ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကမ္ဘာမြေကိုရိုက်ခတ်သွားမယ့် ဆိုလာမုန်တိုင်းအကြောင်း
နေလုံးတွင်းထဲက ချောက်ပုံစံ တွင်းပေါက်ထဲမှ နေရောင်ခြည် မုန်တိုင်းဟာ ကြာသပတေးနေ့ (ဒီဇင်ဘာ ၁ ရက်) နေ့မှာ ကမ္ဘာမြေကို မကြာမီ ဝင်ရောက်လာနိုင်ပါတယ်။
ဒီအပေါက်ဟာ နေရောင်ခြည်သုံး ပစ္စည်းတွေကို အပြင်ဘက်သို့ တစ်နာရီကို ၁.၈ သန်းမိုင်မှုန်း အရှိန်ဖြင့် ထုတ်လွှတ်ပေးနိုင်ပါတယ်။
နေရဲ့လေထုအတွင်းရှိ ချောက်နဲ့တူသော အပေါက်တစ်ခုဟာ ပွင့်ထွက်သွားခဲ့ပြီး နေရောင်ခြည်မှအရှိန်မြင့်သော လေစီးကြောင်းကို ကမ္ဘာမြေရဲ့ သံလိုက်စက်ကွင်းအတွင်းသို့ ကြာသပတေးနေ့ (ဒီဇင်ဘာ ၁ ရက်) မှ သောကြာနေ့ (ဒီဇင်ဘာ ၂ ရက်) အထိ အကျိုးသက်ရောက်သွားမှာ ဖြစ်ပါတယ်။
ဒီလိုအကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်တဲ့အခါ ဆိုလာမုန်တိုင်း(ဘူမိမုန်တိုင်း) တွေဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။
ဒီအပေါက်ကြီးကို ရှင်းလင်းရမယ်ဆိုရင်တော့ နေရဲ့အလယ်ဗဟိုကိုဖြတ်ပြီး ဆန့်ထုတ်ထားတဲ့ ဧရာမနေရောင်ခြည် ပင်လယ်ကွေ့တစ်ခုပါပဲ။ အင်္ဂလိပ်အခေါ်ကတော့ Coronal hole လို့ခေါ်ပါတယ်။
Coronal hole တွေဟာ ကြယ်ရဲ့လျှပ်စစ်ဓါတ်ငွေ့ကို အခြားဒေသများထက် ပူပြီးသိပ်သည်းသွားစေတဲ့ နေရဲ့အပေါ်ပိုင်းလေထုအတွင်းရှိ ဧရိယာများဖြစ်ပြီး သူ့ကိုဆန့်ကျင်ဘက်အားဖြင့် မည်းညစ်သွားစေပါတယ်။
အဆိုပါအပေါက်များ အနီးတစ်ဝိုက်မှာ နေရဲ့ သံလိုက်စက်ကွင်းလိုင်းများက နေရဲ့ကိုယ်ပေါ်ကို ပြန်လှည့်ပတ်နေမယ့်အစား အာကာသထဲသို့ ဆန့်ထွက်သွားပြီး နေရောင်ခြည်စွမ်းအင်သုံး ပစ္စည်းများကို တစ်နာရီ မိုင် ၁.၈ သန်းနှုန်းဖြင့် ထုတ်လွှတ်လိုက်သလို ဖြစ်ပေါ်လာပါတယ်။
နေရောင်ခြည်စွမ်းအင်သုံး ပစ္စည်းများလို့ဆိုရမှာ အီလက်ထရွန်၊ ပရိုတွန်နဲ့ အယ်လ်ဖာအမှုန်များကို ဆိုလိုခြင်းဖြစ်ပြီး နေရောင်ခြည်က အပျက်အစီးတွေကို ဒီစွမ်းအင်က ဖိသိပ်သွားပါတယ်။
အဲဒီနောက် ဘူမိမုန်တိုင်းအဖြစ် ကမ္ဘာမြေပေါ်က သံလိုက်စက်ကွင်းတွေက စုပ်ယူလိုက်ပါတော့တယ်။
နေရောင်ခြည်က ပြန့်ကျလာတဲ့ ဒီအမှုန်တွေဟာ ကမ္ဘာရဲ့ သံလိုက်ဓာတ်အား အပျော့ဆုံး နေရာတွေဖြစ်တဲ့ ဝင်ရိုးစွန်းဒေသတွေအနီးရှိ လေထုအတွင်း ဝင်ရောက်သွားပါတယ်။
ဒီလိုမျိုး ဝင်ရောက်လာချိန်မှာတော့ အောက်ဆီဂျင်နဲ့ နိုက်ထရိုဂျင် မော်လီကျူးများကို လှုံ့ဆော်ပေးလိုက်သလိုဖြစ်ပြီး ထိုမှတစ်ဆင့် စွမ်းအင်များ ပြန်ထုတ်လွှတ်စေကာ ရောင်စုံ ဥတ္တရအလင်းတန်းများကို နေရာအနှံ့အပြားမှာ ဖြစ်ပေါ်စေပါတယ်။
ကံကောင်းစွာနဲ့ပဲ ကြာသပတေးနေ့မှာ ကမ္ဘာကို ဝင်ရောက်တိုက်ခတ်မယ့် မုန်တိုင်းဟာ အားနည်းဖွယ်ရှိတဲ့ G-1 ဘူမိသံလိုက်မုန်တိုင်းဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။
အကျိုးသက်ရောက်မှုအနေနဲ့ မဟာဓာတ်အားလိုင်းများကို အနည်းငယ်အတက်အကျဖြစ်စေနိုင်ပြီး မိုဘိုင်းစက်ပစ္စည်းများနဲ့ GPS စနစ်များအတွက် အပါအဝင် ဂြိုဟ်တုလုပ်ဆောင်ချက်အချို့ကို ထိခိုက်စေနိုင်ပါတယ်။
ဒါ့အပြင် ဝင်ရိုးစွန်း ဒေသတွေမှာလည်း ဥတ္တရအလင်းတန်းတွေကို မြင်တွေ့သွားရနိုင်ပါတယ်။ ဘူမိသံလိုက်မုန်တိုင်းတွေဟာ ပေါ့လျော့ပြီး တွက်ဆထားလို့တော့မရပါဘူး။
ပိုမိုပြင်းထန်တဲ့ ဘူမိသံလိုက်မုန်တိုင်းများက ပိုပြီးပြင်းထန်တဲ့ သက်ရောက်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ပိုပြင်းတဲ့ သက်ရောက်မှုလို့ဆိုရာမှာ ကမ္ဘာမြေရဲ့ သံလိုက်စက်ကွင်းကို ကမ္ဘာမြေပေါ်သို့ လိမ့်ကျနေသော ဂြိုလ်တုများသို့ လုံလောက်စွာ မပေးပို့နိုင်တော့ဘဲ လျှပ်စစ်စနစ်များကို အနှောင့်အယှက်ပေးနိုင်သလို အင်တာနက်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဘူမိသံလိုက် မုန်တိုင်းတွေက အများအားဖြင့် နေရောင်ခြည်လှုပ်ရှားမှုရဲ့ ပုံစံနှစ်မျိုးမှ ဖြစ်ဖျားခံလာကြပါတယ်။ CMEs ပုံစံဖြင့် နေမှ ပေါက်ထွက်လာတဲ့ အပျက်အစီးတွေဟာ များသောအားဖြင့် ကမ္ဘာမြေကို ရောက်ရှိရန် ၁၅ နာရီမှ ၁၈ နာရီခန့် ကြာမြင့်တတ်ပါတယ်။
ရေဒီယိုဓာတ် ပြတ်တောက်မှုကို ဖြစ်စေနိုင်တဲ့ နေရောင်ခြည်ရဲ့ တောက်ပသော အလင်းတန်းများကတော့ အလင်း အမြန်နှုန်းဖြင့် ကမ္ဘာမြေကို ၈ မိနစ်အတွင်း ရောက်ရှိလာနိုင်ပါတယ်။
လာမယ့် မုန်တိုင်းဟာ အကြမ်းဖျင်းအားဖြင့် ၁၁ နှစ်အကြာ နေရောင်ခြည် လည်ပတ်မှုရဲ့ အတက်ကြွဆုံး အဆင့်ကို ရောက်ရှိနေတာကြောင့် ကမ္ဘာမြေကို ပစ်ခတ်သွားမယ့် နောက်ဆုံး နေစွမ်းအင် စွန့်ထုတ်မှုလည်း ဖြစ်ကောင်းဖြစ်နိုင်ပေါတယ်။
၁၉၉၅ ခုနှစ်ကတည်းက နက္ခတ္တဗေဒပညာရှင်များက နေရောင်ခြည် လှုပ်ရှားမှု လည်ပတ်မှု မြင့်တက်ပြီး ကျဆင်းလာကြောင်း သိရှိထားကြပေမဲ့ မကြာသေးမီကတော့ နေဟာ မျှော်လင့်ထားတာထက် ပိုမိုပြင်းထန်လာခဲ့ပြီး ကမ္ဘာ့လေထုထဲမှာ နေရောင်ခြည်စွမ်းအင် နှစ်ဆနီးပါး ထွက်ပေါ်လာခဲ့ပါတယ်။
နေရဲ့အခုလို စွမ်းအင်တွေနဲ့ လုပ်ဆောင်ချက်ပိုင်းတွေဟာလည်း လာမယ့်နှစ် အနည်းငယ်အတွင်း ဆက်တိုက်မြင့်တက်လာမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာတော့ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာမှာဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
Knight News Team
Knight News © 2022