ငယ်ပါပစ္စည်းကို ဆုပ်ကိုင်ထားတဲ့ ကမ္ဘာ့ရှေ့အကျဆုံးရုပ်ကြွင်း

ငယ်ပါပစ္စည်းကို ဆုပ်ကိုင်ထားတဲ့ ကမ္ဘာ့ရှေ့အကျဆုံးရုပ်ကြွင်း

တူရကီနိုင်ငံရဲ့ အရှေ့တောင်ပိုင်မှာ နှစ်ပေါင်း ၁၂,၀၀၀ နီးပါး သက်တမ်းရှိတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ရှေးဟောင်းဂူတစ်ခုရှိပါတယ်။ ဒီဂူဟာ ကမ္ဘာ့ပေါ်က သက်တမ်းအရင့်ဆုံး ဂူတစ်ခုလည်း ဖြစ်ပါတယ်။

ဘာတွေက စိတ်ဝင်စားစေရလဲ ဖော်ပြရမယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ ကျောက်တုံး ကယ်ဆယ်ရေးစခန်းတစ်ခုမှာ သားရဲတွေရဲ့ ဘေးရန်ကနေ ခုခံနေတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်ထုပါ။

အဲ့ရုပ်ထုနှစ်ခုထဲက တစ်ခုကတော့ သားရဲတွေ ဝန်းရံနေတဲ့ကြားက သူ့ရဲ့ငယ်ပါပစ္စည်းကို ဆုပ်ကိုင်ထားပါတယ်။

ဒါကတော့ ကမ္ဘာ့အသက်အကြီးဆုံး မှတ်တမ်းဝင် ဇာတ်ကြောင်းတစ်ခုဖြစ်တယ်လို့လည်း စိတ်ဝင်စားဖွယ်ရာ သိရှိရပါတယ်။ 

ရှေးဟောင်းသုတေသန ပညာရှင်များက Urfa ဒေသရှိ Neolithic (သို့မဟုတ် New Stone Age) အဆောက်အဦအတွင်း တပ်ဆင်ထားတဲ့ ခုံတန်းလျားများပေါ်မှာ ထူးဆန်းစွာ ထွင်းထုထားသော ရုပ်ထုများကို ရှာဖွေတွေ့ရှိခဲ့တာပါ။ 

အကြမ်းဖျင်းအားဖြင့် ၂ ပေခွဲ မှ ၃ ပေ ရှည်လျားပြီး အလျား ၁၂ ပေ ရှည်သော ကျောက်တုံးရုပ်ကြွမှာ ကျားသစ်နှစ်ကောင်၊ နွားတစ်ကောင်နဲ့ လူနှစ်ဦးတို့ကို ပြသထားပါတယ်။

တစ်ယောက်က သူ့အင်္ဂါကို ဆုပ်ကိုင်ထားပြီး နောက်တစ်ယောက်ကတော့ မြွေတစ်ကောင်ကို ကိုင်ဆောင်ထားပါတယ်။

သားရဲတိရစ္ဆာန်များကို ထွင်းထုထားပုံမှာလည်း အန္တရာယ်ရှိသော အချွန်အတက် အစိတ်အပိုင်းများဖြစ်တဲ့ ကျားသစ်သွားများနဲ့ နွားချိုများကို ပေါ်လွင်စေပါတယ်။ 

ဒီရုပ်ကြွင်းတွေရဲ့ ဇာတ်ကြောင်းကို အတိအကျဖော်ပြဖို့ ကြိုးပမ်းနေကြပေမဲ့ အချိန်နှင့်အမျှ ပျောက်ဆုံးနေခဲ့ရကြောင်း ပညာရှင်တွေက ဝန်ခံထားခဲ့ကြပါတယ်။

ရှေးဟောင်းသုတေသန ပညာရှင်များဟာ ယူဖရေးတီးမြစ် အရှေ့ဘက် ၃၅ မိုင် (၅၆ ကီလိုမီတာ) နဲ့ ဆီးရီးယားနယ်စပ်မှ မြောက်ဘက် မိုင် ၂၀ (၃၂ ကီလိုမီတာ) အကွာရှိ Neolithic တောင်ပို့နေရာဖြစ်တဲ့ Sayburc တွင် ထွင်းထုထားတဲ့ ဒီထင်ရှားတဲ့ မြင်ကွင်းကို တွေ့ရှိခဲ့ပါတယ်။ 

Sayburc ဟာ အမဲလိုက်ခြင်း၊လယ်ယာစိုက်ပျိုးခြင်းနဲ့ ရေရှည်အခြေချနေထိုင်ခြင်းသို့ ပြောင်းလဲလာချိန် ဘီစီ ကိုးထောင်စုနှစ်က စတင်ခဲ့ပါတယ်။

အဆိုပါနေရာကို တူးဖော်မှုဟာ ၂၀၂၁ ခုနှစ်မှာ စတင်ခဲ့ပြီး အချင်း ၃၆ ပေ (၁၁ မီတာ) သို့မဟုတ် တယ်လီဖုန်းတိုင်တစ်ခုရဲ့ အရှည်ခန့်ရှိတဲ့ အများပိုင် အဆောက်အအုံရဲ့ အပျက်အစီးများကို လျင်မြန်စွာ တူးဖော်နိုင်ခဲ့ပါတယ်။ 

အဆောက်အအုံကို ကြမ်းပြင်မှာ အခြေစိုက်ထားတဲ့ ကျောက်တုံးများ၊ နံရံများနဲ့ ခုံတန်းလျားများဖြင့် ထုံးကျောက်အုတ်မြစ်အတွင်း ထွင်းထုထားတာပါ။

ဒီထူးခြားတဲ့ အနုပညာလက်ရာကိုလည်း ထွင်းထုထားတဲ့ ခုံတန်းလျားတစ်ခုရဲ့ ရှေ့မှာ တွေ့ရှိခဲ့ကြပါတယ်။

ဒီရုပ်ကြွင်းလက်ရာမှာ ပညာရှင်တစ်ဦးရဲ့ သုတေသနပြုချက်အရ အနုပညာဇာတ်ကြောင်းတစ်ခုအဖြစ် အတူတကွဖတ်ရှုရန် ရည်ရွယ်ထားတဲ့ သီးခြားမြင်ကွင်းနှစ်ခု ပါရှိပါတယ်။ 

ဘယ်ဘက်မှစပြီး မျက်နှာချင်းဆိုင်မှာ နွားရုပ်နဲ့ လူတစ်ဦးတို့က မျက်နှာချင်းဆိုင်နေပါတယ်။ ဒီလိုမျက်နှာချင်းဆိုင်တုန်း အမျိုးသားရုပ်ဟာ မြွေတစ်ကောင်ကို ညာဘက်နဲ့ ကိုင်ဆုပ်ထားပြီး ဘယ်ဘက်လက်မှာ လက်ခြောက်ချောင်းတောင် ပါရှိနေပါတယ်။ 

ဒုတိယ ပြကွက်မှာတော့ ကျားသစ်နှစ်ကောင်နဲ့ လူတစ်ရုပ် ပါဝင်ပါတယ်။ ပါးစပ်ဖွင့်ထားတဲ့ သားရဲတွေမှာ သွားများချွန်ထက်နေသလို လူကို အန္တရာယ်ပြုနိုင်တဲ့ ပုံစံမျိုးပြသနေသလို 3D နီးပါး ထွင်းထုထားသော လူရုပ်ကို ဝန်းရံ မျက်နှာမူထားကြပါတယ်။ 

ဒါပေမဲ့ လူရုပ်ကတော့ အလယ်ဗဟိုကိုပဲ စူးစူးရဲရဲ စိုက်ကြည့်နေရင်း ညာလက်နဲ့ သူ့ကယ်ပါပစ္စည်းကို ဆုပ်ကိုင်ထားတာကို ထူးခြားစွာ မြင်တွေ့ရပါတယ်။

နည်းပညာနဲ့ လက်မှုပညာအရ ရုပ်ကြွတွေဟာ အနီးနားရှိ ကမ္ဘာ့ရှေးအကျဆုံး ရုပ်ကြွင်းများ ရှိသည်ဟု လူသိများသော ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ Göbekli Tepe ကဲ့သို့သော မြေအိုးမတင်မီ ရုပ်ပုံများနှင့် နှိုင်းယှဉ်နိုင်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ Sayburc က ကမ္ဘာ့ရှေးအကျဆုံး ဒီရုပ်ကြွင်းတွေကတော့ အဖြစ်အပျက်များ သို့မဟုတ် ပုံပြင်များကို ပြောပြနေတဲ့ ဇာတ်ကြောင်းတစ်ခုဖြစ်ပြီး လူ့အသိုင်းအဝိုင်းရဲ့ တန်ဖိုးများကို ထိန်းသိမ်းထားတဲ့ စုပေါင်းမှတ်ဉာဏ်တစ်ခုရဲ့ ရောင်ပြန်ဟပ်မှု အမျိုးအစားဖြစ်တာကြောင့် တခြားရုပ်ကြွင်းတွေနဲ့ အတော်လေး ကွဲပြားနေပါတယ်။

ဒီရုပ်ကြွင်းတွေမှာ ယောက်ျား၊ သားကောင်များနဲ့ သားရဲတို့ရဲ့ ရောင်ပြန်ဟပ်မှုများ၊ အထီးသားရဲများဖြစ်ပုံရတဲ့ တိရိစ္ဆာန်များ၊ ငယ်ပါပစ္စည်းနဲ့ အထီးရုပ်ပုံများကို ဖော်ပြခဲ့ပြီး ဇာတ်အိမ်ဖွဲ့ဖို့ ပြချပ်နှစ်ခုကို အတူတကွ ဖန်တီးခဲ့ပုံ ပေါ်ပါတယ်။

ရှေးဟောင်းသုတေသန ပညာရှင်က အဆိုပါ အနုပညာလက်ရာဟာ ယောက်ျားပီသမှုကို ဖော်ပြရန် ရည်ရွယ်ထားကြောင်း ကောက်ချက်ချခဲ့ပါတယ်။ ဒါ့အပြင် ဖီဆန်မှုသလောတရားလည်း ပါဝင်ကြောင်း သူကယုံကြည်ထားပါတယ်။

တစ်ဖက်မှာလည်း အသက်အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုကို မြွေတစ်ကောင်ကိုင်ထားရင်း တုန့်ပြန်တာက အားကောင်းတဲ့ လက်နက်တစ်ခုအဖြစ် မှတ်ယူနိုင်ပြီး ငယ်ပါပစ္စည်းကိုကိုင်ရင်း တုန့်ပြန်တာကတော့ အားနည်းပေမဲ့လည်း ဖီဆန်တဲ့သဘော၊ အင်အားကြီးလည်း ဂရုမထားဘဲ ခုခံနိုင်တဲ့သဘောဖြစ်တယ်လို့ မှတ်ယူခဲ့ပါတယ်။

ဒီရှာဖွေတွေ့ရှိမှုဟာလည်း တူရကီက ရုပ်ကြွင်းတွေကို ရှေးဟောင်းသုတေသနပညာရှင်များက ပိုမိုကောင်းမွန်စွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်စေရန်အတွက် အထောက်အကူဖြစ်စေခဲ့ပါတယ်။ 

Sayburc ရှိ အများသူငှာ အဆောက်အအုံကို ယခုအချိန်အထိ တစ်စိတ်တစ်ပိုင်းသာ တူးဖော်ပြီးဖြစ်ပေမဲ့ တူးပြီးတဲ့အခါ ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေကို မြင်တွေ့နိုင်သေးသလို၊ အခြား ဆန့်ကျင်ဘက်အခြမ်းမှာလည်း အခုလို မြင်ကွင်းတစ်ခုရှိနိုင်တယ်လို့ ပညာရှင်တွေက ကောက်ချက်ချထားကြပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *