ကမ္ဘာ့အကြီးမားဆုံး စာကြည့်တိုက်
ကမ္ဘာ့အကြီးမားဆုံးစာကြည့်တိုက်၊ တစ်နည်း အားဖြင့် ကွန်ဂရက်စာကြည့်တိုက် (Library of Congress-LOC) သည် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တွင် တည်ရှိပါသည်။
အဆိုပါစာကြည့် တိုက်ကြီးကို အေဒီ ၁၈ဝဝ ပြည့်နှစ်၊ ဧပြီလ ၂၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ လက်ရှိအချိန်တွင် အဆိုပါ စာကြည့်တိုက်၏ သက်တမ်းမှာ နှစ်ပေါင်း ၂၂၁ နှစ်ခန့် တည်ရှိသွားပြီဖြစ်သည့်အတွက် ကမ္ဘာ့ရှေးအကျဆုံး စာကြည့်တိုက်အဖြစ် မှတ်တမ်းတင်ထားခြင်းလည်း ခံခဲ့ရပါသည်။
စာကြည့်တိုက်ကို စတင်တည်ဆောက်ဖို့ အကောင်အထည်ဖော်ပေးခဲ့သူကတော့ အမေရိကန် နိုင်ငံအား တည်ထောင်ခဲ့သူ James Madison ဖြစ်ပါ သည်။ သို့ပေမယ့် ၎င်း၏လက်ထက်တွင် စာကြည့် တိုက်မှာ အေဒီ ၁၈ဝဝ ပြည့်နှစ် သမ္မတ John Adams လက်ထက်မှသာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။
စာကြည့်တိုက် ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်က အမေရိကန်လွှတ်တော် အမတ်များအတွက် သီးသန့်စာကြည့်တိုက်တစ်ခုအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းသာဖြစ် ပါသည်။ ထို့ကြောင့်လည်း ကွန်ဂရက်စာကြည့်တိုက်ကို လွှတ်တော်အဆောက်အအုံအတွင်းမှာသာ တည်ဆောက်ခဲ့ခြင်းလည်းဖြစ်ပါသည်။
သို့သော်လည်း အမေရိကန်သမ္မတ Thomas Jefferson လက်ထက်မှာတော့ ကွန်ဂရက်စာကြည့် တိုက်အဖြစ်သာမက သီးသန့်စာကြည့်တိုက်တစ်ခု အဖြစ်ဖွဲ့စည်းတည်ထောင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ အကောင်အထည်ဖော် ရာတွင် စာကြည့်တိုက်နှင့်ပတ်သက်သည့် စာကြည့် တိုက်မှူး၊ စာကြည့်တိုက်ကော်မတီဟူ၍ သီးသန့် ဖွဲ့စည်းပေးခဲ့ပါသည်။ ထို့သို့ အကောင်အထည်ဖော် ဆောင်ရွက်ရာမှ စာကြည့်တိုက်သက်တမ်း ဆယ်စုနှစ်ကျော်ကာလ အေဒီ ၁၈၁၂ ခုနှစ်တွင် ဗြိတိန်-အမေရိကန်စစ်ပွဲဖြစ်ပွားမှု၏ ရလဒ်ကြောင့် စာကြည့်တိုက်မှာ စုဆောင်းထားရှိသည့် စာအုပ်များစွာ မီးရှို့ဖျက်ဆီးခံရမှုကြောင့် အလုံးစုံ ပျက်သုဉ်းခဲ့ရသည်။
စစ်ပွဲကာလနောက်ပိုင်း သမ္မတ Thomas Jefferson က စာကြည့်တိုက်နှင့်ပတ်သက် သည့် စာအုပ်စာစောင်မျိုးစုံကိုစုစည်းရှာဖွေပြီး စာကြည့် တိုက်ကိုပြန်လည်မွမ်းမံကာ စာအုပ်များပြန်လည်ဖြည့် ဆည်းပေးခဲ့ပါသည်။
၎င်းရဲ့ဆောင်ရွက်ချက်ကြောင့် ကွန်ဂရက်စာကြည့်တိုက်မှာ ပြန်လည်အသက်ဝင်လာ ခဲ့ရပါသည်။ သမ္မတ Thomas Jefferson ၏ကျေးဇူး ကြောင့် စာကြည့်တိုက်ကြီးပြန်လည်အသက်ဝင်လာ မူကိုဂုဏ်ပြုသောအားဖြင့် Thomas Jefferson စာကြည့်တိုက်ဟူ၍ ကွန်ဂရက်စာကြည့်တိုက်ထဲတွင် သီးသန့်ထားရှိခဲ့သည်မှာ ယနေ့အချိန်အထိပင်ဖြစ်ပါ သည်။
၎င်းစာကြည့်တိုက်ငယ်တွင် Thomas Jefferson ရေးထားခဲ့သည့် စာအုပ်စာစောင် များကို သီးသန့်ထားရှိသည်ကိုလည်း တွေ့ရှိရပါသည်။ယင်းသို့သောအခြေအနေတွင် အေဒီ ၁၈၅၁ ခုနှစ်၌ ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် ကွန်ဂရက် စာကြည့်တိုက်ကြီးလည်း မီးလောင်သည့်အထဲတွင် ပါဝင်ခဲ့ရပါသည်။
ယင်းကြောင့် စာအုပ်စာစောင်အများ စုမှာ မီးလောင်ကျွမ်းခံခဲ့ရသလို Thomas Jefferson ရေးထားခဲ့သည့်စာအုပ်များကလည်း မီးထဲသို့ပါသွား ခဲ့ရပါသည်။
သို့သော်လည်း အမေရိကန်အစိုးရက စာကြည့်တိုက်ကြီး ရေရှည်တည်တံ့စေရေးနှင့် စာအုပ် စာစောင်များစုံစုံလင်လင်ဖြစ်စေရေးအတွက် အဘက်ဘက်မှလိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ခဲ့မှုကြောင့် အေဒီ ၁၈၉၇ ခုနှစ်တွင် စာအုပ်အမျိုးအစားပေါင်း ၉ သိန်းကျော်ခန့်အထိ ပြန်လည်စုဆောင်းလာနိုင်ခဲ့ပါ သည်။
လက်ရှိအချိန်တွင် ကွန်ဂရက်စာကြည့်တိုက်ကြီး အား တိုးချဲ့တည်ဆောက်ခဲ့သလို စာကြည့်တိုက်အား တည်ထောင်ခဲ့သူများသည် Thomas Jefferson အဆောက်အအုံ၊John Adams အဆောက်အအုံ၊ James Madison အထိမ်းအမှတ်အဆောက်အအုံ များကို တိုးချဲ့ တည်ဆောက်ခဲ့ပါသည်။
စာအုပ်အမျိုး အစားများအနေဖြင့် လက်ရှိအချိန်တွင် စာအုပ်ပေါင်း ၃၈ သန်းကျော်၊ လက်ရေးမူပေါင်း သန်း ၇၀ ကျော်၊ ဓာတ်ပုံပေါင်း ၁၄ သန်းကျော်၊ မြေပုံပေါင်း ၅ ဒသမ ၅ သန်းကျော်နှင့် အခြားစာအုပ်စာစောင်အများအပြား လည်း စုဆောင်းထားနိုင်ခဲ့ပြီဖြစ်ပါသည်။
စုစုပေါင်း စာအုပ်များ၏ထက်ဝက်ကျော်ခန့်သည် အင်္ဂလိပ် ဘာသာစကားဖြင့်ရေးသားထားသည့်စာအုပ်များဖြစ် ပြီး ကျန်စာအုပ်များမှာ တခြားသောဘာသာစကား များဖြင့် ရေးသားထားသော စာအုပ်များဖြစ်ပါသည်။
စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် စာအုပ်စင်များကိုစုပေါင်းပြီး အလျားရှည်တွက်ချက် ကြည့်ပါက မိုင်ပေါင်း ၉ဝဝ ခန့်ရှိသည်ဟုဆိုပါသည်။
စာအုပ်စင်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အာဖရိကဒေသ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာရှ ဒေသ၊ ဥရောပဒေသ စသည်ဖြင့် ခွဲခြားဖော်ပြထား သလို တခြားသောစီးပွားရေးဆိုင်ရာကိစ္စများ၊ ဥပဒေ ဆိုင်ရာကိစ္စရပ်များ စသည်ဖြင့် ကဏ္ဍပေါင်းစုံကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်းရရှိနိုင်အောင် ဖန်တီးပေးထားပါသည်။
ထို့ပြင် ခေတ်မီနည်း ပညာများဖြင့် ကွန်ပျူတာဒေတာများထည့်သွင်းကာ သက်ဆိုင်ရာကဏ္ဍအလိုက် အလွယ်တကူဝင်ရောက် လေ့လာနိုင်အောင် ကတ်တလော့အညွှန်းများ၊ ဒေတာ အညွှန်းကိန်းများဖြင့် ကွန်ပျူတာကိုကိုင်တွယ်အသုံးပြု နိုင်အောင်လည်း စီစဉ်ပေးထားပါသည်။
စာကြည့်တိုက်၏ စုစုပေါင်းတည်ဆောက်မှု ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၆၈၄ သန်း ကျော်ဖြစ်ပါသည်။ ကွန်ဂရက် စာကြည့်တိုက်၏ တာဝန်ရှိသူကတော့ အမှုဆောင်ဒါရိုက်တာ Carla Hayden ဖြစ်ပြီး ၎င်း၏လက်အောက်တွင် အမှုထမ်း ပေါင်း ၃၁ဝ၅ ဦးဖြင့် စာကြည့်တိုက်ကြီးကို စီမံ ကွပ်ကဲကြပ်မတ်လျက်ရှိပါသည်။
မူရင်းရေးသားသူ – ရဲမာန်ခအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။