လဟာ ကမ္ဘာရဲ့ အရံဂြိုဟ်ဆိုတာ တကယ်ဟုတ်ရဲ့လား

လဟာ ကမ္ဘာရဲ့ အရံဂြိုဟ်ဆိုတာ တကယ်ဟုတ်ရဲ့လား

လဟာ ကမ္ဘာမြေကို ညအခါ အလင်းရောင်ပေးတဲ့ တစ်ခုတည်းသော အရံဂြိုဟ်တစ်ခုလည်း ဖြစ်ပါတယ်။ အရွယ်အစားကလည်း ကမ္ဘာရဲ့ လေးပုံတစ်ပုံလောက်ပဲ ရှိပါတယ်။

ကျွန်တော်တို့ဟာ လရဲ့ မျက်နှာပြင်တစ်ဖက်တည်းကိုသာ မြင်ရတာဖြစ်ပါတယ်။ လရဲ့ နောက်တစ်ဖက်ခြမ်းကိုတော့ မမြင်ရပါဘူး။

ဒီတစ်ခါတော့ လကို စိတ်ဝင်စားကြသူတွေရဲ့ အတွေးအမြင် အယူအဆတွေကို ရှာဖွေတင်ပြလိုက်ပါတယ်။ ခက်ခံတာ၊ လက်မခံတာ ခဏထား အပျင်းပြေ ဗဟုသုတအနေနဲ့ ဖတ်ရှု့ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

(၁) လဟာ အမိန့်ပေးစင်တာ (Command Center) တစ်ခုဖြစ်ပြီး မျိုးနွယ်စု ၂၅ ခုကနေ ၃၅ ခုလောက်အထိ လရဲ့ အတွင်းပိုင်းထဲမှာ အထပ်အလွှာတွေ တည်ဆောက်နေထိုင်ကြပါတယ်တဲ့။

သူတို့ဟာ ရှေးကျပြီး တစ်ကိုယ်ရည်နေထိုင်ကြသူတွေ ဖြစ်ပါတယ်တဲ့။ ပညာဥာဏ် မြင့်မားသူတွေ ဖြစ်ကြပါတယ်။ နေထိုင်မှုမှာလည်း စနစ်ကျလှပါတယ်တဲ့။

(၂) လထဲမှာ မျိုးနွယ်စုတစ်ခု ရှိပါတယ်။ လူသားတွေလည်း အဲဒီမှာ နေထိုင်နေကြပါတယ်တဲ့။

ဒါပေမဲ့ သူတို့အကြောင်းကို ဘယ်တော့မှ ပြောပြကြမှာ မဟုတ်ပါဘူးတဲ့။ ဘာလို့လဲဆိုတော့ သူတို့က ဘယ်သူ့ကိုမှ မယုံကြည်ကြလို့ပါပဲ။

(၃) သူတို့က ကျွန်တော်တို့ မသိစေချင်တဲ့အချက်တွေ လပေါ်မှာ အများကြီးရှိနေတယ်။ ဒါသေချာပေါက် ပြောနိုင်ပါတယ်။

(၄) လမင်းကြီးကို သူရဲ့ ပါတ်လမ်းပေါ်ရောက်အောင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၅၀၀ လောက်က တွန်းတင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကို သူတို့ (ဂြိုဟ်သား) တည်ဆောက်ထားတာပါပဲ။

(၅) လူတွေရဲ့ ဝိဉာဉ်တွေဟာ သူတို့ သေဆုံးတဲ့အခါ လပေါ်ကို ယူဆောင်ခြင်းခံရပါတယ်တဲ့။

(၆) လူသိများထင်ရှားတဲ့ အနောက်တိုင်းပညာရှင်တစ်ဦးဖြစ်တဲ့ Gurdjieff ရဲ့ မှတ်တမ်းအရတော့ လမင်းကြီးဟာ ဝိဉာဉ်ထောင်ချောက် ဖြစ်နိုင်ပါတယ်တဲ့။

ဒါကြောင့် သင်သေသွားတဲ့အခါ သင့်ရဲ့ဝိဉာဉ်လိပ်ပြာကို လဆီကို ပျံမသွားနိုင်အောင် ကာကွယ်သင့်ပါတယ်တဲ့။

ဘာကြောင့်လဲဆိုရင် သင့်ဝိဉာဉ်ဟာ လမှာ ရာသက်ပန် ချုပ်နှောင်ထားခြင်းခံရမှာဖြစ်လို့ပါတဲ့။ လဆီကို သင့်ဝိဉာဉ် မရောက်မှသာ သင်ဟာ ပြန်လည်ဝင်စားခြင်း (Reincarnation) သံသရာကို ရရှိမှာ ဖြစ်ပါတယ်တဲ့။

(၇) အတွင်းလူ (အာကာသယာဉ်မှူး) တွေ ပြောပြချက်အရ လဟာ အချက်အလက် အမြောက်အများ သိုလှောင်ရာဌာန (Data Base) ကြီးတစ်ခု ဖြစ်ပါတယ်တဲ့။ သူရဲ့ တွက်ချက်နိုင်မှုစွမ်းရည် ( Computing Skill) ကလည်း မယုံနိုင်အောင် မြင့်မားပါတယ်။

ဒီ Data (ဒေတာ)တွေကို Drago Reptilian လို့ခေါ်တဲ့ အကြေးခွံဖုံးထားတဲ့ ဂြိုဟ်သားမျိုးနွယ်တွေက အဓိက ဗဟိုပင်မ (Main Server) အနေနဲ့ သုံးကြတာပါ။ လပြည့်ညတွေမှာ သူတို့ဟာ စိတ်ခြင်းဆက်သွယ်မှု (Telepathy) နည်းနဲ့ လူသားတွေကို အားကောင်းကောင်းနဲ့ လွမ်းမိုးနေကြပါတယ်။

(၈) လပေါ်ကို ပထမဆုံး ခြေချခဲ့သူ Neil Armstrong က လကြမ်းပြင်ကို စုံစမ်းကြည့်ခဲ့ပါတယ်။ သူ့အပြောအရ ကြီးမားတဲ့ငွေရောင် အာကာသယာဉ်ကြီး (၃)စင်းကို တွေ့ခဲ့ရပါတယ်တဲ့။

ယာဉ်ကြီးတွေဟာ ချိုင့်ဝှမ်းတစ်ခုရဲ့ အစွန်းမှာ ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ (NDA) လို့ခေါ်တဲ့ စာချုပ်မှာ လက်မှတ်ရေးထိုးထားရတာ ဂြိုဟ်သားတွေ လပေါ်မှာ ရှိနေတဲ့အကြောင်းကို ဘယ်သူ့ကိုမှ ဘယ်တော့မှ ပြောခွင့်မရှိပါဘူးတဲ့။

ဒါ့ကြောင့်ပဲ Neil Armstrong အပါအဝင် တခြား အာကာသယာဉ်မှူးတွေကလည်း နှုတ်ဆိတ်နေကြတာပါ။

Neil Armstrong

(၉) လကမ္ဘာအတွင်းပိုင်းမှာ အလွှာအထပ်ပေါင်း ၁၀,၀၀၀ ကျော်အထိ ထည့်သွင်းတည်ဆောက်ထားပါတယ်တဲ့။ ဒါတွေအားလုံးကို အဆင့်မြင့်နည်းပညာနဲ့ တည်ဆောက်ထားတဲ့အပြင် အလွန်စွမ်းရည်မြင့်တဲ့ စူပါကွန်ပျူတာနဲ့ ထိန်းချုပ်ထားပါတယ်။

(၁၀) လကမ္ဘာဟာ ခရစ်ယာန်ကျမ်းစာထဲက နောစလှေကြီးလိုပါပဲ။ ဆိုလိုတာကတော့ လူတွေ၊ တိရစ္ဆာန်မျိုးစုံ၊ အပင်မျိုးစုံကို လထဲမှာ လထဲမှာ ထည့်သွင်းတည်ဆောက်ထားပါတယ်တဲ့။ ပြီးတော့ လဟာ တစ်နေရာကို လမ်းညွှန်ပြသနေပါတယ်။

ဖြစ်နိုင်တာကတော့ အရမ်းရှေးကျပြီး ဉာဏ်ရည်မြင့်တဲ့ မျိုးနွယ်တစ်ခုဟာ ကမ္ဘာ့အနီးကို တွန်းပို့ထားခဲ့ကြတာ ဖြစ်ပါတယ်တဲ့။

(၁၁) လမင်းကြီးဟာ ကွန်ပျူတာတွေ ထည့်သွင်းထားတဲ့ စက်ပစ္စည်းတစ်ခု ဖြစ်ပါတယ်တဲ့ သူက ကမ္ဘာကြီးကို စောင့်ကြည့်တယ်။ စူးစမ်း ထောက်လှမ်းတယ်။

ပြီးရင် စုဆောင်းထားတဲ့ အချက်အလက်တွေကို တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်နေရာကို သတင်းပြန်ပို့ပေးနေပါတယ်။ စင်္ကြာဝဠာထဲက တစ်စုံတစ်ယောက်ဆီကိုပေါ့

(၁၂) လဟာ ကမ္ဘာကြီးကို စောင့်ကြည့်ခြင်းနဲ့ စိတ်အာရုံလှည့်စားခြင်းဌာနကြီးတစ်ခု ဖြစ်ပါတယ်တဲ့။ ဒီဌာနကြီးကို ကြီးကြပ်ကွပ်ကဲနေသူတွေကတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ရှိနေခဲ့တဲ့ လူမဟုတ်တဲ့ သက်ရှိတွေပါ။

(၁၃) ကျွန်တော်တို့ရဲ့ လမင်းကြီးဟာ အတုအယောင်ဖြစ်ပြီး အမှန်တော့ ဂြိုဟ်တုတစ်ခုသာ ဖြစ်ပါတယ်တဲ့။ ကမ္ဘာကို စောင့်ကြည့်ဖို့သက်သက်သာ ပြုလုပ်ထားတာမို့ လရဲ့ မျက်နှာတစ်ဖက်သာ ကမ္ဘာကို အမြဲတမ်း မျက်နှာမူထားတာ ဖြစ်ပါတယ်တဲ့။

လရဲ့ တစ်ဖက်ခြမ်းမှာ ဂြိုဟ်သားတွေ ရှိနေကြတာဖြစ်ပြီး ဒါကို ကမ္ဘာကလူတွေ ဘယ်တော့မှ မြင်ရမှာ မဟုတ်ပါဘူးတဲ့။ ဂြိုဟ်သားတွေဟာ သူတို့ရဲ့ ယာဉ်တွေကို လရဲ့ တစ်ဖက်ခြမ်းမှာပဲ ရပ်နားသွားလာနေကြတာပါတဲ့။

သူတို့လိုအပ်တဲ့အခါတိုင်း ကမ္ဘာမြေကို လာရောက် စူးစမ်းကြလို့ လူသားတွေက ပန်းကန်ပြားပျံလို့ ခေါ်တဲ့ UFO တွေကို မကြာခဏ မြင်ရတာဖြစ်ပါတယ်တဲ့။

(၁၄) နာဆာက ထုတ်ပြန်တဲ့ ဓါတ်ပုံတွေကို သေချာ သုတေသနလုပ်သူတစ်ဦးကတော့ လမျက်နှာပြင်မှာ ခေါင်းတိုင်လိုလို အခိုးအငွေ့ထုတ်လွှတ်တဲ့ ပြွန်တစ်ခုကို ပြသပြီး လဟာ အခေါင်းပေါက်ရှိတဲ့ အရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ကဲ Believe it or Not ဆိုသလိုပါပဲ။ အထက်မှာ တင်ပြခဲ့တဲ့ အချက်တွေကတော့ နာမည်ကျော် ဆယ်လီတွေ၊ သိပ္ပံပညာရှင်တွေရဲ့ အဆိုစကားတွေဖြစ်လို့ စာရှု့သူလည်း ဒီတစ်ခါ လပြည့်ညဆိုရင်တော့ ကောင်းကင်ကို မော့ကြည့်ဖြစ်အောင်ကြည့်ရင်း လကို စူးစမ်းကြည့်ပါလို့ အကြံပြုလိုက်ပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *