ယနေ့ည မြန်မာနိုင်ငံမှာ မျက်မြင်ကိုယ်တွေ့ကြုံသွားရမယ့် ကြယ်မိုးရွာသွန်းခြင်း
Geminid Meteor Shower လို့ခေါ်တဲ့ ကြယ်မိုးရွာသွန်းတဲ့ ဖြစ်စဥ်ဟာ ယခုနှစ်ရဲ့ ဒီဇင်ဘာညချမ်းအလှကို ပိုမိုတိုးမြင့်လာစေဖို့ အဆင်သင့်ဖြစ်နေပါပြီ။
ဒီကြယ်မိုးရွာသွန်းခြင်းဟာ 3200 Phaethon လို့ လူသိများတဲ့ ကျန်ရစ်ခဲ့တဲ့ ဂြိုဟ်သိမ်တစ်ခုက အပိုင်းအစလေးတွေကြောင့် ဖြစ်ပေါ်လာရတာဖြစ်ပြီး Geminid ကြယ်ကြွေခြင်းအတွက် Phatheon မှာ တာဝန်အပြည့်ရှိနေပါတယ်။
ကြယ်ကြွေခြင်း ဖြစ်စဥ်တွေထဲမှာလည်း အခု Geminid ဖြစ်စဥ်ဟာ အဖြစ်အများဆုံးဖြစ်ပါတယ်။
3200 Phaethon ဟာ ဂြိုဟ်သိမ်ဂြိုဟ်မွှားများမဟုတ်ဘဲ ကြယ်တံခွန်များကြောင့် ဖြစ်ပေါ်လာတဲ့ ဥက္ကာပျံအများစုနဲ့ ကွဲပြားပါတယ်။
3200 Phaethon ဟာ သူ့ရဲ့ မငြိမ်မသက်ဖြစ်နေတဲ့ အစုအဝေးတွေနဲ့ နျူကလိယရဲ့ မျက်နှာပြင်အောက်မှာ ပိတ်မိနေခဲ့တာကြောင့် ကြယ်တံခွန်ကို ပိတ်သွားသလို ဖြစ်စေပါတယ်။
ဒီလိုမျိုးကြောင့် သူ့ကို အမြုံကြယ်တံခွန်လို့ ခေါ်ပြီး ဒီအကြောင်းပြချက်ကြောင့်လည်း အခုလိုကြယ်မိုးတွေ ရွာသွန်းရတာ ဖြစ်ပါတယ်။
သူ့ကိုတော့ ၁၉၈၃ ခုနှစ်မှာ စတင်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ၁၉၈၅ ခုနှစ်မှာတော့ 3200 Phaethon လို့ အမည်ပေးခံခဲ့ရပါတယ်။
အကြောင်းရင်းကတော့ ဒီဂြိုဟ်သိမ် ပတ်လမ်းဟာ Geminid ကြယ်ကြွေခဲ့တဲ့ ကြယ်ကြွေ ပတ်လမ်းကြောင်းနဲ့ တူညီနေတာကြောင့်ပါ။
ဒါပေမဲ့ 3200 Phaethon ကို ဥက္ကာပျံကိုဖြစ်စေတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုလို့ ဘယ်တုန်းကမှ မဖော်ပြခဲ့သလို ဒါဟာ အလွန်ထူးဆန်းပါတယ်။
ဒါ့အပြင် ဂြိုဟ်သိမ်ဂြိုဟ်မွှားရဲ့ မျက်နှာပြင် သို့မဟုတ် အတွင်းပိုင်းမှ အရာဝတ္ထုများကို ဥက္ကာပျံချောင်းထဲသို့ မည်သို့ လွှတ်တင်သည်ကိုလည်း ပညာရှင်တွေက ယနေ့တိုင် မဖော်ထုတ်နိုင်ခဲ့ကြသေးပါဘူး။
3200 Phaethon ဟာ နေနဲ့ အလွန်နီးကပ်နေပြီး အတွင်းဆုံးဂြိုဟ်ဖြစ်တဲ့ မာကျူရီလိုပဲ ထက်ဝက် အကွာအဝေးရှိပါတယ်။ အဲဒီနောက် သူဟာ အင်္ဂါဂြိုဟ်ရဲ့ ပတ်လမ်းကို ဖြတ်ကျော်သွားပါတယ်။
ဥက္ကာပျံက အစုအဝေးတွေဟာ ကမ္ဘာပတ်လမ်းကို ဖြတ်ရင်း ကမ္ဘာဟာ ဒီဇင်ဘာလလယ်မှာ ဂြိုဟ်သိမ်ရဲ့ အဝင်ဝပတ်လမ်နေရာသို့ ရောက်ရှိလေ့ရှိတာကြောင့် Geminid ကြယ်ကြွေခြင်းဖြစ်စဥ်တွေ ဖြစ်ပေါ်လာတာပါ။
Geminid ကြယ်ကြွေခြင်းဟာ နက္ခတ်ဗေဒပညာရှင်တွေအတွက် ရေပန်းအစားဆုံး ဖြစ်သလို သူ့ရဲ့ အချိန်အခါကလည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ ယနေ့ညမှာ အထွတ်အထိပ်သို့ ရောက်လာမှာဖြစ်ကြောင်း ပညာရှင်တွေက ပြောကြားထားပါတယ်။
Geminids တွေကို ဒေသစံတော်ချိန် နံနက် ၂ နာရီဝန်းကျင်ခန့်မှာ မှောင်မိုက်ကြည်လင်နေတဲ့ ကောင်းကင်ယံကို ကြည့်ရှုနေသူများက မဖြစ်မနေ မြင်တွေ့ရမှာဖြစ်ပြီး ညနေနှောင်းပိုင်းတွေမှာတော့ Geminid ဥက္ကာပျံတွေကို စတင်မြင်တွေ့ရတယ်လို့ ကြုံတွေ့ဖူးသူတွေဆီကနေ မကြာခဏ ကြားခဲ့ရပါတယ်
ဒါပေမဲ့ ဒီနှစ်မှာတော့ လဆုတ်ဟာ မိုးကုပ်စက်ဝိုင်းရဲ့ အထက်မှာ ရှိနေမှာဖြစ်လို့ ကြည့်ရှုရန်အတွက်မှာ အမြင့်ဆုံးနဲ့ အကောင်းဆုံး အချိန်အခါလို့တောင် ပြောလို့ရပါတယ်။
ရွေးချယ်စရာတစ်ခုမှာ ဒီဇင်ဘာ ၁၃ နှင့် ၁၄ ရက်များက လရောင်ဖြစ်ပြီး လရဲ့အလင်းကြောင့် ကြယ်မိုးတွေကို မြင်တွေ့ရနှုန်းဟာ အနှောင့်အယှက် ဖြစ်လာစေနိုင်ပါတယ်။
ဒါပေမဲ့ အလင်းသိပ်သည်းမှု နည်းပါးတဲ့ နေရာကနေဆိုရင်တော့ ယနေ့ည မြန်မာနိုင်ငံမှာ တစ်နာရီကို ကြယ်မိုး ၅၀ လောက် မြင်တွေ့သွားရမှာပါ။
တခြားနိုင်ငံက ကြည်ကြွေခြင်းကို တိကျပြတ်သားစွာ ကြည့်ရှုနိုင်တဲ့ နေရာမျိုးမှာဆိုရင်တော့ ပုံမှန်အားဖြင့် တစ်နာရီကို ကြယ်မိုးပေါင်း ၁၀၀-၁၅၀ လောက်အထိ မြင်တွေ့သွားရမှာပါ။
Geminid ကြယ်မိုးတွေဟာ အဖြူရောင်ကိုမှ လင်းလက်ပြတ်သားပြီး လျင်မြန်စွာ ရွာသွန်းလေ့ရှိပါတယ်။ အတောက်ပဆုံး ကြယ်မိုးတွေဆိုရင် လရဲ့အလင်းကိုတောင် ကျော်လွှားနိုင်ကြပါတယ်။
နှစ်စဉ်တိုင်းမှာ Geminid ကြယ်မိုးရွားသွန်းခြင်းတွေကို ကမ္ဘာတစ်လွှားက ကောင်းကင်ရဲ့ နေရာအနှံ့မှာ မြင်တွေ့ရတတ်ပြီး ဒီနှစ်မှာတော့ Geminid ဥက္ကာပျံတစ်ခု ဖြတ်သွားတာကိုတောင် မြင်တွေ့ဖို့ ဖြစ်နိုင်ကြောင်း ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံက လူတွေအဖို့တော့ ကြယ်မိုးရွာသွန်းတာကို မြို့ပြအလင်းရောင် နည်းပါးတဲ့ နေရာကနေ အရှေ့ဖက်ကောင်းကင်ကို စောင့်မျှော် ကြည့်ရှုမယ်ဆိုရင်တော့ မြင်တွေ့ရမှာဖြစ်ပါတယ်။
အေးချမ်းတဲ့ ဆောင်းရာသီမှာ အခုလို နက္ခတ် အလှတရားတွေကို တစ်ဝကြီး ခံစားဖို့အတွက်လည်း အကြံပြုလိုက်ရပါတယ်။
Knight News Team
Knight News © 2022