စကားပြောသော ငှက်များ

စကားပြောသော ငှက်များ

ကြက်တူရွေးနှင့် ကတ္တဝါငှက်များကို စကား ပြောတတ်သော ငှက်ကလေးများအဖြစ် တယုတယ မွေးမြူလေ့ရှိကြသည်။

ကမ္ဘာတစ်ဝန်းတွင်လည်း ထိုကဲ့သို့ပင် စကားပြောနိုင်သော သင်လျှင်တတ်လွယ်သောငှက်များကို အိမ်မွေးတိရစ္ဆာန်အဖြစ် ဂရုတစိုက်မွေးမြူကြသည်။ကမ္ဘာအနှံ့မွေးမြူမှုများသောငှက်မျိုး များမှာ

၁။ Macaws

Macaws- မက္ကဆီကို အမေရိကန်အလယ်ပိုင်း တောင်အမေရိက တိုက်တို့တွင်တွေ့ရသည်။ အရောင်အသွေးလှပသော ကြက်တူရွေးငှက်မျိုး ဖြစ်သည်။စကားလုံး အနည်းငယ်သာပြောတတ်သော်လည်း အသံသာသည်။

၂။ African Greys

African Greys – အာဖရိကတိုက်အလယ်ပိုင်းတွင် ကျက်စားသည်။ စကားလုံးပေါင်း ၁ဝဝဝ ကျော်ကို မှတ်မိနိုင်သည်။ နေ့စဉ်သုံးဝေါဟာရများကိုပင် မှတ်မိပြီး အချို့မှာ သခင်နှင့်ပင် အပြန်အလှန်ပြောဆိုနိုင်သည်ဟု သိရသည်။ ၎င်းတို့သည် ကြက်တူရွေးငှက်များထဲတွင် ဉာဏ်ရည်အမြင့်ဆုံးဖြစ်သည်။

၃။ Cockatoos

Cockatoos – ဩစတြေးလျ အင်ဒိုနီးရှားနှင့် နယူးဂီနီကျွန်းစုများတွင် တွေ့ရသည်။ သေချာစွာလေ့ကျင့် သင်ကြားပေးပါက လူတို့အသံအပြင် အခြားသောတိရစ္ဆာန်အသံများ ဥပမာ – ခွေးဟောင်သံကြောင်အော်သံတို့ ကိုပင် တုပပြောဆိုနိုင်သည်။ ကြီးမားသောအမောက်ကြီးဖြင့် လှပခံ့ညားသောငှက်မျိုးဖြစ်သည်။

၄။ Crows

Crows – ကျီးမျိုးနွယ်တို့ကို ကမ္ဘာအနှံ့အပြားတွင် တွေ့မြင်နိုင်သည်။ လူတို့အသံအပြင် ခွေး ကြောင် ကြက်တို့၏အသံကိုပင် တုပနိုင်သည်။

၅။ Budgie

Budgie – အရောင်အသွေးစုံလင်လှသော စာကလေးမျိုးနွယ် ငှက်များဖြစ်သည်။ ဩစတြေးလျမျိုးရင်းများပင်ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် အိမ်မွေးတိရစ္ဆာန်အဖြစ် အများဆုံး မွေးမြူကြသည်။ လူတို့အသံအပြင် တေးသီချင်းလည်း သီကျူးနိုင်ကြသည်ဟု သိရသည်။

ZawGyi
စကားေျပာေသာငွက္မ်ား

ၾကက္တူေ႐ြးႏွင့္ ကတၱဝါငွက္မ်ားကို စကား ေျပာတတ္ေသာ ငွက္ကေလးမ်ားအျဖစ္ တယုတယ ေမြးျမဴေလ့ရွိၾကသည္။

ကမာၻတစ္ဝန္းတြင္လည္း ထိုကဲ့သို႔ပင္ စကားေျပာနိုင္ေသာ သင္လွ်င္တတ္လြယ္ေသာငွက္မ်ားကို အိမ္ေမြးတိရစာၦန္အျဖစ္ ဂ႐ုတစိုက္ေမြးျမဴၾကသည္။ကမာၻအႏွံ႕ေမြးျမဴမႈမ်ားေသာငွက္မ်ိဳး မ်ားမွာ

၁။ Macaws – မကၠဆီကို အေမရိကန္အလယ္ပိုင္း ေတာင္အေမရိက တိုက္တို႔တြင္ေတြ႕ရသည္။ အေရာင္အေသြးလွပေသာ ၾကက္တူေ႐ြးငွက္မ်ိဳး ျဖစ္သည္။စကားလုံး အနည္းငယ္သာေျပာတတ္ေသာ္လည္း အသံသာသည္။

၂။ African Greys – အာဖရိကတိုက္အလယ္ပိုင္းတြင္ က်က္စားသည္။ စကားလုံးေပါင္း ၁ဝဝဝ ေက်ာ္ကို မွတ္မိနိုင္သည္။ ေန႕စဥ္သုံးေဝါဟာရမ်ားကိုပင္ မွတ္မိၿပီး အခ်ိဳ႕မွာ သခင္ႏွင့္ပင္ အျပန္အလွန္ေျပာဆိုနိုင္သည္ဟု သိရသည္။ ၎တို႔သည္ ၾကက္တူေ႐ြးငွက္မ်ားထဲတြင္ ဉာဏ္ရည္အျမင့္ဆုံးျဖစ္သည္။

၃။ Cockatoos – ဩစေၾတးလ် အင္ဒိုနီးရွားႏွင့္ နယူးဂီနီကြၽန္းစုမ်ားတြင္ ေတြ႕ရသည္။ ေသခ်ာစြာေလ့က်င့္ သင္ၾကားေပးပါက လူတို႔အသံအျပင္ အျခားေသာတိရစာၦန္အသံမ်ား ဥပမာ – ေခြးေဟာင္သံေၾကာင္ေအာ္သံတို႔ ကိုပင္ တုပေျပာဆိုနိုင္သည္။

ႀကီးမားေသာအေမာက္ႀကီးျဖင့္ လွပခံ့ညားေသာငွက္မ်ိဳးျဖစ္သည္။

၄။Crows – က်ီးမ်ိဳးႏြယ္တို႔ကို ကမာၻအႏွံ႕အျပားတြင္ ေတြ႕ျမင္နိုင္သည္။ လူတို႔အသံအျပင္ ေခြး ေၾကာင္ ၾကက္တို႔၏အသံကိုပင္ တုပနိုင္သည္။

၅။ Budgie – အေရာင္အေသြးစုံလင္လွေသာ စာကေလးမ်ိဳးႏြယ္ ငွက္မ်ားျဖစ္သည္။ ဩစေၾတးလ်မ်ိဳးရင္းမ်ားပင္ျဖစ္သည္။

ကမာၻတစ္ဝန္းတြင္ အိမ္ေမြးတိရစာၦန္အျဖစ္ အမ်ားဆုံး ေမြးျမဴၾကသည္။ လူတို႔အသံအျပင္ ေတးသီခ်င္းလည္း သီက်ဴးနိုင္ၾကသည္ဟု သိရသည္။

Leave a Reply

Your email address will not be published. Required fields are marked *