လိင်တူဆက်ဆံခြင်းကို အပေါများဆုံးတွေ့ရှိရတဲ့ တိရစ္ဆာန်မျိုးစိတ်များ

လိင်တူဆက်ဆံခြင်းကို အပေါများဆုံးတွေ့ရှိရတဲ့ တိရစ္ဆာန်မျိုးစိတ်များ

ယနေ့ခေတ် လူ့အသိုင်းအဝိုင်းမှာ လိင်တူချစ်သူတွေ ပေါများလာခဲ့သလိုပဲ တိရစ္ဆာန်လောကမှာလည်း အရင်ကထက်ပိုပြီး လိင်တူချစ်သူတွေ ပေါများလာကြကြောင်း သုတေသနတွေက ညွှန်းဆိုကြပါတယ်။

သာမန်တွေးကြည့်ရင်တော့ လိင်တူချစ်ကြိုက်တာဟာ တိရစ္ဆာန်တွေအတွက် ထူးဆန်းတယ်လို့ ထင်ကောင်းထင်နိုင်ပေမဲ့ တကယ်တမ်းမှာတော့ တိရစ္ဆာန်မျိုးစိတ် အများစုမှာ လိင်တူစုံတွဲတွေ ရှိနေပါတယ်။

လေ့လာမှုတွေအရ တိရစ္ဆာန်ပေါင်း ၁၅၀၀ ခန့်ဟာ အင်းဆက်များ၊ ငါးများ၊ ငှက်များမှ နို့တိုက်သတ္တဝါများအထိ လိင်တူဆက်ဆံလေ့ရှိကြတယ်လို့ သိရပါတယ်။

အခုဖော်ပြပေးမယ့် မျိုးစိတ်တွေကတော့ လိင်တူစုံတွဲတွေကို အမြောက်အများ ပိုင်ဆိုင်ထားကြပါတယ်။

၁။ သစ်ကုလားအုတ်

သစ်ကုလားအုတ်တွေဟာ လိင်တူဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေထက် လိင်တူဆက်ဆံမှု ပိုများကြပါတယ်။

ဒါဟာလည်း သစ်ကုလားအုတ်တွေရဲ့ လိင်ပိုင်းဆိုင်ရာလုပ်ဆောင်မှု အားလုံးရဲ့ ၉၀% ကျော်အတွက်ဖြစ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

သစ်ကုလားအုတ်တွေဟာ လိင်တူချစ်ကြိုက်ပြီဆိုရင် တန်းဆက်ဆံကြတာမျိုး မဟုတ်ဘဲ တစ်ကောင်နဲ့တစ်ကောင် လည်ပင်းတွေကို ညင်သာစွာ ပွတ်သပ်ပေးလေ့ရှိကြပါတယ်။ ဒီလိုလုပ်တာကလည်း အချိန်တစ်နာရီလောက် ကြာမြင့်ပါတယ်။

၂။ လင်းပိုင်

လင်းပိုင်တွေထဲမှာ အထီးရော၊ အမရောပ လိင်တူစရိုက်မျိုး ပြတတ်ကြပြီး လိင်တူကြိုက်တဲ့အခါမှာတော့ ပါးစပ်နဲ့ ဆက်ဆံလေ့ ရှိကြပါတယ်။

ထူးထူးခြားခြားပဲ လင်းပိုင်စုံတွဲတွေမှာ လိင်တူနဲ့ လိင်ကွဲဟာ အချိုးတူလို့နေတဲ့အထိ လိင်တူကြိုက်သူတွေ များပြားနေပါတယ်။

အထီးတွေကတော့ အမရော၊ အထီးရောကိုပါ ကြိုက်တဲ့ bisexual စရိုက်မျိုးပြသတတ်ကြပေမဲ့ အခြားအထီးတစ်ကောင်နဲ့ သီးသန့်လိင်တူဆက်ဆံတဲ့ ကာလတွေကို ဖြတ်သန်းလေ့ရှိကြပါတယ်။

၃။ ခြင်္သေ့

လိင်တူဆက်ဆံခြင်းဟာ ခြင်္သေ့တွေထဲမှာလည်း အတွေ့ရများပါတယ်။ အထီး ၂ ကောင်မှ ၄ ကောင်လောက်ဟာ မိသားစုထဲက အမတွေကို ကာကွယ်ဖို့အတွက် မဟာမိတ်ဖွဲ့လေ့ရှိပါတယ်။ ဒီအဖွဲ့မှာ သူတို့တွေဟာ အချင်းချင်း ကူညီကြပါတယ်။

အဲဲဒီလိုနဲ့ သစ္စာစောင့်သိရန်အတွက် အချင်းချင်း လိင်ဆက်ဆံခြင်းဖြင့်လည်း နှောင်ကြိုးတွေကို ခိုင်မြဲစေအောင် ပြုလုပ်ထိန်းသိမ်းတတ်ကြပါတယ်။

၄။ နွားရိုင်

နွားရိုင်းတွေအတွက်တော့ အထီးတွေဟာ လိင်တူဆက်ဆံနှုန်း သိသိသာသာ မြင့်တက်နေပါတယ်။

အကြောင်းရင်းကလည်း အမတွေဟာ အထီးတွေနဲ့ တစ်နှစ်လျှင် တစ်ကြိမ်သာ မိတ်လိုက်တာကြောင့်ပါ။

ဒါကြောင့် မိတ်လိုက်ရာသီရောက်ရင် အထီးတွေဟာ လိင်တူလှုပ်ရှားမှုတွေကို တစ်နေ့ကို အကြိမ်ပေါင်းများစွာ ပြုလုပ်ကြပြီး အကောင်ပေါက် အထီးတွေမှာလည်း ဒီအပြုအမူတွေကို မျက်မြင်ကိုယ်တွေ့ရင်း ထက်ဝက်ခန့်ဟာ လိင်တူစိတ်ဝင်စားသူတွေ ဖြစ်လာကြပါတယ်။

၅။ မျောက်

အထီး၊ အမ နှစ်ကောင်လုံး လိင်တူလှုပ်ရှားမှုတွေရှိကြပေမဲ့ ထူးထူးခြားခြား အထီးတွေကတော့ လိင်တူဆက်ဆံတာဟာ တစ်ညတာအတွက် အာသာဖြေရုံပဲဖြစ်ပြီး အမတွေကတော့ သံယောစဥ်ကြိုးတွေနှောင်ဖွဲ့ပြီး ချစ်ကြိုးသွယ်တဲ့ အဆင့်ထိ သဘောထားကြပါတယ်။

၆။ ပင်လယ်စင်ယော်

ဟာဝိုင်အီ ဇာတိဖြစ်တဲ့ Layson albatross ပင်လယ်စင်ယော်တွေဟာ လိင်တူဆက်ဆံမှု အများအပြားအတွက် လူသိများပါတယ်။ မျိုးစိတ်ရဲ့ ၃၀% ခန့်ဟာ အမ လိင်တူစုံတွဲတွေပါ။

ပင်လယ်စင်ယော်တွေဟာ လိင်တူချင်းကြိုက်မိရင်လည်း တစ်ဘဝလုံးစာအတွက် ရည်ရွယ်ပေါင်းသင်းတတ်ကြပြီး သားပေါက်ရင်လည်း နှစ်ကောင်သား နားလည်မှုယူပြီး အခြားအထီးတစ်ကောင်ရဲ့ အကူအညီနဲ့ သားပေါက်လေ့ရှိကြပါတယ်။

၇။ ငန်း

ငှက်အများစုရဲ့ လိင်တူစုံတွဲတွေလိုပဲ ငန်းတွေဟာလည်း သူတို့လိင်တူချစ်သူနဲ့ တစ်ဘဝလုံးစာ ပေါင်းသင်းကြပါတယ်။

ငန်းစုံတွဲတွေရဲ့ ၂၀% ဟာ လိင်တူချစ်သူတွေဖြစ်ကြပြီး အထီးစုံတွဲတွေမှာတော့ အမရဲ့ အကူအညီနဲ့ သားပေါက်ကြပြီး အမတွေဟာလည်း အလားတူပါပဲ။

ထူးထူးခြားခြားအနေနဲ့ အထီးနဲ့ အမ မတူညီတာက အထီးစုံတွဲတွေဟာ အမကို သားပေါက်ပြီးတာနဲ့ နှင်ထုတ်တတ်ကြပြီး အမစုံတွဲတွေတော့ စွန့်ပစ်ဥတွေကို အမြတ်တနိုးနဲ့ မွေးစားတတ်ကြပါတယ်။

၈။ ပင်လယ်ဖျံ

ပင်လယ်ဖျံ အထီးတွေဟာ အသက် ၄ နှစ်မှာ လိင်ပိုင်းဆိုင်ရာ ရင့်ကျက်ကြပြီး အဲဒီအချိန်မတိုင်ခင်ထိ သူတို့ဟာ အခြေခံအားဖြင့် လိင်တူကြိုက်သူတွေသာ ဖြစ်ပါတယ်။

အရွယ်ရောက်ပြီးတာနဲ့ အထီးတွေဟာ မျိုးပွားရာသီရောက်ရင်သာ အမတွေနဲ့ ဆက်ဆံကြပေမဲ့ ကျန်တစ်နှစ်ပတ်လုံးဟာ အထီးအချင်းချင်းပဲ ဆက်ဆံလေ့ရှိကြပါတယ်။

လိင်တူအထီးတွေရဲ့ ဆက်ဆံရေးဟာ တစ်ဘဝလုံးစာအတွက် မိသားစုလိုပဲ ကြင်ကြင်နာနာ ဆက်ဆံရေးမျိုးပါ။

၉။ သိုး

လေ့လာမှုတွေအရ သိုးအုပ်စုတွေက အထီး ၈% ခန့်ဟာ မျိုးအောင်ပြီးသား လက်တွဲဖော် အမ အနီးနားမှာတင်ကို အခြားအထီးတစ်ကောင်ကို နှစ်သက်ကြပါတယ်။ အထူးသဖြင့် ခြံမွေးသိုးတွေမှာပါ။

လိင်တူဆက်ဆံတဲ့ သိုးတွေမှာတော့ အခြားသော သိုးတွေထက် ဦးနှောက်ဖွဲ့စည်းပုံ ကွဲပြားမှုရှိပြီး လိင်ဟော်မုန်း ထုတ်လုပ်မှုလည်း နည်းပါးကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *