ကမ္ဘာ့အကြီးဆုံးငှက်များ

ကမ္ဘာ့အကြီးဆုံးငှက်များ

တချို့ငှက်တွေဟာ အရွယ်အစားကြီးမားကြပြီး မတ်တပ်ရပ်နေရင် အမေရိကန် ဘတ်စကတ်ဘောသမားတွေထက်တောင် မြင့်ပါတယ်ဆိုရင် သင်ယုံပါ့မလား။

တကယ်ရှိပါတယ်။ တကယ်တော့ ကမ္ဘာပေါ်မှာ ငှက်မျိုးစိတ်ပေါင်း ၁၀,၀၀၀ ကျော်ရှိပြီး အရွယ်အစားကလည်း အမျိုးမျိုးရှိပါတယ်။

ပျားတစ်ကောင်အရွယ်သာရှိတဲ့ ဝတ်ရည်စုပ်ငှက်ကနေ Ostrich ခေါ် ငှက်ကုလားအုပ်ကြီးတွေအထိ ရှိကြပါတယ်။ ဒီအထဲကမှ ကမ္ဘာ့အကြီးဆုံး ငှက်တချို့ကို ရွေးချယ်တင်ပြချင်ပါတယ်။

၁။ Harpy Eagle

ရှေးခေတ် ဂရိဒဏ္ဍာရီထဲက လူနံမည်နဲ့ အမည်ပေးထားတဲ့ ဒီ လင်းယုန်ငှက်ကြီးတွေဟာ အရွယ်အစား ကြီးမားပြီး မီးခိုးရောင် ရင့်ရင့်အမွှေးအတောင်တွေ ရှိပါတယ်။

အရွယ်ရောက်ပြီးသား လင်းယုန်အမတစ်ကောင်ဟာ ပေါင် (၂၀) လောက် အလေးချိန်ရှိပါတယ်။ အထီးကတော့ (၁၂) ပေါင်လောက် လေးပါတယ်။အတောင်တစ်ဖက်တစ်ချပ်ဟာ ဆန့်ထားရင် ၆ ပေခွဲလောက် ရှိပါတယ်။

အမြင့်ကနေ သားကောင်ကို ထိုးသုတ်ဖို့ စိုက်ဆင်းလာရင် တစ်နာရီ မိုင် ၅၀ နှုန်းလောက် ရှိပါတယ်။သူရဲ့ လက်သည်းတွေကတော့ ၅ လက်မလောက် ရှည်ပါတယ်တဲ့။

၂။ Wandering Albatross

ဒီ ပင်လယ်ဇင်ယော်ကြီးတွေက အတောင်ဖြန့်လိုက်ရင် (၁၁)ပေလောက် ရှိပါတယ်။ ဒါကြောင့်လည်း လေထဲမှာ ကြာရှည်စွာ ဝဲပျံနေနိုင်ကြပါတယ်။

ဒီအကောင်ကြီးတွေဟာ မှတ်တမ်းတွေအရ မိုင် (၃,၇၀၀) ကို (၁၂) ရက်လောက်နဲ့ ပျံသန်းနိုင်ကြပါတယ်။ သနားစရာကောင်းတာက သူတို့ကို ငါးမျှားချိပ်မှာ မိနေတဲ့ငါးကို စားမိတာတို့၊ ရေဘဝဲမျှားတဲ့ ငါးမျှားချိပ်မှာ မိနေတာတို့ မကြာခဏ တွေ့ရတတ်ပါတယ်။

၃။ Ostrich

သူရဲ့ ဇီဝနာမည်က (Struthio Camelus) ဖြစ်ပါတယ်။ ကျနော်တို့ကတော့ ငှက်ကုလားအုပ်လို့ အလွယ်ခေါ်ကြပါတယ်။

အရွယ်ရောက် ငှက်ကုလားအုပ်တစ်ကောင်ဟာ (၉)ပေအထိ မြင့်ပြီး (၂၈၇) ပေါင်အထိ ရှိခဲ့ဖူးပါတယ်။ အတောင်ဖြန့်လိုက်ရင် (၇)ပေတောင်ရှိပေမဲ့ မပျံသန်းနိုင်တဲ့ ငှက်မျိုးပါ။

ပြေးရင်တော့ တစ်နာရီကို မိုင်(၄၀)ကျော် ပြေးနိုင်ပါတယ်။ အမြီးတွေ၊ အတောင်တွေက ပြေးတဲ့အခါမှာ ကွေ့ဖို့၊ စောင်းဖို့၊ အရှိန်သတ်ဖို့ အထောက်အကူ ရပါတယ်။

သူ့ရဲ့ ခြေသည်းတွေဟာ ကြီးမား မာကျောပြီး ချွန်ထက်လို့ ခြင်္သေ့တစ်ကောင်ကိုတောင် ကုတ်ခြစ်သဝာ်ဖြဝာ်ဖို့ လုံလောက်ပါတယ်တဲ့။

၄။ Greater Rhea

ငှက်ကုလားငှက်မျိုးစိတ် တစ်ခုပါပဲ။ အလေးချိန်က (၆၆)ပေါင်လောက် ရှိပါတယ်။ သူလည်း မပျံသန်းနိုင်တဲ့ ငှက်ဖြစ်ပါတယ်။

ဒါပေမဲ့ အပြေးကတော့ တစ်နာရီ မိုင်(၄၀)ကျော် ပြေးနိုင်ပါတယ်။ ထူးခြားတာက ရာသီချိန်ရောက်ရင် ဥ (၄၀)လောက်အထိ ဥ တတ်ပါတယ်။

၅။ Cassowary

ဒဏ္ဍာရီထဲကလာတဲ့ ငှက်တစ်ကောင်နဲ့ တူနေတဲ့ ဒီငှက်ဟာ အပြာရောင် လည်ပင်းနဲ့ ကြေးနီရောင် အမောက်နဲ့ ပဏာရလှပါတယ်။

အမြင့်က (၆) ပေအထိရှိပြီး ခြေချောင်းတွေက တစ်ဖက်ကို ခြေသည်း (၃)ခုပါတဲ့ ခြေအမျိုးအစားပါ။

အလေးချိန်စီးသလို အန္တရာယ်ရှိတဲ့ ငှက်အမျိုးအစား ဖြစ်ပါတယ်။ မှတ်တမ်းတွေအရ လူကို အသက်ဆုံးရှုံးတဲ့အထိ တိုက်ခိုက်ဖူးပါတယ်တဲ့။

၆။ Dalmatian Pelican

ပျံနိုင်တဲ့ ငှက်ထဲမှာတော့ အကြီးဆုံးလို့ ပြောလို့ရပါတယ်။ အတောင်တစ်ဖက်တစ်ချက် (၁၁) ပေထိ ရှည်ပါတယ်။ ပေ ၁၀,၀၀၀ အထက်ထိ ပျံနိုင်ပါတယ်။

အလေးချိန်ကတော့ (၄) ပေါင်လောက် ရှိပါတယ်။ ရေထဲကို ဒိုက်ထိုးဆင်းပြီး ငါးဖမ်းတတ်တဲ့ ငှက်မျိုးပါ။

၇။ Shoebill

ဒီငှက်တွေကိုတော့ ကြီးမားတဲ့ ဦးခေါင်းနဲ့ နှုတ်သီးကြောင့် သတိထားမိစရာ ဖြစ်နေပါတယ်။ အာဖရိကမှာတော့ အသန်မာဆုံး အမြင့်ဆုံး ငှက်ဖြစ်ပါတယ်။

အမြင့်က (၅)ပေအထိ ရှိပါတယ်။ ရေထဲမှာ အနေများပါတယ်။ ငါဖမ်းတော်တဲ့ တံငါသည်ငှက်မျိုးပါ။

၈။ Great Bustard

ဥရောပက အကြီးဆုံး ကုန်းငှက်တစ်မျိုးပါ။ အာရှအလယ်ပိုင်းမှာလည်း တွေ့ရတတ်ပါတယ်။ မော်ရိုကိုနဲ့ ရုရှားမှာ စနစ်တကျ ကာကွယ်ပေးထားရတဲ့ ငှက်ပါ။

အလေးချိန် (၃၁) ပေါင်ထိ လေးပါတယ်။ ၁၉၆၀ ခုနှစ်လောက်မှာ ၃၀ ရာခိုင်နှုန်းအထိ လျော့ကျသွားလို့ ပြန်လည်ထိန်းသိမ်းနေကြပါတယ်။

၉။ Emperor Penguin

ချစ်စရာ ပင်ဂွင်ငှက်တွေမှာ မျိုးစိတ် (၁၈) ခုလောက် ရှိပါတယ်။ ဒီထဲမှာ အင်ပါယာ ပင်ဂွင်မျိုးစိတ်က အကြီးဆုံး ဖြစ်ပါတယ်။

အမြင့် (၄) ပေအထိရှိပြီး အလေးချိန် (၈၈) ပေါင်အထိ လေးပါတယ်။ သူတို့က အန္တာတိတ် ရေခဲပြင်ဒေသမှာ ပေါက်ဖွားရှင်သန်ကြပါတယ်။ သူတို့ကို လေးလံနှေးကွေးမယ် ထင်ရပေမဲ့ တစ်နာရီ (၆၈) မိုင်လောက်အထိ မြန်ပါတယ်။

၁၀။ Andean Condor

သူကမှ တကယ့်အကြီးမားဆုံးငှက်လို့ ပြောရမှာပါ။ အတောင်အကျယ် ၁၀ ပေခွဲအထိ ရှိပါတယ်။ အမြင့်ပေ ၁၈,၀၀၀ အထိ တက်ပျံနိုင်ပါတယ်။

လင်းတမျိုးစိတ် ဖြစ်ပါတယ်။ အသေကောင်ကိုသာ စားသောက်တတ်ကြပါတယ်။ သက်တမ်းက အနှစ် (၅၀) လောက်အထိ နေနိုင်ကြပါတယ်တဲ့။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *