ကင်းမရွန်းဒိုင်ယက်စ် ဟောလီးဝုဒ်ကို ကျောခိုင်းခဲ့ရတဲ့ အကြောင်းအရင်း
ကင်းမရွန်းဒိုင်ယက်စ် (Cameron Diaz) ဆိုတာ ဟောလီးဝုဒ်ရဲ့ ရွှေရောင်မင်းသမီးလေးပါ။ ရွှေရောင်ဆံနွယ်၊ ပါးချိုင့်ခွက်လေးနဲ့ ပြုံးအလှပိုင်ရှင်လေးကို ဘယ်အကြောင်းကများ ဟောလီးဝုဒ်က စွန့်ခွာစေခဲ့တာလဲဆိုတာ ရှာဖွေတင်ပြလိုက်ပါတယ်။
ဖြစ်နိုင်ချေရှိတဲ့ အချက်နှစ်ခုကတော့ ဂျပ်စတင်ဘားလိတ်နဲ့ လမ်းခွဲခဲ့တာရယ်။ သူမရဲ့ဖခင် ကွယ်လွန်ခဲ့တာကြောင့်ရယ် ဖြစ်မယ်လို့ ယူဆရပါတယ်။ သူမဟာ လူတွေရဲ့မြင်ကွင်းကနေ ရှောင်ပုန်းဖို့ ဆုံးဖြတ်ထားပါတယ်တဲ့။
သူမဟာ (၁၆)နှစ်အရွယ်ကတည်းက မော်ဒယ်ဖြစ်လာခဲ့သူပါ။ သူမကို မဂ္ဂဇင်း (၁၇)စောင်ရဲ့ မျက်နှာဖုံးတွေမှာ ဖော်ပြခံရပါတယ်။ ၁၉၉၀ ခုနှစ်မှာပေါ့။ သူမ အသက် (၁၉)နှစ်မှာတော့ ထိပ်တန်းဓါတ်ပုံမော်ဒယ် ဖြစ်နေပါပြီ။
သူမဟာ မင်းသား ဂျင်ကာရေးနဲ့အတူ မျက်နှာဖုံး (The Mask) ဇာတ်ကားကို ၁၉၉၄ ခုနှစ်မှာ စတင်ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားဟာ အောင်မြင်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှာတော့ Something About Mary (မေရီအကြောင်းများ) ဇာတ်ကားကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြောင့် သူမဟာ ထိပ်တန်းမင်းသမီးတစ်လက် ဖြစ်လာခဲ့ပါတယ်။
သူမဟာ ဟောလီးဝုဒ်ရဲ့ ဟော့အဖြစ်ဆုံး မင်းသမီးတစ်လက်ပါ။ ၂၀၀၂ ခုနှစ်မှာတော့ သူမဟာ ဇာတ်ကားတစ်ကားကို ဒေါ်လာ သန်း(၂၀) ရနေပါပြီ။ ဒီလောက်ရတဲ့ ဇာတ်ကားကတော့ အားလုံးသိကြတဲ့ ချာလီရဲ့ နတ်မိမယ်လေးများ (Charlie’s Angel) ဇာတ်ကား ဖြစ်ပါတယ်။
ကင်းမရွန်းဒိုင်ယက်ဟာ ပရိတ်သတ်တွေကြားမှာ ရေပန်းစားပါတယ်။ သူမရဲ့ ပွဲဦးထွက် အချစ်ဇာတ်လမ်းကတော့ Spike Jonze နဲ့ပါ။ သူမဟာ ရုပ်ရှင်ထဲသာမကဘဲ အပြင်မှာလည်း အရမ်းကြည့်ကောင်းပြီး ချောမောလှပသူတစ်ဦးပါလို့ Spike က ပြောပါတယ်။
သူမဟာ ဆုတံဆိပ်များစွာအတွက် နာမည်အရွေးခံရပါတယ်။ ဒါပေမဲ့ ၂၀၁၈ ခုနှစ်မှာတော့ သူမဟာ သရုပ်ဆောင်အလုပ်ကို ရပ်နားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူမက ပြောတာကတော့ သူမဟာ ဟန်ချက်ညီတဲ့ ဘဝမျိုးနဲ့ နေထိုင်ချင်လို့ပါတဲ့။ ဒါကလည်း ချက်ခြင်းချလိုက်တဲ့ ဆုံးဖြတ်ချက်မျိုးတော့ မဟုတ်ပါဘူး။ သူမဟာ သူမဘဝရဲ့ အခြားအရေးပါတဲ့ကိစ္စတွေကို အာရုံစိုက်ဖို့ ခက်ခဲခဲ့ပါတယ်။
သူမဘဝမှာ အမျိုးသား တော်တော်များများနဲ့ တွဲခဲ့ပါတယ်။ ထင်ရှားသူတွေကတော့ Matt Dillon, Jared Leto နဲ့ Justin Timberlake တို့ ဖြစ်ပါတယ်။
အထူးသဖြင့် Justin Timberlake နဲ့ ဖြစ်ပြီး လူသိများခဲ့တဲ့ အတွဲအဖက်ဖြစ်ခဲ့ပါတယ်။၂၀၀၃ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ တွဲခဲ့ကြတာမို့ ဟောလီးဝုဒ်ရဲ့ ဟော့အဖြစ်ဆုံးအတွဲလို့တောင် တင်စားကြပါတယ်။
နောက်ထပ်သတိထားမိစေတာကတော့ သူတို့ဟာ အသက် ၉ နှစ်ကွာနေတာပါပဲ။ သူတို့နှစ်ယောက်ဟာ ပရောဂျက်အတော်များများကို အတူတူလုပ်ခဲ့ကြပါတယ်။
တင်ဘားလိတ်နဲ့ဒိုင်းယက်စ်
ဒါပေမဲ့ လိုက်ဖက်တဲ့အတွဲလို့ မြင်ရမယ့်အစား ညှိမရတာကများပါတယ်တဲ့။ နှစ်ယောက်စလုံးကလည်း လက်ထပ်ဖို့ စိတ်မပါကြပါဘူး။ သူတို့ဟာ အတူလည်း မနေကြပါဘူးတဲ့။ သိသာတဲ့ ပြဿနာက ၂၀၀၆ ခုနှစ်မှာ စခဲ့ပါတယ်။
ဂျပ်စတင်ရဲ့ မြူးဇစ်ဗီဒီယိုထွက်ပြီးကာစမှာ စခဲ့တာပါ။ အခွေနာမည်က ” What Goes Around Comes Around” ဖြစ်ပါတယ်။
ဒီသီချင်းခွေမှာ စကားလက်ဂျိုဟန်ဆန် (Scarlett Johansson) က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဒိုင်းယက်စ်ဟာ သူမ သရုပ်ဆောင်တာကို မနှစ်မြို့ခဲ့ပါဘူး။
စကားလက် သရုပ်ဆောင်မယ်ဆိုတာကို အစက သူမ မသိခဲ့ရပါဘူး။ ဒိုင်းယက်စ်ဟာ အကြီးအကျယ် ပေါက်ကွဲခဲ့ပါတယ်။ ကောလဟာလတွေကလည်း ဂျပ်စတင်နဲ့ စကားလက်တို့ ညိနေကြတယ်လို့ ဆိုပါတယ်။
ဒီလိုနဲ့ပဲ ဒိုင်းယက်စ်နဲ့ ဂျပ်စတင်တို့ရဲ့ ဆက်ဆံရေးဟာ အက်ကြောင်းထင်ခဲ့ရပါတယ်။ တစ်နှစ်အကြာမှာတော့ သူတို့ လမ်းခွဲလိုက်ကြပါတော့တယ်။ ဂျပ်စတင်က (၄)ရက်အကြာမှာပဲ နောက်တစ်ယောက်ကို တွဲလိုက်ပါတယ်။
စကားလက်မဟုတ်ပါဘူး။ Jessica Biel နဲ့ပါတဲ့။ သူဟာ ဒိုင်းယက်စ်နဲ့ တွဲနေပေမဲ့ Jessica နဲ့ တိတ်တခိုး ဇာတ်လမ်းထွင်နေခဲ့ပြီး ဒိုင်းယက်စ်ကို လိမ်ညာနေခဲ့တာပါ။
ဒိုက်းယက်စ်က ဂျပ်စတင်ကို ပြောပါတယ်။ “မင်းလိမ်ညာခဲ့တယ်ဆိုလည်း ရပါတယ်။ လူတိုင်း လိမ်ညာနေကြတာပါပဲလေ” တဲ့။
နောက်တစ်ချက်ကတော့ ကင်းမရွန်း ဒိုင်းယက်စ်ရဲ့ဖခင် ကွယ်လွန်ခြင်း ဖြစ်ပါတယ်။ ဒါကလည်း ဂျပ်စတင်နဲ့ လမ်းခွဲပြီး နောက်တစ်နှစ်မှာ ဖြစ်ပါတယ်။ သူမဖခင်အမည်က Bmilio Diaz ဖြစ်ပြီး အသက် ၅၈ နှစ်နဲ့ ကွယ်လွန်ခဲ့တာပါ။
အဲဒီအချိန်က သူမဟာ ” My Sister’s Keeper” ရုပ်ရှင် ရိုက်ကူးနေချိန် ဖြစ်ပါတယ်။ ဒီ ဝမ်းနည်းစရာသတင်းကြောင့် ရိုက်ကူးရေးကိုပါ ရပ်နားပေးခဲ့ရပါတယ်။
ဒီကိစ္စတွေဖြစ်ပြီးစမှာတော့ မင်းသမီးဟာ ဘယ်လိုဆက်လက်နေထိုင်ရမှန်းတောင် မသိလောက်အောင် ဝမ်းနည်းပူဆွေးခဲ့ရရှာပါတယ်။ နောက်မှ သူမကိုယ်သူမ ဖြေသိမ့်ရင်း ခွန်အားမွေးခဲ့ရပါတယ်။
သူမတွေးမိတာကတော့ ထင်ပေါ်ကျော်ကြားမှုဆိုတာ သူမဘဝအတွက် ဘာမှ အဓိပ္ပါယ် မရှိပါဘူးဆိုတာပါပဲ။ ဟောလီးဝုဒ်ကို စွန့်ခွာပြီးကတည်းက သူမဟာ ဘဝသစ်တစ်ခုကို တည်ဆောက်နေခဲ့ပါတယ်။
၂၀၁၅ ခုမှစ်မှာ သူမဟာ Benji Madden ဆိုသူ ရော့ခ်အဆိုတော်နဲ့ လက်ထပ်ခဲ့ပါတယ်။ ဘင်ဂျီဟာ လိဒ်ဂစ်တာ တီးခတ်သူလည်းဖြစ်ပြီး “Good Charlotte” တီးဝိုင်း အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မှာတော့ ကင်းမရွန်း ဒိုင်ယက်စ်ဟာ သရုပ်ဆောင်အဖြစ်ကနေ အပြီးအပိုင် အနားယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေငြာခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ မင်းသမီးဟာ Raddix လို့ခေါ်တဲ့ ချစ်စရာသမီးလေးကို မွေးဖွားခဲ့ပါတယ်။ သမီးကလေးမွေးတော့ ကင်မရွန်းဟာ အသက် (၄၇) နှစ်ရှိနေပါပြီ။
ဒါဟာ မိန်းမတစ်ယောက်အတွက် ကလေးမွေးဖို့ နောက်ကျတဲ့အရွယ်ပါ။ ဒါပေမဲ့ ကင်မရွန်းက ပျော်နေပါတယ်။သူမရဲ့ အတွေ့အကြုံသစ်အတွက်ပေါ့။
ဒိုင်းယက်စ်နဲ့ ဘန်ဂျီ
တကယ်တော့ သင်ဘာလုပ်ခဲ့တယ်ဆိုတာထက် သင်ဘာကို မလုပ်ခဲ့တယ်ဆိုတာက တစ်ခါတစ်လေ ပိုအရေးကြီးပါတယ်လို့ သူမက နှုတ်ဆက်စကားပြောခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်။
Knight News Team
Knight News © 2022