F-16 တိုက်လေယာဉ်ပေါ်က သန့်စင်ခန်း
တိုက်လေယာဉ်မောင်းတဲ့ ပိုင်းလော့တွေဟာ ကျဉ်းကြပ်တဲ့ ခေါင်းခန်းထဲမှာထိုင်ပြီး မောင်းနှင်ကြရတာပါ။ ဒါကြောင့် ခေတ်ပေါ်တိုက်လေယာဉ်တွေမှာ နဲနဲပိုကျယ်အောင် စဉ်းစားလာရပါတယ်။
F-16 တိုက်လေယာဉ်ကိုတော့ ရင်းနီးပြီးသား ဖြစ်ကြမှာပါ။ ၁၉၇၀ ခုနှစ်လောက်မှာ Dog Fight လို့ခေါ်တဲ့ လေယာဉ်ချင်း စီးချင်းထိုးတဲ့နေရာမှာ ပြိုင်စံရှား တိုက်လေယာဉ် ဖြစ်ပါတယ်။
သူ့ရဲ့ ခေါင်းခန်းဟာလည်း ပျမ်းမျှအမြင့် ၅ ပေ ၁၀ လက်မ (၁၇၈ စင်တီမီတာ)လေက်ပဲ ရှိပါတယ်။ လေထဲမှာဆိုရင် ပိုင်းလော့ဟာ Claustrophobia ရောဂါကို ကြောက်နေလို့ မရပါဘူး။
နောက်တစ်ခုက လေယာဉ်ထိုင်ခုံနဲ့ ပိုင်းလော့ဟာ ခါးပါတ်နဲ့ ခိုင်မြဲစွာ ချည်နှောင်ထားရပါတယ်။ လေယာဉ်ဟာ အပေါ်ကို ထောင်တက်ရင် ကမ္ဘာ့ဆွဲအားရဲ့ (၉)ဆ (9-G)လောက် ခံစားရပါတယ်။
ဒီလိုဆိုရင် အလေးချိန် ပေါင် ၁၅၀ ကနေ ၂၀၀ လောက်ရှိတဲ့ ခန္ဓာကိုယ်ပေါ်ကို သက်ရောက်တဲ့အားဟာ ပေါင် ၂၀၀၀ လောက်ရှိမှာ ဖြစ်ပါတယ်။
ဒီအားဟာ ပိုင်းလော့နဲ့ ပိုင်းလော့ထိုင်ခုံကိုပါ သက်ရောက်နေမှာဖြစ်လို့ အဲဒီအချိန်မှာ ပိုင်းလော့ဟာ လက်ချောင်းလေးတွေလှုပ်ရှားဖို့ အားအတော်စိုက်ရမှာ ဖြစ်ပါတယ်။
ဒီတော့ လေယာဉ်လူးလှိမ့်ပျံသန်းနေချိန်မှာ ပိုင်းလော့ဟာ ဒိုင်ခွက်တွေရဲ့ခလုပ်တွေ၊ ဖန်သားပြင်တွေကို ထိတွေ့ဖို့ သိပ်တော့မလွယ်ကူပါဘူး။
နောက်တစ်ချက်ကတော့ ဒီဖိအားတွေကြောင့် ပိုင်းလော့ခန္ဓာကိုယ်က အစာရေစာချက်တဲ့စနစ်ကို သိသာစေပါတယ်။(တနည်း – ရှူးရှူးပေါက်ချင်လာပါတယ်။) ကံမကောင်းတာက F-16 ဆိုတာ တိုက်လေယာဉ်ဖြစ်လေတော့ ခရီးသည်တင်လေယာဉ်လို Lavatory ပါမှာ မဟုတ်ပါဘူး။
ဒါကို ဖြေရှင်းဖို့ F-16 မှာ ခေါက်ထားတဲ့ ရေလုံအိတ်တစ်လုံး တပ်ပေးထားပါတယ်။ ဒီ ရှုံ့နိုင်ဆန့်နိုင်တဲ့ အိတ်ထဲမှာ အမွှေးနံ့ပါတဲ့ ဓါတုပစ္စည်းတွေ ထည့်ထားပေးပါတယ်။
ပိုင်းလော့ဟာ သူ့ပြဿနာကို ဖြေရှင်းဖို့ ဘောင်းဘီအောက်ခြေက ဇစ်ကို ဆွဲဖွင့်ရပါမယ်။ ဇစ်ဟာ ပေါင်ရင်းအထိ ရှည်ပါတယ်။ သေချာ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ ပြီးရင်တော့ ရှုံ့အိတ်ထဲကို သင့်ဒုက္ခတွေ စွန့်ပစ်လိုက်ရမှာ ဖြစ်ပါတယ်။
အထဲမှာပါတဲ့ ဓါတုပစ္စည်းတွေက ရှူးရှူးတွေကို ဂျယ်လီလို ပြစ်ခဲသွားစေပါလိမ့်မယ်။ ရေလုံအိတ်ဖြစ်လို့ စိမ့်တာတို့၊ ယိုတာတို့ မဖြစ်ပါဘူး။
ပြီးရင်အိတ်အပေါ်ပိုင်းကို ခေါက်လိုက်ပါ။ F-16 မှာ သေးငယ်တဲ့ သိုလှောင်ခန်းလေးတစ်ခု ထည့်သွင်းတည်ဆောက်ပေးထားပါတယ်။ ဒီထဲကို အဖုံးဖွင့်ပြီး ထည့်လိုက်ယုံပါပဲ။
အာဖဂန်နစ္စတန်မှာ တိုက်ပွဲဝင်တုန်းကဆိုရင် ပိုင်းလော့တွေမှာ ဒါနဲ့ပါတ်သက်တဲ့ ပြောစရာတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ သူတို့ဟာ တခါတလေ (၈) နာရီလောက်ကြာတဲ့ စစ်ဆင်ရေးတွေတောင် ရှိပါတယ်။
အဲလိုအချိန်မှာ ဒီပြဿနာကို ရှင်းဖို့ဆိုရင် လေယာဉ်ကို (Straight and Level) လို့ခေါ်တဲ့ ရေပြင်ညီအတိုင်း မိနစ်အနည်းငယ် ပျံသန်းပြီး ကိစ္စရှင်းရပါတယ်။ပိုင်းလော့ကလည်း ဇစ်ဖွင့်ရတာ၊ အိတ်ဖွင့်ရတာနဲ့ မိနစ်ချီပြီးကြာတာမို့ပါ။
ဒါတွေပြေပြ၊ ရေးပြရတာ ရီစရာတော့ကောင်းပေမဲ့ အမှန်တွေပါပဲ။ ပိုင်းလော့ဟာ ဆူပါဆောနစ် (Supersonic) ဂျက်လေယာဉ်ကို မောင်းနေရတာမို့ မှားလို့မရပါဘူး။ တစ်ဖက်ကလည်း လေယာဉ်ကို ထိန်းထားဖို့ လိုပါတယ်။
F-16 ဟာ ဝေဟင်မှာ ဆီဖြည့်တဲ့အခါ လေယာဉ်ကို အလိုအလျောက်မောင်းစနစ်နဲ့ မောင်းပြီး ဖြည့်တာပါ။ ဒါက အမြန်နှုန်းနဲ့ အမြင့်ပေကို ဆီသည်လေယာဉ် (Tanker) နဲ့ တူညီနေအောင် လုပ်ရတာပါ။ အဲဒီအချိန်ဟာ မိနစ်တော်တော်ကြာအောင် ပိုင်းလော့ကို အားလပ်နေစေပါတယ်။
တချို့ကတော့ အဲဒီအချိန်မှာ ကိစ္စရှင်းတတ်ကြပါတယ်။ အဲဒီအချိန်မှာ Auto-pilot က လေယာဉ်ကို အပြည့်အဝ ထိန်းချုပ်ထားတာမို့လို့ တခြားဂရုစိုက်စရာအချက် နည်းပါးလို့ပါ။
အုပ်စုလိုက် မောင်းနှင်ပျံသန်းတဲ့အခါတွေ F-16 အုပ်စုတွေမှာ ရှိတတ်ပါတယ်။ ၂ စီး သို့မဟုတ် ၄ စီးပေါ့။ ဒီထဲကမှ တစ်စီးက ရှူးကိစ္စပေါ်လာမယ်ဆိုရင် Formation လို့ ခေါ်တဲ့ ပုံစံကျ စုဖွဲ့ပျံသန်းမှု လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါဆို ဒီလိုသတင်းပို့လေ့ ရှိပါတယ်။ ” One’s racehorse”
အဓိပ္ပါယ်ကတော့ ငါ့လေယာဉ်ကို ကောင်းကောင်းမမောင်းနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ ၄ စီးဆိုရင် ကျန်တဲ့ ၃ စီးက ခပ်ခွာခွာကနေ ဝန်းရံထားပေးပြီး ကိစ္စပြီးမှသာ ” One’s Complete” လို့ သတင်းပြန်ပို့ Formation ပြန်စရပါတယ်တဲ့။
တချို့ကတော့ ကိုယ်ပိုင်အိတ်တစ်လုံးကို ပုံစံထုတ် ချုပ်လုပ်ကြတာ ရှိပါတယ်။ သူကတော့ ပေါင်ပေါ်တင်အသုံးပြုရပါတယ်။ အိတ်မှာ စုပ်ယူအားပါတဲ့ Pump လေး တပ်ထားပြီး အိတ်အဝကို ပြွန်နဲ့ ဆက်ထားပါတယ်။
သုံးပုံသုံးနည်းကတော့ Old School Method နဲ့ပါ။ သူက ဇစ်ကို အောက်ခြေနားကစပြီး ဖြုတ်စရာမလိုပေမဲ့ သုံးတဲ့စနစ်က ရှုပ်ထွေပြီး ရီစရာကောင်းပါတယ်။
ပြဿနာနောက်တစ်ခုကတော့ ဖြေရှင်းနည်း မသိသေးပါဘူး။ ဒါကတော့ အမျိုးသမီးဖိုက်တာ ပိုင်းလော့တွေအတွက်ပါ။ စာရှု့သူမှာလည်း အကြံဉာဏ်ရှိရင် မန့်မှာ မျှဝေခဲ့ပါဦးလို့။
Knight News Team
Knight News © 2022