ဧရာမ ရွှေငါးကြီးကို ဖမ်းမိခဲ့သူ
ဗြိတိန်နိုင်ငံသား ငါးဖမ်းသမား အန်ဒီ ဟက်ကက် ( Andy Hackett) ဆိုသူဟာ ပြင်သစ်ခရီးစဉ်တစ်ခုမှာ ဒီ လိမ္မော်ရောင် ဧရာမ ရွှေငါးကြီးကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
ဒီ ငါးကြီးဟာ လိမ္မော်ရောင်တောက်တောက်နဲ့ လှပလွန်းတာကြောင့် သူ့ကို မုန်လာဥနီ (Carrot) လို့ နာမည်ပေးထားကြပါတယ်။
ဧရာမ ရွှေငါးကြီးကို ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း Champagne ပြည်နယ်ရှိ၊ (Blue water lake) အပြာရောင် ရေကန်တွင် လွန်ခဲ့သော နှစ်များက တွေ့ရှိခဲ့ပြီးနောက် ယခုမှ ပြန်လည်ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ရွှေငါးကြီးဟာ ငါးကြင်းမျိုးစပ်ဖြစ်ပြီး သူ့ကို ဖမ်းမိဖို့ ၂၅ မိနစ်ကျော် ကြာခဲ့တယ်လို့ ဆိုပါတယ်။
မစ္စတာ ဟက်ကက်ဟာ သူ့ကို ပိုက်ကွန်ထဲမှ ထုတ်ယူပြီးတဲ့အခါတော့ လှပပြီး ကြီးမားလှတဲ့ ရွှေငါးကြီးကို မြှောက်ချီပြသပြီး ပျော်ရွှင်နေခဲ့ပါတယ်။
ငါးဟာ လှပတဲ့ အကြေးခွံများနဲ့ ဖုံးအုပ်နေပြီး အလေးချိန်က ၃၀ ကီလိုဂရမ် (၆၇ ပေါင်) တောင် ရှိပါတယ်။
အိမ်တွေမှာ အလှမွေးတဲ့ ငါးတွေထဲမှာ ရွှေငါး (Gold Fish) ဟာ ငါးကြင်းမျိုးစပ်တွေ ဖြစ်ပါတယ်။ အိမ်မွေးကန်ထဲမှာ သိပ်ကြီးထွားမှု မရှိပေမဲ့ သဘာဝရေကန်၊ ချောင်း၊ မြောင်းတွေမှာတော့ ကြီးထွားမှု ရှိတတ်ပါတယ်။
မစ္စတာဟက်ကာဟာ ပြင်သစ်နိုင်ငံကို မကြာခဏ လာရောက်လေ့ရှိတဲ့ ငါးဖမ်းဝါသနာပါသူ တစ်ယောက်ဖြစ်ပါတယ်။ ယခင် အခေါက်များကတည်းက သူဟာ ဒီ မုန်လာဥ ရွှေငါးကြီးကို သတင်းရခဲ့ပါတယ်။
တစ်ခြားငါးတွေဟာ ရေအောက်မှာ မြင်တွေ့ဖို့ ခက်ပေမဲ့ ဒီ မုန်လာဥ အမည်ရ ရွှေငါးကြီးကတော့ သူရဲ့ တောက်ပတဲ့အရောင်ကြောင့် အလွယ်တကူ မြင်တွေ့ရပါတယ်။
ရှားပါးတဲ့ ငါးဖြစ်ပြီး လူအတော်များများက ဖမ်းဖို့ ကြိုးစားခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ကြပါဘူး။
သူတို့က လေးလွန်းတော့ နှေးကွေးစွာ ရွေ့လျားတတ်ကြပါတယ်။ နောက်ပြီး တစ်နေရာထဲမှာ လှည့်ပါတ်နေတတ်ကြပါတယ်။ ဒီသဘာဝကို လေ့လာပြီး သူ့ကို စောင့်ဖမ်းခဲ့တာပါလို့ မစ္စတာ သက်ကက်က ပြောပါတယ်။
စိတ်မပူကြပါနဲ့။ ရွှေငါးကြီးကို ဖမ်းမိပေမဲ့ ဓါတ်ပုံရိုက် မှတ်တမ်းတင်ပြီးနောက် ရေထဲကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ဓါတ်ပုံလေးတွေ ရှု့စားရင်း ဒီဝဝကစ်ကစ် ရွှေငါးကြီးအတွက် မန့်ထဲမှာ ဆုတောင်းခဲ့ကြပါဦးလို့။
Knight News Team
Knight News © 2022