အလှပဆုံးသော ငှက်မွေးတွေကိုပိုင်ဆိုင်ထားကြတဲ့ ငှက်လေးများ

အလှပဆုံးသော ငှက်မွေးတွေကိုပိုင်ဆိုင်ထားကြတဲ့ ငှက်လေးများ

တိရစ္ဆာန်တွေကတော့ သူတို့ရဲ့ အရွယ်အစား၊ အသွင်အပြင်နဲ့ ပုံပန်းသဏ္ဍာန်အလိုက် ကွဲပြားပါတယ်။ အချို့ကတောဘ သူတို့ရဲ့ တောက်ပထူးခြားတဲ့ အရောင်အသွေးတွေကြောင့် လူသိများပါတယ်။ 

ဒီလိုအရောင်ထူးခြားတဲ့ တိရစ္ဆာန်တွေဟာ များသောအားဖြင့် ငှက်််များဖြစ်နေတတ်ပြီး ပုံမှန်အားဖြင့်လည်း အမတွေက အထီးတွေထက် အရောင်အသွေး နည်းပါးကြပါတယ်။ ဒါကလည်း သားရဲကြီးတွေဆီကနေ ကာကွယ်ပေးပါတယ်။ 

ပုံမှန်အားဖြင့် အထီးတွေက အရောင်အသွေး ပိုများကြပြီး သဘာတရားအရ သူတို့ရဲ့ ရောင်စုံအဆင်းသဏ္ဍာန်တွေက အမတွေကို ဆွဲဆောင်နိုင်ဖို့ ကူညီပေးသလို သူတို့ကို တခြားမျိုးစိတ်တွေနဲ့ ခွဲခြားသိမြင်နိုင်ဖို့ ကူညီပေးပါတယ်။

ဒီနေ့မှာတော့ တိရိစ္ဆာန်တွေထဲက မျိုးစိတ်အားလုံးထဲမှာ အရောင်အသွေးစုံလင်လှတဲ့ အလှပဆုံးသော ငှက်တွေအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

Nicobar ခို

ခိုမျိုးနွယ်ဖြစ်ပြီး သူ့ရဲ့အမည်ကို ရရှိရာ နီကိုးဘား (Nicobar) ကျွန်းစုမှာ တွေ့မြင်နိုင်ပြီး အိန္ဒိယနဲ့ မလေးကျွန်းစုမှာလည်း တွေ့ရှိရပါတယ်။

Nicobar ခိုတွေဟာ သိုးစုများထဲမှာ ကျင်လည်ကျက်စားကြပြီး single-file line ပျံသန်းခြင်ဖြင့် ထူးဆန်းသောအလေ့အထကို ပြသကြပါတယ်။

ပျမ်းမျှအားဖြင့် Nicobar ခိုများက အရှည် ၁၆ လက်မခန့် ရှိပါတယ်။ မီးခိုးရောင် ဦးခေါင်း၊ မီးခိုးရောင်-အစိမ်းရောင်လည်ပင်း၊ အဖြူရောင်အမြီးနှင့် သတ္တုစိမ်းပြာကိုယ်ထည်တို့ ပါဝင်ပါတယ်။ 

Painted Bunding စာကလေး

စာကလေးမျိုးနွယ်ဝင်ဟာ ရောင်စုံအမွေးအတောင်များရှိပြီး ငှက်များထဲမှ တစ်မျိုးလည်းဖြစ်သည်။ အမေရိကန် တောင်ပိုင်းနဲ့ မက္ကဆီကို မြောက်ပိုင်းတို့မှာ ပေါက်ဖွားကြပါတယ်။ 

သူတို့ရဲ့ အစားအစာများမှာ အဓိကအားဖြင့် ခရုများ၊ ပင့်ကူများ၊ နှံကောင်များ၊ ကျိုင်းကောင်များနဲ့ အင်းဆက်များ ပါဝင်ပါတယ်။ 

ပျမ်းမျှအားဖြင့် အရှည် ၄ လက်မခွဲ မှ ၅ လက်မခွဲ အထိရှိပြီး တောင်ပံကတော့ ၈ လက်မ ကနေ ၉ လက်မကြား ရှိပါတယ်။ 

အမတွေထက် အထီးတွေက ပိုတောက်ပတဲ့ အမွေးအမှင်များ ပိုင်ဆိုင်ထားပြီး သူတို့ရဲ့ အနီရောင် ရင်ဘတ်တွေအပြင် အပြာရောင် ဦးခေါင်း၊ အစိမ်းရောင် ပခုံးတွေနဲ့ ရောင်စုံ အတောင်ပံတွေလည်း ပါရှိပါတယ်။

Scarlet Macaw ကြက်တူရွေး

မိုးသစ်တောများ၊ ဆာဗားနားများ၊ အလယ်ပိုင်းအမေရိကနဲ့ တောင်အမေရိကရဲ့ စိုစွတ်သော သစ်တောများတစ်လျှောက် ပျံ့နှံ့နေထိုင်ကြပြီး အသီးအနှံများ၊ အစေ့များ၊ အခွံမာသီးများ၊ ဝတ်ရည်များ၊ အင်းဆက်များ၊ ခရုများနဲ့ ပိုးကောင်များကို စားသုံးကြပါတယ်။ 

ကမ္ဘာပေါ်က အကြီးဆုံး ကြက်တူရွေးများထဲမှ တစ်မျိုးဖြစ်ပြီး အရှည် ၃၂ လက်မအထိ ရှိနိုင်ပြီး အလေးချိန် ၂ ပေါင်ခွဲ ရှိပါတယ်။

သူတို့ရဲ့ ဦးခေါင်း၊ ရင်ဘတ်၊ နောက်ကျော၊ အတောင်နဲ့ အမြီးအောက်ရှိ အနီရောင် အမွေးအမှင်များမှ သူတို့နာမည်က ဖြစ်ပေါ်လာတာပါ။ ပခုံးနဲ့ တောင်ပံများတစ်လျှောက်မှာ အဝါရောင်၊ အစိမ်းနှင့် အပြာရောင် အမွေးများပါရှိပါသေးတယ်။

Wilson’s Bird-of-Paradise ပရဒိသုငှက်

အင်ဒိုနီးရှား ဇာတိဖြစ်ပြီး အလှပ အထူးခြားဆုံးသော ပရဒိသုငှက်တစ်မျိုးပါ။ West Papua ရဲ့ ကျွန်းသစ်တောတွေမှာ မြင်တွေ့နိုင်တဲ့ ဒီငှက်မျိုးစိတ်ဟာ အရှည် ၆ လက်မခန့်သာရှိတဲ့ ငှက်သေးမျိုး ဖြစ်ပါတယ်။အသီးအနှံများ၊ အင်းဆက်များနဲ့ အချို့သော ကျောရိုးမဲ့သတ္တဝါများကို စားသုံးကြပါတယ်။

သူတို့ရဲ့ အပြာရောင်၊ အမွေးကင်းစင်တဲ့ ဦးခေါင်း၊ အဝါရောင် ပုခုံးများနဲ့ အနီရောင် နောက်ကျောတွေအထိ ရောင်စုံ အမွေးအတောင် အမျိုးမျိုးကို ပိုင်ဆိုင်ထားပါတယ်။

Gouldian Finch ပရဒိသုငှက်

ဗြိတိသျှ ပန်းဖွားပညာရှင် John Gould ရဲ့ဇနီး Elizabeth ကို အစွဲပြု အမည်ပေးထားတဲ့ Gouldian Finch ဟာ သြစတြေးလျ ဇာတိဖြစ်ပါတယ်။ မတူညီတဲ့ အပင်များစွာမှ အစေ့သီးသန့်ကိုသာ စားသုံးကြပါတယ်။

အရှည် ၅ လက်မ မှ ၅ လက်မခွဲ အထိရှိပြီး မျက်နှာအရောင်မှာ အဓိကကွာခြားကြရင်း အရောင်မျိုးကွဲများစွာ ရှိပါတယ်။

မျက်နှာဟာ အနက်ရောင်၊ အနီရောင် သို့မဟုတ် အဝါရောင် ပေါ်လာနိုင်ပြီး ဦးခေါင်းကတော့ အပြာရောင်ဖြစ်ကာ ခရမ်းရောင် ရင်ဘတ်၊ အဝါရောင် ဝမ်းဗိုက်နဲ့ အစိမ်းရောင် တောင်ပံများကို ပိုင်ဆိုင်ကြပါတယ်။

Resplendent Quetzal ငှက်သေး

လက်ရှိ ဂွါတီမာလာနိုင်ငံရဲ့ အမျိုးသားငှက်အဖြစ် သတ်မှတ်ထားကြတဲ့ ဒီငှက်သေးမျိုးစိတ်တွေကို မက္ကဆီကို တောင်ပိုင်းနဲ့ ပနားမား အနောက်ခြမ်းကြားရှိ သစ်တောများတစ်လျှောက်မှာလည်း မြင်တွေ့နိုင်ပါတယ်။

အသီးအနှံများကို အများစု စားကြသလို၊ ပုရွက်ဆိတ်များ၊ ဖားငယ်များနဲ့ အိမ်မြှောင်များကိုလည်း စားကြပါတယ်။ Quetzal ရဲ့ အကြီးဆုံး မျိုးစိတ်ဖြစ်ပြီး အရှည် ၁၄ မှ ၁၆ လက်မ အကြား ရှိပါတယ်။ 

အမွေးအမှင်များက ခန္ဓာကိုယ်နဲ့ ဦးခေါင်းပေါ်တွင် စိမ်းလန်းနေပုံရပေမဲ့ ရွှေ၊ အပြာ သို့မဟုတ် ခရမ်းရောင်တို့ကိုလည်း မြင်တွေ့ရပြီး ဝမ်းဗိုက်မှာလည်း နီညိုရောင်နဲ့ ခရမ်းရောင်တို့ ရှိတတ်ပါတယ်။

Lilac-Breasted Roller စာကလေး

အာဖရိက ဆာဟာရအောက်ပိုင်း ဇာတိ ဖြစ်ပြီး ပုံမှန်အားဖြင့် သစ်ပင်ဖုံးလွှမ်းမှုမရှိတဲ့ သစ်တောများနဲ့ ဆားဗားနားတို့မှာ တွေ့နိုင်ပါတယ်။ 

ပိုးမွှားများ၊ ပင့်ကူများ၊ ကင်းမြီးကောက်များ၊ ခရုများ၊ မြွေငယ်များ၊ အိမ်မြှောင်များနဲ့ တစ်ခါတရံမှာ သေးငယ်တဲ့ ငှက်ကလေးတွေတောင် သားကောင်အဖြစ် စားသုံးကြပါတယ်။

ပျမ်းမျှအားဖြင့် အရှည် ၁၄ မှ ၁၅ လက်မအထိရှိပြီး တောင်ပံအရှည် ၂၀ နဲ့ ၂၃ လက်မကြား ရှိပါတယ်။ 

ခရမ်းရောင်ရင်ဘတ်ကြောင့် နာမည်ကျော်ကြားပြီး သံလွင် သို့မဟုတ် အစိမ်းရောင်-အပြာရောင် ဦးခေါင်းနဲ့ အထက်တောင်ပံများ၊ စိမ်းပြာရောင် ဝမ်းဗိုက်နဲ့ တောင်ပံအစွန်းများကို ပိုင်ဆိုင်ထားကြပါတယ်။

Common Peafowl ဒေါင်း

ဒေါင်းမပါဘဲနဲ့တော့ လှပတဲ့ ငှက်စာရင်းဟာ ပြည့်စုံမှာ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝှမ်းမှာ ဒေါင်းငှက်များကို ရှာဖွေနိုင်ပြီး တောရိုင်းများ၊ ပွင့်လင်းတဲ့ တောအုပ်များ သို့မဟုတ် စိုက်ပျိုးရေး နေရာများမှာ နေထိုင်ရန် နှစ်သက်ကြပါတယ်။ 

သူတို့ရဲ့ အစားအသောက်မှာ ဘယ်ရီသီးနဲ့ အစေ့အဆန်တွေ အဓိက ပါဝင်ပေမယ့် မြွေငယ်၊ အိမ်မြှောင်နဲ့ ကြွက်တွေကိုလည်း စားပါသေးတယ်။ 

ဒေါင်းဟာ အရောင်နဲ့ လိင်ကွဲပြားခြင်းရဲ့ အကောင်းဆုံး ဥပမာများထဲမှ တစ်ခုဖြစ်ပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *