တိရစ္ဆာန်တွေရဲ့အမြီးတွေ ဘယ်လိုအလုပ်လုပ်ကြလဲ
တိရစ္ဆာန်တွေရဲ့ အမြီးတွေအကြောင်း မပြောခင်မှာ လူတွေကလည်း အမြီးကို ပိုင်ဆိုင်ခဲ့ဖူးတယ်လို့ အရင်ဆိုပါရစေ။ လူတိုင်းဟာ တစ်ချိန်က အမြီးကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်။
ကျွန်တော်တို့တွေ အသက် ၃၁ ရက် မှ ၃၅ ရက်အရွယ်အတွင်းမှာ သားအိမ်ထဲမှာပဲ အမြီးတွေပေါက်ကြပေမဲ့ အမြီးများဟာ နောက်ကိုပြန်ဆုတ်ဝင်သွားပြီး ကျောရိုးနဲ့ ပေါင်းစပ်သွားပါတော့တယ်။
လူသားတွေရဲ့ အမြီး ပေါင်းစပ်ထားတဲ့ နေရာကို coccyx သို့မဟုတ် “အမြီးရိုး” လို့ ခေါ်ပါတယ်။
ဒါပေမဲ့ တိရစ္ဆာန်တွေရဲ့ အမြီးဖြစ်ပေါ်လာပုံကတော့ လူသားတွေနဲ့ ပြောင်းပြန်ဖြစ်ပြီး သူတို့အမြီးတွေကလည်း သေးငယ်တဲ့ အမြီးလေးတွေမှ တိရစ္ဆာန်တစ်ကောင်ရဲ့ ကိုယ်လုံးအတိုင်းအတာပေါ်မူတည်ပြီး ကြီးမားလှတဲ့ အမြီးတွေအထိ ပုံသဏ္ဍာန်နဲ့ အရွယ်အစား အားလုံးရှိပါတယ်။
တိရိစ္ဆာန်တို့ဟာ သီးခြား ဆင့်ကဲပြောင်းလဲမှုများပေါ် မူတည်ပြီး အမျိုးမျိုးသောအကြောင်းပြချက်တို့ဖြင့် သူတို့အမြီးတွေကို အသုံးပြုကြပါတယ်။
အမြီးရဲ့ အခန်းကဏ္ဍကလည်း တိရစ္ဆာန်များကြားမှာ ကွဲပြားကြပြီး အချို့အမြီးများကတော့ ရည်ရွယ်ချက်များစွာအတွက် ဆင့်ကဲပြောင်းလဲလာသော်လည်း အချို့မှာတော့ အကြောင်းရင်းတစ်ခုအတွက် ဆင့်ကဲပြောင်းလဲလာကြတာပါ။
ဒီဆောင်းပါးမှာတော့ တိရစ္ဆာန်တွေ အမြီးရဲ့ အဓိကလုပ်ဆောင်ချက်အချို့ကို ဆွေးနွေးသွားချင်ပြီး အမြီးများကို ဘယ်လိုဘယ်ပုံ အသုံးပြုကြလဲဆိုတဲ့ နမူနာတချို့ကိုလည်း ဖော်ပြပေးသွားပါမယ်။
အမြီးအမျိုးအစား များစွာရှိတာကြောင့် အမြီးက ဘယ်လိုမျိုး လုပ်ဆောင်လဲဆိုတာကို အတိအကျပြောဖို့တော့ မဖြစ်နိုင်ပါဘူး။
အချို့သောအမြီးတွေက တိကျတဲ့ တာဝန်တစ်ခုလုပ်ဆောင်ရန် သို့မဟုတ် ဇီဝဗေဒလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် ထင်ရှားစွာပြောင်းလဲလာသော်လည်း အခြားအမြီးများရဲ့ နောက်ကွယ်က လှုံ့ဆော်မှုတွေမှာ မသေချာသေးပါဘူး။
ယေဘုယျအားဖြင့် အမြီးတွေက အဓိကလုပ်ဆောင်ချက် ခြောက်ခုကို လုပ်ဆောင်ပါတယ်။ မတူညီတဲ့ လုပ်ဆောင်ချက်များ ရှိပေမဲ့ ဘုံအားဖြင်တော့ ဒီအကြောင်းရင်းခြောက်ခုဟာ စပ်ဆက်သွားလေ့ရှိပါတယ်။
၁။ ဟန်ချက်ညီဖို့
တိရစ္ဆာန်များ အမြီးများ ပေါက်ဖွားလာရတဲ့ အဖြစ်များဆုံး အကြောင်းရင်းတစ်ခုမှာ အမြီးတွေက သူတို့တွေကို ဟန်ချက်ညီစေရန်အတွက် ကူညီပေးတာကြောင့် ဖြစ်ပါတယ်။
အမြီးဟာ အများစုသော တိရစ္ဆာန်တို့အတွက် တန်ပြန်ထိန်းညှိမှုတစ်မျိုးအဖြစ် ပြုမူပေးပြီး သူတို့ကို မရေရာတဲ့ အနေအထားတွေမှာ ဟန်ချက်ညီအောင်ထိန်းထားနိုင်သလို ကြမ်းတမ်းတဲ့ မြေပြင်ပေါ်မှာ လျင်မြန်ထိရောက်စွာ ရွေ့လျားနိုင်စေပါတယ်။
ဥပမာအားဖြင့် ကြောင်တွေဟာ ပါးလွှာသော သို့မဟုတ် မညီမညာသော မြေပြင်ပေါ်မှာ လမ်းလျှောက်တဲ့အခါမျိုးမှာ ဟန်ချက်ညီစေရန်အတွက် အမြီးများကို ပိုင်ဆိုင်ထားတာပါ။
ဒါ့အပြင် သူတို့အမြီးတွေက ပြေးတဲ့အခါ သို့မဟုတ် သားကောင်ပေါ်သို့ ခုန်တက်တဲ့အခါ ဟန်ချက်ညီစေဖို့ ကူညီပေးပါတယ်။
၂။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့
တိရိစ္ဆာန်တွေရဲ့ အမြီးများဖြစ်ပေါ်လာရခြင်း အဓိကအကြောင်းရင်းမှာ ကာကွယ်ရေးပုံစံတစ်ခုအဖြစ်လည်း ဆက်စပ်နေပါတယ်။
ကာကွယ်ဖို့အတွက် သူတို့အမြီးတွေကို အသုံးပြုတတ်တဲ့ တိရစ္ဆာန်တွေရှိပြီး သားရဲကောင်များကို အာရုံပြောင်းရန် သို့မဟုတ် ဟန့်တားရန်အတွက် သူတို့အမြီးတွေကို အသုံးပြုကြပါတယ်။
ဥပမာအားဖြင့် မြွေရဲ့အမြီးများဟာ သားကောင်တွေကို အလွန်နီးကပ်စွာမကပ်ဖို့ သတိပေးရန်အတွက် တီထွင်ဖန်တီးထားပါတယ်။
၃။ လမ်းညွှန်ဖို့
တိရိစ္ဆာန်များစွာအတွက် အမြီးဟာ လမ်းညွှန်မှုရဲ့ အဓိကနည်းလမ်းအဖြစ် သို့မဟုတ် ပိုမိုရိုးရှင်းတဲ့ လမ်းကြောင်းကို လွယ်ကူချောမွေ့စေတဲ့ အထောက်အကူတစ်ခုအဖြစ် လုပ်ဆောင်ပါတယ်။
သွားလာရန်အတွက် အမြီးကို အားကိုးကြတဲ့ တိရစ္ဆာန်တွေဟာ အမြီးမပါဘဲ သွားလာရခက်ခဲတဲ့ သီးခြားပတ်ဝန်းကျင်မျိုးမှာ လိုက်လျောညီထွေရှိတာကြောင့် အခုလို အသုံးပြုကြတာပါ။
သွားလာရန်အတွက် အမြီးကို အသုံးပြုတတ်တဲ့ တိရစ္ဆာန်များထဲက အထင်ရှားဆုံး ဥပမာတစ်ခုမှာ ငါးဖြစ်ပါတယ်။
ငါးအများစုဟာ သူတို့ရဲ့ခန္ဓာကိုယ်ကို ရေထဲသို့တွန်းပို့ရန်အတွက် အမြီးများကို အသုံးပြုကြတာပါ။
၄။ ဆက်သွယ်ရေးနည်းလမ်း
အချို့သော တိရစ္ဆာန်တွေကတော့ အချင်းချင်း ဆက်ဆံရေးအတွက် အမြီးများကို အသုံးပြုကြပါတယ်။
ဒီတိရစ္ဆာန်တွေက အနီးနားရှိ နောက်တစ်ကောင်ကို အန္တရာယ်တွေအတွက် သတိပေးခြင်း သို့မဟုတ် စိတ်ခံစားမှုများကို သယ်ဆောင်ခြင်းကဲ့သို့သော ရိုးရှင်းသောအချက်ပြမှုများအတွက် အမြီးတွေကို အသုံးပြုကြတယ်။
ဥပမာအားဖြင့် အချို့သမင်မျိုးစိတ်တို့ဟာ အန္တရာယ်ဖြစ်နိုင်ချေကို ညွှန်ပြတဲ့ သတိပေးချက်အဖြစ် သူတို့အမြီးအောက်ရှိ အဖြူရောင်ကို ပြသကြပါတယ်။
ခွေးပိုင်ရှင်တိုင်းအနေနဲ့လည်း ခွေးရဲ့အမြီးဟာ သူ့ရဲ့စိတ်ခံစားမှုအခြေအနေကို များစွာညွှန်ပြနိုင်တာကို သိနိုင်ပါတယ်။
အမြီးနှံ့နေတာက ယေဘုယျအားဖြင့် ခွေးတစ်ကောင်ရဲ့ စိတ်လှုပ်ရှားခြင်း သို့မဟုတ် ပျော်ရွှင်ခြင်းလို့ အဓိပ္ပါယ်ရပြီး ပြေလျော့နေချိန်မျိုးမှာတော့ ခွေးတစ်ကောင်က မပျော်ရွှင်ခြင်း သို့မဟုတ် စိတ်ဆင်းရဲခြင်းကို ဆိုလိုခြင်းဖြစ်နိုင်ပါတယ်။
၅။ နွေးထွေးမှုနဲ့ အစာအာဟာရ
ရံဖန်ရံခါမှာတော့ တိရိစ္ဆာန်တွေဟာ ဒြပ်စင်များကို တားဆီးရန်နည်းလမ်းအဖြစ် သူတို့အမြီးများကို အသုံးပြုကြပါတယ်။
တိရစ္ဆာန်တွေဟာ အေးတဲ့ရာသီဥတုမှာ နွေးထွေးနေစေဖို့ သူတို့အမြီးများကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ကြပါတယ်။
သာဓကတစ်ခုကတော့ သူ့ရဲ့ခန္ဓာကိုယ်ကို စောင်တစ်မျိုးအဖြစ် ထူထဲတဲ့အမြီးကို ခြုံထားတဲ့ မြေခွေးတစ်ကောင်ပါ။ အချို့ကလည်း သူတို့ရဲ့အမြီးများကို အဟာရအရင်းအမြစ်အဖြစ် အသုံးပြုကြပါတယ်။
မိကျောင်းတွေဟာ ဆောင်းရာသီလို ပိန်လှီနေတဲ့ လများအတွင်း အမြီးတွေမှာ အဆီများကို သိမ်းဆည်းထားတတ်ကြပါတယ်။
ဒါကြောင့် ထူထဲတဲ့အမြီးရှိတဲ့ မိကျောင်းတစ်ကောင်ဟာ ကျန်းမာပြီး အာဟာရပြည့်ဝတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။
၆။ မိတ်လိုက်ခြင်းနဲ့ နယ်မြေသတ်မှတ်ခြင်း
ရှားပါးတဲ့ အခါသမယမျိုးတွေမှာ တိရစ္ဆာန်တွေက သူတို့အမြီးများကို မိတ်လိုက်တဲ့ ဓလေ့ထုံးတမ်းများမှာ ပေါင်းထည့်ကြပါလိမ့်မယ်။
မျိုးပွားဖို့ အခွင့်အလမ်းများအတွက် အလားအလာရှိတဲ့ ပြိုင်ဘက်များနဲ့ ခွဲခြားသိမြင်နိုင်ရန်အတွက် သူတို့အမြီးက လိုက်လျောညီထွေဖြစ်ဖွယ် ရှိပါတယ်။
အကောင်းဆုံး ဥပမာများထဲမှ တစ်ခုကတော့ ငှက်မျိုးစိတ်အချို့မှာ အထီးတွေက အမဆွေကို ဆွဲဆောင်ရန် နည်းလမ်းတစ်ခုအဖြစ် နူးညံ့သိမ်မွေ့ပြီး လှပလွန်းတဲ့ အမြီးအမွေးများကို အသုံးပြုလေ့ ရှိကြပါတယ်။
အခြားတစ်ဖက်မှာလည်း အချို့သောတိရစ္ဆာန်များဟာ အချင်းချင်းဖြစ်စေ၊ အခြားမျိုးကွဲတွေကို မလိုလားကြောင်း သိစေရန်အတွက် သူတို့အမြီးတွေကို အသုံးပြုကြပါတယ်။
ဒီလိုအသုံးပြုတဲ့အခါ ရေမြင်းတွေရဲ့ ဥပမာဆိုရင် အညစ်အကြေးတွေကို သူတို့အမြီးနဲ့ ပွတ်တိုက်ပြီး ပြန့်ကျဲစေရင်းနဲ့ မလိုလားကြောင်း အသိပေးကြပါတယ်။
ဘယ်တိရစ္ဆာန်ရဲ့အမြီးက အရှည်ဆုံးလဲ
မြေတိရစ္ဆာန်များထဲမှာတော့ သစ်ကုလားအုတ်တွေက အရှည် ၈ ပေခန့်ရှိတဲ့ အရှည်ဆုံးအမြီးကို ပိုင်ဆိုင်ထားကြပါတယ်။
ဝေလငါးပြာများကတော့ တိရစ္ဆာန်တိုင်းပြည်အတွက် အကြီးဆုံးသော အမြီးရှိပြီး ၂၅ ပေအထိ ရှည်လျားနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
Knight News Team
Knight News © 2022