အင်္ဂါဂြိုဟ်ပေါ်မှာ လေကနေ ရေသန့်ထုတ်လုပ်ပေးနိုင်တဲ့ စက်ရုပ် Elu
လေထုထဲမှာပါတဲ့ ရေခိုးရေငွေ့တွေကနေ ရေအဖြစ် ပြောင်းလဲပေးနိုင်တဲ့ စက်ရုပ်က ပေါ်လာပါပြီ။ သူ့ကို Elu လို့ အမည်ပေးထားပါတယ်။
ဒီစက်ရုပ်ကလေးဟာ တစ်နေ့နေ့မှာ မားဂြိုဟ် (အင်္ဂါဂြိုဟ်)ပေါ်မှာတောင် အလုပ်လုပ်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။
“ကျနော့်ကို ကျနော် မိတ်ဆက်ပါရစေ။ ကျနော်ရဲ့ အမည်က Elu ဖြစ်ပါတယ်။ ကျနော်က မားစ်ဂြိုဟ်ပေါ်က အခိုးအငွေ့တွေကို ရေအဖြစ်ပြောင်းလဲပေးမှာပါ။
ဒါဟာ သက်ရှိတွေအတွက် မျှော်လင့်ချက်အသစ် ဖြစ်ပါတယ်။ မားစ်ဂြိုဟ်တင်မကပါဘူး။ တခြား လေထုရှိတဲ့ဂြိုဟ်တွေမှာလည်း ကျနော် အလုပ်လုပ်နိုင်ပါတယ်။”
ဒါကတော့ စက်ရုပ်ရဲ့ ပရိုဂရမ်က ထွက်လာတဲ့ စကားသံဖြစ်ပါတယ်။ နာဆာ (NASA) ဟာ အင်္ဂါဂြိုဟ်ကို စူးစမ်းလေ့လာမှုတွေ စတင်လုပ်ဆောင်ကတည်းက ဒီစက်ရုပ်ကိုလည်း တည်ဆောက်ဖို့ စဉ်းစားခဲ့ကြပါတယ်။
တကယ်တမ်း ဒီစက်ရုပ်ကို တီထွင်ခဲ့သူက အီဂျစ်နိုင်ငံသား၊ မက္ကထရောနစ် အင်ဂျင်နီယာ Mahmoud Elkoumy ဖြစ်ပါတယ်။
သူက Elu ကို (၉) လကြာအောင် တည်ဆောက်ခဲ့ရပါတယ်။ သူဟာ စက်ရုပ်ကို အင်္ဂါဂြိုဟ်ရဲ့ ပါတ်ဝန်းကျင်အနေအထားမှာ အလုပ်လုပ်နိုင်အောင် ပုံစံထုတ် တည်ဆောက်ခဲ့ပါတယ်။
လေထုရဲ့ စိုထိုင်းစဟာ ညဖက်မှာ ၁၀၀ ရာခိုင်နှုန်းအထိ မြင်တက်လာနိုင်ပါတယ်။ နေ့ခင်းမှာတော့ ခြောက်သွေ့လို့ ညဖက်လောက် မများပါဘူး။
Elu က စိုထိုင်းတဲ့ လေတွေကို ဖမ်းယူပြီး ဖိသိပ်လိုက်ပါတယ်။ (Filters ) အစစ်တွေခံပြီး သန့်စင်စေပါတယ်။ ပြီးမှ ရေအဖြစ် ပြောင်းလဲပေးပါတယ်။
ရေက သန့်စင်ပြီးသားဖြစ်ပြီး အန္တရာယ်ကင်းစွာ သောက်သုံးနိုင်ပါတယ်။ ပိုလီမာအမျှင်တွေနဲ့ ပြုလုပ်ပြီး သန့်စင်တာမို့ ရေက အလွန်သန့်ပါတယ်တဲ့။
Elu မှာ AI (Artificial Intelligent) စနစ် ပါဝင်လို့ တုန့်ပြန်မှုရှိပါတယ်။ Elu ကို ကမ္ဘာပေါ်မှာလည်း သုံးလို့ရပါတယ်။ လေထုစိုထိုင်းဆ ၁၅ ရာခိုင်နှုန်းလောက် ရှိရင်တောင် Elu က အလုပ်လုပ်ပါတယ်။
လောလောဆယ်တော့ တစ်နေ့ကို ရေ (၄)ခွက်အထိ ထုတ်ပေးနိုင်ပြီး ကုန်ကျစရိတ်က ၀.၀၂ ဒေါ်လာသာ ကုန်ကျပါတယ်။ တခြားနည်းပညာတွေထက် (၁၀)ဆလောက် သက်သာပါတယ်။ ဆိုလိုတာက ရေတွင်းတူးတာတို့၊ မြစ်ရေတင်တာတို့ထက် အများကြီး သက်သာတာကိုပါ။
အင်ဂျင်နီယာ Elkoumy က ပြောရာမှာတော့ သူက ဒီထက်ကြီးတဲ့ ပုံစံတွေ ထုတ်နိုင်ပါတယ်တဲ့။
အဲဒီလို ကြီးမားတဲ့စက်ရုပ်တွေက သောက်ရေ အမြောက်အများ ထုတ်လုပ်နိုင်ခဲ့မယ်ဆိုရင် ကမ္ဘာပေါ်က ရေရှားတဲ့နိုင်ငံတွေ အတွက် ဝမ်းသာစရာဖြစ်သလို အင်္ဂါဂြိုဟ်ကို သွားမယ့်လူတွေအတွက်လည်း အကျိုးဖြစ်မှာလို့ အင်ဂျင်နီယာနဲ့ နည်းပညာရပ်တွေကို လေးစားဦးညွှတ်လိုက်ရပါတယ်။
Knight News Team
Knight News © 2022