လက်တွဲနေတယ်လို့ မီဒီယာတွေမှာ အကြီးအကျယ်ပြောဆို ရေးသားနေကြတာပါ။

ဒါတွေက ရှီရဲ့ ပထမ၊ဒုတိယ သက်တမ်းအတွင်း ဖြစ်ခဲ့တာပါ။ အခု သူ တတိယအကြိမ် ရွေးချယ်ခံရပြန်ပါပြီ။ ပြန်လည်ပေါင်းစည်းရေးဆိုတဲ့ အသံတွေ ဆူညံလာပြန်ပါပြီး။

ဒါတွေနဲ့အတူ တရုပ်စစ်လေယာဉ်တွေဟာ ဥပဒေချိုးဖောက်ပြီး ထိုင်ဝမ်လေပိုင်နက်ကို မကြာခဏ ကျူးကျော်ပံသန်းနေပါတယ်။

ထိုင်ဝမ်ကလည်း သူရဲ့ စစ်အင်အားကို ၂၀၁၆ ခုနှစ်ကတည်းက တိုးချဲ့တည်ဆောက်နေခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက နည်းဗျူဟာ အပြောင်းအလဲကို ကြေငြာခဲ့ပါတယ်။ ထိုင်ဝမ်လေပိုင်နက်ကို ကျူးကျော်လာတဲ့ မည်သည့် တရုပ်လေယာဉ်၊ ဒရုန်းကိုမဆို ပစ်ချမယ်လို့ ကြေငြာခဲ့ပါတယ်။

၅။ ကာဇက်စတန်နဲ့ တာဂျစ်ကစ္စတန်

ဒီ အာရှအလယ်ပိုင်း နှစ်နိုင်ငံဟာလည်း ဒီနှစ်အတွင်း ပွတ်တိုက်မှုတွေ ရှိလာခဲ့ပါတယ်။ ဒီပဋိပက္ခအတွင်း လူ ၃၀၀ လောက် အသက်ဆုံးရှုံးခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလက နှစ်နိုင်ငံစလုံး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံ နယ်ခြားပြဿနာကတော့ ဖြေရှင်းမရဘဲ ရှိနေဆဲပါ။ နှစ်နိုင်ငံဟာ ၆၁၁ မိုင် ရှည်လျားတဲ့ နယ်ခြားချင်း ထိစပ်နေပါတယ်။ နယ်မြေအတိအကျ သတ်မှတ်နိုင်တာကတော့ ၃၁၃ မိုင်ပဲ ရှိပါတယ်။

တာဂျစ်တို့ရဲ့ ဒေသ ၂ ခုဟာလည်း ကာဇက်စတန်တို့က စိုးမိုးထားတဲ့နေရာ ဖြစ်နေပါတယ်။ နှစ်နိုင်ငံစလုံးက ဆိုဗီယက်ခေတ်မြေပုံတွေကိုင်ပြီး ငြင်းနေကြတာပါ။ စစ်ပွဲဟာလည်း ဖြစ်ဖို့ နီးစပ်နေပါတယ်။ ရေရရှိမှုကလည်း ဒေသဆိုင်ရာ ပြဿနာတစ်ခု ဖြစ်နေပါတယ်။

၆။ ရုရှားနဲ့ လစ်သူရေးနီးယား

ရုရှားဟာ ဘောလတစ်ပင်လယ်ကို မောင်ပိုင်စီးထားပါတယ်။ ဒါကို Kaliningard Oblast လို့ ခေါ်ပါတယ်။ ၆၀ မိုင် ရှည်လျားတဲ့ နယ်စပ်မျဉ်းဟာ ပိုလန်၊ လစ်သူရေးနီးယားနဲ့ ဘီလာရုစ်နိုင်ငံတွေထဲကို ဖြတ်သန်းသတ်မှတ်ထားပါတယ်။ ဒီဒေသကို Swalki Gap လို့ လူသိများပါတယ်။

တကယ်တော့ ဒီနေရာဟာ ဗျူဟာမြောက် အရေးကြီးနေရာတစ်ခုလည်း ဖြစ်ပါတယ်။ Kaliningrad ဒေသမှာ ရုရှားဟာ စစ်အင်အား အကြီးအကျယ်ချထားပါတယ်။

ဒါ့ကြောင့်လည်း NATO နေတိုးဟာ ပိုလန်နဲ့ လစ်သူရေးနီးယားကို အင်အား ဖြည့်တင်းပေးနေရပါတယ်။ ဒီ ကွက်လပ်ဒေသကို စောင့်ကြည့်နေရပါတယ်။

ရုရှားကလည်း ထူးခြားတဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး မော်စကိုက ဒါကို ခွင့်ပြုထားပုံရပါတယ်။ Kaliningrad ဒေသကို ရိက္ခာဖြည့်ဖို့ ဘီလာရုစ်ကတဆင့် ရုရှားက ပြုလုပ်နေပါတယ်။ EU အီးယူကတော့ ဒါကို လက်မခံဘူးလို့ပြောပြီး Kaliningrad ကို ပိတ်ဆို့မှုစာရင်းထဲ ထည့်ထားပါတယ်။

၇။ ပိုလန်နဲ့ ဘီလာရုစ်

နောက်ဆုံး ဖြစ်နိုင်ချေကတော့ ပိုလန်နဲ့ ဘီလာရုစ်ပဲ ဖြစ်ပါတယ်။ ဘီလာရုစ်က အာဏာရှင် အလက်ဇန်ဒါး လူကာရှန်ကိုဟာ ပိုလန်တွေကို သူ့အစိုးရကို ဖြုတ်ချပစ်ဖို့ မြှောက်‌ပေးနေတယ်လို့ ဆယ်စုနှစ်များစွာ စွပ်စွဲနေခဲ့တာပါ။

ပိုလန်ကလည်း နှစ်နိုင်ငံနယ်စပ်မှာ စစ်အင်အား တိုးချဲ့ထားပါတယ်။ ပြီးခဲ့တဲ့လက ဘီလာရုစ်ဟာ ပိုလန်ရဲ့ ရှေးဟောင်းအုတ်ဂူတွေကို ဘီလာရုစ်ဖက်ခြမ်းမှာရှိသမျှ ဖြိုချပစ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

ဒါ့အပြင် ဘီလာရုစ် ဝါဒဖြန့်ချီရေးသမားတွေကလည်း ပိုလန်ကို ဒေါသထွက်အောင် ဆွပေးနေသလိုပါပဲ။ ဒါတွေရဲ့ လက်သည်တရားခံကတော့ ရုရှားဆိုတာ ခန့်မှန်းနိုင်ပါလိမ့်မယ်။

ခုတင်ပြခဲ့တာတွေကတော့ ကမ္ဘာတစ်လွှားက အချိန်မရွေး ဖြစ်လာနိုင်တဲ့ စစ်ပွဲအခြေအနေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ရော ဘယ်လို ထင်ပါသလဲ မန့်ခဲ့ကြပါဦးနော်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *