ကမ္ဘာပေါ်မှာ နေကိုအစောဆုံးမြင်တွေ့ရမယ့် အရပ်ဒေသ
စာဖတ်သူဟာ နေ့စဥ် နေထွက်ချိန်ဟာ ဘယ်မှာ စတင်ဖြစ်ပျက်ပြီး နှစ်သစ်ကူးရဲ့ ပထမဆုံး နေရောင်ခြည်ကိုရော ဘယ်အရပ်ဒေသက မြင်တွေ့ရလဲဆိုတာကို စဥ်းစားကြည့်ဖူးတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးမှာ အဖြေရသွားနိုင်ပါလိမ့်မယ်။
ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာဂြိုလ်ပေါ်မှာ နေက မိုးကုပ်စက်ဝိုင်းပေါ်မှ အဆုံးမရှိ လှည့်ပတ်နေပါတယ်။
ဒါပေမယ့် နေ့တစ်နေ့ရဲ့ ပထမဆုံးနေထွက်ချိန်က ဘယ်မှာလဲ။ ပြီးတော့ ၂၀၂၂ မှာ နေက ဘယ်နေရာမှာ အရင်ထွက်ပေါ်ခဲ့ပြီး နှစ်သစ်ကူးမှာရော အလင်းရဲ့ ပထမဆုံးအခိုက်အတန့်ကို ဘယ်နေရာက အရင် ခံစားရမလဲ။
ရုပ်ပိုင်းဆိုင်ရာ ရှုထောင့်ကကြည့်မယ်ဆိုရင်တော့ “ပထမ” နေထွက်ခြင်းမျိုးဟာ အမှန်တကယ် မရှိပါဘူး။
သီအိုရီနက္ခတ္တရူပဗေဒဆိုင်ရာ ပါရဂူဘွဲ့လွန်ပညာရှင်တစ်ယောက်ရဲ့ အဆိုအရ အနောက်ဘက်သို့ ပိုပြီး ဝေးကွာလာတဲ့ နေထွက်မှုများဟာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်တဲ။
ဒါကြောင့် သီအိုရီအရတော့ နေထွက်တာဟာ အမှန်တယ်တော့ ပထမတွေ၊ နောက်ဆုံးတွေ သတ်မှတ်လို့ မရပါဘူးတဲ့။
ဒါပေမဲ့ တစ်ဖက်မှာတော့ ကမ္ဘာပေါ်မှာ အချိန်ကို ခြေရာခံဖို့အတွက် လူသားတွေက အချိန်ဇုန်များ၊ နိုင်ငံတကာရက်စွဲမျဉ်းများအပါအဝင် အချိန်ထိန်းစနစ်တစ်ခုကို ထူထောင်ထားပါတယ်။
ဒါက တစ်နေ့တာ ကုန်ဆုံးပြီး နောက်တစ်ရက်စတင်မယ့် ကမ္ဘာပေါ်က မျဉ်းကို အမှတ်အသားပြုထားတာပါ။
ဒါကြောင့် တစ်ကမ္ဘာလုံးက သဘောတူညီထားတဲ့ ‘တစ်နေ့တာရဲ့ ပထမဆုံး နေထွက်ချိန်’ ဟာ နိုင်ငံတကာ ရက်စွဲမျဉ်းမှာပဲ တည်ရှိနေပြန်ပါတယ်။
နိုင်ငံတကာ ရက်စွဲမျဉ်းတွေဟာ ၁၈၀ မြောက် လောင်ဂျီကျုမျဉ်းတစ်လျှောက်မှာ အများအားဖြင့် ပစိဖိတ်သမုဒ္ဒရာ အလယ်ကိုဖြတ်ပြီး ဖြတ်သန်းနေပါတယ်။
ဒီမျဥ်းတွေက အများအားဖြင့် မျဉ်းဖြောင့်ဖြစ်ပေမဲ့ နိုင်ငံတစ်ခုအား အချိန်ဇုန်နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုပြီး ဖြစ်ပေါ်စေတဲ့ မျင်းဖြောင့်သွေဖယ်သွားတဲ့ နေရာအချို့ ရှိပါတယ်။
ဥပမာအားဖြင့် နိုင်ငံတကာရက်စွဲမျဉ်းဟာ အီကွေတာကို ကျော်လွန်သွားသော ကျွန်းစုများစုစည်းထားတဲ့ ကီရီဘာတီတစ်ဝိုက် အရှေ့ဘက် မိုင် ၂,၀၀၀ (၃,၂၀၀ ကီလိုမီတာ) နီးပါးအကွာမှာတော့ တစ်ဖန်ပြန်ပြီး ခွလျက်တည်ရှိသလို ပြန်ဖြစ်သွားပါတယ်။
ဒီအတွက်ကြောင့် Kiribati (ကီရီဘာတီ) ဟာ ကမ္ဘာပေါ်မှာ အစောဆုံးအချိန်ဇုန် UTC +14 ကို ပိုင်ဆိုင်ထားပါတယ်။
ဒါကြောင့်နှစ်များစွာမှာ Kiribati ဟာ နေ့တစ်နေ့တာရဲ့ ပထမဆုံးနေထွက်ချိန်ကို ကမ္ဘာပေါ်မှာ အစောဆုံး မြင်တွေ့ရတဲ့ အရပ်ဒေသဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
အထူးသဖြင့် ကီရီဘာတီရဲ့ အရှေ့ဘက်အကျဆုံး လူသူမဲ့ကျွန်းဖြစ်တဲ့ ကာရိုလိုင်းကျွန်းလို့လည်း လူသိများသော ထောင်စုနှစ်ကျွန်းဟာ မကြာခဏဆိုသလို နေကို ကမ္ဘာပေါ်မှာ ပထမဆုံး ကြိုဆိုရတဲ့ နေရာဖြစ်နေပါတယ်။
ဒါပေမဲ့ ဒီလိုနေထွက်တာမျိုးဟာ အမြဲတမ်းတော့ တသွေတမတ်တည်းတော့ မဟုတ်နေပြန်ဘူး။
ကမ္ဘာမြေက ၂၃.၅ ဒီဂရီ အနည်းငယ်တိမ်းစောင်းနေပါတယ်။ ဒါကြောင့် ကမ္ဘာမြေပေါ်ကို နေရောင်ခြည်ကျရောက်ပုံဟာလည်း တစ်နှစ်တာ ကာလပတ်လုံးမှာ အမြဲတမ်း ပြောင်းလဲနေပါတယ်။
ဒီဇင်ဘာ ၂၁ သို့မဟုတ် ဒီဇင်ဘာ ၂၂ တို့မှာ တောင်ပိုင်း နွေနှောင်းပိုင်းနှင့် မြောက်ဘက်ဆောင်းရာသီတို့ ဖြစ်ပေါ်နေရင်း နေရောင်ခြည်ဟာ တောင်ပိုင်းကမ္ဘာခြမ်းကို ဦးစားပေး တောက်ပနေမှာဖြစ်ပြီး တောင်ဝင်ရိုးစွန်းဒေသတွေနဲ့ အန္တာတိကဒေသအများစုက ၂၄ နာရီလုံး လင်းထိန်နေပါလိမ့်မယ်။
ဒါပေမယ့် စာဖတ်သူက တောင်ဘက်ကိုပဲဆက်ပြီး ၆၆.၆ ဒီဂရီအထက်နဲ့ ချည်းကပ်သွားမယ်ဆိုရင်တော့ ညသန်းခေါင်ကျော် မိနစ်အနည်းငယ်လောက်မှာ နေထွက်မလာခင် မိုးကုပ်စက်ဝိုင်းအောက်မှာ နေရောင်က ခဏလေးပဲ ကျရောက်လာပါလိမ့်မယ်။
ဒီဖြစ်ရပ်ကို အရှင်းဆုံး ဥပမာပြရရင် နယူးဇီလန်ရဲ့ လူမနေသောကျွန်းဖြစ်တဲ့ Young Island ကျွန်းဟာ ဇန်နဝါရီ ၁ ရက် အပါအဝင် ပထမနေ့နဲ့ ရက်သတ္တပတ်များအတွင်း ပထမဆုံးနေထွက်ခြင်းကို တစ်ခါတစ်ရံမှသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း Young Island ကျွန်းက တစ်နေ့တာရဲ့ ပထမဆုံးနေထွက်ချိန်ကို ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသာ ရရှိမှာဖြစ်ပြီး ကျန်အချိန်တွေမှာ ကမ္ဘာလေထုရဲ့ အလင်းယိုင်မှု သက်ရောက်မှုဟာ အလွန်ပြင်းထန်တာကြောင့် မိုးကုပ်စက်ဝိုင်းအောက်သို့ နေပြန်၀င်သွားလေ့ရှိပါတယ်။
ဒီလိုဖြစ်တဲ့အခါမျိုးမှာ အန္တာတိကကမ်းရိုးတန်းက ကျွန်းဆွယ်တစ်ခုဖြစ်တဲ့ Dibble Glacier က တစ်နေ့တာရဲ့ ပထမဆုံးနေထွက်ချိန်ကို ရရှိပါလိမ့်မယ်။
ဇွန်လ ၂၀ ရက်နေ့မှ ဇွန်လ ၂၂ ရက်နေ့အထိ မြောက်ဘက်ခြမ်းနဲ့ တောင်ပိုင်းတို့ရဲ့ ဆောင်းရာသီ ၀န်းကျင်မှာ နေဟာ မြောက်ကမ္ဘာခြမ်းမှာ တောင်ပိုင်းကမ္ဘာခြမ်းထက် ပိုပြီး တောက်ပပါတယ်။
ဒါကြောင့် ပထမနေထွက်ချိန်ဟာ မြောက်ဘက်ကမ္ဘာရဲ့ ပိုဝေးရာမှာ ဖြစ်ပေါ်ပါတယ်။ နိုင်ငံတကာနေ့စွဲမျဉ်းက ဘာရင်းရေလက်ကြားကိုဖြတ်ပြီး ရုရှားနဲ့ အလက်စကာကြားကို မြွေတစ်ကောင်ကို ရစ်ပတ်ထားပြီး Diomede Islands လို့ခေါ်သော ကျွန်းတစ်စုံကို ပိုင်းခြားလိုက်ပါတယ်။
Big Diomede ကျွန်းကတော့ ရုရှားပိုင်ဖြစ်ပြီး Little Diomede ကတော့ အမေရိကန်အပိုင်ပါ။
ဒါကြောင့် ဇွန်လ ၂၁ ရက်အထိ ရက်သတ္တပတ်များနဲ့ လများအတွင်းမှာ ရုရှားကျွန်းက ကမ္ဘာပေါ်မှာ ပထမဆုံး နေထွက်ခြင်းကို မြင်တွေ့ရပါတယ်။
ဖတ်ရှု့အားပေတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Knight News Team
Knight News © 2022