ကမ္ဘာ့အထူးခြားဆုံး စံချိန်တင် လူ့ကိုယ်ဝန်များ
ကိုယ်ဝန်ဆောင်ချိန်ဟာ မိဘတိုင်းအတွက် လေးနက်စရာကောင်းတဲ့ အချိန်မျိုးပါပဲ။
ဒါပေမဲ့ အခုဖော်ပြပေးမယ့် စံချိန်တင်ကိုယ်ဝန်အချို့ဟာ မွေးဖွားချိန်မှာ ညစာစားချိန်ထက် ပိုပြီးကြာမြင့်တဲ့ မီးဖွားမှုမှ ကလေးကိုးယောက်ကို တစ်ခါတည်းမွေးဖွားခဲ့တဲ့ အမျိုးသမီးတစ်ဦးအထိ မွေးဖွားခြင်း အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့တဲ့ ကိုယ်ဝန်မျိုးတွေပါ။
ကမ္ဘာ့အကြီးဆုံး မွေးဖွားမှု
ပထမဆုံးအနေနဲ့ ၁၉၈၇ ခုနှစ် ဇန်နဝါရီလမှာ Anna Bates ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ ကိုယ်ဝန်က ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းများအရ အရွယ်အကြီးဆုံး ကလေးမွေးဖွားမှုဖြစ်ခဲ့ပါတယ်။
ကလေးငယ်ဟာ ဦးခေါင်းမှ ခြေချောင်းအထိ ၂၈ လက်မ (၇၁.၁၂ စင်တီမီတာ) ရှိပြီး ကိုယ်အလေးချိန် ၂၂ ပေါင် (၁၀ ကီလိုဂရမ်) နီးပါး ရှိခဲ့ပါတယ်။ Babe လို့သိကြတဲ့ အဆိုပါ ကလေးလေးဟာ ၁၁ နာရီအကြာမှာပဲ သေဆုံးသွားခဲ့ရရှာပါတယ်။
ကလေးရဲ့မိဘနှစ်ပါးစလုံးက အရပ်ရှည်ပါတယ်။ မိခင် Bates က ၇ ပေ ၁၁ လက်မ (၂၄၁ စင်တီမီတာ) နဲ့ ကလေးရဲ့အဖေ Martin Van Buren Bates က အရပ် ၇ ပေ နဲ့ ၉ လက်မ (၂၃၆ စင်တီမီတာ) ရှိပါတယ်။
ကမ္ဘာ့အသေးဆုံး မွေးဖွားမှု
တစ်ဖက်မှာတော့ အရပ် ၉.၄၄ လက်မ (၂၄ စင်တီမီတာ) သာ ရှည်လျားတဲ့ အလွန်သေးငယ်သော ကလေးငယ်လေး မွေးဖွားခဲ့ပြီး ဂင်းနစ် ကမ္ဘာ့စံချိန်တင် အသေးဆုံးကလေးဖြစ်ပါတယ်။
Nisa Juarez ဆိုတဲ့ အဲဒီကလေးလေးဟာ ၁၁.၃ အောင်စ (၃၂၀ ဂရမ်) သာ အလေးချိန်ရှိပြီး ၁၀၈ ရက်မြောက်နေ့မှာ လမစေ့ဘဲမွေးဖွားခဲ့တာပါ။ သေးငယ်လွန်းလို့ အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရပြီး ၅ လအကြာမှာမှ ဆေးရုံက ဆင်းနိုင်ခဲ့ပါတယ်။
မိခင်တစ်ဦးတည်းက အရေအတွက်အများဆုံး မွေးဖွားမှု
၁၈ ရာစုအတွင်း နေထိုင်ခဲ့တဲ့ ရုရှားနိုင်ငံ၊ ရှူယာမြို့မှ တောင်သူလယ်သမား Feodor Vasilyev ရဲ့ ပထမဆုံး ဇနီးအဖြစ် လူသိများသော အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့သက်တမ်းတစ်လျှောက်မှာ ကလေး ၆၉ ဦးအထိ မွေးဖွားခဲ့ကြောင်း ဂင်းနစ်ကမ္ဘာ့မှတ်တမ်းများအရ သိရပါတယ်။
သို့သော် သူမဟာ အမွှာ ၁၆ ကြိမ်၊ သုံးမွှာပူး ၇ ကြိမ်နဲ့ လေးမွှာပူး လေးကြိမ်တို့ကို မွေးဖွားပေးခဲ့ပြီး ၆၉ ကြိမ်လုံးတော့ ဝေဒနာကို မခံစားခဲ့ရပါဘူး။
ခင်ပွန်းသည်က နောက်အိမ်ထောင်ပြုပြီး ဒုတိယဇနီးနဲ့လည်း ကလေး ၁၈ ဦးအထိ ထွန်းကားခဲ့ပြီး သားသမီး ၈၇ ဦးရဲ့ ဖခင်ဖြစ်လာခဲ့ပါတယ်။
လမစေ့ဘဲ မွေးဖွားမှု
လမစေ့ဘဲ ရင်သွေးလေး အသက်ရှင်ကျန်ရစ်နိုင်ခဲ့တဲ့ မွေးဖွားမှု စံချိန်ကိုတော့ ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းများအရ သားအိမ်အတွင်း ၂၁ ပတ်အကြာမှာပဲ မွေးဖွားခဲ့ပြီး ကိုယ်အလေးချိန် ၁၄.၈ အောင်စ (၄၂၀ ဂရမ်) သာရှိသော Curtis Means မှ မှတ်တမ်းဝင်ခဲ့ပါတယ်။
ကလေး မိခင် Michelle Butler ဟာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လမှာ ရင်သွေးလေးကို မွေးဖွားခဲ့ပြီး အသက်ရှင်နိုင်ခြေ ၁% အောက်သာ ရရှိခဲ့ပေမဲ့ ကံကောင်းထောက်မစွာ အသက်ရှင်နိုင်ခဲ့ပါတယ်။
Curtis ဟာ လမစေ့လဲ မွေးဖွားမှုကြောင့် သွေးတိုးရောဂါအပါအဝင် ကျန်းမာရေးဆိုင်ရာ ပြဿနာအချို့ကိုလည်း ကြုံတွေ့ခဲ့ရပြီး ကယ်လိုရီကို ထိန်းထားရန်အတွက် ကနဦးမှာ သုံးနာရီတစ်ကြိမ် အစာပြွန်မှတစ်ဆင့် အစာစားခဲ့ရပါတယ်။
လမစေ့လဲ အမွှာမွေးဖွားမှု
ကမ္ဘာ့စံချိန်တင် လမစေ့ဘဲ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အမွှာအတွက် အိုင်အိုဝါအမွှာ Keeley နဲ့ Kambry Ewoldt တို့က စံချိန်တင်ထားပါတယ်။ မိခင် Jade Ewoldt က သူတို့ကို ကိုယ်ဝန်သက်တမ်း ၂၂ ပတ်မှာပဲ မွေးဖွားခဲ့တာပါ။
ကလေးလေးတွေဟာ မွေးပြီးချိန်မှာ ၁၇.၃ အောင်စ (၄၉၀ ဂရမ်) နဲ့ ၁၃.၄ အောင်စ (၃၇၉ ဂရမ်) သာ အသီးသီးရှိခဲ့ပါတယ်။
ကမ္ဘာ့ ပထမဆုံး စမ်းသပ်ပြွန်ကိုယ်ဝန်
Louise Brown ဟာ ပထမဆုံး “စမ်းသပ်ပြွန်ကလေး” အဖြစ် မှတ်တမ်းဝင််ထားပါတယ်။ စမ်းသပ်ပြွန် ကလေးဟာ မိခင်ရဲ့ သားအိမ်အပြင်ဘက်မှာ သန္ဓေသားအဖြစ် ဖြစ်တည်လာပြီး နောက်ပိုင်းမှာမှ မိခင်ရဲ့ သားအိမ်မှာ သန္ဓေသားလောင်းအဖြစ် ကြီးထွားလာတာကို ဆိုလိုတာပါ။
တစ်ခါတည်းမှာ ကလေး အရေအတွက်အများဆုံး မွေးဖွားမှု
၂၀၂၁ ခုနှစ်မှာ Halima Cissé အမည်ရှိ မာလီနိုင်ငံက အမျိုးသမီးတစ်ဦးက ကိုယ်ဝန်တစ်ခုတည်းမှ ကလေး ၉ ဦးအထိ မွေးဖွားခဲ့ပါတယ်။
မူလက ကလေး ၇ ဦးကို သယ်ဆောင်လာတယ်လို့ ယူဆခံထားရတဲ့ Cissé ဟာ ၂၀၂၁ ခုနှစ်၊ မေလ ၆ ရက်မှာ ရက်သတ္တပတ် ၃၀ ကြာ ကိုယ်ဝန်ဆောင်ပြီးနောက် ကလေး ၉ ဦးလုံးကို အောင်မြင်စွာ အသက်ရှင်ကျန်ရစ်အောင် မွေးဖွားနိုင်ခဲ့ပြီး ကမ္ဘာ့စံချိန် တင်သွားခဲ့ပါတယ်။
ကမ္ဘာ့ သက်တမ်းအရှည်ဆုံး သန္ဓေသားလောင်း
နိုက်ထရိုဂျင်အရည်ထဲမှာ နှစ် ၃၀ ကျော်ကြာအောင် ထိန်းသိမ်းထားပြီးနောက် ဧပြီလ ၂၂ ရက်၊ ၁၉၉၂ မှာတော့ ဖန်တီးထားတဲ့ အမွှာကို ဗီတိုသုံး မျိုးအောင်ခြင်းမှ မွေးဖွားနိုင်ခဲ့ပါတယ်။
ဒီမွေးဖွားမှုဟာ ကမ္ဘာ့ အသက်အကြီးဆုံး သန္ဓေသားလောင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ကလေးတွေကတော့ Lydia နဲ့ Timothy လို့ အမည်ပေးထားပါတဟ်။ သူတို့ကို ဗြိတိန်စုံတွဲ Rachel နှင့် Philip Rideway တို့မှ မွေးဖွားခဲ့တာပါ။
ကမ္ဘာ့အသက်အကြီးဆုံး ကိုယ်ဝန်ဆောင်မိခင်
Maria del Carmen Bousada Lara ဆိုတဲ့ အမျိုးသမီးဟာ ကယ်လီဖိုးနီးယားမှာ ဖန်ပြွန်သန္ဓေသား ခံယူပြီးနောက် သူမရဲ့ အသက်အရွယ်ကို မူလထက် ၁၁ နှစ်လျော့ပြီး လိမ်ညာကာ ဆေးခန်းကို ပြောပြခဲ့ပါတယ်။
၂၀၀၆ မှာတော့ သူမဟာ အသက် ၆၆ နှစ်နဲ့ ၃၅၈ ရက်အရွယ်နဲ့ ရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့အပြီး ကမ္ဘာ့ အသက်အကြီးဆုံး ကိုယ်ဝန်ဆောင်မိခင်အဖြစ် ကမ္ဘာ့စံချိန်တင်သွားခဲ့ပါတယ်။
Knight News Team
Knight News © 2022