ကမ္ဘာ့အထူးခြားဆုံး မြေဝပ်ငှက်မျိုးစိတ် (သို့) အရှေ့တောင်အာရှရဲ့နဂါးငှက်တို့အကြောင်း

ကမ္ဘာ့အထူးခြားဆုံး မြေဝပ်ငှက်မျိုးစိတ် (သို့) အရှေ့တောင်အာရှရဲ့နဂါးငှက်တို့အကြောင်း

ပုံစံက ကာတွန်းရုပ်နဲ့တူနေပေမဲ့ ဒီငှက်တွေဟာ ကမ္ဘာပေါ်မှာ စွဲဆောင်မှုအရှိဆုံး ငှက်တွေထဲကတစ်ကောင် ဖြစ်ပါတယ်။

နဂါးနဲ့တူလို့ နဂါးငှက်လို့တောင် နာမည်ရထားတဲ့ ဒီငှက်တွေဟာ ဘယ်လိုပဲကြည့်ကြည့် ငှက်တွေလို့ သင်ထင်မိမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ အနီးနားကပ်ပြီး ကြည့်မယ်ဆိုရင်တော့ အမွေးများဖြင့် ဖုံးအုပ်ထားတဲ့ တောင်ပံနှစ်ဖက်ကို မြင်တွေ့ရမှာပါ။

တကယ်တမ်းမှာတော့ ဒီနဂါးငှက်တို့ဟာ မြန်မာအခေါ်မှာတော့ မြေဝှပ်ငှက်မျိုးစိတ်တစ်ခု ဖြစ်ပါတယ်။

အနောက်တိုင်းရဲ့ ယဥ်ကျေးမှုအရ ဒီငှက်တွေရဲ့ပုံစံဟာ သူတို့ရဲ့ဒဏ္ဍာရီထဲက နဂါးငှက်တွေနဲ့ အသွင်တူတာကြောင့် နဂါးငှက်လို့ အမည်ပေးခံခဲ့ရတာဖြစ်ပြီး အနောက်တိုင်းသားတွေအဖို့တော့ စိတ်ကူးယဉ်ကမ္ဘာတစ်ခု အသက်ဝင်လာတာပါပဲ။

ဒီငှက်ကိုတော့ Great Eared NightJar ငှက်တွေလို့ခေါ်ကြပြီး Nightjar ကို ဘာသာပြန်လိုက်ရင်တော့ မြေဝှပ်ငှက် (သို့) ငှက်ပျင်းလို့ အဓိပ္ပာယ်ရပါတယ်။

သူတို့ရဲ့ အထင်ရှားဆုံး ဦးချိုလေးတွေနဲ့ သေးငယ်တဲ့ နှုတ်သီးတို့ကြောင့်လည်း ချစ်စရာကောင်းတဲ့ ဒဏ္ဍာရီလာ မျိုးစိတ်လေးတွေအဖြစ် အများက သတ်မှတ်ထားကြတာပါ။

သူ့ရဲ့ နဂါးငှက်ဆိုတဲ့ နာမည်အစပြုရမှာ နားရွက်ပုံစံလေးတွေဖြစ်နေတဲ့ ရွှေရောင်အမွေးအမှင်နဲ့ ဦးချို၊ နှုတ်သီး၊ မျက်လုံးဝိုင်းဝိုင်းကြီးတို့ဟာ နဂါးပေါက်စလေးပုံစံနဲ့ ဆင်တူနေရာမှာ အစပြုပြီး နဂါးငှက်လေးတွေ ဖြစ်လာခဲ့ကြပါတယ်။

သူ့ရဲ့ အမဲလိုက်အချက်ပေးသံတို့နဲ့ တောအုပ်ကြမ်းပြင်မှာ ဥများချထားလေ့ရှိတဲ့ ပုံမှန်မဟုတ်သော အလေ့အထတွေကြောင့် လူသိများတဲ့ ငှက်မျိုးစိတ်လည်း ဖြစ်ပါတယ်။

ဒီငှက်တွေဟာ ဇီးကွက်တွေလိုပဲ ညအချိန်မှာပဲ အစာရှာလှုပ်ရှားကြတဲ့ မျိုးစိတ်တွေဖြစ်ပြီး ဒီထူးခြားငှက်လေးကို တောထဲမှာ မြင်တွေ့ဖူးတဲ့သူတွေကို ကံကောင်းသူများအဖြစ် သတ်မှတ်ရတဲ့အထိ ရှားပါးပြီး တွေ့ရခဲတဲ့ မျိုးစိတ်တွေလည်း ဖြစ်ပါတယ်။

ဒီငှက်တွေဟာ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်နဲ့ အိန္ဒိယတို့လို အရှေ့တောင်အာရှိ အစိတ်အပိုင်းတွေက စိုစွတ်သော မြေနိမ့်ပိုင်းသစ်တောများမှာ ကျင်လည်ကျက်စားကြပါတယ်။

Great Eared Nightjar ငှက်တွေဟာ သြစတေးလျဇာတိဖြစ်တဲ့ မြေဝပ်ငှက်မျိုးနွယ်ဝင် မြေဝပ်ငှက်အကြီးစားမျိုးတွေ ဖြစ်ပါတယ်။

သူတို့ရဲ့ ခေါင်းထိပ်က အချိုးညီနေတဲ့ နားရွက်လေးနှစ်ခုကြောင့် တချို့ကလည်း batman ရဲ့ မျက်နှာဖုံးလို့တောင် ခေါ်ဆိုကြပါတယ်။

တကယ်တော့ ဒီနားရွက်လေးတွေဟာ သူတို့ရဲ့ ညအမြင်အာရုံကို အထောက်အကူ ပြုနေတာပါ။ ညမှာမှ လှုပ်ရှားကြတဲ့ သတ္တဝါတွေဖြစ်တာမလို့ နားရွက်အစုံမှာ tapetum lucidum လို့ခေါ်တဲ့ မျက်လုံးရဲ့ နောက်ဘက် က တစ်ရှူးအလွှာတစ်ခု ပါရှိပါတယ်။

ဒီတစ်ရှူးအလွှာက သူတို့ရဲ့ ညဘက်အမြင်အာရုံကို မြောက်များစွာ အထောက်အကူပြုနေပြီး သူတို့ရဲ့ မြင်လွှာမှတစ်ဆင့် ပြန်မြင်နိုင်တဲ့ ညဘက်အလင်းရောင်ကို ရောင်ပြန်ဟပ်စေပါတယ်။

ဒါဟာ ကြောင်များ၊ မိကျောင်းများ၊ လင်းနို့များတို့လို ညတိရိစ္ဆာန်တွေရဲ့ မျက်စိတွေမှာလည်း ပါဝင်နေတဲ့ အလွှာတစ်ခုပါ။

ဒီ tapetum lucidum ရဲ့ ညအမှောင်ထဲပ ဆင့်ကဲဖြစ်စဉ်နဲ့ လုပ်ဆောင်ချက်တွေကလည်း တကယ့်ကို အံ့သြဖွယ်ရာပါပဲ။

ဒါ့အပြင် သူ့ရဲ့ အမွေးအတောင်တွေမှာ ဖြတ်ပြေးနေတဲ့ မီးခိုးရောင်၊ အနက်ရောင်၊ အညိုရောင်နဲ့ သစ်အယ်သီး ပုံစံတွေက သစ်တောကြမ်းပြင်မှာ သားရဲတွေရန်က ပုန်းကွယ်နေဖို့ အထောက်အကူဖြစ်စေပြီး တောကြမ်းပြင်မှာ ဥတစ်လုံးပေါက်ပြီး ဥကိုဖုံးကွယ်ထားဖို့လည်း ကူညီပေးပါတယ်။

သူတို့တွေက အခြားငှက်မျိုးစိတ်တွေလိုပဲ ဥနဲ့သားပေါက်ကြပေမဲ့ ထူးခြားတာက တစ်ခါဥရင် ဥတစ်ဥ၊ သားတစ်ကောင်ပါပဲ။

ဒီအချက်က သစ်ပင်များပေါ်မှာ ခပ်မြင့်မြင့်အသိုက်တည်ပြီး သားငယ်လေးတွေကို ဘေးကင်းဖွာပေါက်ဖွားလေ့ရှိကြတဲ့ ငှက်မျိုးစိတ်တွေအတွက် အတော်လေးထူးဆန်းတဲ့ အလေ့အထပါပဲ။

မြေပြင်မှာ အသိုက်လုပ်တာထက် ပိုပြီးထူးခြားတဲ့ အချက်ကတော့ သူ့ရဲ့အံ့သြဖွယ်ကောင်းသော ပျံသန်းမှုဖြစ်ပြီး လေထဲမှာ အချိန်များစွာ ကုန်ဆုံးနေနိုင်တဲ့ ငှက်မျိုးစိတ် ဖြစ်နေပြန်ပါတယ်။ 

လက်တွေကျကျဆိုရရင် ဒီငှက်တွေဟာ ပျံသန်းရင်းနဲ့ အစာစားကြတဲ့ ငှက်တွေပါ။ ပျံသန်းရင်း တောင်ပံပေါ်ရောက်လာတဲ့ အင်းဆက်ပိုးမွှားများကို ဖမ်းစားကြပါတယ်။

သောက်ရေကိုလည်း ရေကန်များနဲ့ မြစ်များကို ဖြတ်ကျော်ပျံသန်းရင် မျက်နှာပြင်မှ ရေများကို စုပ်ယူရင်း သောက်သုံးကြတာပါ။

ဒီလိုအချက်တွေကြောင့်လည်း နဂါးငှက်ဟာ အသွင်အပြင်ပိုင်းမှာသာမက အလေ့အထပိုင်းမှာပဲ တခြားငှက်မျိုးစိတ်တွေထက် အတော်လေးကို ကွဲပြားခြားနားနေတဲ့ ထူးခြားမျိုးစိတ်အဖြစ် အခိုင်အမာဆိုနိုင်နေတာပါ။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *