ကျိန်စာသင့်မြို့လေးက အမှောင်လမ်း သစ်တောအကြောင်း

ကျိန်စာသင့်မြို့လေးက အမှောင်လမ်းသစ်တော အကြောင်း

အမှောင်လမ်း သစ်တော (Dark Entry Forest)

အမေရိကန်နိုင်ငံ၊ ကွန်နက်တီကတ်ပြည်နယ်၊ ကွန်းဝေါတွင်ရှိသော ဒဒ်လေမြို့ (Dudleytown)သည် တစ္ဆေမြို့ဟု ခေါ်ရလောက်အောင် ခြောက်သွေ့နေသည့် မြို့ငယ်လေးတစ်ခုဖြစ် သည်။

ဒဒ်လေမြို့ကို ၁၇၄၀ ပြည့်နှစ်များလောက်က ရွာငယ်လေး တစ်ခုအဖြစ် တည်ထောင်ခဲ့ပြီး ၁၈ ရာစုတွင် လူနေမှု အသိုက်အဝန်း ဖွံ့ဖြိုးလာခဲ့ကာ အောစ်ဘာရီဟု လူသိများလာခဲ့သည်။ သံထည် စက်မှုလုပ်ငန်းသည် ဒဒ်လေဒေသ၏ အဓိကစီးပွား ရေးလုပ်ငန်း ဖြစ်ခဲ့သည်။

ဒဒ်လေသည် ထူးဆန်းသော မြင်ကွင်းများ၊ ရှင်းမပြနိုင်သော လူသေမှုများ၊ အစုလိုက် အပြုံလိုက် မိမိကိုယ်မိမိ သေကြောင်းကြံမှုများ မဖြစ်ပွားမီကာလအထိ လူအများလာရောက်လည်ပတ်ကြသော ထင်ရှားသည့် မြို့လေးတစ်မြို့ ဖြစ်ခဲ့သည်။

သို့သော် မကောင်းဆိုးဝါးများက မိမိကိုယ်မိမိ အဆုံးစီရင်ကြရန် ဖိအားပေးသည့် ဖြစ်ရပ်မျိုးအပါအဝင် ထိတ်လန့်ဖွယ် ကိစ္စဖြစ်ရပ်များကို မြို့ခံများ ကြုံတွေ့ကြရသည်။

သိုးများနှင့် တိရစ္ဆာန်များအုပ်လိုက် ပျောက်ဆုံးသွားခြင်းများသည် ဤမြို့လေးတွင် ထုံးစံတစ်ရပ်ကဲ့သို့ ဖြစ်လာခဲ့သည်။

ဒဒ်လေမြို့တွင် ကနဦးအစောပိုင် းအခြေချနေထိုင်ခဲ့သူများက သူတို့မြို့လေးကို ကျိန်စာသင့်နေသောမြို့ဟု ဆိုခဲ့ကြသည်။

၂၀ ရာစုအလယ်ပိုင်းတွင်မူ မြို့နေလူတိုင်းသည် ထွက်ပြေးလျှင် ပြေး၊ မပြေးလျှင် သေကြရပေသည်။

ယခုအချိန်တွင်မူ ဒဒ်လေမြို့သည် လွန်ခဲ့သော နှစ် ၂၅ဝ ခန့် သောမတ်စ်ဂရီဖီဆိုသူ နေထိုင်ခဲ့စဉ်က အနေအထားအတိုင် းရှိနေပြီး မြို့ဟောင်းတစ်ခုအဖြစ် တည်ရှိနေသည်။

ဒဒ်လေမှ ကျောက်သား မြေလွှာပြင်ပေါ်တွင် ထူထပ်သော တောအုပ်တစ်ခုက သီးခြားတည်ရှိနေသည်။

ယင်းတောအုပ်ကို ဘေးလ်၊ သုဒ်ဘယ်ရီနှင့် ကလော့စ်ဖုဟုအမည်ရှိသည့် တောင်သုံးလုံးတို့က အရိပ်မိုးပေးထားကာ ထူထပ်ရှည်လျား သောသစ်ပင်များကြောင့် သစ်တောကို အမှောင်လမ်း သစ်တောဟု အမည်ပေးထားကြသည်။

အမှောင် လမ်းသစ်တောသည် ကွန်နက်တီကတ်ပြည်နယ်တွင် ရှိသော်လည်း ပြည်နယ်သစ်တေ ာဧရိယာတွင် မပါဝင်ဘဲ မိုဟော့ခ်သစ်တောဝိုင်းအနီးမှ ပုဂ္ဂလိကပိုင်မြေတစ်ခုပေါ်တွင် ရှိနေသည်၊

ဒဒ်လေမြို့မှ အပျက်အစီးများနှင့် အမှောင်လမ်း သစ်တောတို့ကို အမှောင်လမ်းသစ်တောအဖွဲ့ကစောင့် ရှောက်သည်။

သစ်တောအတွင်း လူသူဖြတ်သန်းသွားလာခြင်း မရှိစေရန် ကင်းလှည့်နေသည့်တိုင်အောင် အမှောင်လမ်း သစ်တောကိုဖြတ်သန်းရန် ကြိုးပမ်းကြသူများသည် အရေအတွက် ရာနှင့်ချီကာ တားဆီးခံခဲ့ကြရသည်။

ဒဒ်လေမြို့ပျက်နှင့် အမှောင်လမ်းသစ်တောဝန်းကျင်နေရာတွင် အလင်းရောင်တန်းများ၊ကြောက်မက်ဖွယ် အသံများကို မြင်ရကြားရသည်။

အခြားထူးဆန်းသော သစ်တောများကဲ့သို့ပင် အပင်များသည် ငြိမ်သက်နေမှု မရှိသည့်အပြင် တောတွင်း၌ မည်သည့် သားရဲ တိရစ္ဆာန်မှလည်း မနေကြပါချေ။ ။

Source – Knowledge Light

Leave a Reply

Your email address will not be published. Required fields are marked *